လမင်း

sorrowSeptember 25, 20131min1248

ပင်လယ်ကြီးလား…တောင်တန်းလား…စမ်းချောင်းလား

ဟင့်အင်း…ကြယ်တွေအကြောင်းပါ……သိမ်မွေ့တယ်..နက်နဲတယ်တဲ့….

ကျယ်ပြောတယ်….နက်ရှီုင်းတယ်…

ကြယ်တွေအကြောင်းမပြောချင်ပါဘူး….ဂုဏ်ယူစရာမှမဟုတ်တာ…..

မြေကြီးအကြောင်းပဲ…ပြောရအောင်..

ငါ…မြေကြီးပိုဆန်တယ်မလား……

တမျှော်တခေါ်ကြီးပါ…လွင့်ချင်တိုင်းလွင့် ရအောင်…..

လွင်ပြင်တွေ..တောအုပ်တွေ…မြက်ခင်းတွေ….

မင်းရှေ့မှာ …ကြယ်တွေကြွေကောင်းကြွေမယ်….လမင်းတော့မဟုတ်ဘူး…..

မျှော်မနေပါနဲ့ကွာ…..

စိမ်းလန်းတဲ့မြက်ခင်းပေါ်မှာ …ကျောခင်းရင်း….

လာ..သူငယ်ချင်း….သူ့ကိုငေးရအောင်….

ရွှန်းရွှန်းပပ လှနေတာများ…..

လင်းချင်တိုင်းကိုလင်းလို့ …

ကြုံရင်သာပြောလိုက်ပါ…

ပင်ပန်းတဲ့အချိန်လဲလျောင်းဖို့…ငါ့ရင်ဘတ်မှာအိပ်ယာခင်းထားတယ်…

8 comments

  • ဦးကျောက်ခဲ

    September 25, 2013 at 12:31 pm

    ကျောင်းသားဘဝ ကွင်းဆင်းရင်း၊ တောထဲက မြေပြောင်ပြောင်မှာ ပက်လက်အိပ်ပြီး…
    လေးဖြူသီချင်းနဲ့ လမင်းကိုဂုဏ်ပြုရတာ လွမ်းစရာပဲ sorrow weaver ရေ…
    ပြန်မရတဲ့ အတိတ်မှာ၊ မဲနယ်တောင်တန်းပေါ်က လမင်း၊ ပိုများလှသလားလို့…

    • sorrow weaver

      September 25, 2013 at 12:39 pm

      ပြင်ဦးလွင်ကန်တော်ကြီးမှာ အလုပ်လုပ်တုန်းကမြက်ခင်းစိမ်းစိမ်းလေးမှာ ပက်လက်လန်ရင် း မြင်ခဲ့တဲ့ နွေည လမင်းကြီးကို ထည့်ရေးထားတာပါဗျာ…လွမ်းစရာတွေက အတိတ်လက်တကမ်းမှာ အမြဲရှိတာကလား.. ဦးကျောက်ရယ်… 🙂

  • kyeemite

    September 25, 2013 at 1:24 pm

    ပြင်ဦးလွင်က လမင်း
    မြင်ဖူးချင်သဗျ ခဏအတွင်း
    ကြင်ဖူးလေသမျှ အလှမင်း
    အသင် မခူးခင်က မရမချင်း
    အရင်ဦးသူက ဘဝအတွင်း
    သက်ဆင်းလို့သွားလေပြီ။ 😀

  • sorrow weaver

    September 25, 2013 at 1:27 pm

    နောက်လူမြည်းရင် ချိုပါဇီပဲ…ဦးမိုက်..အာဟိ..( ခွက်ဒစ်တူ ကိုဂီ )

  • မဟာရာဇာ အံစာတုံး

    September 25, 2013 at 3:02 pm

    အတော်ဘဲ …
    ညက အိပ်ရေးပျက်လို့ အိပ်ချင်နေဒါ …
    အိပ်ယာ ခင်းထားပီးတား အဆင်သင့်ဆိုပဲ …
    ဝင်ခွေလိုက်အုံးမှ .. Z z z z z

    • sorrow weaver

      September 25, 2013 at 3:12 pm

      မငီး..အိပ်ရာရှိတော့ဘူး …ပြန်သိမ်းလိုက်ပြီ …မျိုးတူချင်း ရန်မရှာကြေးလေ .ကယ်ပဲ..အံချာတုံး..လူဆိုး

  • lele kyi

    September 25, 2013 at 6:20 pm

    လမင်းနဲ့ပတ်သတ်ပြီးပြောရရင်တော့….ပုံပြင်တွေအများကြီးပေါ့.
    ငယ်ငယ်တုန်းက မမေက ပြောတယ် လမင်းကြီးကိုမော့ကြည့်ရင်း “ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ..ဝါ.ဝါ.ဝါ.” ပါးစပ်ကဖြေးဖြေးအော်ရင်းလက်နဲ့ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်အဲ့လိုအသံလေးထွက်တယ်။ ကျမတို့မောင်နှမတတွေလိုက်အော်ကြတာပေါ့။ ပြီးတော့ လသာညတွေမှာ ပြေးတမ်းလိုက်တမ်း။ထုတ်ဆီးတိုး။ ကွင်းထဲမှာလည်း ခွေးတသိုက်နဲ့လျှောက်ပြေး။ လှည်းလိုက်စီး။ လျှပ်စစ်မီးမရှိတဲ့ ဒေသအတွက် ဘုရားပေးတဲ့ အလှတရားတွေကိုအများကြီးခံစားခဲ့ဘူးတယ်။ တော်သေးတယ်လျှပ်စစ်ဝန်ကြီး က လမင်းကြီးကိုမရှိခိုင်းလို့။

  • အလင်းဆက်

    September 25, 2013 at 9:01 pm

    ရင်ဘက် အိပ်ယာ…

    မှေးစက်ချင်စရာ..ဆိုတာ..
    ကောင်မလေးတွေ…သေချာသိဖို ့ကောင်းတယ်…

    အဟိ

    🙂

Leave a Reply