“တနေ့ကဘဲ ဆုံးသွားပြီ´´

ခင္ခSeptember 25, 201314min34324

“တနေ့ကဘဲ ဆုံးသွားပြီ´´

 

( အော် အီးအီးအွတ် အော် အီးအီးအွတ် ) ဖုန်းမြည်သံကြောင့် ကိုပေါက်တစ်ယောက် အိပ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး

ကိုပေါက် ။ ပြောပါခင်ဗျ ကိုပေါက်ပါ။

လုံမလေး ။ လေးပေါက် သမီး မွန်မွန် ပါ

ကိုပေါက် ။ ဪ အေး မွန်မွန် သမီးပြောလေ ဘာကိစ္စလဲ

လုံမလေး ။ လေးပေါက် လေးခင်ခ ဆုံးသွားပြီဆိုတာ ဟုတ်လား သမီးအဲဒါသိချင်လို့

ကိုပေါက် ။ ဟေ ဟုတ်လို့လား အဲဒီသတင်း ကျွန်တော်မသိသေးဘူးဗျ နေစမ်းပါအုံး မွန်မွန်က ဘယ်ကကြား တာလဲ အရင်တစ်ပတ်ကဘဲ ကျုပ်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်ကာ စကားပြောခဲ့ကြသေးတာ အကောင်းကြီးပါ။

လုံမလေး ။ ဟုတ်လား လေးပေါက်တကယ်မသိဘူးပေါ့ သမီး မနက်က မာဃ နဲ့ဖုန်းပြောဖြစ်တော့ မာဃ ဘဲပြောတာ လေးပေါက်ရဲ့ လေးခက တနေ့ကဘဲဆုံးသွားပြီ လို့ အဲဒါဆို လေးပေါက် ဟုတ်မဟုတ် စုံစမ်း ပေးပါအုံး

ကိုပေါက် ။ အေး စုံစမ်းပြီးပြန်ပြောပေးမယ်ဟ ကိုခ သူ့ဟန်းဖုန်းဆက်ကြည့်လိုက်အုံးမယ် သူ့အိမ်ကတစ် ယောက်ယောက်တော့ ကိုင်မှာပါ။

လုံမလေး ။ ဪ လေးပေါက်ကလည်း လေးခင်ခ ရဲ့ စီဒီအမ်အေရော ဂျီအက်အမ်ရော နှစ်လုံးစလုံး သမီး ခေါ်ကြည့်နေတာ နှစ်ခုလုံးဖုန်းပိတ်ထားတယ်လေ လေးခင်ခ မဒမ်ဖုန်းကျတော့ သမီးတို့မသိဘူး လေးပေါက် များသိရင် လှမ်းမေးကြည့်ပေါ့

ကိုပေါက် ။ ကျွန်တော်လည်း ကိုခ မဒမ်ရဲ့ဖုန်းနံပါတ် နဲ့ အိမ်ကို မသိဘူးဗျ သူ့ရုံးတော့သိတယ် ဒါပေမယ် ခုမှ မနက် ရ နာရီကျော်ဆိုတော့ ရုံးကမဖွင့် လောက်သေးဘူး၊ ၉ နာရီထိ ဘယ်မှမေးမရရင် သူ့ရုံးဘက်သွားမေးပြီး ပြန်ပြောပေးမယ် ဟုတ်ပြီလား။ ဖုန်းက နှစ်လုံးစလုံးတော့ ပြိုင်မပိတ်ပါဘူး တစ်ခုခုဖြစ်ပြီနဲ့တူတယ်။

လုံမလေး ။ မေ့မနေနဲ့နော် သမီးလည်း အခြားသူတွေကို လိုက်ဆက်မေးကြည့်အုံးမယ်

 

ဒါနဲ့ ကိုပေါက်တစ်ယောက် စိတ်တွေပူပြီး ဘယ်လိုစုံစမ်းရမလဲ စဉ်စားနေရင်း ဖုန်းတစ်ခုဆီ ဆက်လိုက်တယ်

ကိုပေ ။ ပြောဆရာ မနက်စောစောစီးစီး ဖုန်းတွေဘာတွေ ဆက်လို့ပါလား

ကိုပေါက် ။ စောစောစီးစီး ဆက်တယ်ပြောမနေနဲ့ တနေ့က ကိုခ ဆုံးသွားပြီလို့ကြားလို့ အဲဒါ မင်းတို့များ သိမလားလို့

ကိုပေ ။ ဟုတ်လို့လား ဗျ၊ လေးပေါက်က ဘယ်ကကြားတာလဲ ကျွန်တော်နဲ့ ပြီးခဲ့တဲ့ လေးရက်လောက် ကတောင် လေးခင်ခ နဲ့ ဖုန်းပြောဖြစ်သေးပါတယ်

ကိုပေါက် ။ ခုနလေးတင်ဘဲ မွန်မွန်ဖုန်းဆက်ပြီးမေးသွားလို့

ကိုပေ ။ သူကဘယ်လိုသိတာလဲ

ကိုပေါက် ။ မောင်မာဃ ပြောတာလို့တော့ပြောသွားတယ်

ကိုပေ ။ လေးပေါက်မှာ မောင်မာဃ ဖုန်းနံပါတ်ရှိလား ရှိရင်လှမ်းမေးလိုက်လေ ကျွန်တော် ကိုခင်ခ ဖုန်းကို ခေါ်ကြည့်လိုက်မယ်

ကိုပေါက် ။ မောင်မာဃ ဖုန်းနံပါတ် ကျွန်တော်မှာ မရှိဘူးဗျ ကိုခ ဖုန်းတွေကလည်း ပိတ်ထားတယ်လေ

ကိုပေ ။ ဖုန်းနှစ်လုံးစလုံး ပိတ်ထားရင် ဟုတ်များဟုတ်နေပြီလား သူ့အိမ်လည်းမသိတော့ ရုံးဘဲ သွားမေးကြ ရအောင်ဗျာ။

ကိုပေါက် ။ ကိုခ ရုံးက မနက် ၉ နာရီမှ ဖွင့်တာဆိုတော့ အခု ၈ နာရီတောင်မထိုးသေးဘူး

ကိုပေ ။ ဘယ်တတ်နိုင်မလဲဗျာ ၈နာရီခွဲကျော်ရင် ကျွန်တော် လေးပေါက်ဆီလာခဲ့မယ် လေးခ ရုံးသွားမေးပြီး ဟုတ်တယ်ဆိုရင် အိမ်လိမ်စာမေးပြီး သွားကြတာပေါ့လေ

ကိုပေါက် ။ အဲလိုဘဲ နောက်ဆုံးလုပ်ရမှာပေါ့ဗျ

 

အချိ်န်နာရီက မနက် ရ နာရီ ၄၅ မိနစ်ဘဲရှိသေးတာ ၉ နာရီထိုးဖို့ တစ်နာကျော်တောင်စောင့်ရမှာမို့ ကိုပေါက် တစ်ယောက် စိတ်ထဲဘဝင်မကျဘဲရှိနေပြီး၊ ဖြစ်နိုင်ရင် အချိန်နာရီကို လှည့်လို့ကျော်လို့ရရင် ကျော်ပလိုက်ချင် လောက် အောင်ဖြစ်နေတုန်းမှာ ( အော် အီးအီးအွတ် အော် အီးအီးအွတ် ) ဖုန်းက မြည်ပြန်သမို့

 

ကိုပေါက် ။ အေး မိခိုင်ဇာပြော

မခိုင်ဇာ ။ ကိုကြီးခ ဆုံးသွားပြီဆို ဟုတ်လား လေးပေါက်

ကိုပေါက် ။ ကျွန်တော်လည်း ဒီမနက် မွန်မွန် ဆက်မှသိရတာ ဘယ်သူမှလည်း သေချာမပြောနိုင်သေးတော့ မနက် ၉ နာရီမှ ကိုခ ရုံးဘက်သွားမေးပြီး ဟုတ်မဟုတ် ပြန်ပြောရမှာဘဲလေ

မခိုင်ဇာ ။ စုံစမ်းပေးပါအုံး လေးပေါက်ရေ ကြားရတာ စိတ်ထဲအတော်မကောင်းဘူးဗျ။

 

မခိုင်ဇာနဲ့ဖုန်းပြောပြီးလို့ ကိုပေါက်တစ်ယောက် ဖုန်းလေး အိပ်ကပ်ထဲ ထဲ့မယ်ရွယ်ရုံရှိသေး ( အော် အီးအီး အွတ် အော် အီးအီးအွတ် ) ဖုန်းမြည်လို့ ကြည့်လိုက်တော့ ကိုစွယ်တော်ရွက်ရဲ့ ဖုန်းနံပါတ် ဖြစ်နေလို့

 

ကိုပေါက် ။ ပြော ကိုစွယ်တော်ရွက် ရေ။

ကိုစွယ်တော်ရွက် ။ သတင်းကြားလို့ဗျ ကိုခင်ခ တနေ့ကဆုံးသွားပြီဆိုလို့ သေချာအောင်လှမ်းမေးကြည့်တာ

ကိုပေါက် ။ ကျွန်တော်လည်း သေချာမပြောနိုင်သေးဘူးဗျာ တကယ်ဆိုရင်တော့ စိတ်မကောင်းစရာဘဲ ကိုစွယ်တော်ရွက်ရေ။ ဒါနဲ့ ခင်ဗျက ဘယ်လိုသိတာလဲ

ကိုစွယ်တော်ရွက်။ ကိုကျောက်လှမ်းမေးလာလို့ ကိုကျောက်ကို ခိုင်ဇာက အွန်လိုင်းမှာ ပြောလို့တဲ့လေ၊ ကိုခင်ခ ဖုန်းခေါ်ကြည့်တာလဲ စက်ပိတ်ထားတယ်ဘဲဆိုနေလို့ ကိုပေါက်ကို လှမ်းမေးရတာ

ကိုပေါက် ။ ကျွန်တော်လည်း ခုနလေးမှ ဒီသတင်းကို သိရတာဗျ ကျွန်တော်လည်း ကိုခ ဖုန်းတွေခေါ်တာ စက်ပိတ်ထားတယ်ဘဲပြောနေတယ်၊ ကိုခ ရုံးဖွင့်ရင် သွားမေးပြီး ပြန်ပြောပါ့မယ်ဗျာ။

ပြီးတော့

မအိတုန် ။ ဦးပေါက် အန်ကယ်ခင်ခ တနေ့က ဆုံးလို့ဆို ……………………………………………..

ကိုကြီးမိုက် ။ ကိုပေါက်ရေ ကိုခင်ခ တနေ့က ဆုံးလို့ဆိုတာ ဟုတ်လား ……………………..

ကိုအံစာတုန်း ။ ဦးခင်ခ တနေ့က ဆုံးသွားပြီဆိုတာ ဟုတ်လား ဖေပေါက်ကြီး…………………………

ကိုဖိုးထောင် ။ ကိုပေါက် ကိုခ ရုံးဘယ်အချိန်သွားမလဲ ကျွန်တော်လည်း လိုက်ခဲ့မယ် …………..

အဲလို အဲလိုတွေ နဲ့ ကိုပေါက်တစ်ယောက် ဖုန်းတစ်လုံးနဲ့ ရှုပ်နေတယ်ပေါ့။ ဒီကြားထဲ တစ်ခါ တစ်ခါ ကိုခင်ခရဲ့ ဖုန်းတွေကို လှမ်းခေါ်ကြည့်လိုက်သေးပေမယ့် စက်ပိတ်ထားတယ်ဘဲ ကြားနေစဲပေါ့။

ဒါနဲ့ဘဲ ကိုပေါက်တစ်ယောက် အချိန်ကလည်း ထပ်စောင့်ရအုံးမယ့်အတူတူ ကွန်ပျုတာဖွင့်ပြီး ဖေ့ဘုတ်ကနေ ကိုခင်ခ အကောင့်ကို ဖွင့်ကြည့်ပြီးစပ်စု ကြည့်ရင်ကောင်းမလားလို့ စိတ်ကူးမိတာနဲ့ ဖေ့ဘုတ် ကိုဖွင့်လိုက်တော့ မောင်မာဃ လည်း အွန်လိုင်း သုံးနေတာကိုမြင်ရသမို့ မောင်မာဃ ကိုလှမ်းပြီးမေးလိုက်တယ်

ကိုပေါက် – ( မောင်မာဃ ကိုခ တနေ့က ဆုံးလို့ဆို )

ကိုမာဃ – ( ဟာ ဟုတ်လား လေးပေါက် ဘယ်လိုဖြစ်တာလဲ )

ကိုပေါက် – ( ဟေ မင်းဘဲ မွန်မွန်ကို ကိုခ တနေ့ကဆုံးလို့ဆိုတာနဲ့ မွန်မွန် ငါဆီဆက်ပြီးပြောသွားတာ မင်းက အခု အကြောင်ရိုက်နေပြန်ပြီ )

ကိုမာဃ -( ဟာ ဒါဆိုလွဲကုန်ပြီ လေးပေါက် ရ၊ ကျွန်တော်ပြောတာအဲလိုမဟုတ်ဘူး မွန်မွန်နဲ့ မနက်က ကဗျာ ပြခန်းကိစ္စဖုန်းပြောဖြစ်ရင် မွန်မွန်က ညက သူပိုစ့်တစ်ပုဒ်ရေးထားတာ ဒီနေ့ နေ့ခင်း လက်စသပ်ပြီးရင် ရွာထဲ တင်လိုက်မယ် လေးခ ပိုမိုရှင်းလည်း အမှီပေါ့လို့ပြောတော့ လေးခ ပိုမိုရှင်းက တနေ့က နောက်ဆုံးရက်မလို့ လေးခက တနေ့ကဘဲဆုံးသွားပြီ လို့ပြောတာကို သူက တစ်မျိုးတွေးသွားတာနေမှာ ကျွန်တော်ပြောတဲ့ သဘော က လေးခ ရဲ့ ပိုမိုရှင်းအစီအစဉ် တနေ့ကဘဲပြီးဆုံးသွားတာကို ပြောတာပါဗျ)

ကိုပေါက် – ( ဪ အဲလိုလားကွာ ဘာဘဲဖြစ်ဖြစ် အခုလောက်ဆို ရွာသူားတွေ အတော်များများတော့ ကိုခ ဆုံးသွားတဲ့သတင်း တစ်ယောက်နဲ့တစ်ယောက်မေးနေကြရင်း ရှုပ်နေကြပြီ မောင်မာဃရေ မွန်မွန်ဆီ မင်း ဖုန်းဆက်ပြီးပြန်ရှင်းပြလိုက်အုံး ကျွန်တော်လည်း အခြားသူတွေ ပြန်ပြောလိုက်အုံးမယ်)

ဆိုကာ ကိုပေါက်တစ်ယောက် မနက်က သူ့ကိုမေးထားတဲ့ သူတွေကို တစ်ယောက်ချင်းစီ ဖုန်းပြန်ခေါ်ကာ ရှင်းချက်ထုတ်ရင်း အလုပ်ရှုပ်ရပြန်ပေါ့ဗျာ။ အဲဒီလို ကိုပေါက်တစ်ယောက် သူ့ထံသတင်းမေးသူတွေ ကို ပြန်ပြီး ဖုန်းခေါ်ရှင်းပြလို့ပြီးတော့ နာရီကြည့်လိုက်တော့ ၉ နာရီထိုးခါနီးပြီပေါ့လေ။ ဒါနဲ့ဘဲ ကိုခင်ခရဲ့ လက်ကိုင်ဖုန်း တွေကို ဒီတစ်ခါတော့ ထပ်ခေါ်လိုက်အုံးမယ် မရရင်တော့ ကိုခ ရုံးဘက်သွားပြီး ကိုခနဲ့ လဘက်ရည်သောက် စကားပြောရင်း ဒီအကြောင်းတွေပြောပြမယ်လို့ စိတ်ကူးပြီး ကိုခင်ခ ဖုန်းကို ခေါ်လိုက်တယ်ဆိုရင်ဘဲ

ကိုခင်ခ ။ ဟလို ကိုပေါက်ပြောဗျာ

ကိုပေါက် ။ ကျွန်တော် ကိုခ ဖုန်းကို တစ်မနက်လုံးခေါ်နေတာ နှစ်လုံးစလုံးဖုန်းပိတ်ထားတယ်ဘဲဖြေနေတယ်ဗျ

ကိုခင်ခ ။ ဟုတ်လိမ့်မယ် ကိုပေါက်ရေ ကျွန်တော်က စီဖုန်းကဒ်ရော ဂျီဖုန်းကဒ်ရော ဟန်းစက်တစ်ခုထဲမှာ ထဲ့ထားတာဆိုတော့ ဖုန်းက မနေ့ညကအသုံးများသွားပြီး ဘက်ထရီကုန်သွားတာနဲ့ ဖုန်းပိတ်သွားတာလေ၊ ညကလည်း တစ်ညလုံးလျှပ်စစ်မီးက ထရန်စဖော်မာပျက်လို့မလာတော့ အခုလေးတင်ရုံးရောက်မှ အားသွင်းပြီး ပြန်ဖွင့်ရတာမို့ဖြစ်မယ်ဗျ။

ကိုပေါက် ။ ဪ အဲဒါကြောင့်ကိုး ကိုခ ဖုန်းပိတ်ဖြစ်သွားတဲ့ တစ်မနက်အတွင်း ဖြစ်ခဲ့တဲ့ အဖြစ်တွေကိုပြောပြဖို့ ကျွန်တော် နေ့ခင်းမှဘဲ လက်ဘက်ရည်ဆိုင်လှမ်းချိန်းလိုက်မယ် ကိုခ အဆင်ပြေတယ်မလား

ကိုခင်ခ ။ ဟုတ် လှမ်းဆက်လိုက်ဗျာ လာခဲ့မယ်။

တကယ်လည်း ခင်ခ ရဲ့ ပျော်ပျော်ပါးပါး ဟေးလားဝါးလား “အနီချင်းပြိုင် နိုင်မတဲ့လား´´ ပိုမိုရှင်း  ၂၁ ရက် အစီအစဉ်က တနေ့က ( စက်တင်ဘာလ ၂၃ ရက်) မှာ ပြီးဆုံးခဲ့ပါတယ်၊ အဲဒီပိုမိုရှင်းရက်အတွင်း ခင်ခ ပိုမိုရှင်း ကိုကူညီကာ အားပေးလို့ဘဲဖြစ်ဖြစ် မိမိဆန္ဒအရဘဲဖြစ်ဖြစ် ရွာထဲပိုစ့်တင် ခဲ့တဲ့ ရွာသူားတွေအားလုံးကို ခင်ခမှာ အထူးပင် ကျေးဇူးတင်ရှိတဲ့အကြောင်းပြောပါရစေ။

အထူးသဖြင့် ခင်ခ ပျော်ပျော်ပါးပါး ဟေးလားဝါးလာ ပိုမိုးရှင် လုပ်ခွင့်ရတဲ့ ဂဇက်ရွာ သဂျီးကိုလည်း အလွန်ပင် ကျေးဇူးတင်ပါ တယ်ဆိုတာလေးလည်း ပြောပါရစေဗျ။

ပိုမိုရှင်း (၂၁) ရက်ခရီးအတွင်း ခင်ခ ကွန်မန့်တွေမှာ အနီရရှိမှုကို လိုက်ကာရေတွက်ကြည့်ပြီး အခုလို မှတ်တမ်း တင်ခဲ့ပါတယ်။

စက်တင်ဘာလ ၃ ရက် ပိုစ့်များထဲမှ

ကျောက်နဲ့ စကားစမြည် – KZ  ( ၁၁ ) ခု တွေ့ရှိ။

ကေဇီရဲ့ ဆယ်လစ်ဗျစ်တီ အလွဲများ- KZ (၃) ခုတွေ့ရှိ။

ဆယ်ကျော်သက် feeling – Conny Kim (၄) ခုတွေ့ရှိ။

တောနက်တွင်းက မိန်းမလှများ ( ဇတ်သိမ်း) – YE YINT HLAING (၁၂ ) ခုတွေ့ရှိ။

 

စက်တင်ဘာလ ၄ ရက် ပိုစ့်များထဲမှ –

ချစ်ချစ်ချစ်- အပိုင်း (၁)- အခန်း-၄- မင်းခန့်ကျော် – (၁) ခုတွေ့ရှိ။

မိုက်တဲ့ကောင် နီလိုက်ကွာ- Myo Thant – (၁) ခုတွေ့ရှိ။

ပြောကို မပြောချင်ဘူးးးးးး- အလင်းဆက်  (၈) ခုတွေ့ရှိ

မွန်းကျပ်နေတဲ့ မြို့”- Hnin Thae Phyu (၂) ခုတွေ့ရှိ။

 

စက်တင်ဘာလ ၅ ရက် ပိုစ့်များထဲမှ

မခေါ်ရက်တာပါ …. . ပျော်လျက်ရှိတယ် မထင်နဲ့ – အလင်းဆက် (၅)ခုတွေ့ရှိ။

နီနည်းလေးမစကြပါခင်ဗျာ- မင်းခန့်ကျော် (၃)ခုတွေ့ရှိ။

သူမ တစ်ယောက် ၏ အကြောင်း- မနှင်းဖြူ မှန်မှန်ပြော (၂)ခုတွေ့ရှိ။

သူတို့ ကမ္ဘာကို လွှမ်းကြလေပြီ…။- black chaw (၁)ခုတွေ့ရှိ။

ဆားပုလင်း မမနှင်း နှင့် ပရော်ဖက်ဆာဒေါက်တာ ကျောက်ခဲ – အဘ ဖားသက်ပြင်း (၅)ခုတွေ့ရှိ။

၂၀၁၃၀၉၀၅ – အဘ ဖားသက်ပြင်း (၁)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၆ ရက် ပိုစ့်များထဲမှ

ငါ့ရဲ့ ခရီးလမ်း – မနှင်းဖြူ မှန်မှန်ပြော (၄)ခုတွေ့ရှိ

အချစ်-ရှုံးနှိမ့်ခြင်း – Conny Kim (၂)ခုတွေ့ရှိ

ချစ်သူ့အတွက် အိတ်ဖွင့်ပေးစာ- Conny Kim (၁)ခုတွေ့ရှိ

၁၂ ရာသီဖွား အကျင့်စရိုက်လေးများ အပိုင်း (၃) – KZ (၆)ခုတွေ့ရှိ

လွမ်းတဲ့ ရွာ – Myo Thant (၄)ခုတွေ့ရှိ

 

စက်တင်ဘာလ ရ ရက် ပိုစ့်များထဲမှ

ပိုစ့်(၂) ပုဒ်တင်ပါတယ်။ မှတ်တမ်းဝင် ရဲရဲတောက်လေးများ မတွေ့လို့ပါ။

 

စက်တင်ဘာလ ၈ ရက် ပိုစ့်များထဲမှ –

ကျွန်တော်နားလည်မိသော လောကဇာတ်ခုံ – Ko out of… (၁)ခုတွေ့ရှိ။

ချစ်ချစ်ချစ်- အပိုင်း-၁ အခန်း-( ၅ ) – မင်းခန့်ကျော် (၁)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၉ ရက် ပိုစ့်များထဲမှ –

KZ’s ထမင်းဆိုင် (ပထမ တစ်ပတ်စာ ဟင်းစပ်များ) – KZ  (၅၆)ခုတွေ့ရှိ။

တောင်တန်းတွေနှင့် ယဉ်တဲ့မြို့ – သျှားသက်မာန် (၁၁)ခုတွေ့ရှိ။

အတုယူစရာကောင်းတဲ့ဘဝ – TNA (၆)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၁ဝ ရက် ပိုစ့်များထဲမှ –

အင်တာနက်ပေါ်တွင် ငွေ ရှာနည်း – မဟာရာဇာ အံစာတုံး (၁၆)ခုတွေ့ရှိ

ကျွန်တော့်ရည်းစား ( ရှုံးမဲ မဲခြင်း ) – sorrow weaver (၅)ခုတွေ့ရှိ

 

စက်တင်ဘာလ ၁၁ ရက် ပိုစ့်များမှ

အနှစ် နှစ်ဆယ် ရှိခဲ့ပြီ – Mr. MarGa (၉)ခုတွေ့ရှိ

ခါးပိုက်နှိုက် – MAUNG -(၁)ခုတွေ့ရှိ

စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၁) – Copyright © H + M – KZ (၆)ခုတွေ့ရှိ။

ရိုမီယို 2 ( ဇတ်သိမ်း ) – sorrow weaver (၁)ခုတွေ့ရှိ။

ဒွိ – marblecommet  (၁)ခုတွေ့ရှိ။

တွေးမတွေးရာ ရေးမိရေးရာ (၂)… – kotun winlatt  (၂)ခုတွေ့ရှိ။

ကြောင်စာ……… – ကျော်စွာခေါင် (၁)ခုတွေ့

 

စက်တင်ဘာလ ၁၂ ရက် ပိုစ့်များထဲမှ –

ဂဇက်ဝဒိန်သာသမဒ ဦးမာဃနှင့် နတ်သမီးသုဒမဇာဂီတို့ရဲ့ ဗျန်းဗျန်းကွဲအချစ်ဇာတ်လမ်း – အလင်းဆက် (၃)ခုတွေ့ရှိ။

အရသာ – အဘ ဖားသက်ပြင်း (၂)ခုတွေ့ရှိ။

နင်သိလား ???- Char Too Lan  (၂)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၁၃ ရက် ပိုစ့်များထဲမှ –

လူကြုံ – MAUNG (၁၄)ခုတွေ့ရှိ

အချိန်ငတ်နေသော လူ့စွမ်းအားအရင်းမြစ်များ- လုံမလေးမွန်မွန် (၂၁)ခုတွေ့ရှိ

ကျနော် … လူလိမ်- မဟာရာဇာ အံစာတုံး (၆)ခုတွေ့ရှိ

တောင်ကုန်းပေါ်ကအိမ် (သို့) မာယာ (၁) – မနှင်းဖြူ မှန်မှန်ပြော (၁၂)ခုတွေ့ရှိ

လူဆိုးမကြီး (ငယ်ငယ်တုန်းက ရေးတဲ့စာ) – sorrow weaver (၃)ခုတွေ့ရှိ

ကံဆိုးကောင် မိုးလိုက်မှောင် ( ငယ်ငယ်တုန်းက ချစ်သူချော့စာ ) – sorrow weaver (၁)ခုတွေ့ရှိ

အပြာဖျော့ အစက် – Pale blue dot – Carl Sagan (ဘာသာပြန်သူ – ကိုမိုး) – အရီးခင် (၂)ခုတွေ့ရှိ

 

စက်တင်ဘာလ ၁၄ ရက် ပိုစ့်များထဲမှ –

ခရီးသွားလောကမှ အမြင်မတော်သည့် အပို်င်းအစတစ်ချို ့moonpoem (၆)ခုတွေ့ရှိ

တနင်္ဂနွေအရုပ် – sorrow weaver (၁)ခုတွေ့

တွေးမိ တွေးရာ ရေးမိ ရေးရာ (၃)…. – kotun winlatt (၁)ခုတွေ့

ချစ်ခင်စရာ အပြုံး – ကျော်စွာခေါင် (၂)ခုတွေ့

Stadio Giuseppe Meazza မှာ ရလဒ်ကောင်းမယ့် အိမ်ရှင်- မောင် ပေ (၁)ခုတွေ့။

 

စက်တင်ဘာလ ၁၅ ရက် ပိုစ့်များထဲမှ –

ပြန်လာရင်ကြိုမှာလား- သော်ဇင် (လွိုင်ကော်) (၁)ခုတွေ့ရှိ

စွဲလမ်းတဲ့သံယောဇဉ်- ကိုပေါက်(မန္တလေး) (၁)ခုတွေ့ရှိ

ပုလဲတစ်လုံး- မနှင်းဖြူ မှန်မှန်ပြော (၁)ခုတွေ့ရှိ

 

စက်တင်ဘာလ ၁၆ ရက် ပိုစ့်များထဲမှ

မား. အတွက်. မား.- အဘ ဖားသက်ပြင်း (၁)ခုတွေ့ရှိ။

ဒေါ်ကြီးလုံ နဲ့ ရွှေဧည့်သည် (မန်းဂဇက်ကဗျာချစ်သူများ၏ ကဗျာပြခန်း – ၉)- လုံမလေးမွန်မွန် (၃၂)ခုတွေ့ရှိ။

လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို အာကာသအတွင်း စိုက်ပျိုးနိုင်ရန် သုတေသနပြုလုပ်လျက် ရှိသည့် နာဆာ- မောင်ခိုင်မာ (စမ်းချောင်း) (၂)ခုတွေ့ရှိ။

အသဲလေး လက်စွမ်းပြမဲ့ KZ’s ထမင်းဆိုင်- KZ (၄၀)ခုတွေ့ရှိ။

ငါး ငပိချက်။- Kyi Lwin (၂)ခုတွေ့ရှိ။

တစ်​ခါက နှင်​့ ဝိညဉ်​ ​လေလား .. တ​စ္ဆေ လား !!!?? – surmi (၁)ခုတွေ့ရှိ။

ပုလဲတစ်လုံး (အပိုင်း ၂)- မနှင်းဖြူ မှန်မှန်ပြော (၄)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၁ရ ရက် ပိုစ့်များထဲမှ –

Officer နှင့် SECRETARY အလိုရှိသည် – manawphyulay (၂)ခုတွေ့ရှိ။

အလုပ်ခွင်အတွင်း စိတ်သဘောထားအမှန် ထားနိုင်ကြပါစေ – manawphyulay (၆)ခုတွေ့ရှိ။

ကျမ၏ချစ်လှစွာသော “မောင်” ၏ နောက်နာမည်တစ်ခု – ရွှေတိုက်စိုး (၂)ခုတွေ့ရှိ။

၉၆၉ အမှတ်တံဆိပ်သည်အသုံးပြုလှုပ်ရှားမှုများသည် နို်င်ငံတော်သံဃမဟာနာယက အဖွဲ့စည်းမျဉ်းဥပဒေများနှင့် မညီဟု့ဆို- mg nu (၁)ခုတွေ့ရှိ။

ပုလဲတစ်လုံး (အပိုင်း ၃)- မနှင်းဖြူ မှန်မှန်ပြော (၆)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၁၈ ရက် ပိုစ့်များထဲမှ –

သေမယ့်နေ့ဆီကို နှစ်ဆယ့်ခြောက်နှစ်… လျှောက်လှမ်းပြီးခဲ့သူ ရဲ ့.. လက်ဆောင်- အလင်းဆက် (၁၅)ခုတွေ့ရှိ။

စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၂) – Copyright © H + M- KZ (၆)ခုတွေ့ရှိ။

ရက်လည်ဆွမ်းသွတ်ခြင်းနှင့် လွဲမှားနေသောအယူများ- Dote Kha (၈)ခုတွေ့ရှိ။

ကလေးတစ်ယောက်ရဲ့ဆန္ဒ- zaw win (၄)ခုတွေ့ရှိ။

အိပ်မက်- sorrow weaver (၁)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၁၉ ရက် ပိုစ့်များထဲမှ –

My second child (or) Lost of Johnnydeer in Mandalaygazette…- johnnydeer (၆)ခုတွေ့ရှိ။

UMFCCI က သင်တန်းများ- လုံမလေးမွန်မွန် (၂)ခုတွေ့ရှိ။

အလိမ်ခံရခြင်း။- Kyi Lwin (၂)ခုတွေ့ရှိ။

ကေဇီနဲ့ MRT ပေါ်မှ အလွဲများ- KZ (၃၄)ခုတွေ့ရှိ။

ရုပ်တု နှင့် ဗုဒ္ဓဘာသာ – သုရှင် (၆)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၂ဝ ရက် ပိုစ့်များထဲမှ –

မျှော်လင့်ချက် – အဘ ဖားသက်ပြင်း (၄)ခုတွေ့ရှိ။

ညဉ့်ပွဲခင်း – ကျော်စွာခေါင် (၄)ခုတွေ့ရှိ။

ဆီဒိုးနားပီးလော့ ထရေးဒါး Coming Soonဦးကြောင်ကြီး (၅)ခုတွေ့ရှိ။

မိန်းမမရသင့်သောယောကျင်္ားများ…မနှင်းဖြူ မှန်မှန်ပြော (၁)ခုတွေ့ရှိ။

ဘယ်ကြည့်ကြည့်……..လွမ်းမိုး မင်းသား (၁)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၂၁ ရက် ပိုစ့်များထဲမှ –

ပိုစ့်(၂) ပုဒ်တင်ပါတယ်။ မှတ်တမ်းဝင် ရဲရဲတောက်လေးများ မတွေ့လို့ပါ။

 

စက်တင်ဘာလ ၂၂ ရက် ပိုစ့်များထဲမှ –

အရှင်အာနန်ဒါ Rev Lustig က ဘာသာပြန်တဲ့မြန်မာကဗျာ – ၁၀Kyaemon (၄)ခုတွေ့ရှိ။

မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်TNA (၂)ခုတွေ့ရှိ။

 

စက်တင်ဘာလ ၂၃ ရက်(နောက်ဆုံးရက်)  ပိုစ့်များထဲမှ-

ငပလီနဲ့ပတ်ဝန်းကျင်ရဲ့အလှရှုခင်းဓာတ်ပုံတွေKyaemon (၃)ခုတွေ့ရှိ။

ဝင်စားမိမှားကိုပေါက်(မန္တလေး) (၁)ခုတွေ့ရှိ။

ငွေဆောင်ကမ်းခြေပတ်ဝန်းကျင်ရဲ့အလှရှုခင်းဓာတ်ပုံတွေKyaemon (၂)ခုတွေ့ရှိ။

တသက်​လုံးဖုံးသမျှ ကုန်​းကာမှ​ပေါ် ..?ခရီးသည်ကြီး ( မန်ဘာအုံးသီးကျွေး -မတွေ့ )

ကမ်ဘာအရပ်ရပ်က ပန်းအလှဓာတ်ပုံတွေ – ၁ Kyaemon (၂)ခုတွေ့ရှိ။

ကမ်ဘာအရပ်ရပ်က ပန်းအလှဓာတ်ပုံတွေ – ၂Kyaemon (၃)ခုတွေ့ရှိ။

ပုလဲတစ်လုံး (အပိုင်း ၄)မနှင်းဖြူ မှန်မှန်ပြော (၁)ခုတွေ့ရှိ။

 

ခင်ခ ပိုမိုရှင်းလက်ဆောင်အတွက် (၁၆၂)ခုဖြင့် အများဆုံးအနီရရှိသူ KZ၏ အနီရသည့် ပိုစ့်အနှစ်ချုပ်

ကျောက်နဲ့ စကားစမြည် – KZ  ( ၁၁ ) ခု တွေ့ရှိ။

ကေဇီရဲ့ ဆယ်လစ်ဗျစ်တီ အလွဲများ- KZ (၃) ခုတွေ့ရှိ။

၁၂ ရာသီဖွား အကျင့်စရိုက်လေးများ အပိုင်း (၃) – KZ (၆)ခုတွေ့ရှိ

KZ’s ထမင်းဆိုင် (ပထမ တစ်ပတ်စာ ဟင်းစပ်များ) – KZ  (၅၆)ခုတွေ့ရှိ။

စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၁) – Copyright © H + M – KZ (၆)ခုတွေ့ရှိ။

အသဲလေး လက်စွမ်းပြမဲ့ KZ’s ထမင်းဆိုင်- KZ (၄၀)ခုတွေ့ရှိ။

စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၂) – Copyright © H + M- KZ (၆)ခုတွေ့ရှိ။

ကေဇီနဲ့ MRT ပေါ်မှ အလွဲများ- KZ (၃၄)ခုတွေ့ရှိ။

KZ’s ထမင်းဆိုင် – ထမင်းကြော် စားမယ်KZ မတွေ့။

 

“အနီချင်းပြိုင် နိုင်မတဲ့လား´´ ပိုမိုရှင်း အတွက် ခင်ခ ရဲ့ အမှတ်တရ လက်ဆောင်ကိုတော့ ၂၁ ရက်အတွင်း ပို့များများတင်နိုင်ခဲ့ပြီး အနီပါပိုစ် ့စုစုပေါင်း (၈ ) ပိုစ့်တွင် အနီရောင်(အနုတ်) အရေအတွက် (၁၆၂ ) ဖြင့် အများ ဆုံးရရှိခဲ့သူ ရွာသူ KZ က ရရှိပါတယ်။

ဒုတိယနေရာက လိုက်လာသူက အနီအရေအတွက်(၅၅) ရရှိသည့် ရွာသူ လုံမလေးမွန်မွန် ပါ။

အချိန်ငတ်နေသော လူ့စွမ်းအားအရင်းမြစ်များ- လုံမလေးမွန်မွန် (၂၁)ခုတွေ့ရှိ

ဒေါ်ကြီးလုံ နဲ့ ရွှေဧည့်သည် (မန်းဂဇက်ကဗျာချစ်သူများ၏ ကဗျာပြခန်း – ၉)- လုံမလေးမွန်မွန် (၃၂)ခုတွေ့ရှိ။

UMFCCI က သင်တန်းများ- လုံမလေးမွန်မွန် (၂)ခုတွေ့ရှိ။

 

အဲဒီတော့ ပထမနေရာရရှိခဲ့သော ရွာသူ KZ  ခင်ဗျ ကျွန်တော် ခင်ခ ရဲ့ အမှတ်တရလက်ဆောင်ကို ဘယ်လို လက်ခံမလဲ ဆိုတာလေးကို သိချင် ပါတယ်ဗျ။ လက်ခံလိုသည့် အစီအစဉ်လေးကို khinkha39@gmail ထဲကို ရေးကာ mail ပို့ပေးစေလိုပါတယ်။ သို့မဟုတ် မန်း ပြန်ရောက်တဲ့အခါ လက်ခံယူမယ်ဆိုရင်လည်း မန်း ပြန်လာဖြစ်မည့် အချိန်တွင် ခင်ခ ဖုန်းနံပါတ် ၄၀၂၇၁၆၆၄၉ ကို ဆက်သွယ်ပေးပါ လာရောက်တွေ့ဆုံပြီး ပေးပါ့ မယ်။ အရင်က လာမည့် ရွာတွေ့ဆုံပွဲမှာပေးဖို့ပါဘဲ ဒါပေမယ့် ဖတ်ရွေးလက်ရှိ ဥက္ကဌဦးကြီးမိုက်က ကွန်မန့် တစ်ခုမှာ တွေဆုံပွဲနဲ့ ဖတ်ရွေးကလည်း မသေချာမရေရာတဲ့ သဘောမန့်ချက်ရှိထားလို့ပါ။

 

ဒုတိရ နေရာက လိုက်လာကြသူ ရွာသူ လုံမလေးမွန်မွန် တစ်ယောက်ကိုတော့ နှစ်သိမ့်လက်ဆောင်လေးတစ်ခု ပို့ပေးမယ်လို့ စိတ်ကူးရှိပါတယ်။ အဲဒီမှာ လုံမလေးမွန်မွန် အနေနဲ့လည်း နှစ်သိမ့်လက်ဆောင်ဆုကို ဘယ်လို လက်ခံယူမလဲဆိုတာလေးကို khinkha39@gmail ထံရေးကာ mail ပို့ပေးစေလိုပါတယ်။

 

ရွာသူားအားလုံး နဲ့ စာဖတ်ပရိတ်သတ်ကြီး အချိန်တိုင်း နေရာတိုင်းမှာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ ပျော်ရွှင်စွာရှိကြပါစေလို့ ဆန္ဒပြုရင်း ခင်ခ မှ နုတ်ဆက်ကာ နိဂုံးချုပ်ပါရစေ။

 

 

ခင်ခ။

( ၂၀၁၃ခုနှစ် စက်တင်ဘာလ ၂၅ရက်။ )

24 comments

  • Ko chogyi

    September 25, 2013 at 5:16 pm

    မရှင်းမရှင်းနဲ့ သကြားကို
    သံပရာနဲ့ဖျော်သောက်မိတော့မယ်

    • ခင် ခ

      September 25, 2013 at 5:49 pm

      အဲလိုမှဖြစ်ပါ့မလားလို့ တွေးပူနေတာ ကိုချိုရေ

  • လုံမလေးမွန်မွန်

    September 25, 2013 at 5:23 pm

    ဟိ အနော် နားကြားမှားတာ အဲ မျက်စိမှားတာ တစ်ရွာလုံး ပွက်လောရိုက်သွားတယ်။ ဒုတိယတောင် ရလိုက်သေး။ မိုက်တယ်ကွာ။ အနီပေးသူအားလုံးကို အာဘွားအကြီးကြီးပေးချင်တာ…
    ကျေးဇူးအများကြီးတင်ပါတယ် လေးလေး
    သက်တော်ရာကျော် ရှည်ပါစေ

    • ခင် ခ

      September 25, 2013 at 5:51 pm

      နှစ်သိမ့်လက်ဆောင်လေး ပို့ပေးပါမယ်နော် လုံမလေးရေ

    • koyinmaung

      September 25, 2013 at 7:19 pm

      ဟယ်..အနီပေးတဲ့ထဲငါလဲပါမိနေတော့ ရှက်စရာကြီးလုံမလေးရယ်..
      ငါ့အစားဟိုခြောက်မျာက်နှာကြီးကိုဘဲပေးလိုက်ပါဟာ…..ဟိဟိ……..

      • မဟာရာဇာ အံစာတုံး

        September 26, 2013 at 4:43 pm

        ဟွင်းး ဟွင်းး
        စကားလွဲတွားလို့ဂဒေါ့
        ခညား မလွယ်ဘူးမှတ် …..
        ဒီဂ စောင့်ကျိနေဒါ ….
        :mrgreen:

        ဥခင်ခဂျီးးး

        ခညား ညက်စိ လျှမ်းတွားဒါ တွေ့လားဂျ …
        တဂယ်ဒေါ့ အနီအများဆုံးဟာ ကျုပ်ဘဲ …
        ကျုပ်က ကေဇက် ဆိုပီး ရေးလိုက်ဒါ ..
        အိုက်ဒါဂျောင့် … ကျုပ်ဘဲ ပေးလိုက်ဒေါ့ …
        :mrgreen:

  • Mr. MarGa

    September 25, 2013 at 6:41 pm

    အစကတည်းက လူက လေးလုံးကွဲအောင် မပြောတတ်တာပါဆိုမှ
    ဒီလို အသေအချာ နားမထောင်ဘဲ ပြန်မေးတော့ ပို ဆိုးသွားသပေါ့
    နောက်ဆို ရှင်းအောင် ပြန်ပြောပါမယ်ဗျို့
    ဒီတစ်ခါတော့
    လေးပစ်သူ ငမာဃ ဖြစ်သွားသပေါ့ :mrgreen:

  • Crystalline

    September 25, 2013 at 7:53 pm

    Congratulations…KZ :mrgreenn:

  • Mon Kit

    September 26, 2013 at 9:06 am

    အော်.. လေးခ ဆုံးသွားတယ်ဆိုပီး ပွက်လောရိုက်သွားတာတောင် မတိလိုက်ပါလား..
    အဲသဟာကြောင့် လေးခ သံဝေဂ ပို့စ်လေး တင်ထားတာကိုးးး…
    🙂

  • KZ

    September 26, 2013 at 9:23 am

    ဟယ်။
    အဲလာ ဆို ခု ကျေးဂျူးတင်ဂျဂါး ကျောလို့ ရပြီပေါ့နော်။
    ကတောက်!
    ဒီလိုမှန်းသိ ဂနေ့ အကယ်ဒီမီဖက်ရှင် ဝတ်ခဲ့ပါသကွာ။
    :mrgreen:

    ခုလို တမီး ပို့(စ) မှာ အနီရောင်များချီးမြှင့်ကြကုန်သော ပလိပ်သတ်ကြီးအား လဂေါင်းးးးး
    တမီးကော်မန့်များကို စက္ကန့်မခြား နီပေးကြသော တမီးကို ကျိတ်ကျိတ်ခိုက်နေဒေါ ပလိပ်သတ်အချို့ အား လဂေါင်းးးးးး
    တမီး သိပ် သိပ် သိပ် ဖော်မပြ တင်မပြတတ်အောင် ရမ်းရမ်း အားဂျီး များဂျီး ကျေးဂျူးတင်ပါဒီ။
    😀

    နောက်များမှာလည်း တမီးကို အနီရောင်လေးများနဲ့ အားပေးကြပါဦးလို့။

    ဒီ အစီအစဉ်ကို ဖြစ်မြောက်အောင် စတင်ပေးခဲ့သော ကိုကြီးခကိုလည်း အာဘွားးးးး
    နောက်ကနေ အမှီလိုက်ခဲ့သော ညလေး မလေးလုံ အားလည်း အာဘွား ပေးပါဒီ။
    :chit: :chit:

    ညင်းညင်းးးးးးး
    ကျန်တဲ့သူများကိုတော့ သီချင်းဆိုပြပါမီ။

    မိကေဇီ ကိုနိုင်ဖို့ရာ ၁ဝ နှစ် ၁ဝ ခါ ကြိုးစားပါဦးးးးးးး
    အဟွတ်!

    :mrgreen: :mrgreen:

  • KZ

    September 26, 2013 at 9:25 am

    အဲ! မေ့လို့!
    ကိုကြီးခ လက်ဆောင်ကို ကိုယ်တိုင်ယူပါမီ။
    အရင် သိမ်းထားပေးပါ။

    ဘယ်မှ ပြန်မလှူပါ။
    နောင်ခါ ကိုယ့်ကိုယ်ကို လူချစ်လူခင်များသည်ဟု ဘဝင်လေဟပ်မိပါက ထိုဘဝင်ကို ပြန်လည်ထိန်းသိမ်းနိုင်ရန်ဖြစ်ပါဒီ။
    အဟိ၊ ခွိခွိ ခုခိခုခိ
    😀 😀

    • ခင် ခ

      September 26, 2013 at 11:39 am

      ဟုတ်ပါပြီဗျ ဒေါ်ကေဇီ
      ဖုန်းနံပါတ်လေးတော့ မှတ်ထားပြီး ကိုယ်တိုင်ယူနိုင်မည့် အချိန်ရောက်ရင် ဖုန်းဆက်လိုက်ပါ။
      ဪ ဒေါ်ကေဇီဆိုပြီး ဒါကြောင့်လည်း နံမည်ကြီးပေသကိုး ကိုယ်တိုင်ယူမယ်ဆိုတော့ အစားအသောက်လေးပါ ကျွေးရပေတော့မပေါ့ကွယ်။
      ပြန်ကြားပေးတဲ့အတွက်ရော ကျွန်တော်ပိုမိုရှင်းကာလမှာ ပူပေါင်းပါဝင်အားဖြည့်ကူညီကာ ပိုစ့်တွေတင်ပေးတဲ့အတွက်ရော ကျေးဇူး ကျေးဇူးဗျို့။
      ပျော်ပျော်ပါးပါး ဟေးလားဝါးလား ဆုံတွေ့ကြတာပေါ့ဗျာ။

  • မင်းခန့်ကျော်

    September 26, 2013 at 3:01 pm

    မရှင်း မရှင်း နဲ့

    MPT က အကုန်ရှင်းသွာတယ် :mrgreen:

  • kai

    September 26, 2013 at 3:10 pm

    ထူးပေသည့်ဆန်းရာသော် ..ဆုပေါ့…
    အံ့ဖွယ်သုတ ကိုကြီးခ… :mrgreen:

  • kyeemite

    September 26, 2013 at 4:12 pm

    ကိုခင်ခ အဆန်းထွင်လို့ အနီ ဒီလောက်လျော့သွားတာလေ…
    ဒါလည်းကက်ကင်းတိုက်နည်းတစ်မျိုးပဲဗျ 😀

    • ခင် ခ

      September 26, 2013 at 4:24 pm

      အဲလိုတော့ မရည်ရွယ်ပါဘူး ကိုကြီးမိုက်ရာ အဓိက က ရွာထဲပိုစ့်ရေးတင်နေသူတွေ ပျော်စေချင်တာပါ။
      အခုအချိန်ကာလလေးက ပိုစ့်တင်တာလေးတွေ ကွန်မန့်ပေးတာလေးတွေ နည်းနေသလား ထင်ခဲ့လို့ပါ။
      ဘာဘဲဖြစ်ဖြစ် အနီ ပေးသူရှိနေလို့လည်း ဒီပရိုဂန်လေး စဉ်းစားမိတာပါလေ။

  • Wow

    September 26, 2013 at 4:25 pm

    ဆွိကို ပို့စ်ရေးဖို့မြှောက်ပေးတာ နာမို့ ဆုကိုနာလဲ တစ်ဝက်ဆိုင်ပါဂျောင်း…. ဟီးးးး ကြုံတုံးဝင် ဝေစုခွဲထားမှ :mrgreen:

    • KZ

      September 26, 2013 at 4:34 pm

      ဒီမယ် ဝါးးးးးးး
      မုန့်ကိုပဲ ဝေစားနိုင်မယ်။
      ဟိဟိ

      :mrgreen:

    • ခင် ခ

      September 26, 2013 at 4:36 pm

      အဲ ရင်တွင်းလှပ် သတင်းတွေ ထွက်လာပါရောလားဗျ။

  • KZ

    September 26, 2013 at 4:37 pm

    ကိုကြီးခ
    နောက်တစ်ဆုထပ်လုပ်ပေးဦးးးးးး
    နောက်ထပ် ဘရန်းပို့(စ) တွေရယ် ထမင်းဆိုင် ပို့(စ) တွေရယ် အလွဲပို့(စ) တွေရယ် လာဦးမှာမို့။

    အဟေးဟေးးးးးးး
    :mrgreen:

    ဒီက စောင့်နေသူ……………………………..
    အိုးအို ဒီက စောင့်နေသူ………………………
    😀

    • ခင် ခ

      September 26, 2013 at 4:45 pm

      အမယ် ခင်ခ ပိုမိုရှင်းတိုင်း သူရမှာကျနေတာဘဲ။
      နောက်တစ်မျိုးက စဉ်းစားမိတာတော့ရှိတယ် ဒါပေသည့် ရွာထဲဖတ်ရွေးတော်လှန်ရေးဖြစ်နေတယ်ဆိုလို့ ခဏငြိမ်နေလိုက်အုံးမှ တော်မယ်ထင်တယ်လေ ဒေါ်ကေဇီရေ။

  • TNA

    September 29, 2013 at 6:54 pm

    အစားအသောက်မုန်းသူတွေ အစားရာသက်ပန်ရှောင်ထားသူတွေနဲ့ အစားကြိုက်သူ ဒေါ်ကေဇီတို့ သဘောထားကွဲလွဲမှု့ကြောင့် အကယ်ဒနီဆုဂျီးကိုဒေါ်ကေဇီမွှပြိုင်ဖက်မရှိရရှိသွားပါကြောင်းနှင့် ဂုဏ်ယူပါ တယ်ကေဇီလေးရေ။

    ဇဂါးမစပ် အတဲလေးလက်စွမ်းပြမှာလဲ အခု ၄ဝ မို့ များလဲ နဲနဲဆိုင်ဒလားလို့ :mrgreen:

  • Ma Ma

    September 29, 2013 at 9:12 pm

    ကိုခင်ခပိုစ့်ကိုဖတ်ပြီး ဝမ်းနည်းဝမ်းသာ ဖြစ်မိတယ်။
    ဝမ်းနည်းတာက ဆုမရလို့။ :hee:
    ဝမ်းသာတာက အနီမရလို့။ :mrgreen:

Leave a Reply