အိမ်​ပြန်​ချိန်​ (ဝါ) ဘိုင်​…ဘိုင်​..Back

ခရီးသည္ႀကီးSeptember 25, 20131min1649

အ​နေမနီး

ခရီး​ဝေးမှ

​ဂဇက်​ရွာ ……။

 

အလည်​လာမိ

တွယ်​ငြိ​နေ မှ

​ရှောင်​ခွါ ရလို့

​သောကလည်​း​ရောက်​

စိတ်​လည်​း​နောက်​ခဲ့……။

 

​ပျော်​ရာမ​နေ

​​တော်​ ရာ​နေရ

ဘဝများစွာ

ကြုံရပါလည်​း

​ရှေး​ရှေး​ရေစက်​

ထုံး​နှောင်​လျှက်​တည်​့

ဘုံမိဤ​မြေ

ဤဌာ​နေကို

မ​သွေစိတ်​ဝမ်​း

​နေ့တိုင်​းလွမ်​းမိ

မှန်​း​မျှော်​ကြည်​့​သော်​

​​​​​တော်​​တော်​​ဝေးလျက်​

အိမ်​မက်​ထဲက ဂဇက်​ရွာ ……။

 

​ပျော်​ပင်​​ပျော်​ငြား

ရွာသူားနှင်​့

စကားလက်​ဆုံ

​ပြောမကုန်​၍

​တွေ့ဆုံ ကြုံကွဲ

ဖြစ်​မြဲ ဓမ္မတာ

ရင်​မှာ နာမိ

ဆည်​းဆာလည်​းပုတ်​

​ရောင်​နီ ဆုတ်​လို့

ကျွန်​ုပ်​ အိမ်​ပြန်​ရ​တော့မည်​ …..။

 

 

 

 

 

 

 

9 comments

  • Mr. MarGa

    September 25, 2013 at 7:58 pm

    ဗျို့ ခရီးသည်ကြီး
    စတုန်းက စပြီး မပြန်သေးနဲ့ဦးလေဗျာ
    ဖတ်ရွေး ဘယ်လိုဆက်မယ် ဆိုတာကို စောင့်ကြည့်သွားပါဦး ဗျ

  • San Hla Gyi

    September 25, 2013 at 8:25 pm

    ကဲပါ သူပြန်ချင်နေတာကို ဆွဲမနေပါနဲ့။ ပြန်ပါစေ။

  • အလင်းဆက်

    September 25, 2013 at 8:52 pm

    အိမ်ပြန်ချိန်..ကိုယ့်ရဲ ့အနားမှာ…ရှိ ပေးပါ…
    တို့ လမ်းမခွဲနိုင်တော့….တာ……

    (((((ဂဇက်ကြိီးသာ သီချင်းဆိုတတ်မယ်ဆိုရင်… ခရီးသည်ကြီး ရဲ ့ကဗျာကိုဖတ်ပြီး.အဲဒလို ဆိုလိမ့်မယ်..)))

  • ဦးကျောက်ခဲ

    September 26, 2013 at 8:58 am

    ဆရာသမားကလည်း တားပါရစေဆိုမှ အတင်းပဲ…
    ပြောမရရင် ပုဆိုးခါးပုံစကို ဆွဲထားမှာနော်…
    သားမီးလေးတွေ ဝိုင်းဆွဲမှ ကျောက်စ်ကို တရားခံမရှာနဲ့…
    😀

  • KZ

    September 26, 2013 at 9:05 am

    ဟွန့်။
    ဂလိုပဲ ပြောချင်ရာပြောပြီး ထားခဲ့ပြန်ဦးမယ်ပေါ့။
    ဒါပဲ နော်။
    ဂတိနော်။
    ဟိုကော်မန့်မှာဘာပြောထားတုန်း မှတ်မိတယ်မဟုတ်လားးးးး

    😀

  • kyeemite

    September 26, 2013 at 9:55 am

    လူတွေဟာ
    အချိန်တန်ရင်တော့
    အိမ်ပြန်ရပြန်တာပဲ
    ဒါပေမဲ့ ရောက်ခဲ့ပျော်ခဲ့
    နေမိခဲ့ဖူးတဲ့
    နေရာဒေသတွေရဲ့
    ချစ်ခြင်းမေတ္တာတွေကတော့
    အတူပါသွားမြဲပါလေ…
    ဆုံကြအုံးမယ်လေ…..ပျော်ပျော်ပါးပါးပေါ့ 🙂

  • ခင် ခ

    September 26, 2013 at 3:56 pm

    ခရီးသည်ကြီး
    အိတ်ကိုဆွဲပြီး
    ပြန်မယ်ပြင်လို့
    တားမည်မဟုတ်
    အသည်းအသန်နင်လည်း
    သည်ခရီးဘဲ။
    ဝေးကွာခရီး
    သွားလာပြီးရင်
    တစ်ခေါက်တစ်ခါ
    ပြန်လှည့်လာပါ
    ဂဇက်ရွာ။
    မွေး ဇာတိ မဟုတ်ပေမယ့်
    ရေး ဇာတိ မည်လေရဲ့။

Leave a Reply