ကွန်ပြူတာ တွင် BSD (Blue Screen of Death) တက်ရခြင်း အကြောင်း ၁ဝ ရပ်

sniqueAugust 4, 20102min903

ခင်ဗျားတို ့ကွန်ပြူတာ သုံးနေရင်း တန်းလန်းနဲ ့ရုတ်တရပ်ကြီး hang သွားပြီး အပြာရောင် နောက်ခံနဲ ့
“Fatal error: the system has become unstable or is busy,” it says. “Enter to return to Windows or press Control-Alt-Delete to restart your computer. If you do this you will lose any unsaved information in all open applications.
အဲဒီ စာသား မျိုးတွေပေါ်တာကို window သုံးတဲ့ သူတိုင်းတွေ ့ဖူးမှာ ပါ။

အခု အဲဒီ Blue Screen တက်လာရင် ဘာတွေကိုစစ်ဆေးရမယ် အဲဒါထက်အရေးကြီးတာက မဖြစ်အောင်ဘယ်လိုကာကွယ် ရမလဲ ဆိုတာ ပြန်ဝေမျှပါ့မယ်။

ကျွန်တော်လဲ ဟိုက နဲနဲ ဖတ် ဒီ က နဲနဲ ဖတ် လူများ စက်တွေလိုက်ကလိရာက နေ တွေ ့ရတာတွေကို ပြန်ရေးချတဲ့သဘောပါ။ ဆရာလုပ်တာမဟုတ်သလို ကျွန်တော် က ဆရာကြီးလဲ မဟုတ်ပါဘူး အခြေခံထက် နဲနဲ ပဲပို်သိတာပါ ဆိုတာ ဝန်ခံထားပါရစေ။

1. Hardware Confilct
အပြာရောင်စကရင် တက်ရခြင်း ရဲ ့ နံပတ် တစ် အဓိက အကြောင်းရင်းခံကတော့ Hardware တွေကြောင့် အဖြစ်များပါတယ်။ ကွန်ပြူတာ မှာ တက်ထားတဲ့ Hardware တစ်ခု ချင်းစီတိုင်းက တခြား Hardware တွေနဲ ့ IRQ(Interrupt Request Channel) ဆို တာနဲ ့ဆက်သွယ်ထားပါတယ်။ Hardware တခုစီတိုင်းအတွက် IRQ တစ်ခု ပုံသေ သတ်မှတ်ပေးထားပါတယ်။
ဥပမာ  ပရင်တာ က IRQ 7 အနေ နဲ ့ပုံသေ ရှိပြီး Keyboard ကတော့ IRQ 1 စသဖြင့်ပေါ့။
တကယ်လို ခင်ဗျား ရဲ ့ကွန်ပြူတာ မှာ တပ်ဆင်ထားတဲ့ Devices တွေ များနေခဲ့မယ် ဒါမှမဟုတ် အဲဒီ Devices တွေက Install ကျကျ နန မလုပ်ထားဘူး ဆိုရင် Devices တွေက IRQ တစ်ခု ထဲကို မျှပြီး သုံး တတ်ကြပါတယ်။ အဲဒီလို အခါမျိုး မှာ ခင်ဗျားကလဲ အဲဒီ Devices ၂ ခု လောက်ကို တစ်ပြိုင်ထဲ သုံးမိမယ်ဆိုရင် Interrupt request တွေ Crach ဖြစ်မှာ ဖြစ်ပါတယ်။

ကို ့ကွန်ပြူတာ မှာ Hardware Conflict ရှိမရှိ စစ်ဆေးတဲ့နည်းက တော့

Start-Control Panel-System-Devicemanager ဒါမှမဟုတ် RUN box ထဲမှာ devmgmt.msc ရိုက်ပြီး  run ခိုင်းရင် Device manager ထဲကို ရောက်ပါမယ်။
အဲဒီ မှာ ပြဿနာရှိနေတဲ့ Device ဆိုရင် အဝါရောင် exclamation mark လေးနဲ ့ပြတတ်ပါတယ်။ အဲဒါမျိုးပေါ်နေရင်တော့  အဲဒီ Device နေရာကို right click နှိပ် ပြီး properties မှာ IRQ နံပတ်ကြည့် နိုင်ပါတယ်။ တကယ်လို ့ IRQ နံပတ် က တခြား Devices တွေနဲ ့တူနေမယ်ဆိုရင် အဲဒီမှာ ပြဿနာပါပဲ း)။
အဲဒါကို ရှင်းတဲ့အကောင်းဆုံးနည်းက တော့ devices ကို uninstall လုပ်ပြီး install ပြန်လုပ်တာပါပဲ။
Devices ရဲ ့Driver ကို ရှာဖို ့က တော့ www.driverguide.com မှာ အဆင်ပြေမယ်လို ့ထင်ပါတယ်။
တကယ်လို ့ ပြဿနာ ဖြစ်နေတဲ့ Device ဟာ Sound Card တို ့PCI Modem တို ့ဖြစ်ခဲ့မယ်ဆိုရင် တော့ motherboard ပေါ်မှာ တပ်ထားတဲ့ Slot ကိုပြောင်းပေး ခြင်းဖြင့်လဲ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကတော့ warranty rules တွေနဲ ့ငြိ နိုင်တဲ ့အတွက် စဉ်းစားပြီးမှ လုပ်စေချင်ပါတယ်။

2 Bad RAM
RAM ( Random- Access Memory) တွေကလဲ Fatal Error (BSD) တက်စေနိုင်တဲ့ အကြောင်းအရင်းထဲမှာ ပါပါတယ်။

မမ်မိုရီ ကြောင့်ဖြစ်ရတဲ့အကြောင်းမှာ တော့ chips မတူ Frequency မတူ တဲ ့RAM ၂ ချောင်းကို တူတူ တွဲပြီး တတ်ဆင်ထားတာကြောင့် အဖြစ်များပါတယ်။ ဥပမာ 70ns ရှိတဲ့ RAm နဲ ့ 60ns ရှိတဲ့ RAM ကို တူတူ တွဲထားသလို ပေါ့။

3. BIOS setting
motherboard တိုင်းက သူ ့ရဲ ့ chipset range ကို စက်ရုံမှာ ထဲက သတ်မှတ်ပြီးသားဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် အဲဒီ ဆက်တင် ကို သွားကြည့် ချင်ရင် စက်စစ တက်ခြင်း မှာ F2 ဒါမှမဟုတ် Delete key နဲ ့ဝင်ကြည့်လို ့ရပါတယ် တစ်ချို ့ laptop တွေ မှာတော့ F10 နဲ ့ဝင်ရတာတွေ ့ဖူးပါတယ်။

BIOS ထဲက ဝင်ပြီး ဆိုရင်တော့ သတိထား ဖို ့လို ပါမယ်။ အကောင်းဆုံးနည်းက တော့စာရွက် အလွတ်တရွတ်ကို ယူပြီး အဲဒီက ဆက်တင်တွေ အကုန်လုံးကို ရေးချထားလိုက်ပါ။ ဒါမှ ကို က တစ်ခုခု ပြောင်းလိုက်လို ့ ကွန်ပြူတာ က သုံးလို ့အဆင်မပြေဘူးဆိုရင် ဘာပြန်ပြောင်းရမလဲ အလွယ်တကူ သိအောင်ပါ။

4. Hard Drive
ခင်ဗျား ရဲ ့Hard Drive ထဲမှာ Data တွေ အလွန်တရာပြည့်ကျပ်နေမယ် ဆိုရင်လဲ Freeze Screen တွေဖြစ်ပြီး BSD ပါတက်နိုင်ပါတယ်။
ကို ့Hard drive ကို ဖြစ်နိုင်ရင် တပတ်တစ်ခါလောက် Defrag လုပ်ချင်း TEMP ဖိုင်တွေ ရှင်းခြင်း internet cookies တွေရှင်းခြင်း ဖြင့်လဲ သန် ့အောင် ထားရပါမယ်။

5. Fatal OE exceptions and VXD errors

ဒီ error ကတော့ Video Card ကြောင့်ဖြစ်တာပါ အဲဒါမျိးဖြစ်လာခဲ့ရင်တော့
Desktop ပေါ်မှာ Right click-Properties or Control panel-Display ကို သွားပြီး Display setting ကိုချိန်ညှိုကြည့် ပါ။

6. Viruses
ဟုတ်ပါတယ် အကောင် ပါ ကွန်ပြူတာ သုံးတဲ့သူတွေကို အမြဲ ခြိမ်းခြောက်နေတဲ့အကောင်ပါ။ တစ်ချို ့Virus တွေက harddrive က boot sector တွေကို ပါဖျက် ပစ်တတ်ပါတယ် အဲဒီလို အဖြစ်ခံရပြီးတဲ့နောက်မှာ OS က တက်မလို နဲ ့BSD ပေါ်တာတွေ တွေ ့ဖူးကြမှာ ပါ။
ကာကွယ် ဖို ့နည်း ကတော့ း)
အဟဲ အန်တီဗိုင်းရပ်စ် ကောင်းကောင်းသာ ရှာထည့်ထားပေါ့ဗျာ း)

7. Printers
ပရင်တာတွေမှာ က Buffer memory ပါတယ် ဆိုပေမဲ ့ နဲတာတွေလဲရှိတယ်လေ။ တကယ် လို ့ အစုလိုက် အပြုံ လိုက် ပရင့် ထုတ်တော့မယ်ဆိုရင်တော့ CPU power ကိုပါစားနိုင်ပါတယ်။
ပရင်တာကနေတစ်ဆင့် ပုံမှန်မဟုတ်တဲ ့ character တွေ ပရင့်တော့ မယ်ဆိုရင်လဲ BSD တက်နိုင်ပါတယ်။ အဲဒါမျိုးကြ ရင် တော ့printer cable တွေကို ခဏဖြုတ် printer ကို default setting ထားပြီး reboot လုပ်ခြင်းနဲ ့ဖြေရှင်းနိုင်ပါတယ်။

8. Software
စနစ်တကျ install မလုပ်ထား တဲ့ software တွေက နေ လဲ BSD ဖြစ်နိုင်ပြီး System Crash ဖြစ်တတ်ပါတယ်။ အဲဒီပြဿ နာကိုရှင်းဖို ့ကတော့ REGCLEANER လို software မျိုး နဲ ့registry file တွေကို default လုပ်ခြင်း repair လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။

9. Over Heating
ခင်ဗျား ရဲ ့ကွန်ပြူတာ က Cooling System မှန်ကန် စွာမတပ်ထားဘူးဆိုရင် ဒါမှမဟုတ် mother board ထဲမှာ ဖုန်တွေတက်နေတယ်ဆိုရင်လဲ CPU မှ Overheated ဖြစ်ပြီး System Crash ဖြစ်တတ်ပါတယ်။ ဒီ အဆင့်ကတော့ CPU ကိုဖြုတ်ပြီး သန် ့စင်ရမှာ ဖြစ်တဲ့အတွက် ကို ့ကို ကို စိတ်မချရင် တော့ ကျွမ်းကျင်သူ တစ်ယောက်လက်ထဲ ကို သာ အပ်လိုက်တာ အဆင်ပိုပြေမှာ ပါ။

10. Power supply Problems
ကို ့ရဲ ့စက်မှာ တပ်ထားတဲ့ Hardware တွေရဲ ့power requirement နဲ ့ကို ့စက်မှာ ရှိတဲ့ power supply ရဲ ့ support လုပ်နိုင်တဲ့ အား မတူညီခဲ့ရင် လဲ System Crash ဖြစ်တတ်ပါတယ်

3 comments

  • wunnakoko

    August 4, 2010 at 6:32 am

    မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ အရမ်းအကျိုးရှိပါတယ်။ ဒီအချက်တွေနဲ့ စဉ်းစားပြီး အဖြေရှာရင် အမြန်ဆုံး ရှင်းနိုင်မှာပါ။

  • DD lay

    August 12, 2010 at 3:48 pm

    ဟုတ်ကဲ့ ကျေးဇူးပါ။ Blue Screen ခဏခဏ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတာ ဒီအချက်တွေနဲ့ တိုက်ကြည့်လို့ ရတာပေါ့။

  • Pyaung Gye

    August 12, 2010 at 5:15 pm

    ကျေးဇူးပါ

Leave a Reply