ဖတ်​​ရွေး ​တော်​လှန်​​ရေး

ေမာင္ရိုးSeptember 26, 20131min23224

အချိန်​ကားးးးးး …

၁၁ ရက်​ စက်​တင်​ဘာလ ၂၀၁၃ ….

ခုနစ်​စင်​ကြယ်​​ပြောင်​အမြီး​ထောင်​သည်​့ညသန်​း​ကောင်​​ကျော်​ …..

ဂဇက်​ရွာတစ်​ရွာလုံးသည် အထူးပင်​တိတ်​ဆိတ်​လျှက်​ အိပ်​​မောကျ​နေ​လေသည်​။

တချက်​ချက်​ ဆွဲဆွဲငင်​ငင်​ အူလိုက်​​သော​ခွေးအူသံမှတပါး ဆိတ်​ငြိမ်​လျက်​ ……….

ရွာ​တောင်​ပိုင်​းမှ အဘ​ဖော၏​ချောင်​းဟန်​့သံပင်​ ယ​နေ့ည မကြားမိ​ချေ။

 

ထိုအခိုက်​………..

ရွာပြင်​စည်​းရိုးစပ်​မှလူရိပ်​သဏ္ဍန်​တစ်​ခုသည်​ ရွာဆီသို့ဦးတည်​၍တ​ရွေ့​ရွေ့ဖြင်​့ချည်​းကပ်​လာ​ခဲ့သည်​။

ထိုလူရိပ်​သဏ္ဍန်​အား အနီးကပ်​ကြည်​့မည်​ဆိုပါက ….

လွယ်​အိပ်​​ဟောင်​းကြီး တစ်​လုံးက်​ုစလွယ်​သိုင်​းထားပြီးလျှင်​ လက်​တစ်​ဖက်​က ဓတ်​မီး ၊ ကျန်​​သောလက်​၌ ​ခွေးရိုက်​တုတ်​ကိုကိုင်​၍ ပုခုံးထက်​တွင်

ကြက်​ဆင်​တံဆိပ်​ ထီး​ကောက်​ကြီးကိုချိတ်​ထားသည်​ကို​တွေ့ရ​ပေလိမ်​့မည်​။

ထိုသူကားးး…. တစ်​လှမ်​းခြင်​း​အေး​ဆေးစွာ ရွာလည်​လမ်​းတစ်​​လျောက်​ ဝင်​​ရောက်​လာခဲ့​လေသည်​။ ထိုသူသည်​ မည်​သူဖြစ်​မည်​နည်​း။

ပုံပြင်​ထဲက ကျိကုန်း​ဘိုး​တော်​ပင်​​လော …။​

ဖြစ်​နိုင်​သည်​မှာ အိမ်​​ခြေရာမဲ့ ခရီးသွားတစ်​ဦးသာဖြစ်​​ကောင်​းဖြစ်​နိုင်​ပါလိမ်​့မည်​ ။

 

ထိုလူစိမ်​းအား မည်​သူမျှ မမြင်​ဖူးလိုက်​​ပေ။

အရီးလတ်​တစ်​ဦးသာ ညသန်​း​ကောင်​အ​ပေါ့အပါးသွားရင်​း ရိုးတိုးရိတ်​တိတ်​ မြင်​လိုက်​ရသည်​ ..ဟု ။

ထိုသူသည်​ ရွာလယ်​ဇရပ်​သို့ တမ်​းတမ်​းမတ်​မတ်​သွားပြီးလျှင်​ လွယ်​အိပ်​ကြီးအတွင်​းမှ တစ်​စုံတစ်​ရာအား ထုတ်​လိုက်​​လေ၏။

ထို့​နောက်​… ဇရပ်​၏ ထိတ်​ဆုံးတစ်​​နေရာရှိ ​ကြော်​ငြာသင်​ပုန်​းတွင်​ကပ်​လိုက်​သည်​။

ပြီး​နောက်​ ….​ကျေနပ်​​သောအမူအရာဖြင်​့ ​ခေါင်​းတချက်​ညိတ်​ပြီးလျှင်​ လာရာလမ်​းအတိုင်​းထွက်​ခါွသွား​လေ​တော့သတည်​း ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

နံနက်​ခင်​း မိုးလင်​းသည်​နှင်​့ ဂဇက်​ရွာကြီး၌ ဆူညံဆူညံကြားရ​လေ​တော့သည်​ ။

အ​ကြောင်​းမှာ _ ဖတ်​​ရွေး(ဗုတ်​စံနစ်​) အား ဆန်​့ကျင်​ ဆန္ဒပြ ​နေကြခြင်​းဖြစ်​​လေသည်​။

အချို့ကား… အ​ပြောင်​းအလဲလုပ်​မည်​ဟုဆိုကြသည်​။အချို့ကား … အပြီးအပိုင်​ဖျက်​သိမ်​းမည်​ဟု ဆိုပြန်​သည်​ ။ မည်​သို့ပင်​ဖြစ်​​စေ ရွာသဂျီးကား ​ကျိတ်​၍​ပျော်​​လေပြီ ။

ရွာဆူ​စေရန်​ အိမ်​ရှိ​ကောက်​ရိုးပုံကိုမီးတိုက်​ခဲ့သည်​မှာ ​ကောက်​ရိုးပင်​ကုန်​၍ အိမ်​သာကျန်​​တော့သည်​ ။ ယခု တစ်​စုံတစ်​​ယောက်​​ကြောင်​့ဆူ​လေပြီ..​ကောင်​း​လေစွ ။

​အော်​ဟစ်​​နေ​သော ရွာသူားများကိုပင်​ ​ကောက်​ညင်​း​ပေါင်​းများ ​ဖျော်​ရည်​များတိုက်​​ကျွေးလိုက်​​သေးသည်​ ။

 

ဆူရသည်​့အ​ကြောင်​းကား … ဇရပ်​​ပေါ်မှ လှုံ ့​ဆော်​စာ တစ်​ပုဒ်​​ကြောင်​့ပင်​တည်​း ။

မည်​သည်​့အချိန်​က​ပြောချင်​​နေမှန်​းမသ်ိ​သော ရွာသူားတို့သည်​ လွတ်​လပ်​စွာ ရင်​ဖွင်​့ကြ​လေပြီ။ ရွာသူကြီးများလည်​း ငြိမ်​မ​နေနိုင်​​တော့သဖြင်​့ တိုင်​ပင်​ကြရ​လေသည်​။​ရှေ့ ဘာဆက်​လုပ်​မည်​နည်​း …

မည်​သို့ပင်​ဖြစ်​​စေကာမူ … ငြိမ်​သက်​တိတ်​ဆိတ်​​နေ​သော ဂဇက်​ရွာသည်​ ဖတ်​​ရွေး(ဗုတ်​စံနစ်​)​တော်​လှန်​​ရေးကြီး စတင်​ဖြစ်​​ပေါ်လာ​တော့သည်​ ။အခြား​သော​ဒေသတွင်​ ​နွေရာသီ ၊​ဆောင်​းရာသီတို့၌သာ ​တော်​လှန်​​ရေးဖြစ်​​ပေါ်​လေ့ရှိ​သော်​လည်​း…

ဘယ်​ဖက်​လက်​နှင်​့ ညာဖက်​လက်​တို့သည်​ပင်​ရန်​ဖြစ်​ငြင်​းခုန်​​လေ့ရှိ​သောဂဇက်​ရွာအဖို့မှာ ရာသီမ​ရွေးသည်​မှာ ဆန်​းကြယ်​လှသည်​​တော့မဟုတ်​ပါ ။

ဤ​တော်​လှန်​​ရေးသည်​ မည်​သို့မည်​ပုံ အဆုံးသတ်​သွားမည်​ဆိုသည်​ကို​တော့ …..

ဆက်​လက်​ရှုစားရန်​သာရှိ​​လေ​တော့သည်​ ။

ရွာတွင်​း၌ စုံ​ထောက်​အရာရှိအဖြစ်​သတင်​းထွက်​​နေ​သော ရာမည သည်​ကား အဆိုပါ ခရီးသွားလူထူးဆန်​း(ကိုထူးဆန်​းမဟုတ်​ပါ) ၏​နောက်​သို့ တိတ်​တဆိတ်​လိုက်​ပါသွားသည်​ကို မည်​သူမျှသတိမထားမိလိုက်​​ချေ။

တစ်​​နေ့​သောအခါ…တစ်​ခု​သောအချိန်​၌…..

သူတို့​တွေ ​တွေ့ဆုံမည်​လား…ဒါမှမဟုတ်​…

မည်​သို့မည်​ပုံဆက်​ဖြစ်​မည်​ကို သူတို့သာလျှင်​ သိနိုင်​ပါလိမ်​့မည်​ ဖြစ်​​လေ​တော့သတည်​း …။

 

 

​လေးစားလျက်​

​မောင်​ဆာမိ

 

 

.​

 

24 comments

  • surmi

    September 26, 2013 at 4:01 pm

    ဦးမိုက်​ အသံကြားလို့ပြန်​လာရင်​း အ​ပျော်​​ရေးလိုက်​တာပါ
    နာမည်​များခွင်​့မ​တောင်​းပါဘဲ အသုံပြုခဲ့ပါသဖြင်​့ ခွင်​့လွှတ်​​ပေးပါရန်​….

  • ခင် ခ

    September 26, 2013 at 4:12 pm

    သပိတ် သပိတ် – ဆွမ်းစားပြီးမှောက်။
    သပိတ် သပိတ် – ဆွမ်းစားပြီးမှောက်။
    သပိတ် သပိတ် – ဆွမ်းစားပြီးမှောက်။

    ပုဂံ ပုဂံ – ဆေးပြီးထောင်ထားရန်။
    ပုဂံ ပုဂံ – ဆေးပြီးထောင်ထားရန်။
    ပုဂံ ပုဂံ – ဆေးပြီးထောင်ထားရန်။

    ဇလုံ ဇလုံ – သုံးပါဟင်းရည်အစုံ။
    ဇလုံ ဇလုံ – သုံးပါဟင်းရည်အစုံ။
    ဇလုံ ဇလုံ – သုံးပါဟင်းရည်အစုံ။

    ဤကား ထိုလူစုအတွင်းမှ ကြားနေရသော ကြွေးကြော်သံပင်ဖြစ်လေသတည်း။

  • Myo Thant

    September 26, 2013 at 4:23 pm

    အဲဒီ စက်တင်ဘာ ၁၁ ညမှာ ကျနော်က စပိန်ဘုရင့်ဖလားပွဲ ၊

    တောင်အမေရိက ကမ႓ာ့ဖလားခြေစစ်ပွဲတွေနဲ့မို့

    ရွာကို ဘယ်သူဝင်မှန်း မသိလိုက်ဘူးဗျာ ၊

    ကိုမိုက်ကလည်း ဟို . . . ဟို အိပ်ပျော်နေတယ်ထင်ပါ့ ၊ 🙂

  • မဟာရာဇာ အံစာတုံး

    September 26, 2013 at 4:32 pm

    အဆိုဘာ ကြော်ငြာ ကပ်တွားဒူကား
    အခြား မဟုတ် …
    ကျီနုတ် မဟာရာဂျာသာ ဖစ်ချေတော့သည် တမုံ့ ….။

    ဒူ … ဝေ … ဝေ ….

  • Mr. MarGa

    September 26, 2013 at 7:15 pm

    အမှန်တကယ်က
    အဲဒီညမှာ သိကြားမင်း သားတော်မောင် မွေးနေ့မို့ တစ်ရွာလုံးနီးပါး တာဝတိံသာ နားက စာဝတိံသာ ရောက်နေကြတယ်လေ
    အဲသည်တော့ ရွာလယ်ဇရပ်မှာ စာကပ်တာ ဘယ်သူမှန်း ဘယ်သိကြမတုန်း
    ကျုပ်တော့
    နတ်မျက်စိ ပုလင်းကွဲကို အတင်းဖြဲပြီး ရှာလိုက်ဦးမဗျာ :mrgreen:

  • ဘာပဲပြောပြော အခုတော့ပြန်စည်လာသလိုလိုပဲဦးဆာရေ
    သို့ပေသိ ကိုယ်တိုင်ကဖြင့် ဒီရက်တယ်အဆင်မပြေလို့ ဝတ္ထုတိုတစ်ပုဒ်တင်ချင်တာတောင် အောင့်ထားရတယ်

  • ကျော်စွာခေါင်

    September 27, 2013 at 1:24 am

    ထူးဆန်းလှပေသည်တစ်ကား..
    ဂဇက်ရွာ မှတ်ပုံတင်ဖြင့် ရွာအပြင်နေထိုင်သော ပန်ချီဆရာမှာမူကား..
    ရွာနဲ ့စိမ်းသည်ဆိုပေမယ့်..ရွာကိုခင်တွယ်သည်..
    သူ ့အဒေါ်လိုရင်းနီးသော အရီးခင် ရွာက ပျောက်နေတာကို ကြားပေသိ.. မမေးရဲ..။
    ရွာမှာ တခုခုဖြစ်နေသလို ခံစားရပေမယ့် ရွာသားများနဲ ့အဆက်အသွယ်မရှိလေသောကြောင့် ဂဂဏဏ ဘာမှမသိ..။
    တည ရွာအကြောင်းစဉ်းစားရင်း အိပ်ပျော်သလို နိုးသလို ဖြစ်နေခိုက် …အိမ်မက်လိုမြင်လာသည်..မီးခိုးငွေ ့တွေထဲက ဆာမိကြီး
    ရုတ်တရက်ပေါ်လာသည်..။ စကားပြောချင်သောလည်း ကိုယ့်နုတ်က မထွက်ချေ..။
    ရုတ်တရက် မီးဖိုဆောင်တွင် ဆာမိကြီး ထမင်းဟင်းချက်နေသည်ထင်ရပေမယ့်….
    “ လူလေး မောင်ခေါင်.. မင်းထင်တာမှားနေပြီ…အဘက ထမင်းဟင်းချက်တာဝါသနာပါတဲ့ ကိုဆာမိ မဟုတ်ဘူး လူကလေး….
    ဘိုးတော် ဆာမိဘဲ…မောင်ခေါင်.. ခုလာတာကလည်း သတိပေးစရာ ရှိလို ့ကွဲ ့ ”…ဟု ခံ့ညားသော အသံဖြင့်ပြောလာလေသည်..
    စက်တင်ဘာ ၁၁ရက် ဆိုတာ အမေရိကမှာ စင်တာကြီး၂ခုကို မထင်မှတ်ဘဲ ဆော်သမ လိုက်တဲ့ နေ ့ကွဲ ့…
    မင့်တို ့ရွာလေးကိုလည်း သူလျှိုသဘောမျိုး တစ်စုံတဦးက ဗုတ်တော်လှန် ရေး ဗုံးတစ်လုံး ခွဲလိမ့်မယ်…”
    …. ထိုသို ့ပြောပြီး လှဲ ့ထွက်သောအခါမှ.. ပန်းချီဆရာကား နုတ်က ဝူးဝူးဝါးဝါး စကားသံထွက်လာလေသည်….
    “ အဘ…အဘ…ကျနော့် ကို ဒန်ပေါက်ချက်နည်းလေး မစသွားပါဦး…” ဟု ဂယောင်ဂတမ်း ထွက်သွားသောအခါ….
    ဘိုးတော်ဆာမိက သနားသည့် အကြည့်လေးဖြင့် ကြည့်ပြီး….
    နောက်ကြုံမှ ချက်ကျွေးပါ့မယ်ကွယ်…” ဟု ပြောပြီး ရုတ်တရက်ဆိုသလို မီးဖိုချောင်မှ မီးခိုးငွေ ့များနှင့်အတူ..
    ပျောက်ကွယ်သွားလေသည်…။
    ယခုရွာက သတင်းအကြောင်းကြားသောအခါ… ပန်းချီဆရာမှာကား…အိမ်မက်ထဲက ဘိုးတော် ဆာမိကို
    သတိရရင်း ကြက်သိမ်းမွှေးညှင်းများပါ ထလာလေတော့သည်…..
    အော်…ဘိုးတော်..ဆာမိ..ဘိုးတော်ဆာမိ…
    လေးစားစရာကောင်းလောက်အောင် အနာဂါတ်ကို သိနေတာပါလားဟု တွေးနေမိတော့လေသည်..။
    ပြီးမှ တစ်ဆက်တည်း….
    ဘိုးတော်ဆာမိ တစ်ယောက် လောကီမီးဖိုချောင်ထွက်ရပ်လမ်းကြီး အောင်မြင်ပါစေဟု မေတ္တာပို ့နေမိတော့သည်..။

    • အရီးခင်

      September 27, 2013 at 3:59 am

      အဲ့ ပန်းချီဆရာ
      အရီး မပျောက်ပါဘူးတော့။
      ရွာထဲဝင်ပြီး ကြာကြာ မရှိနေတာလေးပါ။ 😛

      ကဆာမိ – ရှင်တို့ အရီး အိပ်ရာက ယောင်ထပြီး အိမ်​​ခြေရာမဲ့ ခရီးသွားကြီး ဟန်ဆောင်ရုပ်ဖျက် ထားတာလို့ ဘယ်သူမှ မထင်ကြဘူး မဟုတ်လား။
      တိတ်တိတ်နေနော် ခရီးသွားကြီး။
      ရာမည ညက်ချိ လည် သွားအောင်လို့။ 😉

  • kai

    September 27, 2013 at 4:21 am

    တော်လှန်ရေးကြီးကား စလေပြီ…
    ရွာသူကြီးကား.. ရာမညနောက်ပဲလိုက်ရမလို.. ကာလသားခေါင်းပဲ.. ထရည်အဝတိုက်ရမလိုလို… ရွာ့ဂျီးတော်များအား.. အိုးမဲသုတ်ရမလိုဖြစ်နေချေ၏။

    ရွာ့ကျောင်းဘုန်းကြီးများလည်း.. ကြီး၂ကြီးဒဏ်မခံနို်င်၍ ရွာပြောင်းသတင်းသုံးသူကသုံး… မြို့တက်သူကတက်ဖြစ်နေလေသဖြင့် ရွာဆူတာကို တားမည့်သူကားမရှိ..။
    မည်သို့ဆိုစေ..။ တော်လှန်ရေးကြီးကားစတော့မည်။
    တော်မလှန်ခင်ကျုပ်လှန်လိုက်ရင်ကောင်းမလား.. တွေးနေသည်ကား…တမုံ့…။ ။ :mrgreen:

    • အရီးခင်

      September 27, 2013 at 4:29 am

      {{ ကြီး၂ကြီး}}
      ဆိုတာ ဘူတွေတုန်းတော့။ 😉

    • Foreign Resident

      September 27, 2013 at 7:26 am

      ” ရွာ့ကျောင်းဘုန်းကြီးများလည်း.. ကြီး၂ကြီးဒဏ်မခံနို်င်၍ ”

      ဟုတ်ပါ့ ။ အရင်က ဂဇက်ထဲမှာ ဘုန်းဘုန်း ၂ ပါး ရှိခဲ့တယ် ။
      အခု ပျောက်သွားတာတောင် ကြာပြီ ။

      သူကြီး ဆိုလိုတဲ့ ၊ ကြီး ၂ ကြီး က ဘယ်သူများပါလိမ့် ။
      ဆရာ – ကြီး နှင့် ဆရာ – – ကြီး တို့ကို ပြောတာလား ???

    • blue lady

      September 27, 2013 at 2:13 pm

      ဘုန်းကြီးတွေ ရွာပြောင်းပြီးသတင်းသုံးတာ သူကြီး ပယောဂ မကင်းဘူးနော်…။

      သူကြီးရဲ့ ဗျူဟာတွေကို ဆန်းစစ်ကြည့်လိုက်တော့ ……

      ငြင်းခုန်ခြင်းအနုပညာဆိုပြီး ခေါင်းစီးလှလှလေး တပ်လား တပ်ရဲ့…

      ဒီမိုရွာဖြစ်လို့ လွတ်လပ်စွာ ပြောဆို ရေးသားကြပါ ဆိုပြီး မြှောက်ပေးလား မြှောက်ပေးရဲ့…

      ..လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင် ခွဲခြား မုန်းတီးမှု ဖြစ်စေသော စာများ မတင်ရ.. ဆိုတဲ့ စည်းကမ်းကြီး သူကိုယ်တိုင် ထုတ်ပြီး ထေရဝါဒ နဲ့ မိုးပြာ ကို ဝါဒခြင်း ပြိုင်ဖြစ်အောင် ဆွပေးလား ဆွပေးရဲ့…
      (မိုးပြာဆိုတာ ဘာမှန်းမသိသူတွေတောင် နည်းနည်းသိသွားတာပေါ့၊)

      အမေရိက မှာ နေသူပီပီ အစိုးရကို ဆန့်ကျင်သည့် ၊ အတိုက်အခံလုပ်သည့် မည်သည့် အဖွဲ့အစည်း ကိုမဆို အားပေးထောက်ခံလေ့ရှိသည့် (သူပုန်ကိုတောင် လက်နက်ထောက်ပံ့ပေးတတ်သည့်) အမေရိကန် အစိုးရရဲ့ policy အတိုင်း အားနည်းနေသည်ဟု ထင်ရသည့်ဘက်မှ မြှောက်ထိုးပင့်ကော် (စစ်ကူ) လုပ်လား လုပ်ရဲ့…

      အနှစ်ချုပ်လိုက်တော့ သူကြီးရဲ့ မီးစတဖက် ရေမှုတ်တဖက် နည်းဗျူဟာကြားမှာ ဘာသာရေးကိစ္စ ဝိုင်းဝန်း၊ ဆွေးနွေး၊ ငြင်းခုံ၊ ရန်ဖြစ် လိုက်ကြတာ အပြန်အလှန် လေးစားမှု ဆိုတာလျော့ပါးသွားပြီး သကာလ…

      ….. ဤရွာသည် ထေရဝါဒ ဗုဒ္ဓ သံဃာတော်များ သတင်းသုံးရန် မသင့်ဟု သုံးသပ်ပြီး ရွာရှိ သံဃာတော်များ အားလုံး ပြန်ကြွသွားခြင်း ဖြစ်နိုင်ပါကြောင်း…..။

  • Ma Ma

    September 27, 2013 at 6:49 am

    ခေါင်းစဉ်ကို ကြည့်ပြီး………….
    ဖက်ဆစ်တော်လှန်ရေး လို့ ဖတ်မိသွားတာကို ပြောချင်တာနဲ့
    စာမဖတ်ရသေးခင် မန့်လိုက်တာ။ :DD

    စာဖတ်ပြီးမှ ထပ်မန့်မယ်။ 🙂

  • Ma Ma

    September 27, 2013 at 7:51 am

    ဘယ်​ဖက်​လက်​နှင်​့ ညာဖက်​လက်​တို့သည်​ပင်​ရန်​ဖြစ်​ငြင်​းခုန်​​လေ့ရှိ​သောဂဇက်​ရွာ………..
    ကဆာပေးသော ရွာ့ဂုဏ်ပုဒ်ကား ပြောင်မြောက်လှချေသည်တမုံ့။ :loll:

    ကိုယ်တိုင်လည်း ဘယ်ဖက်လက်နဲ့ ညာဖက်လက် ငြင်းခုန်ပြီး ဖက်ဆစ် (ဖက်ဆစ်=ဖတ်ရွေး) တာ်လှန်ရေးမှာ အပီအပြင် အားတက်သရော ပါဝင်မည်ဖြစ်ပါကြောင်းးးးးး 🙂

  • ဦးကြောင်ကြီး

    September 27, 2013 at 8:46 am

    ထိုညသ၌ ဦးကြောင်ကြီးဂါး ဘာမျှမသိ.. မသိဆို ခရစ်စတယ်လေးနှင့် ဟိုဖက်ဒီဘက် ဖတ်အိပ်လျက် ရှိသောကြောင့်တီး… 😳
    မှတ်ချက်။ ကမာ္ဘဂျီး တဖက်တချက်မှာနေ၍ အင်တာနက်ပေါ်တွင် စာဖတ်နေဂျင်းဖြစ်၏…။ စာရေးဆရာ ရတနာလင်းထိန်ရေးသော ပုဇွန်ကန်မှခြစ်ဇာတ်လမ်း ဖြစ်ပေသီတမုန့်..

  • kyeemite

    September 27, 2013 at 9:25 am

    ိဒို့အရေး..ဒို့အရေး..ဒို့အရေး..
    ိဒို့အရေး..ဒို့အရေး..ဒို့အရေး..
    ိဒို့အရေး..ဒို့အရေး..ဒို့အရေး..
    ဆူညံဆူညံအသံများကြောင့် ကြီးမိုက် တစ်ယောက်အိပ်မှုံစုံဖွားဖြင့်
    မျက်လုံးကိုပွတ်လျှက်ထလာကာ အိမ်ပေါက်ဝမှလှမ်းကြည့်လိုက်မိသည်။
    လား…လား..နဲနဲနောနောလူအုပ်မဟုတ်…
    ရွာတွင်ဤကဲ့သို့လူမစည်ကားသည်မှာ ကြာခြေပြီ…
    တစ်ရွာလုံးပွက်လောရိုက်နေ၍ စိတ်ညစ်ရမည်လား….
    ရွာမှပျောက်နေသောလူများ ထူးထူးခြားခြား ပြန်ရောက်လာ၍ပဲ ဝမ်းသာရမည်လား..
    ကြီးမိုက်တစ်ယောက် မစဉ်းစားတတ်တော့ပေ..
    ပြဿနာကို စသွားသူ ကိုလည်းသိလိုလှပေသည်။
    ထို့ကြောင့်ပင် ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်ချကာ
    စုံထောက်“ရာမည”နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားလေတော့သတည်း။ 😀

  • Mahar Myanmar

    September 27, 2013 at 9:30 am

    အကျွန်ုပ်သည် ကား ကိုရင်ဆာမိ ၏ ဖက်ဆစ်တော်လှန်ရေး အတွက်
    လက်နက် ရှာဖွေစုဆောင်းရေး တာဝန်ခံ ဖြစ်ချေသည် တမုံ့။
    ရရှိလာ သော လက်နက် အသစ် အဆန်း များ အား..
    တော်လှန်ရေး တပ်သား များ ဆီ အရောက် ပို့ နိုင်ရေး အတွက်…
    အာဏာပိုင် သူကြီး မျက်ကွယ် ရာ ..သူကြီး ရောက်လေ့ ရောက်ထ မရှိသော..
    ရွာဦးစေတီ အနီး တွင် ဝှက်ထား ပြီး သကာ လ…
    စုံထောက် ရာမည အား… လမ်းလွှဲစေ ရန် အလို့ငှာ..
    ခရီးသည် ကြီး အား …ယောင်ပေ ယောင်ပေ ဖြင့်
    အယောင်ပြ ရန် စေလွှတ် လိုက်ပြီး..
    ရွာ ၏ ကာလသား များ နှင့် ကာလ သမီးပျို များ…အား
    ဖက်ဆစ် တော်လှန်ရေး အတွက် စည်းရုံးရေး ဆင် း နေချေသည် တမုံ့ ။
    ၎င်း ေ နာက်… တော်လှန် ရေး အရှိန် ရစေ ရန် အလို့ ငှာ…
    မြေ ပေါ် မြေ အောက်..ရေပေါ် ရေအောက် နည်းမျိုး စုံ ဖြင့်
    စုံထောက် များ.. စုံမထောက် နိုင်အောင်…
    အကျွန်ုပ်သည် လည်း စုံထောက် ယောင်ဆောင် ၍
    ပေစောင်း ပေစောင်း ဖြင့် ရွာရိုး တစ်လျှောက်
    လျှောက် လှမ်း လျက် ရှိ နေပေတော့ သည် တကား ။

  • KZ

    September 27, 2013 at 9:41 am

    အဟမ်းးးးးး
    ကြိုပြောပြီးသားနော်။
    ငြင်းရင်း ထသတ်သတ်၊ တော်လှန်ရေးလုပ်လုပ်၊
    လက်နက်အရောင်းအဝယ် မူလ အစသည် အနော် ပင်ဖြစ်ပါဒီ။

    ဘာတဲ့ စစ်မဖြစ်အောင် စစ်တိုက်ရတယ်ဆိုလား သက်ကြီးစကားကြားနာ၍
    အနော့ တို့ ခေါင်းကြီးပိုင်း လူဂျီးပိုင်းမှ အိမ်အရောင်းအဝယ်လုပ်၍ ငြိမ်းချမ်းရေးလုပ်သကဲ့သို့
    အနော်ကလည်း လက်နက်ရောင်း၍ အငြင်းအခုန် ရပ်အောင် လုပ်သည်ဟု မှတ်ပါလေ။

    😀

  • Wow

    September 27, 2013 at 10:19 am

    အဟမ်း ပဂျွန်ကန်ဘက် အတွဲသွားချောင်းနေလို့ :mrgreen:
    ဘယ်သူစာကပ်သွားမှန်းတော့မသိလိုက်.. ဒါပေသိ… နာတစ်ခါမှ ဆုမရခြင်းကို ထောက်၍ ဖတ်ရွေးအဖွဲ့ဂျီး တရားမျှတခြင်းမရှိသီက ထင်ရှားသီ
    (ကိုယ်၆၃ မကျတာ ဘယ်သူမှ မသိစေရ :mrgreen: )

    ဒို့အရီး… အဲလေ.. ဒို့အရေးးး :byee:

    • Mahar Myanmar

      September 27, 2013 at 1:13 pm

      ဪ ရွာ သား တွေ ရွာသူ တွေ
      တစ်ယောက် တစ်မျိုး နဲ့
      ဇ ကလေး ထုတ် ပြ…
      အော် ဒီရွာ မှ စစ် မဖြစ ်
      ဘယ် ရွာ စစ်ဖြစ် အံ့ နည်း ။

      အကျွန်ုပ် လက်နက် များ သည် ကား ဒေါ်ကေဇီ
      နောက် မှ ဝင် လာ သော် ငြား..
      မကြံတူ နောက် လူ သာ စမြဲ မို့..
      ဂျီး တော် ရေ တာ့ တာ…

  • ခင် ခ

    September 27, 2013 at 8:22 pm

    အင်း ရာသီစာအနေနဲ့ အဲ ဟုတ်သေးဘူး ရာသီကုန်အနေနဲ့ အသံတိတ်ဂျင်ကလိ လုပ်ရောင်းရန် စီစဉ်အုံးမဘဲ။
    မြန်မာ့ဂျင်ကလိ ကမ္ဘာလွမ်းစေရမည်။

  • kyeemite

    September 28, 2013 at 9:20 am

    ကရင်ဆာမိ…
    ရွာမှာမီးမွှေးတုန်းကမွှေးခဲ့ပြီး
    ခုတော့ ဘယ်ကောက်ရိုးပုံ တိုးအိပ်နေပါလိမ့် 😀

  • ကိုပေါက်(မန္တလေး)

    September 28, 2013 at 10:11 am

    မီးလောင်မယ်နော်လို့ပြောခဲ့တုန်းက အရေးမစိုက်ဘဲ ပေ့ါပေါ့ ဆဆနေခဲ့ကြပြီး
    မီးတကယ်လောင်ပြီဆိုမှ ရေပုန်းဆွဲသူဆွဲ မီးကပ်မီးချိတ်ကိုင်သူကိုင်
    သဲနဲ့ပက်သူပက်
    တယ်ဟုတ်တဲ့ ရွာကြီးပါဘဲ

Leave a Reply