အဲဒါမြန်မာ

DEPARKO DEPARKOSeptember 26, 20131min23514

အဲဒါ မြန်မာ
နိမ့်ပါးတဲ့သူအပေါ်မှာ
ဂရုဏာတွေထားလို့
မေတ္တာလည်းပွါး
သဒ္ဒါတရားထက်သန်
လျှံကျအောင်လှူလိုက်မဟဲ့။
အဲဒါမြန်မာ
နာကြင်ဝေဒနာခံနေသူအား
အကြင်နာတရားထားလို့
အနားကိုတိုးကပ်
ရင်ခွင်ထဲဖက်လို့ထား
မေတ္တာတရားနဲ့ဆေးတစ်ခွက်ပေးလို့
ဝေဒနာဘေးကသက်သာစေမဟဲ့။
အဲဒါမြန်မာ
ကိုယ်ထက်လည်းသူမြင့်
တင့်တင့်တယ်တယ် ချမ်းသာသူတွေအပေါ်မတော့
မုဒိတာလည်းမပွါးနိုင်
မေတ္တာလည်းမထားနိုင်သမို့
ခရိုနီခရိုနက် လော်ဘီလော်ဘက် တံဆိပ်တွေကပ်လို့
ပြိုင်ကားတွေတဝီဝီစီး အိမ်ယာတွေထိန်ထိန်ညီးသမို့
မစ္ဆရိယ စိတ်ပြင်းလွန်းသမို့
ဟဲ့ ကားမှောက် ရေသောက်ရင်လည်းရေသီး
ငရဲမီးတွေတောက် ချမ်းသာသမျှစည်းစိမ်ပျောက်
သင်္ဘောမှောက်လိုက်စမ်း
အဲဒါမြန်မာ့ စိတ်ဝမ်းအမှန်ပါပ။

14 comments

  • အလင်းဆက်

    September 26, 2013 at 7:36 pm

    သဂျီးပြောပြောနေသလိုပဲ.ပြောလိုက်တော့မယ်..
    ဟုတ်တာမဟုတ်တာ.. နောက်မှ ငြင်းမယ်…

    သခင်မျိုးဟေ့………

    :kwi:

    • DEPARKO DEPARKO

      September 26, 2013 at 7:38 pm

      မထိတထိကလိတတ်တာ လည်း အဲဒါမြန်မာ

  • လူရိုင်း

    September 26, 2013 at 8:02 pm

    ဟုတ်ပါ့……………ဗျား

  • Mr. MarGa

    September 26, 2013 at 8:13 pm

    ဗြဟ္မစိုရ်တရား လေးပါး ရှိတာ
    မေတ္တာနဲ့ ဂရုဏာ၊
    မုဒိတာနဲ့ ဥပေက္ခာ ပါ။
    ထိုသို့လေးဖြာ ရှိသော်ငြား
    မုဒိတာတရား တို့ရှားပါး
    ရှာလေဝေးလေ ဖြစ်နေသား……

  • Foreign Resident

    September 26, 2013 at 8:17 pm

    ဒါကြောင့် ၊ အမေစု ကိုယ်တိုင် က ထုတ်ဖေါ်ပြီးကို ပြောသွားရတာ ။
    ” မြန်မာတွေဟာ ဝန်တို မစ္ဆိရစိတ် အရမ်းကြီးတယ် တဲ့ ”

    ကိုယ့်ထက် ဆင်းရဲ ဒုက္ခ ရောက်နေတဲ့သူတွေကိုသာ ၊
    မေတ္တာ စေတနာ ( နဲနဲလေးသာ ) ထားနိုင်တာ ။

    ကိုယ့်ထက် ချမ်းသာ အဆင်ပြေနေတဲ့သူတွေကို ၊
    မုဒိတာ တရား မပွားနိုင်တာ တွေ့ရတယ် ။

    အဲဒီ ဝန်တို မစ္ဆိရစိတ် ဟာ မြန်မာလူမျိုးတွေရဲ့ အကြီးဆုံး အားနည်းချက်ပဲ ။

    • kai

      September 27, 2013 at 1:01 am

      ဒါကြောင့် ၊ အမေစု ကိုယ်တိုင် က ထုတ်ဖေါ်ပြီးကို ပြောသွားရတာ ။
      ” မြန်မာတွေဟာ ဝန်တို မစ္ဆိရစိတ် အရမ်းကြီးတယ် တဲ့ ”

      အဲဒီမိန့်ခွန်းနေရာ URL လေး သိရင်လိုချင်သဗျာ…။
      ကျုပ်လည်းမှတ်မိနေလို့ပါ..။ အတိအကျညွှန်းဖို့.. ရှာမတွေ့ဖြစ်နေလို့..။
      သိရင်ပြောကြပါကွယ်… :mrgreen:

      • Ma Ma

        September 27, 2013 at 10:05 am

        ခုရက်ပိုင်း စ လုံးမှာလုပ်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲက မေးခွန်းတွေကို ဖြေသွားတဲ့အထဲမှာလည်း အဲဒီလို မြန်မာ့စိတ်ရင်း 😀 တွေ ပါတယ်။

  • DEPARKO DEPARKO

    September 26, 2013 at 8:27 pm

    ကျွန်တော် ရိုးရိုးသားသားနဲ့ ကြိုးစားပြီး ချမ်းသာတဲ့သူတွေကိုမြင်ဘူးပါတယ် ဒါပေမည့် သူတို့ကိုလည်း တံဆိပ်ကပ် ခံရတာဘဲ ကျွန်တော်ကတော့ အိမ်မပိုင် ကားမပိုင် ဘာမှမပိုင်သေးပေမည့် ချမ်းသာတဲ့သူတွေ ဆင်ရဲသားတွေကိုအလုပ်ပေး ထမင်းကျွေးနေတာမြင်တိုင်း မုဒိတာပွားနိုင်ပါတယ်ဗျာ

  • ကျော်စွာခေါင်

    September 26, 2013 at 10:35 pm

    ကိုဒီပါရေ
    အကုန်လုံးသိမ်းကြုံးပြောလို့တော့ မရဘူးထင်တယ်..။
    ရိုးသားကြိုးစားပြီးချမ်းသာလာသူတွေကို မြန်မာတောတော်များများက အားကျ ပြီး မုဒိတာ ပွားတတ်ပါတယ်..။
    ပြည်သူပိုင် နိုင်င့ပိုင်ကို လက်ဝါးချင်းရိုက်ပြီး လုပ်ပိုင်ခွင့်တွေနဲ ့ချမ်းသာလာသူတွေကိုတော့ စိတ်အမြင်ကြည်မှာ မဟုတ်ပါဘူး..။
    ဥပမာဗျာ..
    အမေရိကန်..ဂျပန်.. စင်္ကာပူ..နော်ဝေ နဲ ့နိုင်ငံတော်တော်များများ ချမ်းသာကြပေမယ့် မြန်မာလူမျိုးတွေက အဲဒီနိုင်ငံက လူချမ်းသာတွေကို မနာလိုစိတ်ကြီးနဲ ့အမုန်းပွားပြီး ဒုက္ခရောက်ပါစေ..သေကြပါစေ လို ့ ဆုမတောင်းပါဘူး..
    ကျိန်စာမတိုက်ပါဘူး..
    ကံ…ကံ၏အကျိုးကို လက်ခံနိုင်ကြပေမယ့်
    မတရားသိမ်းယူပြီး လူပါးဝလုပ်ယူထားတဲ့ ကံ ကိုတော့ လက်မခံပါဘူး…မကျေနပ်နိုင်ကြပါဘူး…။
    အဲဒါကြီးတွေရဲ ့မတရားမှုကို မပြောဘဲ…မမြင်ဘဲ
    မပြည့်စုံမှုတွေကြောင့် ပေါက်ကွဲဖြစ်လာတဲ့ မကျေနပ်စိတ်ကလေးကို မြန်မာတွေ မုဒိတာမပွားနိုင်ဘူးလို ့တော့
    သိမ်းကြုံးမစွပ်စွဲစေချင်ပါဘူး..
    ဆင်းရဲမှုတေါကြောင့် ဖြစ်နေတဲ ့စိတ်ကလေးကို ကိုယ်ကတောင် နားလည်မှုပေးရမှာပါ…။
    စုန်းပြူးတွေလည်းရှိနိုင်ပါတယ်…။

    • kyeemite

      September 27, 2013 at 3:36 pm

      ကျုပ်ပြောချင်တာမျိုး နဲ့တူလို့ ကိုကျော်စွာခေါင်နောက်လိုက်ပါရစေ… 😀

    • DEPARKO DEPARKO

      September 28, 2013 at 7:18 pm

      အားလုံးကိုတော့ သိမ်းကြုံးမပြောလိုပါ ကျွန်တော် ဝန်ထမ်းဘဝနဲ့ မြန်မာပြည်အကုန်နှံ့ပါပြီ ဝန်ထမ်းသက် ၃ဝနားကပ်ပါပြီ နိုင်ငံအနှံ့ လူငယ်ရာခိုင်နှုန်းတော်တော်များများဟာ ရေသာခို ဖြတ်လမ်းက ချမ်းသာချင် စိတ်ကူးယဉ် အလုပ်မလုပ် လေကန် မိဘပိုက်ဆံသုံး ပညာမရှာ တော်တော်များများကို လက်တွေ့တွေ့ ရတာနော် မြန်မာပြည်အနှံ့ အနှစ် ၃ဝ အတွေ့ အကြုံပါ ခရီးများများကို ချောင်ကြီု ချောင်ကြားအထိ သွားကြည့်ပါ ကိုယ်တွေ့နော် ကိုယ်တွေ့

    • DEPARKO DEPARKO

      September 28, 2013 at 7:23 pm

      ရာခိုင်နှုန်းအရ စုန်းပြူးက ပိုများနေပါတယ် ကျွန်တော် မြန်မာပြည် အနှံ့ ရောက်ပြီး တာဝန်ထမ်းဆောင်တဲ့ အနှစ် ၃ဝမှာတွေ့ရတဲ့အတွေ့အကြုံပါ တစ်နေရာတည်းကြည့်လို့မရပါဘူး ခရီးသွားရုံနဲ့လည်း ဒီအတွေ့အကြုံမရနိုင်ပါဘူးဒေသတစ်ခုမှာအနည်းဆုံး ၃နှစ်လောက်နေပြီးရခဲ့တဲ့အတွေ့အကြုံပါ ရမ်းပြောတာမဟုတ်ပါ

  • Mahar Myanmar

    September 27, 2013 at 2:03 pm

    နှစ်ယာက် တည်း ရှိ လို့ နှစ်ပိုင်း ခွဲ တာ

    ဟေ့ ..မြန်မာ နော်..

    သုံးယောက် ရှိရင် သုံးပိုုင်း ခွဲ
    ပစ် မယ်…

    ဒါ မြန်မာ .. ဟေ့

    • မဟာရာဇာ အံစာတုံး

      September 28, 2013 at 11:48 am

      မြန်မာရှေ့မှာ
      ဟိုဒင်း ထည့်လိုက်တော့
      ဘာဖစ်တွားဒဒုန်းဟင်င်င် …

Leave a Reply