သူတို့ပြောသလို…..ကျွန်တော်.. မော်ဒန် သမားလား…?????

alinsettSeptember 27, 20136min19916

ကဗျာပြခန်း ( ၉ )မှာ… မော်ဒန် ကဗျာ သမား လို ့…ကျွန်တော့်ကို… ပြောကြဆိုကြတာ..လေး..ဖတ်ပြီး..

နည်းနည်းပြောချင်လာတယ် ။

မော်ဒန်ကဗျာဆရာလို ့လည်း..ပြောကြတယ်..ဆိုတော့…..။

အတွန့်လေး..နည်းနည်းတက်တယ်လို ့သဘောထားပြီးဖတ်ပေးပါဗျ ။

 

=====================================

အနုပညာသမားလို ့ ကျွန်တော့်ကို ခေါ်ကြတယ် ။  ကျွန်တော် ့မိတ်ဆွေတွေကပါ ။

သူတို့က ကဗျာလေး စာလေးရေး ပြီး ကဗျာအတွေး စာအရေးနဲ ့နွေးထွေးနေတဲ့ သူဆိုရင် အနုပညာသမားလို ့ပဲ ခပ်လွယ်လွယ် ခေါ် လိုက်ကြတာကိုးးး။

တကယ်တော့ ကျွန်တော်က ကိုယ့်ကို ကိုယ် အနုပညာသမားလို ့ မသတ်မှတ် သေးပါဘူး ။

အနုပညာ + သမား = အနုပညာသမား ။

ကျွန်တော်ဆိုတဲ့ကောင်က အနုပညာအရာမှာ ဆရာ မဟုတ်သေးတဲ့ သာမန်အမှုန်အမွှားလေးတစ်ခုပါ ။

ဒါကြောင့် သမား ဆိုတဲ့ စကားလုံးကို မသုံးယူဝံ့သေးပါဘူး ။

အနုပညာရှင် လို့လည်း အခေါ် မခံဝံ့သေးပါဘူး ။

ကျွန်တော့်ကို အနုပညာသမားလို့ ့ပြောလိုက်ရင် ကျွန်တော့် ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတတ်ပါတယ် ။

အဲဒီလို မဟုတ်သေးပါဘူးဗျာာာာာ…..လို့လည်း တအားပြောချင်တာပါပဲ ။

ကျွန်တော်နဲ့ ့စကားစမြည် ပြောဖူးတဲ့ ရုပ်ရှင်သရုပ်ဆောင် တချို ့နဲ ့ဒီနေ ့ မဂ္ဂဇင်းစာမျက်နှာ တွေ ပေါ်က သရုပ်ဆောင် တချို ့က….

သူတို့ကိုယ် သူတို့ ့အနုပညာသမားလို ့ခံယူထားတာပါ ။

တို့က အနုပညာသမား ဆိုတော့လေ…….

ဆိုတဲ့စကားလုံးလေး သုံးကာ သုံးကာနဲ ့ စကားပြောကြတဲ့အခါ …….ကျွန်တော်က ရယ်ချင် လာ ပါတယ်။

တကယ်တမ်းးးး ကျွန်တော် သိသလောက်တော့ …….အနုပညာသမားပါ လို ့ (အများကရော / သူတို ့ကိုယ်တိုင်က ပါ ) သတ်မှတ် ထားတဲ့ ပုဂိ္ဂုလ်တွေ ထဲမှာ …

ကျွန်တော် နှစ်နှစ်ကာကာ ခေါ်ချင်တဲ ့ ( ကျွန်တော် တစ်ဦးတည်း ရဲ့သဘောနဲ ့ သတ်မှတ်ထားတဲ့ )

အနုပညာသမား ( တကယ့် အနုပညာသမား ) အင်မတန် နည်းပါတယ် ။

အနုပညာသမား ဖြစ်ဖို ့ အနုပညာရဲ့ သဘောသဘာဝနဲ့ ့ သဘောတရာ း တွေကို ကျယ်ကျယ်ပြန့်ပြန် ့ သိထားဖို့ ့လိုမယ် ထင်ပါတယ် ။

ဒီ ဒီ ….ဒါဒါ …… နဲ့ သီချင်းကလေးတွေ အသံကျယ်ကျယ် အော်ဆိုတတ်ရုံလောက်နဲ ့ အနုပညာသမား လို ့မခေါ်ချင်သေးဘူး ။

မဲ့ပြုံးကလေး ပြုံးပြတတ်တာလောက်နဲ ့ အနုပညာသမားလို ့ မခေါ်ချင်သေးဘူး ။

ကဗျာလေး စပ်တတ်တာ / စာတိုပေစလေး ရေးတတ်တာလောက်နဲ ့ အနုပညာသမားလို ့ မခေါ်ချင်သေးဘူး ။

…………………………………………………………………..

ဒါကြောင့် ကျွန်တော့်ကိုလည်း အနုပညာသမားလို ့ မခေါ်ကြပါနဲ့ဦး ။

စောပါသေးတယ် ။

ကျွန်တော် လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။

——————————————————————-

https://myanmargazette.net/179898  

အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေးပြောကြည့်မယ် ( ၁ )မှ…..

 

======================================

 

အနုပညာလောက ဆိုတာက ခြံဝန်းတစ်ခုထဲက အိမ်တစ်လုံးဆိုရင်

အလင်းဆက်ဆိုတဲ့ ခပ်ညံ့ညံ့ ချာတိတ် ဟာ အဲဒီ အိမ်ထဲ ဝင်ခွင့်မရသေးတဲ့ တံခါးဝမှာ ရပ်နေရသူပါ ။

ခြံထဲ ( ဝိုင်းထဲ ) တော့ ရောက်နေပါပြီ ။

အိမ်ထဲကိုတော့ ဝင်လို့မရသေးပါဘူး ။

ခက်တာက တကယ့်အနုပညာလောက ဆိုတာက ခြံဝိုင်း ရဲ့ အတွင်းက …..အဲဒီ အိမ်ထဲမှာပါ။

အိမ်တံခါးကို စောင့်နေတဲ့သူတွေက ကျွန်တော့်ကို ဝင်ခွင့်ပြုတော့မှာ လိုလို / မပြုတော့ဘူး လိုလိုနဲ ့ အီစီကလီ လုပ်နေပါတယ်။

ကျွန်တော် ကလည်း ပွင့်တော့မလိုလို မပွင့်တော့ဘူးလိုလို ဖြစ်နေတဲ့ အနုပညာအိမ်တံခါးဝမှာ …..

ဝင်ရတော့မလိုလို မဝင်ရတော့ဘူးလိုလိုနဲ့ ့ယောင်လည်လည် ဖြစ်နေတုန်းပါ ။

အဲဒါ အလင်းဆက် ပါ ။

https://myanmargazette.net/179898  

အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေးပြောကြည့်မယ် ( ၁ )မှ…..

 

===================================================

ကျွန်တော် အရမ်းကြိုက်တဲ ့ကဗျာတွေ…ထဲမှာ..မှ ..

အစွဲလမ်းဆုံး..ကဗျာက….

 

THE  POETS ‘S  DREAM

 

ON  A  POET ‘S  LIPS  I  SLEPT

DREAMING   LIKE  A  LOVE  – ADEP

IN  THE  SOUND  HIS  BREATHING  KEPT ;

NOR  SEEKS  NOR  FINDS  HE MORTAL   BLISSES

BUT  FEEDS  ON  THE  AERIAL  KISSES

OF  SHAPES  THAT  HAUNT  THOUGHT  ’S    WILDERNESSES

HE  WILL  WATCH  FROM  DAWN  TO  GLOOM

THE  LAKE – REFLECTED  SUN  ILLUME

THE  YELLOW  BEES  IN  THE
IVY-BLOOM ,

NOR  HEED  NOR  SEE  WHAT   THINGS   THEY  BE ;

BUT    FROM   THESE   CREATE   HE  CAN

FROM  MORE  REAL  THAN  LIVING  MAN,

NURSLINGS  OF   IMMORTALITY !

—————

P .B .  SHELLY

 

========================================================

(တာရာမင်းဝေ/စောင်းကြိုးပြတ်ရွာ. . . . . မှ . . )

 

ငါ့ဆီ ငါ ပြန်ရောက်ပါတော့မလား

မြေပုံကြမ်း ကြည့်ပြီး

လှမ်းလျှောက်ရတာ မောလှပြီ။

—————–

ငါ့ကို ယုံပါ ။

ငါ ဟာ . . . လမ်းကူးရင်တောင်

မျဉ်းကြားက ဖြတ်ကူးတတ်တဲ့

ခွေးလေခွေးလွင့်တစ်ကောင်ပါ ။

—————–

ငါ မပစ်ခတ်ခဲ့ပါဘူး

လေးကြိုးဆွဲရင်းး

လက်ထဲက လွတ်ထွက်သွားတာပါ

ငါ့က်ို ယုံပါ ။

—————–

လူတွေဆီက မတောင်းခဲ့ပါဘူး

ဘုရားက မပေးဘူးဆိုရင်တောင်

ဘုရားဆီကပဲ တောင်းခဲ့သူပါ

ငါ့ကို ယုံပါ။

—————–

(ဖိနပ် မစီးထားတဲ့ကလေးငယ်လိုပဲ

ဘယ်သူကမှ

အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး)

—————–

လက်တစ်ဖက်နဲ့ ခေါ်လို့မရတဲ့ ကောင်းကင်

လက်နှစ်ဖက်နဲ့ခေါ်တော့လည်းး

အရာမထင်ဘူး။

——————

ငါတတ်တဲ့ မြေကြီးစကားနဲ့

ကောင်းကင်ကြီး နားလည်အောင်

ပြောမပြနိုင်ခဲ့ဘူးလေ။

——————

(တာရာမင်းဝေ/စောင်းကြိုးပြတ်ရွာ. . . . . မှ . . )

****************************

 

ကျွန်တော်ကြိုက်တဲ ့ကဗျာတွေက အပုဒ်ရေ အများင်္ကြီး ပြစရာ ကျန်ပါသေးတယ် ။

ဒီပိုစ့်မှာ ..စာတွေ အရမ်းများသွားမှာ စိုးလို ့.. ဒီ နှစ်ပုဒ်ပဲ… ပြခဲ့ပါမယ် ။

ဒီနှစ်ပုဒ်ကို.. ဖတ်ကြည့်ရင်… ကျွန်တော်.. ဘယ်လိုကဗျာအမျိုးအစားကို… နှစ်သက်စွဲလမ်းခဲ့တယ်..ဆိုတာ.. သိသာပါလိမ့်မယ် ။

 

===========================================================

အဲဒီလို..ကဗျာဆရာတွေရဲ ့ကဗျာတွေကို.. ဖတ်ရှု ခံစား / နှစ်သက် စွဲလမ်းပြီးတဲ ့နောက်…..

ဒီလိုကဗျာတွေ ရေးမိတယ် ။

……………………………

 

အချစ်အကြောင်း မဟုတ်တဲ့ကဗျာ

 

သူငယ်ချင်းရေ…

မင်းရဲ ့လက်တွေနဲ ့ ဖန်ဆင်းတဲ့..

ပျိုးခင်း လှလှတွေ..

ဘယ်သူ ဆွဲ နှုတ်နေခဲ့သလဲ.. ?

————-

မင်းတို ့ ငါတို ့ရဲ့ မျက်ရည်ကို

ညှစ် ထုတ်နေတဲ့ လက်တွေ….။

ချွေး စက်တွေ..နဲ ့ ပျိုးတဲ့…စိုက်ခင်းတွေကိုတောင်…

အပိုင်..စိုး…လို ့..

ငါတို ့ပဲ…. ငိုရတယ် ။

——————–

အဲဒီနောက်…

ငါတို ့ပဲ..ငိုကြွေး.ရတယ်။

——————–

သူငယ်ချင်းရေ…

ကြောက်ရွ ံ့သူတွေရဲ ့နယ်မြေထဲ..ကို…

အလိုကြီးသူတို့ ….စီး..တတ်တယ် ။

———————-

သူငယ်ချင်းလေးရေ….

အစ အန မကျန်အောာင်.. မရှင်းလင်းနိုင်သေးသ၍တော့

ငါတို ့…..”.မှောင် ” …နေရဦးမယ် ။

ဒါပေမယ့်………….

———————

သူငယ်ချင်းရေ…

ဘီလူးတွေ..ရှေ ့မှာ..

လှဲ..အိပ်မိရင်..

ငါတို ့….အစားခံရမယ်…

အဲဒါ..သေချာတယ် ။

———————-

သူငယ်ချင်းတို့ ……

ထ ကြ..၊ နိုး…ထ..ကြ…

မွန်းနစ် အိပ်မက်များကိုလည်း….စွန် ့လွှတ်ခဲ့ကြ..

စွန့် ..ပစ် ..ခဲ့ကြ ။

—————————-

ရ.ရာ..ပန်းကို ..ခူး….

ဆူး..ချွန်တွေ..ဖယ်ပြီး..ပစ်..ခတ်ကြ..

မှော်ဆရာ ရဲ ့လှည့်ကွက်ထဲမှာ..

( မီးခိုးလုံး ဖြစ်လု နီးပါး..)

နစ်မျော..နေသူတွေကိုလည်း….

ရေ.စင်အေးအေး ၊ ဖျန်း..ပက်ပေးကြ..။

——————————

ငြိမ်းချမ်းသော…နှင်းဆီတွေ..

အပြိုင်း အရိုင်း…ဖူးပွင့်..ဖို ့..

ရောင်နီက်ို..ကြို လင့်ကြ..။

သူငယ်ချင်းတို ့ရေ…..

…. … … … … …။

ခင်မင်လေးစားစွာ.ဖြင့်..

အလင်းဆက်

24 . 3 .2012 ./ 15 ;50 . pm

အချစ် အကြောင်း ..မဟုတ်တဲ့..ကဗျာ..

 

———————————————————————————————————–

ညီမလေး သို့….. အားတင်းဖို ့..

ညီမလေးရေ….

မင်းရဲ ့အမှန်တရားဘက်… ဘယ်သူမှ မရှိတဲ့အခါ….

ဟာလာဟင်းလင်း..ဖြစ်မသွားနဲ ့ ။

မြဲမြဲခိုင်တဲ ့…. ကျောက်တောင်နံရံတွေကို…..

အားကျဖို ့လိုတယ် ။

အားတင်းထားပါ ။

—————

ညီမလေးရေ…..

ဝေးကွားခြင်းတွေက အနီးကပ် တိုက်ခိုက်တဲ့အခါ…..

ငိုကြွေးခြင်းကို.. အား မကိုးနဲ ့….။

ကမ္ဘာကြီးရဲ ့ အဆုံးသတ်ကတောင်……

မပြောပလောက်ပါဘူး ။

အားတင်းထားပါ ..။

—————–

ညီမလေးရေ……

ပိုင်ဆိုင်ခြင်းနဲ ့ ဆုံးရှုံးခြင်းတွေက… ငါတို ့ရဲ ့ချစ်သူပါ….။

ဆုံးရှုံခြင်းကို ဆက် ချစ်တတ်သွားတဲ့အခါ….

အဲဒီ အရသာက သိပ်မခါးတော့ပါဘူး ။

အားတော့…တင်းထားပါ …. ။

———–

ညီမလေးရေ……

အစဉ်အမြဲ…ရယ်မော ရလိမ့်မယ်လို ့….

ဘယ်သူမှ အာမ မခံဘူး ။

လောင်မြိုက်ခြင်းတွေက….

ငြိမ်းချမ်းရေး ပန်းကို ပန်ပြီး….ရောက်လာတတ်တယ် ။

အားတင်းထားပါ…..။

——————

ညီမလေးရေ……

လိုနေတာတွေ ဖြည့်တဲ့အခါတိုင်း…..

ပိုနေတာတွေကို လျှော့ဖို ့… သတိရပါ ။

ပိုကျယ်ပြန့်တဲ ့ ပင်လယ်တချို ့က…….

လှိ ုင်းတံပိုးတွေ အသင့်ပြင်ပြီင်္း…စောင့်နေလိမ့်မယ်….။

အားတင်းထားပါ ။

——————

ညီမလေးရေ……..

ပုဝါ ပါးပါးလေးသာ ခြားနားတဲ ့……

ချစ်ခြင်းမေတ္တာနဲ ့ အမုန်းတရား ကြားမှာ….

အိပ်ပျော်မနေစမ်းနဲ ့ကွယ်….. ။

ထ ။

စိတ်ဓါတ်ကို မျက်နှာသစ်

မျှော်လင့်ချက်ကို နိုးထခွင့်ပေး

မက်ခဲ့သမျှ အိပ်မက်ကြီးကြီးတွေကို ဖမ်းဆုပ်ပါ ။

မာယာတွေ ခင်းထားတဲ ့ လမ်းပေါ်မှာ…..

ဆူးငြောင့်ခလုတ်ကို ဖယ်ပြီး… ပန်း ထွက် ခူးပါ ။

လမ်းပျောက်ရင်း….မိုးခါးကြီးရွာရင်တောင်…. အားတင်းထားပါ ။

———————-

အမှန်တရားဟန် ဆောင်လွန်းတဲ ့ အမှားတွေအောက်မှာ….

တင်းထားသမျှ အားတွေ ကွဲအက်သွားရင်တောင်…..

အား တင်း ထား ပါ ။

ညီမလေးရေ……..

အားတင်းထား……. ။

 

အလင်းဆက်

 

====================================================

 

 

 

ဒါ..ကဗျာ…

 

ဆိုးဆိုးဝါးဝါး ။

ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ။

ဘယ်တုန်းက ထင်ကျန်ခဲ့တဲ့ အမာရွတ်တွေလဲ။

အသားမာတတ်နေတဲ့ လက်နဲ့ သပ်ချလိုက်မှ  သွေး ပြန် စို့ ့လာတယ် ။

ဒီမြေကြီးကို ဆက် . . .နင်းထားသင့်သေးသလား။

လေတွေကိုရော သိမ်းယူနေသင့်သေးသလား ။

လေပြေ . . . လေပြေ . . . လာပါ။

မုန်တိုင်းတို ့နဲ ့အတူ. . . . . ။

နေခြည် အလင်းတန်းတွေ ဖြာဝင်း တောက်ပပြီးးးးး ကိုယ့်ရင်ကို ဖောက် ခွင်းပါ ။

အနီရောင် ချစ်ခြင်းတရားနဲ ့ အပြာရောင်း ငြိမ်းချမ်းမှုကို ခုံမင်စွာ တပ်မက်မိသူမို ့. . . .

ဟို ခရေပင် ရိပ် အောက်မှာ . . . ရူး ဖူးတယ်။

ဂုဏ်ရှိန် မြင့်မားတဲ့ သတို့သမီး /ရာဇဝင် တစ်ခွင် လုံးကို ဖော်ထုတ်ပေးပါ ။

ရလိုမှု ကို ပေးဆပ်ခြင်းနဲ ့ ဖို ့ပေးပါ ။

ဆန္ဒရဲ့ နောက်ကို သိက္ခာနဲ့ ကိုယ်ကျင့်တရား က ကောက်ကောက်ပါအောင် ပြေး မလိုက်နိုင်တော့လို ့ . . .

ပါးစပ်ဖျားမှာ မုသားချိုချိုလေး လိမ်းကျံ ထားလိုက်ရတော့မလားးး။

တကယ်တော့ လူ . . . ဆိုတာကိုက ကဘာဦးတုန်းက မူးခဲ့ဖူးတဲ့ တစ်ညနေက စ ခဲ့တာပါ။

###############

ရောင်စုံ ည တစ်ညလောက်များ ကြုံကြိုက်ရင် . . .

အတောင်ပံကို ဖြန် ့ပြီးးးဟောဟိုက တိမ်တွေရဲ့ အပေါ်မှာ ပျံဝဲ လိုက်ချင်တယ် ။

ညမွှေးပန်းတွေရဲ ့ရနံ ့ကို ရှူရှိုက်ရင်းးး   ပိုးစုန်းကြူးလေးတွေကို   ပြောပြစရာတွေ ရှိတယ် ။

ဟုတ်တယ် ။  အတိုက်အခိုက် များလှတဲ့ ကိုယ့်ဘဝ အကြောင်းးးး

အောင်မြင်ခြင်း တစ်ဖက် ကျရှုံးခြင်းတစ်ဖက်  တွဲဆက် ရောက် ရောက်လာတတ်တဲ့ ကိုယ့် ကံကြမ္မာအကြောင်းးးး

ကျွန်း ခံ နေတဲ့ ကိုယ့် နှလုံးလမ်းကြောင်း ရဲ့အကြောင်းး

တစ်ယောက်တည်း နေမှ ဖြစ်မယ့် ကိုယ့် စိတ် ဒဏ်ရာ အခြေအနေ အကြောင်းးးး

လူတွေကို ချစ်လွန်းတဲ့ အမုန်းခံ လူတစ်ယောက် အဖြစ် ကိုယ် ရပ်တည်နေရတဲ့ အကြောင်းးးးး

တွေဝေခြင်းးး မိုက်မဲခြင်းနဲ့ အားနာတတ်ခြင်းတွေကို ခွဲခွါမရ ကျကျနန အသုံးပြုနေဆဲ ဖြစ်တဲ့ ခပ်ညံ့ညံ့ ကိုယ့်အကြောင်းးးး
လွန်ခဲ့တဲ့တစ်နေ ့သော အခါက ကိုယ့်ကိုယ်ကို ကိုယ် သတ်သေဖို့ ့ကြိုးစားခဲ့ဖူးတဲ့
(စိတ်ဒဏ်ရာအနာတရနဲ့ ) ကိုယ့်အကြောင်းတွေ . . . . .ပြောပြချင်လိုက်တာ. . . . . . ။
လက်ခနဲ လက်ခနဲ အလင်းရောင်လေး ပေးစွမ်းနိုင်မယ့် ပိုးစုန်းကြူးကလေးတွေကို . . . .ပြောပြချင်လိုက်တာကွယ် . . .
##############
အလင်း ပေးလာမယ့်သူကို ပြတ်ပြတ်သားသား ကြိုဆိုပါတယ်။
အပူတွေ . . . အလင်းဆိုပြီး . . . မလာပါနဲ့ ။

#################

လေးစားစွာဖြင့်

အလင်းဆက်

27 . 7 .2013 . 10 : 48

=====================================================================

 

ကျွန်တော်ရေးတဲ့ကဗျာတချို ့မှာ….

စည်းတွေ ဘောင်တွေ..

ကာရန်တွေ… နဘေတွေ… လွတ်ထွက်လာပါတယ် ။

 

ဒီကဗျာက မန်းလေးဂဇက်သတင်းစာမှာ ဖော်ပြခဲ့ဖူးတဲ့ ကဗျာ
ဒီကဗျာက မန်းလေးဂဇက်သတင်းစာမှာ ဖော်ပြခဲ့ဖူးတဲ့ ကဗျာ (ဒုတိယအကြိမ်တွေ့ဆုံပွဲမှာ..ကျွန်တော် ရွတ်ပြခဲ့တဲ့ကဗျာပေါ့)

 

=======================================================

 

ကျွန်တော် ရေးတဲ ့ ကဗျာတချို့မှာ…..

နိမိတ်ပုံတွေ… သင်္ကေတတွေ….နဲ ့… ရေးဖွဲ့တတ်လာတယ်  ။

ဒါပေမယ့်… နိမိတ်ပုံ / သင်္ကေတတွေကို အလွန်အကျွံသုံးတာမျိုးကို… ကျွန်တော် မကြိုက်ဘူး …။

တတ်နိုင်သလောက် ရိုးရှင်း လွတ်လပ်စွာပဲ..ရေးမိတယ် ။

 

 

 

ဒါကတော့.. ကဗျာပြခန်း အမှတ် 5 ထဲက အာဇာနည်နေ့အမှတ်တရ ကဗျာ
ဒါကတော့.. ကဗျာပြခန်း အမှတ် 5 ထဲက အာဇာနည်နေ့အမှတ်တရ ကဗျာ

 

 

ကဗျာပြခန်းအမှတ် 9 ထဲက ကျွန်တော်ရေးတဲ့ ကဗျာလေးပါ ။
ကဗျာပြခန်းအမှတ် 9 ထဲက ကျွန်တော်ရေးတဲ့ ကဗျာလေးပါ ။

=======================================================

ဟို ကဗျာသမိုင်းတစ်ခေတ်တုန်းက..စည်းတွေ ဘောင်တွေ… စံနစ်တွေ… ခွင်တွေကိ်ု… ချစ်တယ် ။

ဒါပေမယ့်… အဲဒီ အချစ်ထက်ပိုတဲ ့…  လွတ်လပ်စွာ စီးမျောထားတဲ ့ အရေး အဖွဲ ့တွေကို.. ပိုချစ်သွားလို ့….။

ကာရန်တွေ ထဲက.. ရုန်းထွက်ခဲ့တယ် ။

ဒါပေမယ့်…    မော်ဒန်ဖြစ်အောင်.. အတင်းလုပ် မရေးပါဘူး ။

မော်ဒန်မဖြစ်အောင်လည်း. အတင်း..ရှောင် မရေးပါဘူး…။

ရေးချင်လာတဲ ့ အချိန်မှာ… ရေးချင်တဲ ့.. ခံစားချက်ကို… ရေးချင်သလို ချရေးလိုက်တာပါပဲ…။

ဘာ ကဗျာ.. ညာ ကဗျာ ဖြစ်သွားတာတော့….  ဖတ်သူ / ဝေဖန်သူတွေ အလုပ်ပေါ့…။

 

ဒီလို……………     ကဗျာမျိုးလည်း..ရေးခဲ့ဖူးတယ် ။

 

 

ကဗျာပြခန်းအမှတ် 3  မှာ ပြခဲ့တဲ့ကဗျာလေးပါ ။
ကဗျာပြခန်းအမှတ် 3 မှာ ပြခဲ့တဲ့ကဗျာလေးပါ ။

 

 

 

 

============================================

 

 

ကဗျာနဲ့ပက်သက်ရင်..

ကျွန်တော် အများင်္ကြီး…မျှော်လင့်ထားဖူးတယ် ။

ရည်ရွယ်ထားတာတွေရော… ဖန်တီးထားတာတွေရော… ရှိနေတယ် ။

တချို ့ကဗျာတွေကိုတော့… …

ဘယ်သူ ့ကိုမှ ချမပြဖြစ်တော့ပဲ.. တိတ်တိတ်ကလေး..သိမ်းထားခဲ့တယ် ။

———————————

ကျွန်တော်ဟာ……

ကဗျာကို ချစ်တဲ ့… ကဗျာ ရေး သူ /ဖတ်သူ တစ်ယောက် ပါပဲ…။

ကျွန်တော့်ကို…

တခြားအမည်တွေ.. တပ်ပြီး….. ဘယ်လိုပဲ… သတ်မှတ် နေကြပါစေ…..

ကျွန်တော့်ကိုယ် ကျွန်တော်..သိနေတာကတော့………..

အလင်းဆက်ဆိုတာ……

ကဗျာ ကိုချစ်တဲ ့… …….

ကဗျာ ရေးသူ တစ်ယောက်….

ကဗျာကိုချစ်တဲ့… ကဗျာ ဖတ်သူ တစ်ယောက်ပါပဲ…။

 

ဒါပါပဲ….။

 

လေးစားစွာဖြင့်….

 

အလင်းဆက်

 

 

 

 

16 comments

  • surmi

    September 27, 2013 at 1:27 pm

    ကိုယ်​့.ကို ကိုယ်​့ အသိဆုံးပါ ကွယ်​..
    မငို့နဲ့ တိတ်​တိတ်​ 🙂

    • အလင်းဆက်

      September 27, 2013 at 1:43 pm

      ဦးဆာ နော်
      ငိုတော့ဘူးလို့နေ နေတာ
      တိတ် ဆိုလေ ပြန်ငိုချင်လာလေပဲ

      :kwi:

  • မဟာရာဇာ အံစာတုံး

    September 27, 2013 at 3:47 pm

    နင်ဂ ကဗျာကိုပဲ ချစ်တာ သေဂျာဒယ်နော် …
    မဖွားမေ ကို ချစ်တာ သေချာတယ်နော် ..
    သေချာပါတယ်
    မဖွားမေ ဟာ နင်ချစ်တဲ့ ကဗျာပဲ ဖြစ်ရမယ် .. ညှင်း ညှင်း

    • အလင်းဆက်

      September 27, 2013 at 5:58 pm

      တိန်

      မရမက အတင်း ဆက်စပ်သွားတာပဲ

      🙂

      မဖွားမေကိုလည်း ချစ်တယ်
      ကဗျာကိုလည်းချစ်တယ်
      ချစ်သုဝေကိုလည်း ချစ်တယ်

  • ဝင့်ပြုံးမြင့်

    September 28, 2013 at 12:42 am

    ကိုသူရက မော်ဒန်သမားအစစ်ပါ။
    ဒါနဲ့ ရှယ်လီကဗျာလေး ကူးသွားပြီနော်။

    • အလင်းဆက်

      September 28, 2013 at 7:15 am

      အစ်မရေ။

      အဲဒီ ကဗျာလေး တအား ဂွတ်တယ်နော်
      ရေးတဲ့ဆရာကြီးနဲ့ အပြင်မှာ စကားပြောချင်လိုက်တာ

      :kwi:

  • ကျော်စွာခေါင်

    September 28, 2013 at 1:43 am

    စာပေ၊ ကဗျာ… ဆိုက ရေးတီး တာတွေနဲ ့ ကျွမ်းဝင်သူတွေကို…ဘေးက မြင်သူ ကြည့်သူက
    အနုပညာရှင်၊ အနုပညာသမားလို ့ ပြောဆိုသတ်မှတ်ကြတာများတယ်..
    ပြောဆိုတဲ့ အပေါ်မှာ ကာယကံရှင်ကပါ အလိုက်သင့် မျှောနေတာ ရှိသလို…သာယာပြီး ကိုယ်တိုင်ကပါ ဒီနာမ်စားကို
    နှစ်ချိုက်ဂုဏ်ယူစွာ သုံးကြတာများတယ်..။
    အကိုမြင်တာကတော့ ကိုယ့်ကိုကိုယ်..
    အနုပညာကို စွဲလမ်းခင်တွယ်သူလို ့ဘဲ သတ်မှတ်တယ်…။
    ပညာရှင်တို ့ ပညာသမားတို ့သူများက နာမ်စားသုံးခေါ်ရင် ကိုယ်က ပြုံးနေတတ်တာ…ကိုယ်ပြုံးတာ ကိုယ်ဘဲ သိတယ်…
    ရှက်ပြုံး…။
    အလင်းဆက်ကိုလဲ အကိုက စာပေအနုပညာစွဲလန်းသူ လို ့ဘဲ ခေါ်ချင်ပါတယ်..။
    သို ့မဟုတ်…..
    စာပေ နယ်ပယ်မှ အင်မတန် အခတ်ခံ ချင်သူကြီး…. ပေါ့..။

    • အလင်းဆက်

      September 28, 2013 at 7:21 am

      အဟိ

      စာပေနယ်မှ အခတ်ခံချင်သူ တဲ့
      အဲဒလိုလေးခေါ်တော့ ချစ်သုဝေကို သတိရသွားတယ်
      ဘာမှတော့ဆိုင်ဘူးပေါ့။
      :kwi:

      ဦးခေါင်ရည်
      ဟိုနေ့က အားပေးစကား လှမ်းပြောတာကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ဗျာ
      အဲဒီလို အားပေးစကားသံကြားရဖို ့
      ကျွန်တော် လိုအပ်နေတာ ။

      လေးစားချစ်ခင်လျက်

  • kyeemite

    September 28, 2013 at 10:07 am

    အလင်းဆက်ကို
    ဒညင်းဝက်လို့ခေါ်ခေါ်
    ကဗျာသမားခေါ်ခေါ်
    စာသမားခေါ်ခေါ်
    အနုပညာသမားဆိုဆို
    တကယ်ကတော့
    အလင်းဆက်ဟာ
    အပျင်းမဖက်ပါ
    သင်း..တစ်သက်မှာ
    ကဗျာ မှ ကဗျာပါ။ :kwi:

    • အလင်းဆက်

      September 28, 2013 at 2:15 pm

      အပျင်းမဖက်တဲ့ အလင်းဆက် ကို
      ဒညင်းဝက်လို ့ခေါ်ရင်တော့
      နိုချင်တယ်ဂျာ

      ချစ်သုဝေလေးကို ဖက်ပြီးးး

      🙂

  • အလင်းဆက်ရေ ကျွန်တော်ကတော့ အနုပညာတင်ပြသူလို့ပဲမြင်တယ်ဗျ။ ကျွန်တော်တို့တွေရေးတဲ့ ကဗျာ ၊ဝတ္ထုတွေကို အများကို ချပြတာမဟုတ်ပါဘူး။ ချပြတယ်ဆိုတာ ဒါ ငါရေးထားတာ မင်းတို့ကြည့်ကြစမ်းဆိုပြီး ဇွတ်ပြတာနဲ့တူပါတယ်။
    တင်ပြတယ် ဆိုတာကတော့ ကိုယ့်အထက်လူကြီးတစ်ယောက်ဆီကို အစီရင်ခံစာတင်ထားသလိုမျိုးလေးလို့မြင်ပါတယ်။
    ကျွန်တော်မြင်ထားတဲ့ သဘောလေးပါဗျာ့ နော့။

    • အလင်းဆက်

      September 28, 2013 at 2:20 pm

      ဟုတ်တယ် က်ုသော်ဇင်ရေ

      တကယ်တော့ ဖတ်သူ / ခံစားသူ ဆိုတာ က
      ကျွန်တော်တို ့ရေးသားဖန်တီးသူတွေအတွက် အရေးပါတဲ့နေရာမှာ ရှိတာပေါ့

      ရေးသာရေးပြီး ဘယ်သူ ့ကိုမှမပြဖြစ်တဲ့
      ဖန်တီးသူတွေ အတွက်တော့ ဖတ်သူအဓိက မဟုတ် ဘူး ပေါ့နော်

      အမြင်လေး ဝင်ဆွေးနွေးပေးသွားတဲ့ ကိုသော်ဇင်ရေ
      ကျေးဇူးပါ

  • ဦးကြောင်ကြီး

    September 29, 2013 at 8:52 am

    မော်ဒန်သမား
    စော်ဖန်စား
    အော်သံမကြား
    နော်စံဝါး
    လော်ပန်အနား
    မျှော်ညဏ်ပွား
    ဂေါ်မာန်ဖလား
    ခေါ်ဟန်ထွား..။

  • Ma Ma

    September 29, 2013 at 3:48 pm

    အနုပညာ+သမား= အနုပညာသမား
    ဒီလို ဒီလိုတွေ တွေးနေရေးနေတတ်တာကြောင့်ကို အနုပညာသမား ဖြစ်နေတာ။ 🙂

    • အလင်းဆက်

      September 29, 2013 at 5:43 pm

      အန်တီမမ ရေ

      အနုပညာချစ်တဲ့ ကျွှနန်တော် ဖန်တီးရေးသား တင်ပြသမျှကို
      အဆက်မပြတ် ဖတ်ရှု ခံစားပေးတတ်တဲ့
      အန်တီမမ လို အနုပညာချစ်တဲ့သူ ရှိနေလို့

      ကျွန်တော်လည်း အနုပညာသမားလေး ဖြစ်နေတာပေါ့

      :kwi:

Leave a Reply