ဩဇီ ခရီးသွား အကြံပေး ( ၂ ) ။

Foreign ResidentSeptember 27, 201311min16015

ဩဇီ ခရီးသွား အကြံပေး ( ၂ ) ။

 

အဘ ရဲ့ ပြီးခဲ့တဲ့ ၊

ဩဇီ ခရီးသွား ၊

အကြံပေး Post ထဲမှာ ၊

ပြောစရာ တစ်ခု ၊

ကျန်ခဲ့လို့ ၊

ထပ်ဖြည့်တာပါ ။

 

လူတစ်ချို့ ကတော့ ကြိုက်ကြမှာပါ ။

မီးရှူး မီးပန်း ဖေါက်တာ နှင့် အလှပြ ပွဲ တွေ လေ ။

( အဘ ကတော့ အပင်ပန်းခံ အိပ်ပျက်ခံပြီး မ ကြည့်ချင်လှပါဘူး )

 

အဘ တို့ ဆစ်ဒနီမြို့မှာ ရာသီဥတု မဆိုး / မိုးသာ မရွာလို့ရှိရင် ၊

အပါတ်စဉ် စနေနေ့ ညတိုင်း ည ၈ နာရီ ခွဲ / ၉ နာရီ လောက် မှာ ၊

Darling Harbour မှာ Fireworks မီးရှူး မီးပန်း ဖေါက်တယ်ကွယ့် ။

မီးရှူး မီးပန်း ဖေါက်မယ့် ရက် နှင့် အချိန် အတိအကျ ကိုတော့ အောက်က Site မှာ ကြည့်ပါကွယ် ။

( http://www.darlingharbour.com/whats-on/harbourside-fireworks-in-september.aspx )

 

အပေါ်မှာပြောခဲ့သလိုပဲ အဘ ကတော့ အပင်ပန်းခံ အိပ်ပျက်ခံပြီး မ ကြည့်ချင်လှပေမယ့် ။

( အဘ က Outdoor Activity တွေ သိပ် ဝါသနာ မပါလှဘူးကွယ့် ဟီ ဟိ )

အဘ ရဲ့ ပဲ့ကိုင်ရှင်က စိတ်ဝင်စားတော့လည်း လိုက်လိုက်သွားရတာပေါ့ကွယ် ။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လကုန်ပိုင်းမှာ ဆစ်ဒနီမှာ ခရစ်စမတ် ရာသီနီးလာတော့ ၊

ခရစ်စမတ် အကြို စပါယ်ရှယ် စတင်ပြင်ဆင်နေပြီပေါ့လေ ။

အဲဒီ အထဲမှာ Darling Harbour မှာ Fireworks မီးရှူး မီးပန်း လဲပါသပေါ့ကွယ် ။

အဲဒီမှာ အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင်က သွားကြည့်ချင်တယ် ပြောတာနှင့် ၊

တစ်ည အဘ တို့ ကားတစ်တန် ရထားတစ်တန် နှင့် သွားကြည့်ဖြစ်ခဲ့ကြပါတယ် ။

 

အလှပြ ဖေါင်တွေ နှင့် ရွက်လှေ အလှစီးပြနေတာ ။

အလှပြ ဖေါင်တွေ နှင့် ရွက်လှေ အလှစီးပြနေတာ ။
အလှပြ ဖေါင်တွေ နှင့် ရွက်လှေ အလှစီးပြနေတာ ။

 

စန်တာ ကလော့စ် က သမင် မစီးတော့ပဲ ခေတ်မှီအောင် မိုးပျံဂျက် နှင့် ဝင်လာတယ်လေ ။

စန်တာ ကလော့စ် က သမင် မစီးတော့ပဲ ခေတ်မှီအောင် မိုးပျံဂျက် နှင့် ဝင်လာတယ်လေ ။
စန်တာ ကလော့စ် က သမင် မစီးတော့ပဲ ခေတ်မှီအောင် မိုးပျံဂျက် နှင့် ဝင်လာတယ်လေ ။

 

 

ပထမ နေ့ က ကြည့်ခဲ့ရတဲ့ မီးရှူး မီးပန်း ။

ပထမ နေ့ က ကြည့်ခဲ့ရတဲ့ မီးရှူး မီးပန်း ။
ပထမ နေ့ က ကြည့်ခဲ့ရတဲ့ မီးရှူး မီးပန်း ။

 

ဩဇီ လမ်းဘေး ဆပ်ကပ် ပြပွဲ ။

ဩဇီ လမ်းဘေး ဆပ်ကပ် ပြပွဲ ။
ဩဇီ လမ်းဘေး ဆပ်ကပ် ပြပွဲ ။

 

မီးရှူး မီးပန်း ဖေါက်တာ နှင့် အလှပြ ပွဲ တွေက ကြည့်လို့ကောင်းသော်ငြားလည်း ၊

အဲဒီပွဲကအပြန်မှာ အိမ်ကို ကားတစ်တန် ရထားတစ်တန် နှင့် ၊

ပြန်ရတာ ပင်ပန်းလှတယ် လို့ ၊ အဘ က ပြောတော့ ၊

အဘ ရဲ့ ပဲ့ကိုင်ရှင်က နောက်တစ်ခါ ကို ညကြီးမင်းကြီး အိမ်မပြန်ရအောင် ၊

မီးရှူး မီးပန်း ပြ ပွဲနားက Hotel တစ်ခုမှာပဲ တည်းပြီး ညအိပ် ဖို့ ၊

သူ စီစဉ်ပါ့မယ် လို့ ပြောပါတယ် ။

 

အဲဒါနှင့်ပဲ ၊ နောက်တစ်ခါ ဒီဇင်ဘာ ၂၄ ည ( X’mas Eve Night ) ပွဲကိုကြည့်ဖို့ ဆုံးဖြတ်ကြပါတယ် ။

အဲဒီ ဒီဇင်ဘာ ၂၄ ည ကို မီးရှူး မီးပန်း ပွဲ နှင့် နီးနီးနားနား မြို့ထဲက ၊

The Westin ( Sydney ) Hotel မှာပဲ တည်းဖို့ စီစဉ်လိုက်ပါတယ် ။

 

ဒီဇင်ဘာ ၂၄ ရက် X’mas Eve နေ့ ရုံးပိတ်ရက် ဆိုတော့ မြို့ထဲမှာ ရှင်းပြီး တိတ်ဆိတ်နေတယ် ။

ဒီဇင်ဘာ ၂၄ ရက် X'mas Eve နေ့ ရုံးပိတ်ရက် ဆိုတော့ မြို့ထဲမှာ ရှင်းပြီး တိတ်ဆိတ်နေတယ် ။
ဒီဇင်ဘာ ၂၄ ရက် X’mas Eve နေ့ ရုံးပိတ်ရက် ဆိုတော့ မြို့ထဲမှာ ရှင်းပြီး တိတ်ဆိတ်နေတယ် ။

 

အဘတို့ တည်းတဲ့ The Westin ( Sydney ) Hotel အဝင်ဝ ။

အဘတို့ တည်းတဲ့ The Westin ( Sydney ) Hotel အဝင်ဝ ။
အဘတို့ တည်းတဲ့ The Westin ( Sydney ) Hotel အဝင်ဝ ။

 

The Westin ( Sydney ) Hotel Lobby ။

The Westin ( Sydney ) Hotel Lobby ။
The Westin ( Sydney ) Hotel Lobby ။

 

ဟိုတစ်နေ့က ပြောနေတဲ့ Transparency ဆိုတာ အဲဒါပဲ ။ ရေချိုးခန်း ကို မှန်အကြည် နှင့် ကာထားတာ ။

ဟိုတစ်နေ့က ပြောနေတဲ့ Transparency ဆိုတာ အဲဒါပဲ ။ ရေချိုးခန်း ကို မှန်အကြည် နှင့် ကာထားတာ ။
ဟိုတစ်နေ့က ပြောနေတဲ့ Transparency ဆိုတာ အဲဒါပဲ ။ ရေချိုးခန်း ကို မှန်အကြည် နှင့် ကာထားတာ ။

 

The Westin ( Sydney ) Hotel ဘေးက Martin Place ကွက်လပ် ထဲက X’mas Tree ။

The Westin ( Sydney ) Hotel ဘေးက Martin Place ကွက်လပ် ထဲက X'mas Tree ။
The Westin ( Sydney ) Hotel ဘေးက Martin Place ကွက်လပ် ထဲက X’mas Tree ။

 

Darling Harbour ညနေခင်း ။ အဘ တို့ ဘယ်ဖက်က ခုံတန်းတွေပေါ်ကနေ ထိုင်ကြည့်ကြတာ ။

Darling Harbour ညနေခင်း ။ အဘ တို့ ဘယ်ဖက်က ခုံတန်းတွေပေါ်ကနေ ထိုင်ကြည့်ကြတာ ။
Darling Harbour ညနေခင်း ။ အဘ တို့ ဘယ်ဖက်က ခုံတန်းတွေပေါ်ကနေ ထိုင်ကြည့်ကြတာ ။

 

X’mas Eve ည က မီးရှူး မီးပန်း ။

X'mas Eve ည က မီးရှူး မီးပန်း ။
X’mas Eve ည က မီးရှူး မီးပန်း ။

 

ရှားရှားပါးပါး ဩဇီ လမ်းဘေး အိပ်သူ ရယ် ။ အဘ လေ လူတိုင်းကို ချမ်းသာစေချင်လိုက်တာ ။

ရှားရှားပါးပါး ဩဇီ လမ်းဘေး အိပ်သူ ရယ် ။ အဘ လူတိုင်းကို ချမ်းသာစေချင်လိုက်တာ ။
ရှားရှားပါးပါး ဩဇီ လမ်းဘေး အိပ်သူ ရယ် ။ အဘ လူတိုင်းကို ချမ်းသာစေချင်လိုက်တာ ။

 

The Westin ( Sydney ) Hotel အတွင်း မြင်ကွင်း ။

The Westin ( Sydney ) Hotel အတွင်း မြင်ကွင်း ။
The Westin ( Sydney ) Hotel အတွင်း မြင်ကွင်း ။

 

The Westin ( Sydney ) Hotel ထဲက အဘ တို့ မနက်စာ ဘူဖေး စားကြတဲ့ နေရာ ။

The Westin ( Sydney ) Hotel ထဲက အဘ တို့ မနက်စာ ဘူဖေး စားကြတဲ့ နေရာ ။
The Westin ( Sydney ) Hotel ထဲက အဘ တို့ မနက်စာ ဘူဖေး စားကြတဲ့ နေရာ ။

 

ဘူဖေး ဟင်းတွေကတော့ တော်တော်လေးကို စုံပါတယ် ။

ဘူဖေး ဟင်းတွေကတော့ တော်တော်လေးကို စုံပါတယ် ။
ဘူဖေး ဟင်းတွေကတော့ တော်တော်လေးကို စုံပါတယ် ။

 

အဘ ရဲ့ ဘူဖေး မနက်စာ ။ ဒီပုံ နှင့် ပိန်ဦးမယ် ။

အဘ ရဲ့ ဘူဖေး မနက်စာ ။ ဒီပုံ နှင့် ပိန်ဦးမယ် ။
အဘ ရဲ့ ဘူဖေး မနက်စာ ။ ဒီပုံ နှင့် ပိန်ဦးမယ် ။

 

 

မြန်မာပြည် ရဲ့ Internet Connection ကို ငဲ့ပြီး ပုံ နဲနဲပဲ တင်လိုက်တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

15 comments

  • Ma Ma

    September 27, 2013 at 8:24 am

    ပဲ့ကိုင်ရှင်ကို ကျေးဇူးတင်ရမယ်။
    သူ့ကြောင့်မို့ ဒီပုံတွေကြည့်ရတာ။ 🙂
    ဩဇီရဲ့ လှပတဲ့ရှု့ခင်းတွေချည်းပဲပါတဲ့ ကာရာအိုကေသီချင်းဒစ် တစ်ခုကြည့်ပြီးကတည်းက ဩဇီကို သဘောကျခဲ့တာ။ 🙂

  • ဦးကြောင်ကြီး

    September 27, 2013 at 8:57 am

    ဩဇီခုနှစ်လွှာချွတ်ကပွဲ လုပ်ပါအုံး….. အနော်နဲ့ ခရစ် အဲဒီဂို ပျားရည်ဆမ်း ခြစ်ခရီးလာမို့… 😳 ဦးဖောအိမ်မှာ တည်းလို့ရမား..။ ဟိုတယ်ခန်းတွေဂ ဆိတ်အချရဗူး.. ဦးဖောဂဒေါ့ ချောင်းအကြည့်ဘူးဆိုဒါ ယုန်လို့….

    • Foreign Resident

      September 28, 2013 at 12:21 pm

      ဦးကြောင်ကြီး says: ” ဩဇီခုနှစ်လွှာချွတ်ကပွဲ လုပ်ပါအုံး ”

      အဘတို့ ဩဇီမှာ သွားကြည့်တဲ့ပွဲတွေက ၊ ခုနှစ်လွှာကို ချွတ်စရာမရှိတာ ။
      စ ကတည်းက တစ်လွှာမှကို မရှိတာ ၊ ရေချိုးပြတာလေ ( Bomb Shell အဖွဲ့တဲ့ ) ။
      ခက်တာက ဓါတ်ပုံ ရိုက်လို့ မရဘူးကွယ် ။

  • KZ

    September 27, 2013 at 11:26 am

    ကြိုက်တယ်။
    မီးပန်းတွေ လျှပ်စစ်မီး ရောင်စုံတွေကို ဘယ်လို သဘောကျမှန်းမသိဘူးးးးး
    ခု ဆို သွားချင်စိတ်လည်းရှိတယ်။
    ခွင့်လည်း လွယ်တယ်။
    လေယာဉ်လက်မှတ်တို့ ဗီဇာတို့လည်း လွယ်တယ်။
    ကျန်းမာရေးလည်း ကောင်းတယ်။

    အဲ! အဲ! အင်!!
    မလွယ်တာ က ပိုက်ဆံ! ပိုက်ဆံ။
    တိန်!

    ငိုချင်လာပြန်ပြီနော်။

    :byee:

    • Foreign Resident

      September 28, 2013 at 12:30 pm

      KZ says:
      ” မလွယ်တာ က ပိုက်ဆံ ၊ ပိုက်ဆံ ၊
      ငိုချင်လာပြန်ပြီနော်။

      :byee: ”

      အောင်မယ် ၊ အောင်မယ် ။ ခြင်္သေ့ကျွန်းက သူဋ္ဌေးမကြီး ကလည်း ငြီးနေရသေးတယ် ။

      မနေ့ ( 27th ) ည က ၊ Prome မှာ အဘ တည်ခင်းတဲ့ ညစာ စားပွဲ ကို ၊
      မခိုင်ဇာ ရဲ့ Double Black ပုလင်းကြီး အချိန်မှီ အချိန်ကိုက် ရောက်လာလို့ ၊
      ဂဇက် ရွာသူားတွေ ၊ တစ်ယောက် တစ်လက် ဝိုင်းဖြိုလိုက်ကြသေးတယ် ။

      Double Black ပုလင်းကြီး အတွက် ရှဲရှဲနီ ပါ ၊ မခိုင်ဇာ ။

  • kyeemite

    September 27, 2013 at 1:53 pm

    ကိုရင်ဖေါ က မိန်မရလည်းကံကောင်းပေသကိုးဗျ…
    မျှဝေပေးတော့ ကြည့်ရတာပေါ့လေ…
    “ရှားရှားပါးပါး ဩဇီ လမ်းဘေး အိပ်သူ ”ကလည်းအဝတ်အစားသားသားနားနားနဲ့ပါလားဗျ
    ကြည့်ရတာ များသွားလို့ ခဏခွေနေတာနဲ့တူတယ်…
    အဲလိုနေသူတွေကို..ဩဇီမှာ အစိုးရက တစ်ခုခုမလုပ်ဘူးလားဟင် :hint:

    • Foreign Resident

      September 28, 2013 at 12:36 pm

      kyeemite says:
      ” အဲလိုနေသူတွေကို..ဩဇီမှာ အစိုးရက တစ်ခုခုမလုပ်ဘူးလားဟင် :hint: ”

      ၁ ။ အဲလိုနေသူတွေဟာ ဩဇီနိုင်ငံသားလဲ မဟုတ် ၊ PR လဲရထားတာ မဟုတ်တဲ့ ၊
      နိုင်ငံခြားသား တွေ ဖြစ်တာများတယ် ( ဥပမာ ဗြိတိန် နိုင်ငံသား ) ။

      ၂ ။ ဩဇီနိုင်ငံသား / PR ဖြစ်ပြန်ရင်လည်း အရက် / မူးယစ်ဆေးဝါး စွဲနေသူတွေ များတယ် ။
      သူတို့ကို ဩဇီ အစိုးရက ဘယ်လောက် ထောက်ထောက် ၊ ရှိသမျှ ရောင်းချပြီး ၊ ဆေးချကြတာ ။

  • surmi

    September 27, 2013 at 1:54 pm

    အဟမ်​းးးး
    အဘက​တော့သွားရည်​ကျ​အောင်​လုပ်​ပြီ ..
    .
    .
    .
    .
    .
    .
    ​တောထဲဘဲ​နေတာ​ကောင်​းပါတယ်​
    ​တော်​ဘီ ဆက်​မကြည်​့​တော့ဘူး 🙂

  • အလှမ်းကွာဝေးလှပေမယ့် သွားရည်ကျသွားပါတယ်အဘရေ…
    ဒီအနားတဝိုက်အာရှနိုင်ငံတွေတောင်မသွားနိုင်သေးပါဘု
    😥

  • lele kyi

    September 27, 2013 at 8:02 pm

    ပါဝါရိန်းဂျားဆန်တာကလော့လို ရေပေါ်ပျံချင်တယ်။ ခုပရောဂျက် ပိုင်ရှင်ဘက်မှာ သားပိုက်ကောင် အကြီးရယ်။အသေးရယ် ရှိတယ်။ အကြီးကတွေ့တိုင်းရေများများသောက်ဖို့ရယ်။အော်ဂင်းနစ်အသီးအရွက်တွေစားဖို့ရယ်။ Save the earth, save energy…ဘလာဘလာတွေအရမ်းပြောတာ။
    အသေးကတော့…မီတင်းမှာ သူ့ကိုဘုတောခဲ့တယ်။ ငြင်းခုန်ခြင်းအနုပညာလေ။ အလုပ်နဲ့ပတ်သတ်ပြီးငြင်းခုန်ကြပေမဲ့..ရန်သူတွေဖြစ်မသွားကြဘူး။ အဲ့လိုစိတ်ထားရှိသူတွေနဲ့အလုပ်လုပ်ရတာ အဆင်ပြေတယ်။

    • Foreign Resident

      September 28, 2013 at 12:41 pm

      lele kyi says:
      ” အကြီးကတွေ့တိုင်းရေများများသောက်ဖို့ရယ်။
      အော်ဂင်းနစ် အသီး အရွက်တွေ စားဖို့ရယ်။
      Save the earth, save energy…ဘလာဘလာတွေအရမ်းပြောတာ ”

      အဲဒါ ၊ ဩဇီ စတိုင် အစစ်ပဲလေ ( Green / Environmentalist တွေလေ ) ၊
      အဘ တောင် အနေကြာလို့ ၊ အဲဒီ စတိုင် တော်တော် ကူးနေပြီ ။

  • ခင် ခ

    September 27, 2013 at 9:03 pm

    X’mas Eve night မှာ ဟိုတယ်တည်းတော့ တည်းတဲ့သူတွေ အပြည့်ဘဲ နေမလားလို့ တွေးမိတယ်ဗျ။

    • Foreign Resident

      September 28, 2013 at 12:47 pm

      ခင် ခ says:
      ” X’mas Eve night မှာ ဟိုတယ်တည်းတော့ ၊
      တည်းတဲ့သူတွေ အပြည့်ဘဲ နေမလားလို့ တွေးမိတယ်ဗျ ”

      မဟုတ်ဘူး ကို ခင်ခ ရဲ့ ။
      Christmas ည မှာဆို သူတို့တွေက မိဘ အိမ်မှာ ဆုံကြတာဗျ ။
      အဲဒီ ည တွေမှာ ဟိုတယ်တွေမှာ လူ သိပ် မရှိဘူးဗျ ။

      ကျနော်တို့ မိသားစု နှင့် ရင်းနှီးတဲ့ ဩဇီ အဖွားကြီး ကတောင် ၊
      အဲဒီ Christmas ည ကျနော်တို့ သွားစရာ မိဘ အိမ် မရှိတော့ ( သနားသွားတယ် ထင်ပါတယ် ) ၊
      သူတို့ရဲ့ မိသားစု Christmas ညစာစားပွဲကို ဖိတ်သေးတယ် ။ သွားတော့ မသွား ဖြစ်ပါဘူး ။

  • မဟာရာဇာ အံစာတုံး

    September 28, 2013 at 11:47 am

    ကျော် …
    ဈာန်ရဒဲ့အခါ
    ဩဇီကို တွားလည်ဘာအုံးမယ်ဗျာ …
    ဗုတုတ တွက် သန်းကျူး ဘဘဂျီးးး

  • ကိုရင်စည်သူ

    September 28, 2013 at 4:19 pm

    ဩဇီလမ်းဘေးမှာ အိပ်နေသူက ဆင်းရဲလို့လား။ မူးပြီး အိပ်နေတာလား … အဘ..
    ဝတ်ထားစားထားတာတော့ ရူးဖိနပ်နဲ့.. ရန်ကုန်က ယောက်ျားလေး ရှော့ပင်ထွက်တာတောင်
    အဲ့လူ ဝတ်ထားတာ မမှီလောက်ဘူးရယ်..။ ချမ်းသာတဲ့ နိုင်ငံတွေမှာ လူဖြစ်တာကိုက
    လူဖြစ်ရနပ်ခြင်းတမျိုးပါလား..။ ။ စကားမစပ်.. အဘတို့တွေလည်း ခရီးတွေကပြန်လာ
    ရွာထဲအချိန်ပေး စာပြန်ရေးတော့… ရွာတော့ ပြန်စည်တော့မယ်.. ထင်ပနော့.. :mrgreen:

Leave a Reply