1235550_502759356482269_1151481821_n

 

 

းးး ပေးဆပ်နိုင်စွမ်းးးး

 

းးမင်း အပြုံးတွေကို
မလိုရာမှာ သိပ်မသုံးနဲ့ 
လောက   မှာ
လိုအပ်နေသူတွေ အများကြီး

းးရင်နင့်စရာကြေကွဲ
လူထဲကလူတွေ
ကိုယ့်ရင်မှာ တကယ်ငြိ
မချိအောင်နာ

းးအပြုံးလေး တစ်ချက်က
သူတို့ အတွက် အားဆေး
စကားလေး တစ်ခွန်းက
မမြင်ရတဲ့ အားလေး

းးနာကျင်ခံစား ဝေဒနာများ
ခန္ဓာက ပေးတဲ့ ဝေဒနာ
အသပြာ ဝေးတဲ့ ပြဿနာ
ဒီနေရာတွေမှာ
ဘာလို့  မနေနိုင်ကြတာလဲ
ဘာလို့  မဝေနိုင်ကြတာလဲ

းးလောကမှာ အသပြာက လွဲရင်
ပေးစရာ မရှိဘူး ထင်နေလား
မေတ္တာ ဂရုဏာ ကိုယ်ချင်းစာ
ပေးနိုင်တာတွေ
ပေး လိုက် ကြရအောင်ကွာ
ဘာမှမပေးနိုင်တောင်မှ
အသိတရားနဲ့ လမ်းညွှန်ပြ
နှလုံးသားထဲက
အပြုံးကိုပေးလိုက်
တသားထဲ ခံစား ဒါအင်အား..   လေ

းးမေတ္တာတရားတွေ စီးဆင်းသွား
အပြန်အလှန် အင်အား
အကြင်နာ များစွာ ။
……………………..
တနင်္ဂနွေနေ့ တွေ
ဆေးရုံမှာ ဆုံချင်တယ်
ကိုယ်ချိန်းတဲ့ နေရာက
မသာယာဘူး မလှပဘူး
ဒါပေမယ့်…..
………………..
မင်း အပြုံးတွေကို လိုအပ်တယ်

 

 

ကုမာရီ

 

( မဟာမြန်မာ )

 

About Mahar Myanmar

Mahar Myanmar has written 16 post in this Website..