ပေးဆပ်နိုင်စွမ်း

Mahar MyanmarSeptember 27, 20131min17915

 

 

1235550_502759356482269_1151481821_n

 

 

းးး ပေးဆပ်နိုင်စွမ်း းးး

 

းးမင်း အပြုံးတွေကို
မလိုရာမှာ သိပ်မသုံးနဲ ့
လောက   မှာ
လိုအပ်နေသူတွေ အများကြီး

းးရင်နင့်စရာကြေကွဲ
လူထဲကလူတွေ
ကိုယ့်ရင်မှာ တကယ်ငြိ
မချိအောင်နာ

းးအပြုံးလေး တစ်ချက်က
သူတို ့အတွက် အားဆေး
စကားလေး တစ်ခွန်းက
မမြင်ရတဲ့ အားလေး

းးနာကျင်ခံစား ဝေဒနာများ
ခန္ဓာက ပေးတဲ့ ဝေဒနာ
အသပြာ ဝေးတဲ့ ပြဿနာ
ဒီနေရာတွေမှာ
ဘာလို ့ မနေနိုင်ကြတာလဲ
ဘာလို ့ မဝေနိုင်ကြတာလဲ

းးလောကမှာ အသပြာက လွဲရင်
ပေးစရာ မရှိဘူး ထင်နေလား
မေတ္တာ ဂရုဏာ ကိုယ်ချင်းစာ
ပေးနိုင်တာတွေ
ပေး လိုက် ကြရအောင်ကွာ
ဘာမှမပေးနိုင်တောင်မှ
အသိတရားနဲ ့လမ်းညွှန်ပြ
နှလုံးသားထဲက
အပြုံးကိုပေးလိုက်
တသားထဲ ခံစား ဒါအင်အား..   လေ

းးမေတ္တာတရားတွေ စီးဆင်းသွား
အပြန်အလှန် အင်အား
အကြင်နာ များစွာ ။
……………………..
တနင်္ဂနွေနေ ့တွေ
ဆေးရုံမှာ ဆုံချင်တယ်
ကိုယ်ချိန်းတဲ့ နေရာက
မသာယာဘူး မလှပဘူး
ဒါပေမယ့်…..
………………..
မင်း အပြုံးတွေကို လိုအပ်တယ်

 

 

ကုမာရီ

 

( မဟာမြန်မာ )

 

15 comments

  • lele kyi

    September 27, 2013 at 10:32 am

    လေးစားပါတယ်ဆြာမဟာ။ အဲ့ဒါဘယ်ဒေသမှာလဲဟင်။ ဆေးလဲမကုတတ်ပြန်တော့..သူတို့ကိုပြုံးပြီး အားပေးစကားပဲပြောနိုင်တော့တယ်။ပိတ်ရက် ရန်ကုန်ပြန်ဖြစ်ရင် သွားနိုင်အောင်ကြိုးစားမယ်လေ။
    🙂

  • Mahar Myanmar

    September 27, 2013 at 12:55 pm

    မဟာရန်ကုန် မြို့တော် က … လှပတဲ့ မြောက်ဥက္ကလာပ ဆေးရုံ ကြီး ပဲ
    ဖြစ်ကြောင်း ပါ ခင်ဗျာ… ( ဓါတ်ပုံ ကို ပြော ပါ တယ် )

    ကိုယ် ပေး နိုင် တာ တွေ အများ ကြီး ပါ…အဲဒါ တွေ ကို ပေးတတ် ဖို့ နဲ့ ပေး
    ချင် ဖို့ ပဲ လိုတာ ပါ.. မလဲ့လဲ့ကြည်…

    • Foreign Resident

      September 30, 2013 at 8:10 am

      ” လှပတဲ့ မြောက်ဥက္ကလာပ ဆေးရုံ ကြီး ”

      ဟား ဟား ဟား ။
      ဆေး ( ၂ ) က ဆရာဝန်တွေ ရေလျှံနေကြပြီပေါ့ ။

  • Ma Ma

    September 27, 2013 at 1:21 pm

    ဆရာဝန်တွေ စည်းမစောင့်တာတွေကို ပြစ်တင်ပြောဆိုနေတာတွေကို ချေဖျက်လိုက်နိုင်တဲ့ ဓာတ်ပုံလေးတစ်ပုံပါပဲ။
    ဒီလိုဆရာဝန်တွေလည်း ရှိပါသေးတယ်ပေ့ါ။ 🙂

    ယာဉ်ထိန်းရဲကြီးတစ်ယောက် ရေက ရင်ခေါင်းလောက်ကြီးနေတဲ့နေရာမှာ ရပ်ပြီး လမ်းပြနေတဲ့ ပုံလေးလည်း ဟိုးးးး ရက်က ဖေ့စ်ဘုတ်မှာတွေ့လိုက်သေးတယ်။ 🙂

    • Foreign Resident

      September 30, 2013 at 8:38 am

      Ma Ma says:
      ” ဆရာဝန်တွေ စည်းမစောင့်တာတွေကို ပြစ်တင်ပြောဆိုနေတာတွေကို
      ချေဖျက်လိုက်နိုင်တဲ့ ဓာတ်ပုံလေးတစ်ပုံပါပဲ။
      ဒီလိုဆရာဝန်တွေလည်း ရှိပါသေးတယ်ပေ့ါ။ 🙂 ”

      Ma Ma ရဲ့ ဒီ ဓါတ်ပုံလေး နှင့်တော့ ၊
      ဆရာဝန်တွေ စည်းမစောင့်တာတွေကို ချေဖျက်လိုက်နိုင်စရာ အကြောင်း မရှိပါဘူး ။

      ၁ ။ ဒါ မြောက်ဥက္ကလာပ ဆေးရုံ / ဆေး ( ၂ ) / အစိုးရ ပြည်သူ့ ဆေးရုံ ကြီး ပေါ့နော် ။
      ဆရာဝန် / ဆေးကျောင်းသားတွေ ဖြစ်မယ် ။

      အစိုးရ ဆရာဝန် ။
      လစာ ( — က် ဆံ ) ယူထားပြီးရင်တော့ ၊ အလုပ် ( — က် လုပ် ) ကတော့ လုပ်ရမှာပဲ ။
      မလုပ်ချင်ရင် ထွက် ( အခု ထွက် ) ။ ဝမ်းသာ / ဝမ်းနည်း စရာ ၊ ကျေးဇူးတင်စရာ ( လုံးဝ ) မရှိ ။
      မလုပ်ချင်ရင် အလုပ် မလာနှင့် ။ ဆေးရုံအုပ်က သူ့ကို အလုပ်ဖြုတ် / နယ်ပြောင်း လိုက်မှာပဲ ။

      ကျောင်းသား ။
      ဘာမှ ပြောစရာ မရှိ ။ မတက်ချင် / မလုပ်ချင်လျှင် မလာနှင့် ။
      စာမေးပွဲ ကျမယ် ။ ကျောင်းထုတ်မယ် ။

      ဆိုလိုတာက ၊ ဆရာဝန်တွေ ရေထဲမှာ ( ရေထဲမှာ ) အလုပ်လုပ်နေရတယ် ။
      ( ရေထဲမှာ ) ကျန်းမာရေး အမြင် အရ မဖြစ်သင့်ဘူး ။
      သို့သော် ဆင်းရဲတဲ့ တိုင်းပြည်ဆိုတော့ တခါတရံ ဒီလို ခက်ခဲတဲ့ အခြေအနေ ဖြစ်နေမှာပဲ ။

      ဒါပေမယ့် ၊ ဒီကိစ္စ ဟာ ၊
      ပိုက်ဆံယူတယ် ၊ ဝန်ဆောင်မှု ပြန်ပေးတယ် ။ ဒါဘဲ ။
      ပြောရရင် ၊ ပုံမှန် ကိစ္စ ။

      အဲ ၊ ဒါပေမယ့် ။
      ဆရာဝန်တွေ စည်းမစောင့်တဲ့ ကိစ္စ ။
      ( ရိုင်းစိုင်းတာ ၊ ဝန်ဆောင်မှု အပြည့် မပေးတာ ၊ လာဘ်ယူတာ )
      ပြည်သူ ရဲ့ လစာ ( — ဆံ ) ကိုစားပြီး ပြည်သူ ကို ပေးသင့်တဲ့ ဝန်ဆောင်မှု မပေးတဲ့ ကိစ္စ ။
      ဒီ ကိစ္စ က အပေါ်ကလိုမျိုး ပုံမှန် ကိစ္စ မဟုတ်တော့ဘူး ။
      ဖေါ်ထုတ် အပြစ်တင် အရေးယူရမယ့် ကိစ္စ ။

      အဲဒီတော့ကာ ၊ ပုံမှန် သူ့အလုပ် သူလုပ်နေတာလေးကို ထောက်ထားပြီး ၊
      စည်းမစောင့်တာတွေကို ချေဖျက်စရာ မလို / မသင့် ပါဘူး ။

  • Mahar Myanmar

    September 27, 2013 at 1:55 pm

    ဆရာဝန် ကတော့ ရေကြီးကြီး မိုးရွာရွာ လူနာ ကို ကု နေမှာ ကို ယုံမှား သံသယ မရှိပါဘူး..
    တာဝန် ကို ထမ်းဆောင် ကြရမှာ ပါ ။
    ဆေးရုံ ထဲ ထိ ရေ ရောက် ရတဲ့ …ဖြစ် ရပ် ကတော့..
    တစ်မျိုး ပဲ..လူနာ တေါ တော့ ဒုက္ခ…

  • surmi

    September 27, 2013 at 2:07 pm

    ​ဆေးရုံမှာဆုံမယ်​…တဲ့
    ​ဆေးထိုးခံရမှာ​ကြောက်​လို့မလာရင်​ဘယ်​လိုလုပ်​မလဲ ..

    ​နောက်​တာပါ ….
    ဒီသ​ဘောမျိုး​လေး​တွေ လူတဝက်​​လောက်​ထားနိုင်​ရင်​​ကောင်​းမှာ​နော…

    • Mahar Myanmar

      September 27, 2013 at 3:15 pm

      အပြုံး က တန်ဘိုး ကြီး ပါတယ်
      ကိုယ်အတွက် ဘာ မှ မပင်ပန်း ပေမယ့်
      အခြား တစ်ဘက် မှာ..
      ထိရောက်တယ် ..

  • မဟာရာဇာ အံစာတုံး

    September 27, 2013 at 2:22 pm

    လူကို မြင်သည်
    ရေတွေကိုလည်း မြင်ပါသည်။

    ဟိုတလောကပဲ
    ပညာသင်ရာ တည်နေရာမှာ
    ရေတွေ ဝင်တာ မြင်ရသည်။

    အဓိက ကျန်းမာရေးနဲ့ ပညာရေး နေရာတွေမှာ
    ဒီလို ဒီလို ဖြစ်နေတာ မဖြစ်သင့်ပါဟုလည်း ထင်မိပြန်သည်။

    ဘာဖြစ်ဖြစ် ဒါ့ပုံထဲက ဆြာဝံဒွေဂိုဒေါ့ ဘောကျမိဘာတီ … ကွီကွီ …

  • Mahar Myanmar

    September 27, 2013 at 3:17 pm

    ကျောင်း တွေ ဆေးရုံ တွေ ..ရေ ဝင် ပြီး ရင်
    နောက် အပါတ် ရဲစခန်း တွေ တရား ရုံး တွေ
    ရေ ဝင် ဖို့ အစီအစဉ် ရှိနေကြောင်း
    သတင်း အတိ အကျ ရရှိ ထား ပါသည် ကိုအံစာ..

  • Crystalline

    September 27, 2013 at 3:53 pm

    အဲလိုနေရာမျိုးရေလျှံတာ တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်.. စက်ကိရိယာရှိတဲ့အခန်းတွေဆိုဘိုလိုလုပ်မလဲမသိ 🙄 မြန်မာဘီယာလည်းဆာဝန်လား?

    • Mahar Myanmar

      September 27, 2013 at 4:43 pm

      ဆေးထိုး အပ် ကိုင် ပြီး သူတစ်ပါးအသား အပေါ် ထိုးရဲ လောက် အောင်
      မရက်စက် ရဲပါဘူး ဗျာ…ကြောက်တယ် လေ…
      ဟီးဟီး..
      နောက်ဘဝ ဆို ဖြစ်မလား ပဲ …

  • kyeemite

    September 28, 2013 at 9:09 am

    ဓါတ်ပုံအမိအရရိုက်ထားတာကောင်းသဗျာ…
    လေးစားလောက်စရာဆရာဝန်တွေ ဒုနဲ့ဒေးပါဗျာ
    စုံးပြူး ဆိုတာတော့ ဘယ်လောကမဆိုရှိမှာပေါ့။

  • အလင်းဆက်

    September 29, 2013 at 10:08 pm

    ချစ်သူရေ.
    ကျေးဇူးပြုပြီင်္း…
    နည်းနည်းလေးဖြစ်ဖြစ်.ပြုံးပြပါလား..
    အချစ်မှာ…
    မျှော်လင့်ချက် လိုတယ်လေ….

    မနော်ဟရီ

  • တညင်သား

    September 29, 2013 at 11:04 pm

    ဒဲ့ပုံကသေးတော့ ရေကိုမတွေ့မိဘူးရယ်… ချာဝံတွေလဲ ခိုယီးရား တွေလို ခေတ်မှီမှီ အတိုတွေ ဝတ်လို့ပေါ့…
    ကွန်မန်းတွေဖတ်ကြည့်မှ ရေတွေမှန်းသိရတာရယ်…သတင်းဒဲ့ပုံပဲနော့

    အော် .. ဒါနဲ့ကဗျာလေးက လန်းတယ်လို့ပြောပါရစေ….

Leave a Reply