ကဲ..မေးခွန်းလေးတွေ ဖြေကြည့်မယ် ၂…

lu ta loneAugust 4, 20101min1459

ပထမဆုံး မေးခွန်းကတော့ “ငဖြူဖင် ငနီလျှက် ငဖြူအရည်ထွက်” အဲဒါ ဘာကိုဆိုလိုတာပါလဲ…?

ဒုတိယကတော့ “ခံရတဲ့သူက ပက်လက်၊ လုပ်တဲ့သူက ကုန်းကုန်း၊ မဆန့်ရင် ဖြဲသွင်း၊ ရ ရက်ကြာရင် ချောင်သွားရော” အဲဒါကရော ဘာကို ဆိုလိုချင်တာပါလဲ…?

တတိယမေးခွန်းလေးကတော့ “မကိုင်ဘဲနဲ့ ပူမှန်းသိတယ်… ကိုင်ကြည့်တော့လည်း လက်ကို အပူမလောင်တာပါ      ဘာလဲ…?”

ဒီတခေါက်လဲ ကြိုးစားဖြေပေးကြပါဦး…

အဖြေမှန်ရကြမယ်လို့ မျှော်လင့်ပါတယ်… 😀

9 comments

  • sususan

    August 4, 2010 at 8:28 am

    အင်း ခက်တယ်..ဘာတွေမေးမှန်းမသိဘူး..အဖြေကိုစောင့်မျှော်နေတယ်နော်

  • lu ta lone

    August 4, 2010 at 9:12 am

    ဟားဟား… sususan ရယ် … ခက်ပါဘူးဗျာ…
    ဖြေကြည့်ပါ… နည်းနည်းလေးတွေးကြည့်ပါ… လွယ်ပါတယ်…

  • winne

    August 4, 2010 at 9:25 am

    ဘယ်က စတွေးရမှန်းမသိလို့ ဟီးဟီး ဘာအသံမှ မပေးဘဲ ငြိမ်နေတာ

  • intro

    August 4, 2010 at 9:31 am

    ပထမမေးခွန်းက ရေနွေးအိုး တည်တာလား?

  • cobra

    August 4, 2010 at 10:56 am

    မေးခွန်းတွေကကြောက်စရာကောင်းလိုက်တာ..
    သားသားရှက်တယ်…
    ဘာတွေလဲ…
    အဖြေလဲမသိဘူး…။

  • intro

    August 4, 2010 at 12:16 pm

    တတိယမေးခွန်းက ငရုတ်သီးလား ဟင်

  • etone

    August 5, 2010 at 10:17 am

    ဘာတွေမှန်းမသိဘူးဟယ် ။

  • 18aungphone

    October 21, 2011 at 6:28 pm

    ပထမမေးခွန်းက ဖယောင်းတိုင်ထွန်းတာက်ိုပြောထားတာထင်ပါတယ်
    ဒုတိယမေးခွန်းတော့မသိဘူး
    တတိယမေးခွန်းကတော့ intro ပြောတဲ့ ငရုတ်သီးလို့ပဲထင်ပါတယ်

Leave a Reply