ဖတ်စေချင်တာလေးတွေ။

Kyi LwinSeptember 27, 20131min983

မင်္ဂလာပါ မန်းဂေဇက်ရွာ။

အခုလည်းဖတ်စေချင်တာလေးကူးပေးရပြန်သပေါ့။

ဖတ်ပြီးသားလူတွေရှိလည်းခွင့်လွှတ်တော်မူကြပေရော့။

ကြည်လွင်

ရန်ကုန်မြိုံ။

 

မြန်မာနိုင်ငံနဲ့စစ်တပ်အာဏာသိမ်း။

ဆရာကြီးဦးဝင်းတင်ရဲ့ ခေတ်စကားအစီအစဉ်မှာ အခုတပတ်
“မြန်မာနိုင်ငံနဲ့ စစ်တပ် အာဏာသိမ်း” တဲ့ကိစ္စအကြောင်း စုစည်းတင်
ပြထားတာကို RFA မှတဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။
ဒီအပတ်တော့ ၁၉၈၈ တုန်းက အာဏာသိမ်းတဲ့ကိစ္စကို ပြော
ချင်တယ်ဗျ။
အခု ကျနော်တို့တိုင်းပြည်မှာ အာဏာသိမ်းတဲ့ ရက်ပိုင်းကို
ရောက်တဲ့အချိန်မှာ ဦးသိန်းစိန်ဘက်ကနေပြီးတော့ သမ္မတဘက်က
နေပြီးတော့ လှုပ်လှုပ်ရှားရှားလုပ်လာတာတွေရှိတယ်ဗျ။ ဥပမာဆိုပါ
တော့ ဒေါ်စုကိုတွေ့တယ် ဟိုရက်တွေတုန်းက၊ တခါ ဒေါ်စုနဲ့ထပ်ပြီး
တော့ ဒီရက်အတွင်းမှာတွေ့ပြန်တယ်။ နောက်တခါ ရှစ်လေးလုံး
ကျောင်းသားတွေ မင်းကိုနိုင်တို့ ကိုကိုကြီးတို့စသည်ဖြင့်ပေါ့ဗျာ ဒီလူ
တွေကိုလည်း ခေါ်ပြီးတော့တွေ့တယ်။
ဆိုလိုတာက ဘာလည်းဆိုတော့ ဒီကိစ္စတွေကလုပ်တာက
တိုက်ဆိုင်နေတာလား၊ အာဏာသိမ်းတဲ့ရက်ကလေးကို ကပ်ပြီးတော့
အဲဒီအာဏာသိမ်းတဲ့ကာလတုန်းက ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေ ဘာတွေ
နဲ့ကို တွေ့ဆုံပြီးတော့ ဆွေးနွေးတယ်လိုလို ဘာလိုလိုဆိုတာမျိုး ပြဖို့
လုပ်သလားလို့ ကျနော်တို့စဉ်းစားဖို့လိုတယ်လို့ ထင်တယ်ပေါ့။
ဘာဖြစ်လို့လဲဆိုတော့ သမ္မတနားကလူတွေက အရင်တုန်းက
တော့ ဦးကျော်ဆန်းတို့ဘာတို့ ရှိတဲ့အချိန်တုန်းကတော့ မီဒီယာကို မီဒီ
ယာနဲ့တိုက် ဆိုပြီးတော့ သဘောထားတွေပေါ်ခဲ့တာတွေ ရှိခဲ့တယ် ပေါ့၊
အခုကျတော့ လူထုကို မီဒီယာနဲ့တ်ိုက် ဆိုတာများ သဘောထားများ
ပေါ်နေလားမသိဘူးဗျ၊ မီဒီယာမှာ ခဏခဏ သူ့မှာပြဿနာများရှိတဲ့
အခါ၊ သို့မဟုတ်လည်း တိုင်းပြည်မှာပြဿနာရှိတဲ့အခါ အမြဲတမ်းသူ
က မီဒီယာကနေ သတင်းလွှင့်တာတို့ အနံ့ပေးတာတို့ ဒီလိုဟာမျိုးတွေ
အမြဲတမ်းလုပ်နေတယ်ဗျ၊ အဲဒီတော့ အဲဒါလည်း ဒါ ကျနော့ရဲ့သံသယ
ရှိတဲ့ကိစ္စပါ၊ ထားပါတော့ဗျာ။
ကျနော်ပြောချင်တာကတော့ အာဏာသိမ်းတဲ့ကိစ္စဘဲ ပြောချင်
တယ်၊ ၅၈ တုန်းက အာဏာသိမ်းတာ၊ ဒါ အာဏာသိမ်းတယ်ဘဲခေါ်ရ
မှာဘဲ။ အိမ်စောင့်အစိုးရ ပေါ်တဲ့ဟာပေါ့။ အာဏာလွှဲပြောင်းပေးတယ်
ပေါ့ဗျာ။ နောက်တခါ ၆၂ မှာအာဏာသိမ်းတာပေါ်တယ်၊ ၁၉၈၈ အာ
ဏာသိမ်းတာပေါ်တယ်။
အဲဒီတော့ အဲဒီအာဏာသိမ်းတာတွေပေါ်တဲ့နေရာမှာ အမြဲ
တမ်းအကြောင်းပြချက်က တိုင်းပြည်ကြီးကဂျောက်ထဲကျတော့မယ်၊
စစ်တပ်ကနေပြီး ကယ်လိုက်ရတယ်ဆိုတာ၊ အမြဲတမ်းလုပ်တယ်ဗျ။
အဲဒီတော့ ကောင်းပြီ၊ စစ်တပ်က ကယ်တာလား၊ စစ်တပ်ကနေပြီး
တော့ သူတို့အာဏာသိမ်းဖို့အတွက်ကို အစီအစဉ်လုပ်ထားပြီးတော့
နည်းနည်း တိုင်းပြည်မှာ အဲလိုဟာတွေအရေးဖြစ်နေပါပြီ ပေါ်အောင်
လို့ သူတို့က တံခါးဖွင့်ပေးပြီးတော့ သူတို့က အာဏာဝင်သိမ်းတာလား၊
ဒါလည်းကျနော် အများကြီး စဉ်းစားစရာရှိတယ်ပေါ့ဗျာ။
အခုဒီနေ့အခြေအနေနဲ့ဆက်စပ်ပြောရရင် တိုင်းပြည်မှာဒီနေ့
ပေါ်နေတဲ့ ဘာသာရေးတို့ လူမှုရေးတို့ဆိုတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်
ပြီးတော့ အမှန်အတိုင်းက သူတို့ဖန်းတီးနေတယ်ဆိုတဲ့ သတင်းတွေ
ကရှိတယ်ဗျ။ ဒီလိုအခြေအနေတွေကြောင့်ဘဲ တိုင်းပြည်ကို သူတို့က
နေပြီးတော့ ကယ်တင်ရမယ့်အနေအထားမျိုးရှိမယ်၊ တိုင်းပြည်ဟာ
နောက်ကြောင်းပြန်မယ့်အနေအထားမျိုးရှိတယ်ဆိုတဲ့ သတင်းမျိုးတွေ
လည်းတွေ့နေတယ်။
ဒီအချိန်ကတည်းကတိုက်ဆိုင်တယ် စဉ်းစားလိုက်တဲ့အခါမှာ ဒီ
အာဏာသိမ်းမှုလုပ်တိုင်း လုပ်တိုင်း သူတို့မှာအမြဲတမ်းရှိတဲ့အကြောင်း
အရာက ဘာလည်းဆိုတော့ ဒီ တိုင်းပြည်ကြီးက ဂျောက်ထဲကျတော့
မယ်၊ ဒါကြောင့် အဲဒါကြောင့် သူတို့ကနေ ကယ်တင်ရတယ်ဆိုတဲ့ဟာ
မျိုး ပြောခဲ့တယ်ပေါ့ဗျာ။
သို့သော်အဲဒါတွေအကုန်လုံးဟာ တခါတလေကျတော့ လူတစု
ကနေပြီးတော့ သူတို့ဟာသူတို့ သို့မဟုတ်လည်း စစ်တပ်ထဲမှာရှိတဲ့
Plan လုပ်တဲ့၊ စီမံကိန်းတွေချတဲ့ အဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကနေပြီး
တော့ လုပ်သွားတယ်ဆိုတာတွေရတယ်။ ကျနော်တို့ ဒီ ၈၈ အာဏာ
သိမ်းတဲ့ကိစ္စမှာ ဦးနေဝင်းဆီကို ဗိုလ်ခင်ညွန့်သွားတယ်ဆိုတဲ့ဟာတွေ
က သတင်းရှိတယ်ဗျ။
အခုမကြာခင်တုန်းက ဗိုလ်ခင်ညွန့်ထုတ်ပြောတဲ့စကားတွေ ထဲ
မှာ အဲဒါတွေပါတယ်၊ ဦးနေဝင်းဆီသွားပြီးတော့ အသိပေးတယ်၊ ဦး
နေဝင်းကနေပြီးတော့ မင်း ငါ့ဆီကို အသိမပေးနဲ့အုန်း လူကြီးတွေကို
သွားအသိပေးအုန်းဆိုတဲ့ဟာ နောက်တနေ့မှာလာခဲ့ ဆိုတာမျိုးတွေ
ပြောတယ် ဘာညာဆိုတဲ့အခါကျတော့ ဒါဖြင့်ရင် ဦးနေဝင်းကနေပြီး
တော့ အာဏာသိမ်းဖို့အတွက်ကို လမ်းကြောင်းပေးနေတာလား၊ သို့မ
ဟုတ်ရင် ဗိုလ်ခင်ညွန့်တို့ကနေပြီး ထောက်လှမ်းရေးကနေပြီးတော့
အာဏာသိမ်းဖို့လုပ်တာလား။
ဆိုတော့ တကယ်အာဏာသိမ်းတဲ့အထဲမှာပါတဲ့ ဦးစောမောင်
တို့ ဗိုလ်သန်းရွှေတို့ဆိုတဲ့လူတွေအခန်းကဏ္ဍကပျောက်နေတယ်၊ အ
လားတူဘဲ အဲဒီခေတ်တုန်းက နံမည်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးများပေါ့ဗျာ၊ စစ်
ဗိုလ်ကြီးများ အဲဒီဟာက ပျောက်နေပြီးတော့ ထောက်လှမ်းရေးနဲ့ ဗိုလ်
ခင်ညွန့်နဲ့ ဦးနေဝင်းတို့လုပ်သွားတဲ့ဟာဘဲ၊ အဲဒီအထဲမှာ ဒီဇာတ်လမ်း
ကြီးက အာဏာသိမ်းတယ်ဆိုတဲ့ကိစ္စဟာ ပေါ်လာတယ်လို့ ကျနော်က
ပြောချင်ပါတယ်။
အမှန်အတိုင်းပြောရရင် စစ်တပ်က ဒီသူတို့လွယ်လွယ်ကူကူ
သူတို့လက်ထဲမှာရှိတဲ့ ပစ္စည်းတစ်ခုကို ယန္တရားတစ်ခုကို သူတို့က သံ
ပါတ်ပေးလိုက်တယ်၊ ခလုတ်ဖြုတ်လိုက်တယ်၊ လွှတ်ပေးလိုက်တယ်၊
သွားတယ်ဆိုတဲ့ ဒီလိုပုံစံများဖြစ်နေသလားလို့ ကျနော်တို့တွေ့ရတယ်။
အဲဒီလိုဆိုလို့ရှိရင် တိုင်းပြည်မှာ ဒီအာဏာသိမ်းတဲ့အန္တရာယ်တွေဟာ
အမြဲတမ်း ရှိနေတယ်လို့ပြောချင်ပါတယ်။ ဒါတစ်ခုပေါ့။
ဒါဖြင့်ရင် ကောင်းပြီ၊ ဒီအာဏာသိမ်းမှုတွေကို လူထုကဘယ်
လိုသဘောထားလဲဆိုတဲ့အခါကျတော့ လူထုကအမြဲတမ်းငြင်းပယ်နေ
တယ်၊ အဲဒီငြင်းပယ်မှုဟာ ၁၉၈၈ အာဏာသိမ်းတာကို ငြင်းပယ်ခဲ့တာ
တင်မကဘူး အဲဒီအာဏာသိမ်းပွဲနဲ့ဆက်တိုက် လူထုရဲ့ငြင်းပယ်မှုတွေ
ဟာ အကုန်လုံးတောက်လျှောက်ပေါ်နေတယ်လို့ ကျနော်ပြောချင်ပါ
တယ်။
လူထုကစစ်အာဏာသိမ်းတဲ့ဟာတွေ သူတို့မလိုချင်ဘူး၊ နိုင်ငံ
ရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းပါလို့ အမြဲတမ်း တောင်းဆိုနေတဲ့
အတိုင်းဘဲ နိုင်ငံရေးနည်းနဲ့ရှင်းနိုင်အောင် နိုင်ငံရေးအဖွဲ့အစည်းတွေ
ကပုဂ္ဂိုလ်တွေ ပါဝင်ရမယ်၊ အဲဒီပုဂ္ဂိုလ်တွေနဲ့ဘဲ တိုင်းပြည်မှာ ပြဿနာ
တွေရှင်းဖို့ လက်ရှိတက်နေတဲ့အစိုးရပေါ့ဗျာ၊ ဥပမာဗျာ နမူအားဖြင့်
September 22, 2013 Voice of Burma 937 Page
pmrsufESm 6 rS
ပြောမယ်ဆိုရင် သူတို့ကနေပြီးတော့ ဒီလူထုကငြင်းပယ်တဲ့အခါကျေ
တာ့ ဘာလုပ်ပေးလဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲလိုဟာမျိုးလုပ်ထ
ည့်လိုက်တယ်။
၁၉၉ဝ ရွေးကောက်ပွဲလိုဟာမျိုး လုပ်ထက်လိုက်တဲ့အခါကျ
တော့ လူထုက တခါတည်း ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်
တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တခဲနက် မဲပေးချလိုက်တယ်၊
ဒါဘာပြလဲဆိုတော့ လူထုကနေပြီးတော့ စစ်တပ်အာဏာသိမ်းခြင်းကို
ငြင်းပယ်တယ်ဆိုတာကို ပြတာဘဲ၊ အဲဒီအခါမှာဘာလုပ်လဲ ဗိုလ်ချုပ်မှူး
ကြီးစောမောင်က လက်မြှောက်သွားတယ်ဗျ။
စစ်တပ်ဟာ ပြည်သူလူထုကရွေးကောက်တင်မြှောက်တဲ့ဟာေ
တွကို အာဏာလွှဲပေးပါမယ်၊ ဒါမှမဟုတ်ရှိရင်လည်း အဲဒီလူထုကဘဲ
အခြေခံဥပဒေတို့ဘာတို့ ရေးဆွဲပါဆိုတာအထိကို တါတည်းအကုန်လုံး
ကို အိပ်သွန်ဖာမှောက်ကို လက်မြှောက်ပြီးတော့ကိုပြောလိုက်တာ၊ သို့
သော် အဲဒီလူကိုသူတို့က ရှုးတယ်တို့ဘာတို့ဆိုပြီးတော့ ဗိုလ်သန်းရွှေ
တို့ဘာတို့ တက်လာတယ်ပေါ့ဗျာ။ ၉၂ လောက် တက်လာတာ။
အလားတူဘဲ နောက်တစ်ခုက ဘာလဲဆိုရင် သူတို့ထပ်ပြီး တော့
ကျူးလွန်လိုက်တဲ့ပြစ်မှုတွေဟာ ဒီပဲယင်းလို နို်င်ငံတော်လုပ်ကြံမှုလို
ဟာမျိုးကြီး ဖန်တီးတယ်ဗျာ၊ အဲလိုလုပ်ကြံဖန်တီးတဲ့အခါကျတော့ လူ
ထုကငြင်းဆန်တာဘဲ၊ နောက် သုံးနှစ်နှစ်နှစ်ကြာတယ်ဗျ၊ လူထုအုံကြွ
မှုက တဖြည်းတဖြည်းပေါ်လာပြီ၊ နောက်ဆုံးပိတ်ကျတော့ ရွှေဝါရောင်
အရေးတော်ပုံလိုဟာမျိုးအထိ ပေါ်လာတယ်၊ အလားတူဘဲ နှိမ်နှင်း
ရေးဟာ သိပ်ပြီးတော့မဟန်တဲ့အခါကျတော့ ၂၀၁ဝ ရွေးကောက်ပွဲဆို
တာကျင်းပတယ်။
၂၀၁ဝ ရွေးကောက်ပွဲကျင်းပတဲ့အခါကျတော့လည်း လူထုက
ငြင်းပယ်တာဘဲ၊ ငြင်းပယ်တဲ့အခါကျတော့ ဘာလုပ်ရလဲဆိုတော့ ဥပ
မာဆိုပါတော့ မြစ်ဆုံလိုကိစ္စမျိုး၊ လူထုကသဘောမကျတဲ့ကိစ္စပေါ့ဗျာ၊
လျော့ပေးတာတို့၊ နောက်တစ်ခါထပ်ပြီးတော့များ လူထုဆန္ဒကို တန
ည်းနည်းနဲ့အလှည့်အပြောင်းလုပ်လို့ ရမလားဆိုပြီးတော့ ၂၀၁၂ ခုနှစ်
ကြားဖြတ်ရွေးကောက်ပွဲလိုဟာမျိုးလုပ်တယ်၊ အဲဒီမှာလည်း လူထုက
နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်တဲ့ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်ကို တခဲနက် မဲပေးလိုက်တယ်။
ဒါတွေဟာဘာပြလဲဆိုတော့ လူထုဟာ အမြဲတမ်း စစ်အာဏာ
သိမ်းမှုကို ငြင်းဆန်တယ်၊ ငြင်းပယ်နေတယ်၊ သူတို့ဟာ နိုင်ငံရေးအား
ဖြင့် ပုံသဏ္ဍာန်တစ်မျိုးနဲ့ လှည့်ကွက်တစ်မျိုးနဲ့ အပြုသဘောဆောင်
တယ်ပြောပြော၊ စစ်တပ်ရဲ့စိတ်ကောင်း စေတနာကောင်းဘဲပြောပြော
ဒို့ တိုင်းရေးပြည်ရေးကို ကြည့်တယ်ဘဲပြောပြော ဒီလိုပုံစံမျိုးတွေ လုပ်
ပြတဲ့အခါမှာလည်း ပြည်သူထုက အမြဲတမ်း သူတို့ရဲ့လုပ်ရပ်တွေကို
ဆက်ပြီးတော့ ငြင်းပယ်တယ်လ်ို့ဘဲ ကျနော်ပြောချင်ပါတယ်။
အဲဒီတော့ စစ်တပ်ကဘယ်လောက်အထိ ဩဇာကြီးလဲ အာ
ဏာကြီးလဲ၊ စစ်တပ်ဟာ စေတနာဘယ်လောက်ရှိလဲ ဆိုတာတွေ
ဘယ်လောက်ဘဲပြောပြော လူထုရဲ့ဆန္ဒသဘောထားကတော့ တိုင်း
ပြည်မှာ ခေတ်ယာဉ်ကျေးမှုအရ တွန်းရလိမ့်မယ်၊ စစ်တပ်လူတွေက
အကုန်လုံး နေရာတိုင်းကြီးထားလား၊ ဘယ်သံတမန်ကြည့်ကြည့် စစ်
ဗိုလ်တွေ စစ်သားတွေ ဗိုလ်ချုပ်တွေ နောက်တစ်ခါ စီးပွားရေးလုပ်ငန်း
တွေမှာကြည့် သူဌေးတွေ၊ ခရိုနီတွေ အဲဒါတွေက စစ်ဗိုလ်စစ်သားနဲ့
နွယ်တဲ့လူတွေ၊ တိုင်းပြည်ရဲ့နိုင်ငံရေးကိုကြည့်မလား၊ လွှတ်တော်ထဲ
ယနေ့လက်ညှိုးထိုး စစ်တပ်ကလားလို့မေးရင်၊ ရှိသမျှလူက အကုန်လုံး
လိုလို ဟုတ်ပါတယ် စစ်တပ်နဲ့နွယ်ပါတယ်လို့ ပြောရမယ့်လူတွေချည်း
ဘဲ ဖြစ်နေတယ်။
အဲဒီတော့ စစ်ယဉ်ကျေးမှုအရတော့ သူတို့ကတည်ဆောက်
ထားပြီးဖြစ်နေတယ်၊ အဲဒီစစ်ယဉ်ကျေးမှုနဲ့တည်ဆောက်ထားတဲ့အ
တွက် ကျနော်တို့ တိုင်းပြည်မှာ အချိန်မရွေး အာဏာသိမ်းနိုင်တယ်၊
သိမ်းဖို့ရှိတယ်၊ အခြေခံဥပဒေမှာ ဘယ်လောက်ဘဲ အာဏာသိမ်းနိုင်
တဲ့ အနေအထားတွေ ဖန်တီးထားထား မထားထား အာဏာသိမ်းနိုင်တဲ့
အနေအထား ရှိခြင်း မရှိခြင်းဟာ သူတို့စစ်အသိုင်းအဝိုင်း အဲဒါကြီး
တစ်ခုလုံး ဘယ်လောက်အထိ ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားသလဲ
ဆိုတဲ့အပေါ်မှာတည်တယ်။
အဲဒီတော့ အဲဒီဟာနဲ့ပတ်သက်လို့တော့ လူထုကတော့ ဆက်
ငြင်းဆန်အုန်းမှာဘဲ၊ ၈၈ တုန်းက အာဏာသိမ်းတာကို ပြည်သူဘူထု က
ငြင်းဆန်သလိုဘဲ ဒီနေ့ စစ်တပ်ကနေပြီးတော့ အာဏာသိမ်းနိုင်သေး
တယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးကိုလည်း လူထုက ဆန့်ကျင်နေတာဘဲ၊
ငြင်းဆန်နေတာဘဲလို့ ပြောချင်ပါတယ်။ အဲဒီနေရာမှာ မင်းကိုနိုင်ပြော
သွားတဲ့စကား ကျနော်သဘောကျတယ်။
ဒီ အာဏာသာသိမ်းလို့ကတော့ ၈၈ တုန်းကစိတ်ဓာတ်နဲ့ ဆက်
ပြီးတော့ ရှင်သန်နေတဲ့ ဒီနေ့ပြည်သူလူထုဟာ ကိုယ့်ရဲ့အခွင့်အရေးကို
ရစပြုပြီ၊ အဲဒီအခွင့်အရေးကို ငါတို့အချိန်မရွေး လက်လွတ်မခံနိုင်ဘူး၊
ဒီအခွင့်အရေးတွေကို ငါတို့ ကျင့်သုံးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အခိုင်အ
မာရပ်တည်နေတဲ့လူထုဟာ ကျနော်ထင်တယ် ဒီနေ့ စစ်တပ်အာဏာ
သိမ်းရင်လည်း ၁၉၉ဝ တုန်းက ငြင်းပယ်တဲ့အနေအထားမျိုးနဲ့ဘဲ တခဲ
နဲ့ ငြင်းပယ်အုန်းမှာဘဲလို့ ကျနော် နိဂုံးချုပ်ချင်ပါတယ်ခင်ဗျာ။

 
RFA/ pufwifbm 16 ? ?

မြန်မာ-အိနိ္ဒယနှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ စစ်တွေဆိပ်ကမ်း ကုလားတန် ဘက်စုံစီမံကိန်း

နဲ့ပတ်သက်ပြီး ချင်း၊ ရခိုင်တိုင်းရင်းသားပါတီများနဲ့ အရပ်ဖက်လူမှုအဖွဲ့အ
စည်းခေါင်းဆောင်တွေဟာ အိနိ္ဒယအစိုးရနဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံ
ဆွေးနွေးမယ်လို့ သိရပါတယ်။
အိနိ္ဒယအစိုးရနဲ့ ပါလီမန်က စီမံကိန်းတဝိုက်က ဒေသခံတွေရဲ့
အမြင်နဲ့ အခက်အခဲတွေကို သိလိုတာကြောင့် အခုလို ဖိတ်ကြားခဲ့
တာဖြစ်ပြီး လာမယ့်စက်တင်ဘာလ ၁၈ ရက်နေ့မှာ အိနိ္ဒယနိုင်ငံကိုသွား
ရောက်ဆွေးနွေးမယ်လို့ ချင်းအမျိုးသားပါတီဥက္ကဌ ဦးဇိုဇမ်က အခုလို
ပြောပါတယ်။
“အဓိကကတော့ ချင်းပြည်နယ်မှာ ကုလားတန်မြစ် ဖွံ့ဖြိုးရေး
ကိစ္စရှိတယ်၊ နောက်ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စတွေကို အိနိ္ဒယ
အစိုးရအနေနဲ့ ကူညီထားတာရှိတယ်၊ ကမBာ့စံချိန်စံညွှန်းနဲ့ ညီတဲ့ဟာ
မျိုးဆို လက်မခံနိုင်စရာမရှိပါဘူး။
အထူးသဖြင့် ချင်းဒေသတွေမှာ လူတွေက ဘာမှသိတဲ့လူတွေ
မဟုတ်ဘူးဆိုပြီးတော့ လုပ်လို့တော့မရဘူးပေါ့ဗျာ၊ အခုတော့ တစ်
ယောက်စ နှစ်ယောက်စ သိတဲ့လူပေါ်လာတဲ့အခါကျတော့ အဲဒါတွေ
သူတို့က အများကြီးသတိထားရမယ့်ဟာပါ”
အိနိ္ဒယအစိုးရနဲ့ ဆွေးနွေးဖို့အတွက် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ RNDP နဲ့ ချင်းအမျိုးသားပါတီ CNP ပါတီက
ဥက္ကဌတွေ လိုက်ပါသွားမှာဖြစ်ပါတယ်။ ကုလားတန်ဘက်စုံ စီ
မံကိန်းမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် စစ်
တွေမြို့အထိ ဖေါက်လုပ်မယ့် ကားလမ်း၊ စစ်တွေရေနက်ဆိပ်ကမ်း၊
စက်ရုံအလုပ်ရုံတွေလည်း ပါဝင်ပါတယ်။

3 comments

  • surmi

    September 27, 2013 at 2:48 pm

    ဖတ်​ဖူး​ပေမယ်​့ ​နောက်​တစ်​ခါ​ပေါ့ဗျာ 🙂

  • မဟာရာဇာ အံစာတုံး

    September 27, 2013 at 3:21 pm

    ဖတ်စေချင်တယ်ဆိုတော့
    ဖတ်လိုက်ဘာဒယ် ….
    ဖတ်ပြီးတော့လည်း
    ဖတ်ပီးတွားဒယ်ပေါ့ဗျာ ….
    :mrgreen:

  • TNA

    September 29, 2013 at 6:33 pm

    ဖတ်သွားပါတယ်။ :mrgreen:

Leave a Reply