အလွန်ဖတ်သင့်သော စာ။

Kyi LwinSeptember 27, 20131min804

သီတဂူဆရာတော်ကြီးရဲ့ အလွန်ဖတ်သင့်သော Note လေးပါ ==================================

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သီတဂူဆရာတော်ကြီးရဲ့ အလွန်ဖတ်သင့်သော Note လေးပါ ……။ ♠ အဆုံးထိဖတ်ဖြစ်အောင်ဖတ်ပေးကြပါ။ ————————————————————————————–

” အပြင်ကမာ္ဘကြီးရဲ ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ …
အတွင်းကမာ္ဘ Inidividual World တစ်ယောက်ဆီ တစ်ယောက်ဆီနဲ့ ဆိုင်တဲ့ကမာ္ဘရဲ ့ငြိမ်းချမ်းရေးကို အရင်လုပ် …..

( သီတဂူဆရာတော်ကြီး )

မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ ့မြောက်ဘက် ကက်ရှ်မီးယားရဲ ့အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။

Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ ့ရဲ ့ဌာနချုပ်မြို ့လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို ့လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို ့လည်း လာနားထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို ့ပေးတဲ့ခေါင်းစဉ်။ Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမာ္ဘ ့ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။

ကမာ္ဘ ဆိုတာဘာလဲ …….

စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမာ္ဘဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို ့က ကမာ္ဘလို ့ခေါ်ချင်သလား။ မင်းတို ့ခေါ်ချင်လည်း ခေါ်ရပါတယ်။

တို ့ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမာ္ဘ” လို ့သတ်မှတ်တယ်။ အဲဒီတော့ ကမာ္ဘက လူ ့အပြင်ဘက်မှာရှိတဲ့ အပြင်ကမာ္ဘ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့အတွင်းကမာ္ဘဆိုပြီး ၂ မျိုးရှိတယ်။

ဘုန်းကြီးက သူတို ့ကို “အပြင်ကမာ္ဘကြီးရဲ ့ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမာ္ဘလို ့ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမာ္ဘရဲ ့ငြိမ်းချမ်းရေးကို ပဲ မင်းတို ့လုပ်ကြပါကွာ ” လို ့ဘုန်းကြီးကပြောလိုက်တယ်။

အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို ့ခဏထား ၊ မင်းတို ့တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမာ္ဘ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။

ကမာ္ဘစစ်၏ အစ …….

ဒီတော့ “ကမာ္ဘစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ ့။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။

စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမာ္ဘ ့ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။

“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓဝါဒပဲ။ ဒါနဲ ့ပတ်သတ်လို ့မင်းတို ့စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။

“မင်းတို ့အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို ့ပြောတော့ သူတို ့အားလုံး ရယ်ကြတယ်။ ကမာ္ဘစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမာ္ဘက မစဘူး။ စိတ်က စပါတယ်။ ကမာ္ဘစစ်ကို စိတ်ကစရင် ကမာ္ဘ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ်ပါတယ်။

ဒါကြောင့် စိတ်ရဲ ့ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို ့က ဗုဒ္ဓရုပ်ပုံတော်တို ့က ကြည့်ကြည့်ပြီးတော့ သူတို ့ရဲ ့စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။

အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ ့သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ ့ဖြစ်တာ။

ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။

ခရစ်ယာန်တွေရဲ ့ကိုးကွယ်ရာက God ၊ ဂျူးတို ့ရဲ ့ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို ့ရဲ ့ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။

အရေးကြီးဆုံး အလုပ်နှစ်ခု ……

ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို ့က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ ့စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။

ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ ့ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။

စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အဝရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ ့စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။

အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ဝထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို ့ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို ့ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို ့အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို ့သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။

အာရှမှာ အကုန်လုံးပြည့်စုံတယ်……

သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။

ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို ့ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။

ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို ့အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။

ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို ့နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အဝ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။

ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် …..

ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။

လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ ့စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ ့တန်ဖိုးကို နားလည်ကြဖို ့ပဲ။

ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို ့ဘာသာတရားဖြစ်ပါတယ်” လို ့ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။

မှတ်ချက် ။ သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရ

ဓမ္မရိပ်မဂ္ဂဇင်းမှပြန်လည်ရေးသားတင်ပြပါသည် ။ မောင်သိန်းထိုက်

ဗုဒ္ဓကမ္ဘာ ဧ။်စာမျက်နှာ မှတဆင့်ပြန်လည်ကူးယူဓမ္မဒါနပြုပါသည် ။

4 comments

  • TNA

    September 29, 2013 at 6:38 pm

    မှတ်သားစရာတွေမို့မှတ်သားသွားပါတယ်။

    • Kyi Lwin

      October 1, 2013 at 12:47 pm

      ဖတ်တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပါရစေ။
      ဆရာတော်ကြီးရဲ့ စကားတွေ ဟာ လက်တွေ့ကျ တယ်လို့ မြင်ပါတယ်။
      ဂေါတမ ဗုဓ်ဒရဲ့ အယူဝါဒပိုင်းမှာ အမြင်မတူမှုတွေ ကို ဆွေးနွေး လို့ရပြီး ကိုယ်တိုင် သဘောပေါက် မှ လက်ခံ ကျင့် သုံး ရတဲ့ ကာလမ သုတ် အတိုင်းပါ။
      လူ့လောက ကြီးမှာ လူတွေရဲ့ စိတ်ဓါတ်တွေ လူတွေရဲ့ လုပ်ရပ်တွေကြောင့်ပဲ သာယာလှပ ငြိမ်းချမ်းနိုင်သလို၊ ရက်စက်ကြမ်းကြုတ် မှုတွေကြောင့် ဆင်းရဲ ဒုက္ခတွေနဲ့လည်း တွေ့နိုင်တာပဲမို့လား။
      ဒါကြောင့် စိတ်ဓါတ်ယဉ်ကျေးမှု ၊ စိတ်ဓါတ်ငြိမ်းချမ်းမှု တွေ ဟာ ဘယ်လောက်အရေးပါတယ်ဆိုတာလေး သိကြစေချင်ပါတယ်။

  • အလင်းဆက်

    September 29, 2013 at 10:12 pm

    အလွန် ဖတ်သင့်သော စာ ဆိုလို ့….
    ဝင်ဖတ်သွားပါတယ် ။
    ဘာမှတော့ မဝေတတ်ပါဗျာ။
    ကိုယ် အလှမ်းဝေးသော နယ်ပယ်မို ့….

    :kwi:

    • Kyi Lwin

      October 1, 2013 at 12:40 pm

      မင်္ဂလာပါအလင်းဆက်ရေ။
      ကိုယ်နဲ့ အလှမ်းဝေး တယ်လို့တော့ မထင်စေချင်ဘူး။
      ဘာသာ အယူဝါဒ ပိုင်း မဟုတ်ရင်တောင် လက်ရှိ လူ့လောက ရဲ့ အဖြစ်အပျက်တွေကို နှိုင်းယှဉ်လေ့လာရင် ဒီအကြောင်းအရာကို တီးမိ ခေါက်မိပြီး လူတွေရဲ့ စိတ်နေသဘောထားတွေ စိတ်ဓါတ်ယဉ်ကျေးမှု ရုပ်ယဉ်ကျေးမှုတွေ ဘယ်လောက်ထိ အရေးပါတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။

Leave a Reply