ဟဲဟဲ … ခေါင်းစဉ်လေးကတော့ လန်းသဗျို့ .. ဒါပေမယ့် ဆက်ရေးမှာတွေက သိပ်တော့မလန်းလှဘူး

မနှင်းဖြူတစ်ယောက် တစ်ခါလာလည်း ယောင်္ကျားတွေကို ဖဲ့တယ်လို့တော့ မထင်စေချင်ပါဘူးဗျာ

မြင်နေတာလေးတွေ အားမရတာလေးတွေကို ပြောချင်တာပါ ..ဖဲ့တယ်လို့ ယူဆလည်း

စောင်းမြှောင်းပြောတယ်လို့မယူဆစေချင်ဘူး .. ဒဲ့ပြောတယ်သာမှတ်..

ကျုပ်တို့ ရှေးခေတ်က မြန်မာကြီးများဆိုရင် ပေါင်မှာ ထိုးကွင်းမင်ကြောင်တွေထိုးမှ သတ္တိရှိတယ်လို့

ယူဆကြသတဲ့ … ပျိုလေးတို့ ရေခပ်ချိန်များဆိုရင် ခါးတောင်းကိုမြှောက်နေအောင်ကျိုက်လို့ သူတို့

ထိုးကွင်းတွေကို ရှိုးပြပြီး ခြင်းလုံးခတ်ကြတာက လူလုံးပြခြင်းတစ်မျိုးပေါ့ဗျာ ဒါက ရှေးခေတ်တုန်းက

နောက် မြန်မာပြည်ကို ဂျပန်တွေအုပ်စိုးစဉ်ကာလပေါ့ဗျာ .. ဂျပန်တွေက လူကောင်သေးပြီး ပုတက်

ကြလွန်းလို့ ကျုပ်တို့တွေက ဂျပန်ငပုတွေလို့ ခေါ်တာလည်း မှတ်သားခဲ့ရပေါ့ဗျာ …

အဲ …….ခု ကျုပ်တို့ ခေတ်ရောက်လာတော့ …….. အရင်က ကျုပ်တို့ နှိမ်ပြီးခေါ်ခဲ့တဲ့ ဂျပန်ငပုများကို

ကျုပ်တို့ မြန်မာကျားကျားယားယား ထောင်ထောင်မောင်းမောင်းကြီးတွေက မော်ကြည့်နေရတဲ့အခြေ

အနေကိုရောက်သွားပါလေေ၇ာ ……..ပြောချင်တာက ဘာလဲဆိုတော့

ကျုပ်တို့ မြန်မာလူမျိုးတွေဟာ  ခေတ်အဆက်ဆက်ပြောင်းပြီးသကာလ လူကောင်ပိုပိုသေးကုန်ကြ

တာကိုပြောချင်တာပါ …

မိန်းကလေး တစ်ယောက်အတွက် အရပ် ငါးပေ၄လက်မလောက်ဆိုရင် ဒါက ကျေနပ်နိုင်တဲ့

လက်သင့်ခံနိုင်စရာ အနေအထားပါ  ဒါပေမယ့် ယောင်္ကျားလေးတစ်ယောက်အတွက်ဆိုရင်တော့

ဒါဟာ ပုတယ်ဆိုတဲ့ အနေအထားထဲမှာပါ ပါတယ်။ ခုဆိုရင် လေ့လာကြည့်ရသလောက် အရပ်

ငါးပေ ၈လက်မကျော်တဲ့သူ တော်တော်နည်းသွားပါပြီ။ နောက် ဘော်ဒီ အချိုးအစားကို ကြည့်ဦး

မလား …… လမ်းထွက်ရင် တောင်မှ ဆေးကျောင်းက အရိုးစုမှတ်လို့ လာ မ သွားမှာစိုးရတဲ့

ဘော်ဒီအချိုးအစားတွေနဲ့ပေါ့ဗျာ။

နောက် ရှေးခေတ်က သတ္တိရှိကြောင်း ပြယုဒ်အနေနဲ့ ထိုးထားတဲ့ ထိုးကွင်းမင်ကြောင်အစား ခုဆိုရင်

တက်တူးတွေ အစားထိုးကြတာပေါ့ဗျာ … ပိန်ညောင်ညောင် ဘော်ဒီမှာ တက်တူးလေးတွေနဲ့

ကြည့်လို့ အားကြီးလှပေါ့ဗျာ .. နောက် နားကပ်လေးများ ၀တ်ထားလိုက်တော့ အမယ်ငှီး ..ကျုပ်တို့

တွေ ငေးရောပဲ .. (ရွဲ့တာ ရွဲ့တာ)

ဒါမျိုးတွေဘာကြောင့်ဖြစ်သလဲ ……. အစိုးရကြောင့်လို့တော့ မပြောနဲ့ပေါ့ဗျာ ..

တစ်ခုက အဟာရ ချို့တဲ့ တဲ့အတွက်ကြောင့်  .. ငယ်တုန်းကထဲက အာဟာရကို မျှတအောင် မစားခဲ့

တဲ့အတွက်က တစ်ချက်ပေါ့ဗျာ ……. နောက်  အရပ်ပုတာက မျိုးရိုးလိုက်တယ်လို့ ပြောလို့ရပေမယ့်

အရပ်ပုပေမယ့် ကျန်းမာကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဒာကိုယ်ကို ရရှိနိုင်တဲ့နည်းတွေရှိပါတယ် ..

အဓိက က ကျုပ်တို့ မြန်မာလူမျိုးတွေဟာ ကာယလေ့ကျင့်ခန်းလုပ်ဖို့ ပျင်းကြတယ်.. ကျုပ်လည်း

အပါအ၀င်ပါပဲ .. အပြေးလေ့ကျင့်တာမျိုး ၊ ရေကူးခြင်း စတဲ့ လေ့ကျင့်ခန်းများကိုမလုပ်ကြဘူး

ကျုပ်အခုရောက်နေတဲ့ ခြင်းကြားပူ နိုင်ငံမှာတော့ နောက် ဂျန်နယေးရှင်းဖြစ်တဲ့ ယာင်္ကျားလေး

တော်တော်များများမှာ သင့်တင့်တဲ့အရပ်အမောင်းနဲ့ ခန္ဒာကိုယ်အချိုးအစားကို ပိုင်ဆိုင်ကြတယ်။

နောက်တစ်ခုက ဒီမှာက သူတို့ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အို လယ်ဗယ် ပြီးတာနဲ့ သူတို့

စစ်ထဲကိုသွားကြရတယ်။ အဲဒီမှာ စစ်တပ်က လေ့ကျင့်ပေးတာကြောင့် မလုပ်ချင်လည်း လုပ်ရတော့

ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်တော့ရသွားတာပဲ ။ နောက် သူတို့ဟာ လေ့ကျင့်ခန်းလုပ်ရတာကို

ပျော်မွှေ့ကြတယ်။ မနက်ခင်း နဲ့ ညနေခင်းမှာ လမ်းဘေးမှာ အပြေးလေ့ကျင့်နေတဲ့သူတွေ ၊

လေ့ကျင့်ခန်းလုပ်ရာနေရာမှာ ဘားတန်းဆွဲနေသူတွေ ၊ ဒိုက်ထိုးလေ့ကျင့်နေသူတွေ ..ခပ်များများ

ကိုတွေ့နိုင်တယ်။ ကျုပ်တို့ မြန်မာပြည်မှာတော့ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ တကယ်ကို ခေတ်

မစားတဲ့ အရာတစ်ခုပါပဲ။ တော်တော်များများက လုပ်သင့်တယ်လို့ မယူဆကြပဲ .. အားလပ်ချိန်များ

ကို လက်ဖက်ရည်ဆိုင်ထိုင် ၊ အရည်မရအဖတ်မရပြော ၊ ဘောလုံးပွဲကြည့် ..ဘာညာ စသည်ဖြင့်

အချိန်ကို ကုန်လွန်စေကြတယ်။  နောက် ခန္ဒာကိုယ်သန်စွမ်းရမယ့် အချိန်ဖြစ်တဲ့ အသက် ၁၆နှစ်

လောက်ကထဲက ရှူနာရှိုက် ကုန်းဖြစ်အောင် အရက်သေစာနဲ့ ဆေးလိပ်သောက်သုံးမှုတွေကလည်း

တစ်နွယ်ငင်တစ်စင်ပါပေါ့ဗျာ ။ ဘောဒီအချိုးအစားကသာ အဲလိုဖြစ်နေတာဗိုက်ကလေးတွေကတော့

သူ့ထက်ကဲနဲ့ရွှေပြည်စိုး .. အပြိုင်အဆိုင် ဘီယာဗိုက်များနဲ့ပေါ့ဗျာ .. ဒါက ယောင်္ကျားသားများ ပုံစံ ..

ကျုပ်တို့ မိန်းမသားများကို ကြည့်ဦး ……. အိမ်ထောင်မကျသေးတဲ့ အပျိုမလေးများကတော့

လှသထက်လှ ၊ဆန်းသထက်ဆန်းအောင် လှပ ၀တ်စားနေကြတာပေါ့ဗျာ … ဒါပေမယ့် ..

မကြာပါဘူး ..အိမ်ထောင်လည်းကျရော ..အလှအပဆိုတာ ကိုယ်နဲ့မဆိုင်သလား ရန်ဖြစ်ထား

သလားမှတ်ရအောင် ..လှည့်ကိုမကြည့်ကြတော့တာ ..ဘိုသီဘတ်သီနဲ့ .. ဖြစ်သလိုနေ

နေကြတော့တာ … သူတို့ရဲ့ ခေါင်းထဲမှာလည်း လေ့ကျင့်ခန်းဆိုတာမျိုး လုပ်ဖို့ အတွေးကို မရှိတာ

ကျုပ်တို့ အမျိုးသမီးတွေဆိုတာက အမျိုးသားတွေထက် ရုပ်ရည်ကျတာပိုမြန်ကြတယ်။

ကိုယ့်ကိုကိုယ်မှ မထိန်းသိမ်းမစောင့်ရှောက်နိုင်ရင် ပုံပျက်ပန်းပျက်နဲ့ ဂေါ်ဇီလာကိုခြင်းတပ်ထား

သလိုဖြစ်ကုန်ကြတာများတယ်။ (အော်..ဒါတွေရေးနေလို့ ကျုပ်ကို ပိန်တယ်မထင်နဲ့ …..

ခိခိ .. ကျုပ်က အင်တာနေရှင်နယ် ဟိုက် ..ငါးပေခြောက်လက်မလေးနည်းနည်းစွန်းနဲ့ ဘော်ဒီဝိတ်

၁၃၀ပေါင်တောင်ရှိတယ် :P သူငယ်ချင်းတွေက ခေါ်ကြတာတော့ ဂေါ်ဇီလာတဲ့ ..

ဒါပေမယ့် ခြင်းတော့ မတပ်ရသေးဘူး..ဟိဟိ)

အဓိက ကတော့ ကျုပ်တို့တွေ လေ့ကျင့်ခန်းလုပ်သင့်တယ်.. အလှအပဆိုတာထက် ..

ကျန်းမာရေးအတွက်ပေါ့ …ပိန်တဲ့သူက အသားအရေ ကျစ်လစ်တောင့်တင်းအောင် ၊

ဝ သူများကလည်း ကျစ်လှစ်အောင် လေ့ကျင့်ခန်း လုပ်သင့်တယ်။

လူက အဆီတွေပိတ်လို့ ၀လာရင် ခန္ဒာကိုယ်ကြီးလေးလာပြီး ..ဘာမှ ကောင်းကောင်းမလုပ်ချင်ပဲ

အပျင်းဖက်လာတာပဲ ..(လက်တွေ့ လက်တွေ့ :P) နောက် သင့်တင့်မျှတတဲ့ အစားအသောက်များကို

လည်း စားပေးသင့်တယ်.. ကျုပ်တို့ မြန်မာထမင်းဟင်းများဟာဆိုရင် တကယ်အဆီတက်ပေါ့ဗျာ ..

ဆီစားလို့ အားမဖြစ်ပေမယ့် ….မြန်မာဟင်းများဆို ဆီပြန်လေးမှ စားကောင်းတယ်ထင်လို့ ဆီကို

အိုင်နေအောင် ချက်စားကြတာကလည်း အရိုးစွဲနေပြီ။

အစားအသောက် အာဟာရမျှတအောင်စားလို့ ၊ အရက်သေစာသောက်စားမှုလျှော့ချပြီး သင့်တင့်တဲ့

လေ့ကျင့်ခန်းလေးများ လုပ်ကြမယ်ဆိုရင် ကျုပ်တို့ရဲ့ ပုတုပြီး ရွဲ့နဲ့နေတဲ့ဘော်ဒီများကိုထောက်

မတ်နိုင်လာမယ်လို့ ထင်ကြောင်း .. ကိုယ့်ဟာကို ..လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ အားပေးတဲ့အနေနဲ့

ဒီစာကို ရေးလိုက်ကြောင်းပါဗျို့ …….. မကျေနပ်လို့ ဆဲကြမယ်ဆိုလည်း မြို့မေတ္တာကို ခံယူမယ့်

မနှင်းဖြူပါ …

:mrgreen:

 

 

 

About မနှင်းဖြူ မှန်မှန်ပြော

Hnin Thae Phyu has written 32 post in this Website..