ကြယ်ဖြူလေး

Mahar MyanmarSeptember 27, 20131min21712

လောကကြီး  မှာ   က…  လို  အပ်  နေသူ  တွေ  အများ  သား  လား  ..တစ်ချို့  က  ငွေ  … တစ်ချို့  က  ချစ်ခြင်း  မေတ္တာ  … တစ်ချို့   က   မိဘ ..တစ်ချို့  က   ပညာ …တစ်ချို့  က  အသိတရား…တစ်ချို့  က ကျင့်စဉ်  ….

ဒီ  လို   ဒီ  လို  လို  အပ်  နေတ ာ  တွေ  များ  လွန်း  လှ  တဲ့  ဤ  လော ကမှာ  ..ကိုယ်  တတ်  နိုင် တဲ့   အရာ  နဲ့  ဖြည့် ဆည်း  ကြခြင်း  ဟာ  လောက  ရဲ့  အလှတရား  ကို  ပိုလှ  အောင်  ဆေးခြယ်  ပေး နေကြသူ  တွေ  ပါ  …

အခု  လည်း…  ကြယ်ဖြူ  လေး  တစ်ပွင့်…သူမ  တတ်  နိုင်  ရာ  နဲ့  လောက  လိုအပ်ချက် တွေ  ကို  နိုင်သလောက်  ဖြည့်ဆည်း  ပေး  နေရှာ  တယ်  ။ သူမ  မှာ  မိဘ  ရှိတယ်  မောင်နှမ တွေ  ရှိတယ်  ။  ပညာ  တတ်  ဥစ္စာ ဓန  မပူ ရတဲ့  အသိုင်းအဝိုင်း  က  နေ  ဖယ်ခွါ  ပြီး  သူမ  တစ်ကိုယ်တည်း  ဘုန်းကြီးကျောင်းဇရပ်  မှာ  နေ    ဘုန်းကြီးကျောင်း  ထမင်း စား   အတူ  နေ    မိဘ  မဲ့  ကလေး  တွေ  စာသင် ပေး  တယ်   လေ ။  အသိပညာ  တိုး  လိမ္မာ အောင်  ဆုံးမ  မယ်  ။  တရား ကျင့် ကြံ  ရင်း  နဲ့  တရား  အတွေ့  အကြုံ တွေ  ကို  လိုအပ်နေသူ  တွေ ဆီ စကားဝိုင်း  တွေ  လုပ်  .. ကျင့်စဉ်  တွေ  မျှဝေတယ်  ။  ဆေးရုံ တွေ  ကို  သွား  …လူနာတွေ  ကို  အားပေး  တယ်  ။  တရားစကား  ပြော  တယ်  ။    ဟော ..  သူမ  နိုင်သလောက်  လောက  ကြီး ကို  ပံ့ပိုး  ဖြည်းဆည်း  ပေး  နေတာ  ဘယ်လောက်  လှပ  နေပါ  သလဲ…။  ဒါပေမယ့်  ကံကြမ္မာ  အရ  ..  သူမ  က  ကျန်းမာရေး  မကောင်းဘူး..အသည်း  က  လုပ်ငန်းဆောင်တာ  ပုံမှန်  မလုပ် နိုင်သမို့ ဆရာဝန်  ဆိုသူ  နဲ့  ချိတ်  ဆက်  ကုသ  နေရ  ပြန်  ပါတယ်  …။  ဒီတော့ ဆရာဝန်  ကို  လည်း  တရာစကား  ပြော  လမ်း မှန်တွေ  ညွှန်  ..  လို့  ဆရာဝန်  ခမျာ  တရားလူနာ  ပြန်  ဖြစ်   ရင်းနှီး မှု  တစ်ခု  ရှိလာ  ပါ  သည်   ပေါ့..  ခင်ဗျာ…။

ဒီ တော့  ဆရာဝန်  ဆီ  တစ်ပါတ်  ကို  သုံးခါ  လောက်  ဆေးသွင်း  ကုသ  နေချိန်  မှာ  …    လိုအပ်  တဲ့ ဆေးစစ်မှု တွေ     ၊  Result  တွေ  ကို  ဆရာဝန်  ကလေး  က သိပါတယ်  ။   မကောင်း  ဘူး  ..တကယ့် ကို  အခြေအနေ  မကောင်း  ဘူး  …။   ဒီမှာ  တင်  …ဆရာဝန်  ကလေး  ခဗျာ ..လိုအပ်  ချက်  ရှိလာ  ပါ  တယ်   ..။။။    ပြောပြီး  ပါကော   လောက  ကြီး  မှာ  လိုအပ်  ချက်  တွေ  နဲ့  ပါ  ..လို့။

 

အခု   ..ဆရာဝန်   ကလေး  က  တော့  ..ဒါလေး    လိုအပ်  နေ  ပါ  သတဲ့  ဗျာ…

 

ကြယ်ဖြူလေး  ..  သို ့

 

 

 ကြယ်ဖြူလေးရေ   …

မင်း    ..  ပျောက်သွားမှာ စိုးတယ်

မင်း  …   တစ်ယောက် မှားမှာ စိုးတယ်

လမင်းကြီးလို ဝင်းဝင်း ပ ပ ထွန်းလင်းမပြပေမယ့်

 ပြုံး မြမြနဲ ့ အလင်းစူးရှတဲ့ ကြယ်ဖြူလေးရေ  …..

ဖုန်းဆက်တိုင်း မင်း   ….    မအား

ကျောင်းလာကြည့်တော့လည်း    စာသင်ခန်းထဲမှာ အနေ  များ  ..

ကိုယ်ပိုင် အချိန်တွေ နဲ့ သွား

မင်း  …  လမ်းတော့မမှားစေနဲ ့  

သိလား  …   စိတ်ပူစွာနဲ ့လာကြည့်တိုင်း

မင်း   …   အပြုံးတွေ ရှိနေဆဲပါပဲ

ဝေဒနာတွေက်ို ဘယ်လိုများ ဖယ်ခွာထားလည်း  ခလေးရယ်

မင်းရဲ့ အဖြေအတွက် ကိုယ်တစ်ကယ်စိတ်မကောင်းဘူး

ရင်နာစွာ နဲ ့ဖွင့်ပြောရတယ်   …

မင်း   ….   အပြုံးတွေ ပျောက်ကွယ်သွားမလား   

ခဏတာ ငေးသွား  …

လူနာလည်း မင်း     လူနာရှင်လည်း မင်း

ကိုယ် …   ငြင်းလိုက်ချင်တယ်

ဒီ     အဖြေတွေကို   …

မျက်နှာ ပျက်စွာ   ပြောပြရတဲ့     

ကိုယ့်ကို   ပြန်အားပေး  …   ပြုံးပြောနေတဲ့    မင်း

ကြယ်ဖြူလေးရေ  …   မင်း  …  ပျောက်သွားမှာ.. စိုး.. တယ်   ..

ကောင်းကင်မှာ…    ကြယ်တွေအများကြီးပါ    .. တဲ့

ဒါပေမယ့်  ..ခလေးရယ်  

အဲဒီ့ ကြယ်တွေက ကိုယ့် လူနာတွေကြား လင်းလက်နိုင်မှာလား

မင်းလို    နှလုံးသားထဲက လာတဲ့ အပြုံးတွေ ပြုံးတတ်မှာလား

သစ္စာ စကားတွေကို မေတ္တာထားပြီး… ပြောပြမှာလား  ..

ပလ္လင်ရှိမှ ဟော …  ရတဲ့ တရား       ပြော..  ရတဲ့ စကား မဟုတ်ဖူး    .. လို ့

ရဲ ရဲ တောက် ပြောတတ်သူ..-မင်း 

ကန်တော့ပွဲ မလို…စာအိတ် မပါ

ဒီလို…   စကားဝိုင်းကို ပိုကြိုက်တယ်    ဆိုတဲ့ …. မင်း

အင်အားပြင်းစွာနဲ ့ ဆက်ရှင်သန်ပါဦး  ..  လား

ကိုယ်တို ့ စကားဝိုငိ်းပေါင်းများစွာ  ..   မြင်နေချင်သေးလို ့ပါ  ..

ခလေး  ..  အလင်းမှုန် .. လေးရယ်ပါ ..  တဲ့  ..

 နှလုံးသားတွေ တုန်ယင်သွားစေပါတယ်   …

ဒါေတွေဟာ  . တကယ်တော့  ..   ဘာမှ မဟုတ်ပါဘူး  …   တဲ့

ဘာမှ မဟုတ်ဘူး  ..  မပြောပါနဲ့  ..   မပြော  လိုက် ပါနဲ ့   ..  လား

ကိုယ်  ..  ရင်နာလွန်းလို ့ပါ  ..   လမ်းပြပါဦး  ..  အလင်းမှုန်လေး  ရယ်  ..

ချို ့တဲ့နွမ်းပါး တိုင်းရင်းသား ကလေးတွေနဲ ့ မိဘ မဲ့  ကလေးေတွေရဲ့

လက်သေးသေးလေးတွေ တွယ်ဖက်ဖို ့

နွေးထွေးတဲ့ ရင်ခွင်တစ်စုံဟာဖြင့် ခဏလေးနဲ ့တော့

ကုန်မသွားသင့်ပါဘူး  ..   ကြယ်ဖြူလေးရယ် 

ခလေး    …   မင်း အရွယ်   …  မင်း တာဝန်တွေ ငြင်းဆန်ပြီး

ထွက်မသွားလိုက်ပါနဲ ့ဦး

ကိုယ်တို ့  အားလုံး    မော့ကြည့်လိုက်တိုင်း

အလင်းစူးရှတဲ့ ကြယ်ဖြူလေးကို တွေ ့မြင်နေပါရစေ 

နူးညံ့တဲ့ အပြုံး   ထူးဆန်းတဲ့ စကားလုံးေတွေနဲ ့

လမ်းညွှန်ပြသ ဖေးကူမပါဦး  …  ကြယ်ဖြူလေး   ..ရယ် 

လမင်းကြီးလို   ..    ဝင်းဝင်း ပ ပ  …   ထွန်းလင်းမပြပေမယ့်

စူးရှ တဲ့ အလင်း   ..  ထူးခြားတဲ့ ချစ်ခြင်း  ပိုင်ရှင်  ..

ကြယ်ဖြူလေးရေ   …  မင်းထွက်သွားလို ့ ..  မဖြစ်ဖူးနော်     ……..  ။

 

ကုမာရီ

 

( ဤကဗျာ  ကို  တကယ့် ဆရာဝန်  စစ်စစ်  မန္တလေး  မှာ  ရှိနေသူ  တစ်ယောက်  က  ရေးဖွဲ့ ထား  တာဖြစ်   ပြီး  သူ့ရဲ့  ကြယ်ဖြူလေး  ဆီ  ပေး  ထား တာ ကို..  အကျွန်ုပ်  မဟာမြန်မာ  က  ဝင်၍  ဖေါ်ကောင်  လုပ်  ခံစား  ပေးခြင်း  ဖြစ်ပါ  သည်  .  ဆရာဝန်  တွေ  လည်း   စာပေ  မှာ  မညံ့  ကြောင်း  ပါ  ခင်ဗျာ  )

 

 

မဟာမြန်မာ

12 comments

  • surmi

    September 27, 2013 at 2:45 pm

    ကဗျာပိုင်​ရှင်​ ဆရာဝန်​ကို ဂဇက်​ရွာကို ​ခေါ်ခဲ့ပါလား
    ရွာထဲမှာ စာ​ရေး​ကောင်​းတဲ့ဆရာဝန်​​တွေလည်​းအ​ဖော်​ရှိပါတယ်​ ..

    • Mahar Myanmar

      September 27, 2013 at 3:07 pm

      ဟုတ်ကဲ့..အလျင်း သင့် ပါ က ခေါ်ပေးပါမည်..
      ယခု တော့ မတတ်နိုင်သေးပါ ပါ ..
      ကိုဆာမိ ရေ..

  • Wow

    September 27, 2013 at 2:53 pm

    သူငယ်ချင်းတစ်ယောက်ကတော့ သူခံရတာတွေဆိုရင် ရှက်လဲရှက် .. ပြန်မပြောပဲလဲမနေနိုင် ဒါကြောင့် နင်တို့မသိတဲ့ ငါ့သူငယ်ချင်းတစ်ယောက်ကဟာ … ဆိုပြီး ပြန်ပေါပြတတ်တယ်… :mrgreen:

    • Mahar Myanmar

      September 27, 2013 at 3:09 pm

      ဟုတ်ကဲ့ အဲဒီ နည်း နောက် ဆို လိုက် လုပ် ပါမည် ခင်ဗျာ..
      အခု တော့ အပြော နောက်ကျ ပါသည်..
      သူ များ တွေ လုပ် ပြီး ဖြစ်နေကြပါ ပြီ..

  • မဟာရာဇာ အံစာတုံး

    September 27, 2013 at 2:54 pm

    ဘယ်ကလာ ဆရာဝန်တွေ စာပေ ညံ့ရမှာဒုန်း …
    နမူနာ ဦးဖေမြင့် ကို ကြည့်ပါတော့လား …
    နေရာစုံမှာ ဒေါက်တာတွေ နည်းတာ မဟုတ်ဘူး …
    ဟီးးဟီးး ဝင်ပွားကျိဒါ …

    • Mahar Myanmar

      September 27, 2013 at 3:14 pm

      ဆရာဝန် တွေ အနုပညာ မှာ မခေ ကြ ပါ ခင်ဗျာ..
      စာပေ ဂီတ ရုပ်ရှင် ဖြစ်ထွန်း ကြပါသည်။
      ဒါ့ အပြင် ဆေး ကု ဝင်ငွေ ကောင်းရာ မှာ လည်း
      ဖြစ်ထွန်း ကြပါသည်.
      ကုသိုလ် လည်း ရ ဝမ်း လည်း ဝ ကြပါသည်။
      အား ကျ ပါသည်။
      နောက် ဘဝ ဆေး ထိုးရဲ အောင် စိတ် ကို မွေးမြူ ပြီး
      ဆရာဝန် ဖြစ်အောင် လုပ်မည် ဟု သံဓိဌာန် ချ ထား ပါသည်။

      • မဟာရာဇာ အံစာတုံး

        September 28, 2013 at 9:31 am

        ဆေးထိုးရဲအောင် … ဒဲ့…
        အမငှီးးးးးးးးးးး

  • lele kyi

    September 27, 2013 at 8:37 pm

    အွန်…ဆြာမဟာရဲ့ အဲ့ဒီသတ်တိနဲ့ဆေးထိုးမယ်..ဘုရားးးး.
    တူမလေးသွေးလွန်တုတ်ကွေးဖြစ်တော့ကလေးဆေးရုံသွားစောင့်ပေးရတယ်။ သူ့အမေမှာ ကလေးငယ်ငယ်လေးရှိတော့။ သနားစရာ ကလေးတွေ အများကြီးပဲ။ အပ်တွေနဲ့သူတို့ လက်ထိပ်ဖေါက်တိုင်း ရင်ထဲမှာ နင့်နေအောင်ခံစားရတယ်။ ကုတင်မလောက်လို့ ခုံလေးတွေပေါ်တင်ရင်းကိုယ့်အလှည့်စောင့်ရတာ။စဉ်းစားလို့မရတာက အဲ့မှာဆရာဝန်အလုံအလောက်မရှိခဲ့ဘူူး။ ရှိတဲ့ဆရာ။ဆရာမတွေ လည်းတော်တော်လေးပင်ပန်းကြတယ်။ ဆေးရုံရောက်ပေမဲ့အချိန်လွန်သွားလို့ စွန့်ပစ်လိုက်ရတဲ့ ချစ်စရာ ဝဝကစ်ကစ်ကလေး လေးတွေရယ်။ ဆေးရုံမှာညည့်နက်သန်းခေါင်ပူလောင်ဆူညံနေခဲ့တယ်။ အဲ့မှာတွေ့ခဲ့တဲ့ ဒေါက်တာဖြစ်ခါစ နိုက်ဂျူတီက ဆရာမ ငယ်ငယ်ချောချောလေးကိုအထူးလေးစားခဲ့မိတယ်။
    အထူးကုဆေးရုံကြီးက ပရောဖက်ရှင်နယ်မဆန်တဲ့ သမားတော်ဒေါက်တာမကြီးကတော့…ရောဂါမရှိပဲဈေးပေါလို့သူ့ကိုလာအလုပ်ရှုပ်ရပါ့မလားလို့ငေါက်တာခံရဘူးတယ်။ medical checkup လုပ်တာရောဂါရှိမှသွားရမှာလားကွယ်။
    လူချင်းတူ ပညာသင်တာချင်းတူပေမဲ့ ခံယူချက်ကွဲပြားကြတယ်။

  • Mahar Myanmar

    September 28, 2013 at 8:01 am

    ဘယ်လူတန်းစား မဆို အကောင်း အဆိုး ဒွန် တွဲ နေတာ ဟာ
    ဓမ္မတာ ပါ မလဲ့ ရေ..ကောင်းလွန်း နူးညံ့လွန်း စေတနာထားလွန်း တဲ့
    ဆရာဝန် ရှိသလိုဆိုးလွန်း ညစ်လွန်း ငွေအသပြာဆရာဝန် လည်း ရှိတာ ပါဘဲ…
    တစ်ခြား လောက ဝန်းကျင် တွေ မှာ လည်း ကောင်းသူ ဆိုးသူ တွေ နဲ့
    လောက ကြီး က အလှ ဆင် ထား ပါ ကြောင်း ခင်ဗျာ..

  • အလင်းဆက်

    September 28, 2013 at 5:53 pm

    ဆရာဝန် စာရေးဆရာ တော်တော်များများ
    စာရေးကောင်းကြပါတယ်လေ

    ဂျူးတို ့
    မင်းခိုက်စိုးစန် တို ့ဆို ကျွန်တော့် အကြိုက်

    🙂

  • ကျော်စွာခေါင်

    September 28, 2013 at 7:35 pm

    ဆရာဝန် စာရေးကဗျာရေးကောင်းတာကို လက်ခံပါတယ် အသိအမှတ်လဲ ပြုပါတယ်..
    ဒါပေမယ့် ကျနော်က ကြယ်ဖြူလေးအတွက် ပိုစိတ်ပူနေမိတယ်..
    သူ..ကျမ္မာရေးကို ပိုဂရုစိုက်စေချင်တယ်…
    နီနီးနားနားမှာသာဆို ကြယ်ဖြူလေးကို သွားတွေ ့ချင်တယ်..။
    ….
    ….
    ကြယ်ဖြူလေး ကျမ္မာပါစေ..နေကောင်းပါစေ..။

  • Mahar Myanmar

    September 30, 2013 at 8:28 am

    ဆရာဝန် နဲ့ ခဏ ခဏ တွေ့ ရလေ..
    သူမ အတွက် အချိန် နည်း လေ ပါဘဲ..
    နိုင် သလောက် လူ့တာဝန် ထမ်းဆောင် ရင်း
    တစ်ချိန် တော့ နှုတ်ဆက်သွား မယ် ထင်ပါရဲ့ .. ဗျာ..

Leave a Reply