မဟာမြန်မာ ဦးစီးတဲ့ ဒီ တစ်ပတ် – KZ’s ထမင်းဆိုင်

ဇီဇီOctober 7, 20132min36147

မဟာတို့က အရင့်အရင် ဆိုင်မှာ လာလာပြီး ဟင်းတွေက ရွေးချယ်စရာမရှိဘူးးးးး။ မနက်စာ/ညစာ ထပ်ပါက မစားချင်ဘူး စသည်ဖြင့် လာနားညည်းသည်က တစ်ကြောင်းးးးး
သူ့ကိုယ်သူ စားဖို မူးးးးးး သင်ရိုးကုန်ဟု ကြွားချင်းကို အညင်ကပ်သည်က တစ်ကြောင်းးး မို့ ဒီ တစ်ပတ် ထမင်းဆိုင်ကို သူ့လက်ကို အပ်လိုက်ပါတယ်။
လက်ကုန် ရောင်းပါစေဆိုပြီးးးးးးး
၁) ဟင်း ဆန်းဆန်း စဉ်းစားဖို့ရယ်
၂) ချက်နည်းတွေလည်း တာဝန်ယူနိုင်တယ် ဆိုတာကြောင့် လာစားသူ ပလိတ်သတ်ကြီး အားမနာ ပါးမနာ မေးမြန်းနိုင်ပါတယ်။

:mrgreen:

ဖျော် ယမကာ နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေပါ ပါ မယ်ပြောတာမို့ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။

~~~~~~~~~~~~~~ 

Monday တနင်္လာနေ့။

ဘရိတ်ဖတ်စ် (မနက်စာ)
၁။  ကြာဆံဟင်းခါးရှယ်  
၂။  ကြက်သားပလာတာ     
၃။  ကာပယ်ချီနို ကော်ဖီအီစီကလီ   နဲ့  ကိတ်မုန့်

နေ့လည်စာ
၁။   ငါးမြင်း ဆီပြန်ပင်စိမ်းအုပ်   

၂။   ကြက်ရိုးဂွေးတောက် ဟင်းချို  

၃။   ခရမ်းသီးကောင်လုံး ဆီပြန်နှပ်
၄။  ကဒက်ချဉ် ကြက်သွန် ငရုတ်စိမ်း သုပ်  

၅။  ကန်ဇွန်းရွက် ပွ ကျော်    

၆။  ခရမ်းချဉ်သီး ပဲငပိစပ်ချက်   
၇။  ကနဖော့ ၊ ကညစ် ၊

.

ယမကာလုင်  များ  အတွက်
၁။  ဂျော်နီဝေါ့လ်ကား  ဆော်ဒါ  ရေခဲ     

၂။  ကချင်/ချင်း  ခေါင်ရည် (လေဒီများပါဝင်နိုင်)
၃။  ကားလ်စ်ဘာ့ချ်  ဘီယာ 

၄။ ခရောင်သစ် (ထိုင်းစီးကရက်)  ခြူးပျံ ဆေးပေါ့လိပ်
၅။  ကြက်ဂွေးတောက် ဟင်းချို 

၆။  ဂဏန်း အပွကြော် 

၇။ ဂဏန်းလက်မ ကင် 

၈။ ကျောက်ငါး ကင်

.
ညနေစာ  ကို  တော့  ပင်လယ်စာ  သီးသန့်  စီစဉ်  ထား  ပါတယ်..
၁။  ကင်းမွန် ကောင်လုံးပေါင်း   

၂။  ရေခူ ရှောက်သုပ်  

၃။ ခရုအုံးစပ် သုပ်  

၄။ ငမန်းတောင် ဟင်းချို
၅။  ကျားပါစပ် ချဉ်စပ်  ချက်  (မုတ်ကောင်အကြီးစား) 

၆။  ဂဏန်းပျော့  နှပ်   

၇။ ကိုက်လန်ဂွေးကြော်
၈။  ကမာချဉ် ငပိဖျော် အစပ် 

၉။  ကျောက်ပွင့်ပြုတ် 

၁၀။ ငါးပါးနီကောင်လုံးကြော် သီးစုံ နှပ်
၁၁။  ခရမ်းကဇော့ သီး ၊ ဂွေးတောက်ရွက်နုပြုတ် ၊

.
တစ်နေ့စာ  အစာပိတ် 
ကတွတ်ယို ၊  ကမ္ဗလာသီး  ၊ ကျွဲကောသီး ၊ ဂွေးသီး  ၊ ကရင်ဆိုဒါ  ၊

.
ဖျော်ဖြေရေး  အစီအစဉ်အတွက ်  ကို   ကျော်ဟိန်း ၊ ချစ်သူဝေ ( ဓညင်းဝက်အတွက် ) ၊ ချမ်းချမ်း ၊  ကော်နီ ၊ ကြိုးကြာ ၊ ကိုင်ဇာ  ၊  ခင်မောင်တိုး  ၊ ခင်မောင်ထူး ၊  ခိုင်ထူး    တို့ ေ ရာက်ရှိ  နေပါပြီ  ။
ခေမီကို   အဖွဲ့  ရဲ့   မျက်စိ ရှုပ် စရာ တီ ဆားထိ တွန့်တွန့်လူး  အက  ပဒေသာ ကို  လည်း   နမ်းစတော့ ကြည့်ရှု  အား  ပေး  နိုင်ပါ  သေး  တယ်…

~~~~~~~~~~~~~~~~~~

Tuesday
ဘရိတ်ဖတ်စ်   ကို  ကြိုက်  ရာ  မှာ  သုံး  နိုင်ပါတယ်…
၁။  ဆီထမင်း  နှင့် ငါးကြော်   

၂။  ဆိတ်ရိုးပဲစွပ် နဲ့  ပလာတာ  

၃။  ဆိတ် နို့

.
နေ့လည်စာ
၁။  ဆိတ်သား မဆလာ နှပ်   

၂။  ဆူးပုပ် ရွက် ပဲကြီး ဟင်းချို     

၃။  ညောင်ချဉ်ဖူးသုပ်
၄။  ဆလုံကြောက်ငါးအစပ်ကြော်   

၅။  ညောင်ကျိုးငပိရည်ကျို   

၆။  ညံရွက်တို့စရာ

.

.
ယမကယလုင်  များ အတွက်
၁။ ဆင်းဂါးဘီယာ   

၂။  ဆိုဂျု  (လေဒီများ  ပါဝင်နိုင်သည် ) 

၃။  ဆာကေး   

၄။ ဆိုမာလီယာဆေးပြင်းလိပ်
၅။ ဇင်ယော်ငှက်အပွကြော် 

၆။ ဆတ်သားခြောက်ဖုတ် မွ ဆီ ဆမ်း 

.
ညနေစာ
၁။  စိုင်သားပေါင်း    

၂။  ဇရစ်ဟင်းချဉ်ရည်  

၃။   ဆတ်  သားခြောက်  အစပ်ကြော်
၄။  ဆွယ်တော်ပွင့်ပြုတ်သုပ်  

၅။ ဆလုံမနို့ ကုန်းဘောင်ကြော်  ( ပင်လယ် ကျောက်တုံးများတွင်တွယ်ကပ်နေသော အကောင် တစ်မျိုး )
၆။  ညောင်တုန်းငပိရေကျို    

၇။  ဆလပ်ရွက် တို့စရာ

.

.
တစ်နေ့တာအစာပိတ် 
၁။   ဆနွင်းမကင်း  

၂ ။   စလေ ဇီးသီး  

၃။ ဇီးဖျော်ရည် 

၄။  ဇယန်းလဘက်သုပ် 

၅။  စဗျစ်သီး

.
ဒီနေ့ အတွက်  ဖျော်ဖြေရေး  အလှည့်ကျသူ  တွေ  ကတော့  စိုင်းစိုင်းခမ်းလှိုင် ၊ ဆုန်သင်းပါ ၊ ဆင်ပေါက် ၊   စိုင်းထီးဆိုင်    ၊  စိုင်းစိုင်မောဝ်  ၊  ဆိုတေး   ၊  ဇော်ဝင်းထွဋ် တို့  ပဲ ဖြစ် ကြပါတယ်…
စွမ်းဇာနည်  ရဲ့  အက  အလှ  များ  လည်း  မယ်မယ်  မမ  တို့  ရှုစား  နိုင်ပါကြောင်း…
  ~~~~~~~~~~~~~~~~~~~~~~~

Wednesday

ဘရိတ်ဖတ်စ်  ကတော့ 
၁။  ရခိုင်မုန့်တီ  

၂။  ရန်ကုန်မုန့်ဟင်းခါး 

၃။ ရှမ်းခေါက်ဆွဲ  

၄။ ရိုင်ရယ်မြန်မာတီးမစ်/ လဘက်ရည်

 

နေ့လည်စာ    ကတော့.. 

ဝက်သား  ကို  တစ်ပုံစံ  ချက်  ကို  ဝက်ပုန်း  လိုချင်သူ  ဆို  ပုန်းရည်ကြီး  အမှုန့်အပေါ်  ကဖြူး ပြီး  မွှေပေး  လိုက်ပါ တယ်..၊ 

ဝက်ပဲ ငပိ  လိုချင်သူ  ဆို  ပဲငပိ  ထည့်  မွှေ ..ဒီလောက် ဆို  သဘောပေါက် ပြီ  ပေါ့ နော်..
၁။  ဝက်သုံးထပ်သား ချက်  (  ဝက်ပုန်း / ဝက်ပဲငပိ / ဝက်ချဉ်စပ် )  

၂။ လယ်ဂဏန်းဟင်းချိုစပ်  
၃။  ရေကန်ဇွန်း ကြော် 

၄။  ရခိုင် ငရုတ်သီးထောင်း 

၅။ ရေကျိုငပိရည်     

၆။  ရှောက်ရွက်နုနု

 

ယမကာလုင် များ  အတွက်
၁။ ရမ်  / ဝီစကီ  / ရက်ဒ် လယ်ဘယ် ဆော်ဒါ ရေခဲ    

၂ ။  ယုန်ကောင်လုံးကင် 

၃။  ဝက်နံကင်
၄။  လယ်ကြွက်ကြော်     

၅။  လန်ဒန် / လပ်ကီးစထရို်က် စီးကရက်    

၆။  ဝိုင်   ( လေဒီများ  အတွက်  )

.
ညနေစာ   အတွက်  ကတော့..   ဒီလို သုံးဆောင် နိုုင်ပါတယ်  ..
၁။  လင်ပိုင်သား နှပ်     

၂။  ယိုးဒယားဟင်းချို  

၃။  ရေခူသုပ်    

၄။  ရှပ်ခြောက်အစပ်ကြော်
၅။  ဝက်နားကြော် (ပင်လယ်မုတ်ကောင် တစ်မျိုး )   

၆။  ရင်ကန်းသီးချဉ်စပ်သုပ် 

၇။ လင်ငိုရွက်နုနုပြုတ်

.
တစ်နေ့တာ အစာပိတ် 
၁။  ရဲယိုသီး အချို ပေါင်း 

၂။  လဘက်သုပ်   

၃။  ရေနွေးကြမ်း 

၄။ လိမ္မော်သီး  

ဖျော်ဖြေရေး  အစီအစဉ်   ကတော့   လေးဖြူ ၊ ဝိုင်ဝိုင်း ၊ ဝိုင်းစု နဲ့  ခိုင်သိန်း   ၊  လင်းလင်း ၊ ရင်ဂို ၊ ရေဗက္ကာဝင်း ၊ ရတနာမိုင်  ၊   ရဲလေး တို့ရဲ့  တေးသီချင်း  များ ကို  နားသောတ  ဆင်ကြရမျာ  ဖြစ်  ပါတယ်။

~~~~~~~~~~~~~~~~~

Thursday
ဘရိတ်ဖတ်စ်  ကြိုက်တာ  မှာ   ကျ  သလောက် ရှင်း  ဖြစ်ပါတယ်…
၁။  မုန့်ဟင်းခါး   အကြော်စုံ        

၂။  မုန့်ပေါင်း  + မုန့်လင်မယား    

၃။  မြိတ်ကတ်ကျေးကိုက်
၄။   မြီးရှည်

.

.
နေ့လည်စာ
၁။   ဘဲ သား  ပဲလင်းမြွေသီး အစာသွပ်       

၂။  ဗူးရွက်  ငရုတ်ကောင်း မွှေး ဟင်းချို   

၃။  ဖရုံသီး ဆီပြန်
၄။   မုန်လာဥ ပိုးတီချဉ်     

၅။    ဖါးပေါင်စင်း ပင်စိမ်းအုပ်ဆီပြန်   

၆။    မလိ ငပိထောင်း        
၇။   မာလာဖူး၊  မျှစ်ပြုတ်   ၊  ဖလံတောင်ဝှေး   ( တို့စရာ  ) 

၈။  ပင်လယ် ခရု သုပ် ရှောက် ရွက်ဖြူး
၉။  ပငို ချဉ် စပ်  ချက်     ( ပင်လယ် ကျောက်တုံးများတွင်တွယ်ကပ်နေသော အကောင် တစ်မျိုး )

.

.
ယမကာလုင်  များ  အတွက်
၁။   မြန်မာဘီယာ   (သို့)  မန္တလေး ဘီယာ   

၂။  မေမြို့/ မက်မန်း  ဝိုင်  (  လေဒီများ အတွက်)
၃။   ဗက်ထ် -ဆစ်စတီးနိုင်း / ဗော့ဒကာ   ဆော်ဒါ   ရေခဲ   

၄။   မုတ်ကောင်ကြက်သွန်နီဥ ကြော်   
၅။  ပုရစ်ကြော်

၆။   ပုဇွန် အစိမ်းရှောက်ရည်ဆမ်း သုပ် 

၇။  ပင်လယ် မျှော့  သုပ် 
၈။  မျောက်ညို ချေးခါး  ကြော်  

၉။ ပရီးမီးယားဂိုးလ်ဒ် / ဖိုက်ဖိုက်ဖိုက် / မာလ်လိုရို  စီးကရက်

.

.
ညနေစာ
၁။   ပဲထမင်း     

၂။  မန်ဒါလီ ကင်    

၃။  ပြည်ကြီးငါး ကောက်ညှင်း အစာသွပ် 

၄။ ဖွတ်ပုတတ်ကြော်
၅။  မျှစ် စားတော်ပဲ ကြော်  

၆။ ဗူးသီး အချိုချက်   

ရ ။  ပြောင်းဖူးကြော်    

၈။   မြိတ်ငပိ ထောင်း 
၉။  မုန်ညင်း ၊ ပန်းဂေါ်ဖီ  ၊   ပဲဇောင်းလျား သီး    ( တို့စရာ  )

.

.
တစ်နေ့တာ အစာပိတ် 
၁။  ပန်းသီး  ၊  ပန်းသစ်တော်  ၊   မုန့်ကုလားမည်း  နဲ့   မုန့်လက်ဆောင်း   ၊  ပက်ပ်စီ   ကိုလာ

.
ဖျော်ဖြေပွဲ      ကတော့ မျိုးကြီး  ၊  ဖြူဖြူ နဲ့  ကျော်သိန်း ၊  မေခလာ  ၊ မေဆွိ  ၊ မာမာအေး  တို့ရဲ့ တေးသီချင်း  များ  ဖြစ်ပါတယ်…ဒါ့  အပြင်    ဖိုက်စတား  ဟာသ  များ  နှင့် အတူ  ဖိုးချစ်ရဲ့  အက  များ လည်း တစ်နေကုန် ပါဝင် ကြမှာ  ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~
Friday

မနက်စာ  ဘရိတ်ဖတ်စ်
၁။  ဟမ်ဘာဂါ     

၂။  သကြားပလာတာ  

၃။ ဟင်္သတ မုန့်ဟင်းခါး

 

နေ့လည်စာ
၁။  သိုးသားနှပ်      

၂။  သီးစုံချဉ်ရည်     

၃။  သဘောင်္သီး ထောင်း  

၄။  သဲပလုပ် ကုန်းဘောင်ကြော်
၃။   သပြုသီး ငပိသုပ်           

၄။   သဘောင်္မယ်ဇလီ  / သဘောင်္ ဆီးဖြူ  / သီဟိုရွက်နု ( တို့စရာ  )

 

ယမကာလုလင် များ  အတွက်
၁။   ဟန်နက်ဆီ ဝီစကီ   ဆိုဒါ   ရေခဲတုံး   

၂။   ဟန်နီကယ်လ် ဘီယာ  
၃။  သစ်တောက်ငှက် ကောက်လုံး ဆီပူစိမ်   

၄။   သစ်ဂျပိုး  လှော်     

၅။    သနပ်ဖက်  ဆေးပေါ့လိပ်

 

ညနေစာ
၁။   သမင်သား ဆီပြန်          

၂။   ဟင်္သာ ကြွပ်ကြွပ်အစပ်  ကြော်    

၃။   သကြားမုန်လာ ဟင်းချို      
၄။  သရက်ချဉ်သုပ်         

၅။  သုံးခွ ငပိရည် ကျို  

၆။ သဘောင်္ရွက်ပြုတ် ၊   သခွါးသီး

 

တစ်နေ့တာ အစာပိတ် 
သလဲသီး၊   ၊   သီးသီး မှည့် သကြားနှပ် ၊  သစ်တော်သီး  ၊ သဘောင်္သီး  နဲ့     သစ်ခွ ဖျော်ရည် 

.

 
ဖျော်ဖြေပွဲ  အလှည့်ကျသူ  များ  က  တော့    သားစိုး ၊  သန်းနိင် (ပလေးဘွိုင် )  ၊ ဟင်္သတထွန်းငွေ ၊ သဉ္ဇာဝင့်ကျော် ၊  သဇင် ၊ ဟန်နီထွန်း ၊   ဟေမာနေဝင်း တို့  က  တစ်လှည့်စီ   မနားတမ်း  နမ်းစတေ့ပ်   တစ်နေကုန် ဖျော်ဖြေ  မှာ  မို့  ကြိုက်နှစ်သက်ရာ အချိန်  မှာ  လာရောက်အားပေး  နိုင်ပါကြောင်း  ။
ဒါ့အပြင်   ဟန်ဇာမိုးဝင်း  ရဲ့   ပုဂံအက  များ ကို  လည်း  အသွင်ထူး  စွာ  မြင်  ကြရဦး  မှာ  ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~

Saturday  စနေ
ဒီလို  စနေ  တစ်နေ့  အတွက်..   ဘရိတ်ဖတ်စ်  ကို     (၃) မျိုး  စီစဉ်ပေး  ထားပါတယ်  ။
၁။  နံပြား  နဲ့  နွားနို့   

၂။  နန်းကြီးသုပ်    

၃။  ထမင်းနန်းတွင်း ကြော်

.

.
ကဲ  ..ရွာသူ / ရွာသား  များ  နေ့လည်စာကို  ကြိုက် ရာ  ကို  မှာ  ၍  စား  နိုင် ကြပါပြီ  ခင် ဗျာ…
ကဲ  အလုပ်ပိတ် ရက်လည်း  ဖြစ် တော့  နားနား  နေနေ  နဲ့    အပန်းဖြေ  စားဖို့   တောကောင်သား  ရထား  ပါတယ်  ။   ပေါက်ပေါက်ရှာရှာ  တွေ လည်း  စားဖူးအောင်ရှာဖွေ ချက်ထား  ပေးရပါတယ် နော်။
၁။  ဒရယ်သား ဒညင်းသီး ဆီပြန် နှပ်       

၂။  ဒန့်သလွန် ရွက် ပင်လယ်ခရုချွန် ဟင်းချို
၃။  နှမ်းဖတ် ချဉ် သုပ် နံနံ ဖြူး              

၄။  ထားဝယ် ငပိ သုပ်      
၅။   နံနံပင် ၊ တမာရွက်နုနု ပြုတ်  (တို့စရာ )

အစာပိတ်  အချိုပွဲ  အနေနဲ့  

၆။  တွင်းပိုးကြော်  (  မုံရွာ )  နဲ့  လက်ဘက်သုပ်     ကို   ရေနွေးကြမ်း  နဲ့သုံးဆောင်  ပေးရမှာ  ဖြစ်ပါတယ်  ။

.

.
ညနေစောင်း  ပြီ  ဆို တော့  ကား…. ယမကာလုင် များ  အတွက်   အဆင်ပြေပြေ  နားနေ  လေဖော အကြောင်းအရာ မျိုးစုံ ဒီဘိတ် လုပ်နိုင်ရေး  ဒိလို  လေး  စီစဉ်ပေး  မယ်  ဗျာ..
၁။  အပျော့  ကြိုက်သူ  များ  အတွက်   ထန်းရေခါး (သို့) ဒဂုံဘီယာ
၂။  အပြင်း  ကြိုက်သူ  များ  အတွက်   ဒရိုင်းဂျင် သံပုရာဆမ်း  ရေခဲ  မြှုပ်
၃။  အမြည်း  အတွက်  က    ဒေါင်းသား ကောင်လုံး  ကင်   နဲ့  နဂါးနီ  ဆေးပေါ့လိပ်    ဒူးယားစီးကရက်

.

.
ညနေစာ  အတွက်  ကတော့   မူးရစ် ရီဝေစွာ  အားပေး  နိုင်ဖို့  ဒီလို  ဗျာ-
၁။  တိုက်ဂါးပုဇွန်  ဆီပြန်     

၂။  တိုက်ဂါးငါးမန်း အရေပြားသုပ်  

၃။  ထနောင်းရွက်သုပ်  
၄။  နတ်သမီး သံပုခြုပ် ကြော်   

၅။  ဒရင်ကောက်ညွန့် ကြော်  

၆။  တုံရမ်း ဟင်းချို
၇။  ထားဝယ်   ငါးစင်းကော သုပ်      

၈။  နံနံပင်  ၊  တမာရွက် နုနု ပြုတ်

.
အစာပိတ်  ကတော့  နာနတ်ဖျော်ရည်  ဒူးရင်းသီး ဖျော်ရည်  နဲ့  နတ်သုဒ္ဓာ ၊  ထောပတ်သီး

.

.
ဖျော်ဖြေရေး  အစီအစဉ်  ကတော့  ဒိုးလုံး၊  တင်ဇာမော် ၊ တင့်တင့်ထွန်း ၊  ထွန်းထွန်း  ၊   ထွန်းအိန္ဒြာဗို တို့  ရဲ့ တေးသီချင်း  များ  ကို  နားသောတ  ဆင်ပြီး   စားသောက်နိုင်ပါကြောင်း …….

~~~~~~~~~~~~~~~~~~~~~~~~~~
Sunday
တနင်္ဂနွေ အားလပ်ရက်  အတွက်  ကို  မောနင်း  ဘရိတ်ဖတ်စ်  ကတော့  ဒီလိုလေး  ပါ
၁။    အာလူးပူရီ  နဲ့  ပလာတာ          

၂။  အကြော်စုံ   နဲ့  ရေနွေးကြမ်း      

၃။   အိုဗာတင်း
၄။    အုန်းနို့ ခေါက်ဆွဲ

 

နေ့လည်စာ   အစားအစာ  များ
၁။   အင်ဥ  နဲ့  ဝက်သားနှပ်    

၂။  အာတာလွတ် ဥ ဟင်းချို   

၃။ အင်ဖူးကြော်
၄။   ဥဩ ငှက် တောက်တောက်  အစပ်ကြော်  

၅။ ဥသျှစ် ရွက်နုနု

 

ယမကာလုလင် များ  အတွက်
၁။    အာမီရမ်    ဆော်ဒါ  ပေါင်း  ရေခဲစိမ်   /  အေဘီစီ စတောက်  ဘီယာ
၂။    အူစုံ အသည်းစုံ  တံစို့ကင်    

၃။  အောင်ပင်လယ်တံဆိပ် ငါးမုန့်ကြော်

 

ညနေစာ အစားအစာများ
၁။   အုန်းနို့ ထမင်း        

၂။  အမဲသား နှပ်    

၃။     အောက်ချင်းငှက် ကောင်လုံးပေါင်း     
၄။   အုန်းဂဏန်းအပွကြော်   

၅။  အုန်းပိုး  အစပ်ကြော်     

၆။   အာလူး ငရုတ်ကောင်း ဟင်းချို  
၇။   အုန်းဖူး အူတိုင်ပြုတ်  ( တို့စရာ)   

အစာပိတ်
အောင်ဗလမုန့်    အေး မုန့်    ဩဇာသီး  နဲ့   ဥသျှစ်သီး  ဖျော်ရည်

.

.
ဖျော်ဖြေပွဲ  အလှည့် ကျသူ  များ  ကတော့   အာဇာနည် ၊ ဩရသ ၊ အေသင်နဲ့ ချိုဆွေ ၊ အောင်လ ၊ အိန်းအိန်း (ပြည်သူ့ အချဉ်တော် ) ၊ အယ်လ်လွန်းဝါ ၊ အယ်လ်နောင်း ၊ အယ်လ်ဆိုင်းဇီ ၊အယ်လ်ခွန်းရီ  တို့ ရောက်ရှိနေပါပြီ  ။

 ~~~~~~~~~~~~~~~~~~

ဟမ်မလေးးးးး
စဉ်းစားရတဲ့သူတော့ မသိဖတ်ရတဲ့ သူက မောလို့ ဘယ်လို စဉ်းစားတုန်း မေးကြည့်တော့ သူ့ စဉ်းစားနည်းကို ပြောပါတယ်။
ဟင်းစပ်တွေဖတ်ပြီး ဖော်နိုင်တဲ့သူရှိရင် ဖော်ပေးသွားကြပါ။

မဟာကိုယ်တိုင်က ပင်လယ်စာနဲ့ တောကောင်စာကို ကျွမ်းကျင်စွာချက်တတ်တယ်လို့ သိရှိပြီးကြောင်းပါ။
ဟင်းချက်နည်းကို သူ့ကို မေးကြနော်။

 

😀

 

47 comments

  • မဟာရာဇာ အံစာတုံး

    October 7, 2013 at 10:41 am

    ကျားသားတို့
    ခြင်္သေ့သားတို့ စားဂျင်ဒါ …
    အိုက်ဒါ …
    ကိုညန်မာဘီယာ က ချက်ကျွေးဘာလား …
    :mrgreen:

    • Mahar Myanmar

      October 7, 2013 at 1:26 pm

      ကို အံစာ ကြီး စနေ မီနူး မှာ တိုက်ဂါး ဆိုပြီး ပါတယ် လေဗျာ..
      ကြိုက် ရာ ချွိုက်စ် လုပ် နိုင်ပါတယ်…
      ခြင်္သေ့ ကတော့ မြန်မာ ပြည ် တော ထဲ မှာ မရှိ ဘူး ဗျ…
      တကယ် စား ချင်သပ ဆိုရင် တော့ ..
      ရှယ် .. ချက် ပေး နိုင်ပါ ေ ကြာင်း..နဲ့ အဲဒီ နှစ်ကောင် ကို ဂုတ် ဆွဲ
      ခေါ် လာ ဖို့ တာဝန်ယူ ပေး ပါ.. အဲ .
      တစ်ခု ရှိ တာ က.. အဲဒီ အကောင် တွေ ရဲ့ အသား ဟာ..
      အရသာ ထူးကဲ မှုု မရှိ ဘဲ.. ပုပ် လွယ် တာ ကြောင့်
      ကျွန်တော် မျိုး .. မချက် ပဲ ပယ် ချ ခဲ့ ရပါတယ်..
      ဗုဒ္ဓ ရဲ့ မြင်သား ၊ ကြားသား ၊ ယုံမှားသံသယ ရှိတဲ့ အသား ရယ်
      အသားကြီး ဆယ်မျိုး ဆိုတာ မှာ အဲဒီ အကောင် တွေ ပါ နိုင် ပါကြောင်း..
      ( အတိအကျ မသိ လို့ ရွှီး )
      ထင်မြင် ယူဆ တာ ကြောင့် မချက် မိ လိုက် ပါ…
      ဖြေရှင်း တင်ပြအပ် ပါသည်.

  • Wow

    October 7, 2013 at 11:00 am

    တနလာင်္နဲ့ စနေ လာစားဘာမြီ… ကုန်ကျငွေဂို စာရေးသူထံမှာတောင်းဘာ :mrgreen:

    • KZ

      October 7, 2013 at 11:11 am

      ရပါတယ်။
      အကြွေးများလာရင် လူကို သိမ်းမှာပဲ။
      အဟွတ်!!!

      😀

      • Mahar Myanmar

        October 7, 2013 at 1:38 pm

        ဆိုင်ရှင် အကြွေး ရောင်းတာ မရောင်း အကျွန်ုပ် မသိ ။
        အကျွန်ုပ် လစာ ရဖို့ အရေး ကြီး ပါသဖြင့်
        လစာ ရှင်းလင်း ပေး ပါရန်…
        သို့မဟုတ် ပါက..
        အလုပ်ရှင် / အလုပ်သမား ဥပဒေ အရ
        တဂျီး အိမ်ရှေ့ တွင် သပိတ် စခန်း ဖွင့်၍
        ဆန်ဒ ပြမည် ဖြစ်ပါ ကြောင်း..
        ပါဝင်လိုသူ များ…ဆက်သွယ်ရန်..

        • KZ

          October 8, 2013 at 9:21 am

          ဟဲ့။
          ကွကိုယ် ဆန်ဒပြတာ တခြားလူတွေပါ ခေါ်မသွားနဲ့လေ။

          😀

  • kyeemite

    October 7, 2013 at 3:09 pm

    မဟာမြန်မာ ဟင်းချက်တာ
    ခေါင်းတောင်မူးတယ်ဗျာ
    ယမကာလုလင် တွေမှာတော့
    ပိုပြီးမူးတယ်ပေါ့။
    😀

    • KZ

      October 8, 2013 at 9:29 am

      နောက်လမှ မိုက်မိုက်တို့ ကြိုက်တဲ့ ဘရန်းဒွေ ရေးပေးမယ်နော်။
      ဖတ်ရုံနဲ့ မူးလဲသွားအောင်လို့။
      ဟေးဟေးဟေး

      😀

  • black chaw

    October 7, 2013 at 3:10 pm

    ဖျော်ဖြေရေးအစီအစဉ်မှာပါတဲ့
    ကျော်ဟိန်း ကြီးက သီချင်းဆိုမှာလား…
    တရားဟောမှာလားဟင်????????
    😀

    • Mahar Myanmar

      October 7, 2013 at 4:47 pm

      ဦးကျော်ဟိန်း က တစ်ယောက်တည်း လာ း မေး တော့
      ကိုယ် တစ်ယောက်တည်း ပါ ..သီချင်း ကို အဆိုတော့ ပဲ
      တရား လုပ် ဟော မှာ ဖြစ်ပါ ကြောင်း ကိုဘလက် လျှော ခင်ဗျာ..

  • ဗုံဗုံ

    October 7, 2013 at 3:20 pm

    သူ့နေ့နံအလိုက်ချက်ထားတာပါလား…… :mrgreen:
    အောက်ချင်းငှက် ကောင်လုံးပေါင်း
    ဥဩ ငှက် တောက်တောက် အစပ်ကြော်
    ဟင်္သာ ကြွပ်ကြွပ်အစပ် ကြော်
    သစ်တောက်ငှက် ကောက်လုံး ဆီပူစိမ်
    ယုန်ကောင်လုံးကင်
    ဒီထမင်းဆိုင်တစ်ကယ်ဖွင့်ဖြစ်ရင်တော့..ဌက်ကလေးတွေ မျိုးတုန်းပါပြီ….. 😥

    • Mahar Myanmar

      October 8, 2013 at 8:52 am

      နောက်တစ်ခါက်ဆို ငှက် ကို ချမ်းသာ ပေး ပြီး..
      မြေပေါ်က အကောင်ပလောင် တွေ ကို ပဲ ကြိုးစား
      ပေး ပါ့ မယ် ..

  • Crystalline

    October 7, 2013 at 3:30 pm

    မြန်မာဘီယာ့အရည်အချင်းကိုတော့လေးစားသွားပြီး.. ဒိုးလုံးကိုတောင်ခေါ်ဆိုမယ်ဆိုပါလား :mrgreenn: ဖုတ်သွင်းဆိုခိုင်းမှာလားဟင် :)) ဟင်းတွေတော့ တစ်ပတ်လုံးလာစားမယ်နော်.. ဟင်းစပ်ကောင်းတွေစားပြီး… ဘာမှမဖြစ်ရင်တော့ကံကောင်းတာပဲ.. :mrgreenn:

    • Mahar Myanmar

      October 8, 2013 at 8:54 am

      ထူအိမ်သင် တောင် အဆက် အသွယ် မရလို့
      ရတဲ့ ဒိုးလုံး တစ်ယောက် ပဲ ဆွဲစိ ခဲ့ရပါကြောင်း

  • TNA

    October 7, 2013 at 3:38 pm

    ဟင်းတွေကိုစုံလို့ မေ့မေ့တွားလို့ အပေါ်ပြန်ပြန်ဖတ်နေရတာ။ ဒီတပါတ်တော့ ထမင်းဆိုင်ပိုင်ချင်ထောမလား အကြွေးပိလို့မွဲမလား တထုထုပဲ။ ဘာပဲဖြစ်ဖြစ် တပါတ်လုံးအကြွေးစားမည်ဖြစ်ပါကြောင်း။ ဒေါ်ကေဇီ ညန်မာကျည်ပြန် ရောက်မွှ ထမင်းဖိုးကိုရှင်းပါမည်။ ပြန်မလာသေးသမျှ ကြွေးဖြစ်ပြီး ပြန်လာလျှင်ရှောင်နေ ဘာမည်။ :mrgreen:

    • Mahar Myanmar

      October 8, 2013 at 8:57 am

      ဆိုင်ရှင် ပြုတ် အောင် ..
      ရှိသမျှ အကုန် ချက် တယ်..
      မမှတ် လိုက်ပါနဲ့ ခင်ဗျာ…
      ရန် လည်း တိုက် မပေး ကြပါ နဲ့ ခင်ဗျာ..
      ဆိုင် ရှင် ကို ကြောက်လွန်း လို့ ပါ..
      ဟီး

      • KZ

        October 8, 2013 at 9:23 am

        ကြောက်လို့သာပဲ။
        နိ ဟင်းစပ်ပုံက နာ အန်နဝါ တတ်တဝါတွေ ဖမ်းဆီးတဲ့ တင်းဘောက ကပ်ပုတိန်ကို မျက်စပစ်ထားရမား စဉ်းဇားနေရဒယ်။

        :hint:

        • TNA

          October 8, 2013 at 8:42 pm

          ငါးဖမ်းလှေကို ပုတ်ပြတ်ဆွဲအေ :mrgreen:

    • KZ

      October 8, 2013 at 9:35 am

      ဘာ တွက် ယတြာတုန်းဟမ်။

      အင်္ဂါသားကို နိုင်ချင်လျင် ဘာဆောင်ရမတုန်း ပြောပြမယ်။
      ဟိဟိ

      😀

  • အရီးခင်

    October 7, 2013 at 3:46 pm

    မောင်မဟာရာဂျာ ရဲ့ တန်ခိုး နဲ့ မီးဖိုချောင် ထဲ က ၂၄/ရ မထွက်ရ ဖြစ်တော့မယ်။
    ရွာထဲမယ် သောင်းကျန်းသူ တွေ (အစား) ရှိတာ ထင်ရှားစွာ တွေ့ရပြီကော။
    အစီအစဉ်မီနူးလေးအတွက် စီစဉ်သူရော တင်ပြသူ ကိုပါ ကျေးဇူးပါ။
    မစားဖူးတဲ့ ဟင်းစပ်တွေ အများကြီးဘဲ။ စားချင်တယ်။ 😛

    ဒါနဲ့
    မီနူးထဲ က အသားတစ်ချို့ က မသတ်ရ၊ မစားရ တားမြစ်ထားတာတွေ ပါသလားလို့။
    ဥပမာ – လင်းပိုင်သား
    နောက် ဇင်ယော် က အသားအင်မတန် နဲတာဆို၊ ကြားဖူးတာ။

    • Mahar Myanmar

      October 8, 2013 at 9:04 am

      လင်းပိုင် တို့ ငါးမန်း တို့ လိပ်/ လိပ်ဥ တို့ က
      တားမြစ်ထား တာ မှန် ပါတယ်..ဖမ်းခွင့် ရောင်းခွင့် မရှိပါဘူး
      ဒါပေမယ့်…ဒါ ပေမယ့် ပေါ့…အဲသည်လိုပါဘဲ…ခင်ဗျာ
      ရေလုပ်သား တွေ က လင်းပိုင် ကို မဖမ်း ကြပါဘူး
      တစ်ခါတစ် ရံ ..ထောင်ထား တဲ့ ပိုက် မှာ မိနေရင်..
      ရှင် ရင် တော့ ပြန်လွှတ် ပါတယ်..သေ နေရင် တော့.
      ဈေး တွေ မှာ တွေ့ ရတတ် ပါတယ် …
      တကူး တက တော့ မဖမ်း ပါ…
      ဇင်ယော် ကလည်း ..အညှီ ဘက် များ ပြီး အသားရင့် ပါတယ်..
      စာကလေး ဂျိုး စနိုက် တို့ လို ..စား မကောင်း ပါ..

  • Wow

    October 7, 2013 at 4:29 pm

    ဟင့် ဗေဒင်ကိ်န်းခန်းအတိုင်း ဟင်းစပ်ပီး ရွာလုံးပြုတ်အောင် လုပ်ကြံနေဒါလား မဟာဘာဂျာ.. ပေါလိုက်စမ်းဘာာာာာာာ :hee:

    • KZ

      October 8, 2013 at 9:36 am

      ဟုတ်တယ်။
      တူ့ ဟင်းဇပ်က နောက်ဆို တစ်ရွာလုံးပါချက်စားမဲ့ သဘောရှိတယ်။

      :sar:

  • metallic

    October 7, 2013 at 7:44 pm

    လင်ငိုရွက်က
    ဘယ်လိုအရွက်များပါလိမ့်
    နုနုပြုတ် ရမယ်ဆိုပါလား

    • Mahar Myanmar

      October 8, 2013 at 9:09 am

      လင်ငိုရွက် က တနသာင်္ရီ တိုင်း ဘက်မှာ
      အသုံး များ ပါတယ်..
      ထားဝယ်လို လန်ငိုဝက် လို့ ခေါ်ပါတယ်
      အရွက် နု ကလေး တွေ ကို
      ဟင်းချိုသောက် (သို့) ..ပြုတ် တို့ လို့ ရပါ တယ်…

  • lele kyi

    October 7, 2013 at 8:27 pm

    ရ နေ့နံ ဟင်းနဲ့ကိုက်ညီအောင် ရရက်သားသမီးများ မိမိနေ့နံကျရောက်သောရက်များတွင်သာစားသောက်တော်မူကြပါကုန်။ အခြားရက်များတွင် ၇၈၆ ဥပုဒ်ဆောက်တည်ကြပါရန်။

    • KZ

      October 8, 2013 at 9:38 am

      ဟင်။
      မီး မစားပဲ မနေနိုင်ဘူးးးး

      :hint:

  • alinsett

    October 7, 2013 at 9:28 pm

    ချစ်သုဝေလေးကို..အိုးကပ်လေး ချက်စားချင်တယ် ။
    အချိုပွဲကိုတော့.. အေးမြတ်သူလေးကို… သက်မွန်မြင့်လေးနဲ ့ တို ့ပြိး..စားချင်တာ…။

    အဟိ ။

    နာ ဘာဒွေ ပြောမိပါလိမ့် …။

    :kwi:

    ဝင်နောက်ထာဘာ..။

    • ဦးကြောင်ကြီး

      October 8, 2013 at 8:25 am

      ခြစ်သုဝေအိုးကပ်တယ်လို့ ငါမထင်ဗူးကွာ… သူ့အိုးကောင်းပါဒယ်… နင်ဂလည်း ဂျီနီဖာလိုးပက်ဇ်လို ရာဝင်အိုးဂျီးနဲ့ဒေါ့ သွားအယှဉ်နဲ့ပေါ့ကွာ… 😳

    • Mahar Myanmar

      October 8, 2013 at 9:23 am

      နောက်တစ်ခါ ချက် ဖြစ်ရင်..
      မော်ဒယ်လ် အိုးကပ် ချက်
      မင်းသား မီးဖုတ် ဆာတေး နဲ့
      မင်းသမီး …တွေ ကို တော့
      အရံ ထား ပါ့မယ်..
      စားသုံးသူ အကြိုက် ..ပြင်ပေး ရမှာ မို့
      အော် အတိုင်း ဖြစ်အောင် ရေခဲစိမ် ထားပေး ပါ့ မယ် ခင်ဗျာ..

  • padonmar

    October 7, 2013 at 10:46 pm

    ဥသျှစ်ရွက်နုနုကတော့ တကယ်တို့လို့ကောင်းတာ။
    ဖတ်ရင်းမောသွားတာပဲ။
    ကြံကြံဖန်ဖန် စဉ်းစားနိုင်ပါပေ့ အိုင်ပီရယ်။

    • KZ

      October 8, 2013 at 9:40 am

      ကျနော် အဲ့ အရွက် မစားဖူးဘူး အာတီဒုံ။
      ဥသျှစ်သီးပဲ စားဖူး တယ်။

      🙂

  • ဖွတ်ပြောင်

    October 8, 2013 at 2:23 am

    သောကြာနေ့မှာ သင်ချာဝင့်ကျော် ဂျီးကို သံပုရာရည် နဲ့ မြည်းချင်ထာ

    • ဖွတ်ပြောင်

      October 8, 2013 at 2:28 am

      ဗုဒဟူး နေ့ကျတော့ ယုစ် ဝင့်စ် နဲ့ ရှီး ကို ၃ဦးစပ် ငပိလုပ်ပြီး ရယ်မီမာတင် လေးနဲ့

      အဟေးဟေး

      • ဖွတ်ပြောင်

        October 8, 2013 at 2:37 am

        ကြာသာပတေး နေ့ကျတော့ မိုးဂျီးကို ဗတ်စစ်စတီနိုင်း နဲ့ တွယ်ပြီး မိုးလေးကို အစာပိတ်ကစ်ရ ရင်

        အာဂ ဘဇပ် လူဖြစ်ရကျိုးနပ်ပေပေါ့

        (ချစ်တောမောင်နဲ့ ဘာမှ မဆိုင်ပါ)

        ငိငိ

        စနေနေ့ ကျပြန်တော့ နီနီခင်ဂျော် ကိုနံနံပင်အုပ် ပြီး တာကွီလာနဲ့ဆွဲချင်ငဲ့

        ဆန်းဒေးမှာတော့ အောဆိုင်း နဲ့ အမ်ဆိုင်းလူ လေးကို အိုးကပ်ချက်ပြီး

        အုန်းသီးထဲ အာမီရမ် ထဲ့လို့အိမ်အောက်ထပ်ကဧည့်ခန်းထဲ အားရပါးရ အုပ်ပျဇီ

        • Mahar Myanmar

          October 8, 2013 at 9:19 am

          ကိုဖွတ်ပြောင် ရဲ့ ချက်နည်း မှတ်သား ထားပါကြောင်း
          နောက်တစ်ချိန် ဤ ချက်နည်း ဖြင့်
          ဆိုင်ရှင် ကို ဒုက္ခ ပေးဦးမည်ဖြစ်ပါကြောင်း
          သတင်း ကောင်း ပါး ..ပါး အပ်ပါသည်

        • KZ

          October 8, 2013 at 9:25 am

          ပဂိုးဒါးးးး ပဂိုးဒါးးးးးး
          မင်းဒမီးတွေပဲ ချက်ပေးပါ့မယ်။
          မင်းဒါးလေးတွေတော့ ဆိုင်ရှင် အတွက် ချန်ထားကြပါ။

          :hint:

      • Foreign Resident

        October 8, 2013 at 5:42 am

        ဖွတ်ပြောင် says:
        ” ဗုဒ္ဓဟူး နေ့ကျတော့ ယုစ် ဝင့်စ် နဲ့ ရှီး ကို ၃ဦးစပ် ”

        အ ဟီး ဟီး ဟီး ။ ၃ ဦးစပ် ကိုတော့ စိတ်ဝင်စားတယ် ။
        အဘ တောင် ၊ ၂ ဦးစပ် လောက်ပဲ တွေ့ဖူးတာ ။ 😛

  • ကျော်စွာခေါင်

    October 8, 2013 at 4:42 am

    တနင်္လာနေ ့ ဘရိတ်ဖတ်စ် လာစားမည်..
    အရက်သေစာ မသောက် .. အမြည်းအကုန်ချပေးပါ…အမြည်းတော့ စားမယ်..
    စနေနေ ့ နန်းကြီးသုတ် တစ်ဆိုင်းလုံး ရှိတာ အကုန်ယူမည်.. ကျန်တာ တွေ စိတ်မဝင်စားပါ..။

  • KZ

    October 8, 2013 at 9:17 am

    ကျန်းးးးးး
    မဟာလေး အားကိုးရချက်။
    မမ အရှုပ်လုပ်နေတုန်း (အဲလေ) အလုပ်ရှုပ်နေတုန်းးး စားဖိုမှူးက ဧည့်ခံပေးထားတယ်တော့။
    ကြွရောက်လာကြတဲ့ ဧည့်ပလိတ်သတ်ကြီးကို ကျေးဇူးပါ။

    :chit:

    • Mahar Myanmar

      October 8, 2013 at 9:26 am

      အံမလေး ..ပြော နဲ့ တော့ ဆိုင်ရှင် ရေ..
      အနောက် မှာ လည်း ..ပြေး ချတ် ရ..
      အရှေ့ မှာ လည်း ဧည့်ခံ ရနဲ့..
      လက် ကို မလည် ဘူး..
      အဲဒါ ကြောင့်…လက်အား ရင် ခဏ
      ဝင်ကူ ပါဦး..

  • KZ

    October 8, 2013 at 9:19 am

    အကြွေး စားမိ ဒူညားးးးးး
    အကြွေး များလာရင် လူသိမ်းပါမီ။

    ပုံ/
    ချစ်တီး ဆွိ

    😀

  • Mahar Myanmar

    October 8, 2013 at 9:28 am

    ဆိုင်ရှင် ..
    သူများ အကြွေး တွေ ကျ လူသိမ်း မလေး ဘာ လေး နဲ့
    ကျုပ် စားဖိုမူး လခ အကြွေး ကကော..
    ခီများ လို လူပဲ သိမ်း ရမှာ လား..
    ဟင့် .. ကြောက် တယ် နော်..
    အရက် ဖိုး မရှိ ဘူး ..
    မြန်မြန် ပေး..

    • KZ

      October 8, 2013 at 9:43 am

      အေးပါ။
      ခဏလေး။။။။
      စားတဲ့သူတွေဆီ က အကြွေးတွေ ပြန်ရတဲ့နေ့ ရှင်းပေးမယ်။
      လူကတော့ အရင် အကြွေးရှင်က သိမ်းပြီးသားမို့ ပြန်ရွေးပေးချင်ရင်တော့ ရမယ်။ ငိငိငိ။

      😀

  • Ma Ma

    October 8, 2013 at 4:20 pm

    မြန်မာကို မဟာ တပ်ထားကတည်းက ခေသူမဟုတ်လို့ ထင်မိသားးးးးးးးးး 🙂
    တစ်ပတ်လောက် ဧည့်သည်လုပ်လို့ ရမလား။ 😉

    • KZ

      October 8, 2013 at 4:23 pm

      ရပါ့ ချစ်မမရယ်။
      ရပါ့။
      ချစ်မွ တတ်တိကောင်းတယ်။
      အနော်တောင် သူ့ ဟင်းစပ်တွေ အကုန်မစားရဲဘူးးးး

      😀

Leave a Reply