ကဝေများအကြောင်း ( ဂဇက်ရွာ )

sorrowSeptember 28, 20131min96858

အနှီမှော်ဆန်သော virtual community ထဲသို့ ကျွန်ုပ် လွန်လေပြီးသော တစ်နှစ်ခန့်က မျက်စိလည် လမ်းမှားရောက်ခဲ့လေသည် ။

” ဟဲ့ ကောင်မလေး …ဒါပဲလုပ်နေတယ် ဟတ်လား ” ဟု မည်သည့်အရာကို ဖတ်နေမှန်းမသိသော ကျွန်ုပ် ဝန်ထမ်းကို ဟောက်စားလုပ်လိုက်သည်။
ဇက်ကလေးပုရင်း ပိတ်လိုက်သည့်ခဏတွင် ကျွန်ုပ်လည်း..မြင်ဖြစ်အောင်မြင်လိုက်လေသည်…myanmargazette.net ဟူသောလိပ်စာ

ကျွန်ုပ်သည် ရုပ်ရည်ချောမောခန့်ညားသလောက် စပ်စုတတ်သောသူဖြစ်သည်။ ထိုနေ့မှ စပြီး မှော်အောင်သောသူများကို သိကျွမ်းခွင့်ရခဲ့လေသည် ( တစ်ဖက်သတ် ) ။
( နံပါတ် 12 အောက်က အနီရောင် စည်းကမ်းနှင့် ညှိနေမလားတော့မပြောတတ် ) ( မှတ်ချက်ပြုပါမည် ဖြစ်ချင်ရာဖြစ် ကချင်ကွ…ခပ်မိုက်မိုက်ပဲ အာဟိ )

ပထမဆုံး မှတ်ချက်ပြုရမည့် ပုဂ္ဂိုလ်မှာ အရှေ့ကျွန်းမှ ဖြုံလောက်သည့် မာကတ္တာ ဖိန့်ဖိန့်တုန် အင်ဇာဂီ
အနှီပထမတန်းစား အမျိုးသားကလေး၏ ( မုန့်ဟင်းခါး ပိုစ့် .ဟုတ်ကဲ့ ကျနော်မျိုး ဖားသက်ပြင်းရဲ့ မားကတ်တင်း ပါခင်ဗျား ) ထိုကဲ့သို့အင်ထရိုဝင်ထားသည့်ပို့စ် နှင့်.Branding အကြောင်းရေးထားသည့် ပို်စ့် ကို ဖတ်မိသည့် တခဏတွင် နိုင်ငံတကာအဆင့်
လေကြောင်းလိုင်းကြီးတွင် Sales & Marketing Manager လုပ်ဖူးသည့် အတိတ်ကို ပြန်သွားပြီး မားကတ်တင်းအကြောင်း
တစိုးတစိမှ နားမလည်ပဲ လစာအထပ်လိုက်ယူမိသည့် သုံးနှစ်တာ နေ့ရက်များကို Back Date ဖြင့် လစာပြန်အမ်းပေးချင်စိတ်ပေါက်သွားသည် ။
( ဤနေရာမှနေပြီး …အင်မတန်လေးစားကြောင်းပြောလိုပါသည် ဆရာဂီ ။ )
ထိုနေ့မှ စပြီး ကျွန်ုပ်သည် ဆြာဂီ၏ ပရိသတ်

ဒုတိယပုဂ္ဂိုလ်မှာ သိမ်မွှေ့နိမ့်ချခြင်း အပြည့်ရှိသလောက် ဉာဏ်ရည်မြင့်သော ချစ်လှစွာသော အဘဖော
စဉ်းစားကြစေလိုပါတယ် စီးရီးများ ၏ ဖမ်းစားမှုအောက်တွင် အမှန်တကယ် စဉ်းစားမိပါသည် ။ လက်ရှိအခြေအနေနှင့် ကမ္ဘာ့ ဖြစ်ရပ်များကို ချိန်ထိုးကြည့်နိုင်သော အတွေးအခေါ်များကို မွေးဖွားစေသည် ့ အဘဖော ကို လေးစားသည်ကို သိစေလိုပါသည် ။

တခြား ကဝေများအနေနှင့် နှစ်သက်သဘောကျသည်များမှာ..

1) ဦးကြောင်ကြီး
မည့်သို့မည်ပုံရေးသည်ကားမသိ…ကော်မန့်များတွင် မခရစ်နှင့် မကြေးမုံ တို့ကား မည်သို့ခံစားရမည် မသိ …ကျွန်ုပ် ယောက်ျားအရင့်အမာကြီးပင် ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်း ဖြစ်သည့်အပြင် နိုင်ငံရေး ဘာသာရေးနှင့် ပတ်သတ်သော သူ၏မှတ်ချက်များကို မှတ်သားရသည်အထိ လက်စွမ်းထက်သည့် ဂဇက်ကဝေတစ်ပါး

2) ကိုရင်ရှုံး
ဲပြင်ဦးလွင်သား စီနီယာ ဖြစ်သည့်အပြင် သရုပ်ဖော်စာပေ အရေးကောင်းသူတစ်ပါး

3) ကိုသော်ဇင် (လွိုင်ကော် )
ပို့စ်တစ်ခုရေးပြီး ရင်ဘတ်ထဲမှ တစ်စုံတစ်ရာကို နှိုက်ထုတ်နိုင်စွမ်းရှိသူ

4) ဦးကြီးမိုက်
ထောင်ထွက်ကြီးမိုက် ပိုစ့် …ပိုစ့်တစ်ခုတွင် မှတ်သားလောက်သည့် မက်ဆေ့ တစ်ခုပေးနိုင်သူ

5) မမ KZ ။ wow ။ မနှင်းဖြူ
ခင်ဖို့ကောင်းသူများ ( ရွာအင်္ဂါရပ်နှင့် ပြည့်စုံရန် ကွမ်းတောင်ကိုင်များရှိသင့်သည် မဟုတ်ပါလား )

6) အံစာတုံး
အနှီကောင်လေးကား ရွာ၏ဖော်ရွှေရည်မွန်သော ကာလသားဖြစ်သည့်အပြင် ကျွန်ုပ်၏ ပထမဆုံးပို့စ်ဖြစ်သော ရိုမီရိုအပိုင်း တစ်တွင် အားပေးစကားရေးပေးခဲ့သော သူ၏မှတ်ချက်သည် ရွာတွင် စာရေးသားဖြစ်ရန် အဓိက မောင်းနှင်အားဖြစ်ခဲ့သည့် အတွက် အင်မတန်ကျေးဇူးတင်မိပါသည် ။

7) အလင်းဆက်
ကလောင်သွက်သလောက် ကဗျာအရေးကောင်းသူ ။ ရွာ၏ ဖော်ရွေသော ကာလသားခေါင်း

8) ဦးပေါက်
ယခုနောက်ပိုင်းပို့စ်တင်တာ နည်းသွားသည် ( သူကြီးကို စိတ်အနာကြီးနာသည်ထင် အဟီး ) ။ ဓါတ်ပုံပို့စ်များကို တခုတ်တရ စောင့်ဖတ်ရသည်အထိ လက်စွမ်းထက်သူတစ်ပါး

9) ဦးခင်ခ
( အခမဲ့ပို့စ် ) အလွန်နှစ်သက်သည့်အပြင် ကျွန်ုပ်ကဲ့သို့သော ပေါတောတောနှင့်အသဲကွဲစာမှ လွဲပြီးမရေးတတ်သောသူကိုပင် အားပေးတတ်သူ

10 ) ဆြာကျော်စွာခေါင်

ပန်းချီ ၊ ကဗျာ ၊ သရုပ်ဖော်စာပေ ဘာရေးရေးဖြစ်နေသည့် အပြင် ဦးနှောက်အကောင်းစားပိုင်ရှင် ( ဒူးဝါးလေးဟု ခေါ်တတ်သည့် အခေါ်အဝေါ်ကိုလဲ အလွန်သဘောကျပါသည် ကျွန်ုပ်တို့ကတကယ်လဲ ဒူးဝါးမျိုး အာဟိ )

11) အရီးခင် နှင့် အန်တီမမ
မှတ်ချက်များကို စောင့်ဖတ်ရသည်အထိ တန်ဖိုးရှိသော မှတ်ချက်များကို ပေးနိုင်သူ ရွာလူကြီးများ

12) ကိုဘလှိုင်
အခြေအနေမဲ့ သန်းကြွယ်သူဌေး (စဖတ်မိသည့်အပိုင်းကား အဟီး ညိုညစ်ညစ် အိပ်ယာပေါ်တွင် မင်းသားက ပထမဆုံးလက်တည့်စမ်းသည့်အခန်း )
ကွက်ကွက်ကွင်းကွင်းမြင်လာသည်အထိ လက်စွမ်းထက်သောသူပါတကား ဟု ထင်မိသည့်ခဏတွင် အပိုင်းတစ်မှ စဖတ်မိလေသည် ။

13) ဦးမျိုးသန့်
ကချင်အလံတင်ထားသည်မှ စပြီး အလွတ်ကို ခင်မိပါသည် ။ ( လူမျိုးစွဲ သိပ်မရှိရှာဘူး ငါ့နှယ့် )

14 ) သူကြီး ( ဟာဂျီ အယာတိုလာ မာမွတ် မိုးပြာ ဦးခိုင် )
သူ၏မှတ်ချက်များ ။ အရင့်ရောင်ပို့များနှင့် လွတ်လပ်စွာကွဲလွဲခွင့်ကို မျိုးစေ့ချပေးသူအဖြစ် လေးစားပါသည် ။
သို့သော်ရွာသားများကို သိပ်အဖက်မလုပ်သည်ကား ဘဝင်မကျပါ ။ တိတိပပပြောရလျှင်တော့..ကြိတ်လေးစားသည်ကို ဝန်ခံလိုပါသည် ။ ဤမှ နေချင်စဖွယ် ကောင်းသော ရွာကို တည်ထောင်ပေးသည့်အတွက် အလွန်ကျေးဇူးတင်မိပါသည် ။

သို့သော် ပို့စ် ဒါဇင်ကျော် ရေးသော်လည်း တစိမှအဖက်မလုပ် ( ကော်မန့်သူ့ဆီက တခုမှမရ ) သည်ကို စိတ်နာပါသည် ။ရွာထဲတွင်လည်း ကျွန်ုပ်ကဲ့သို့ ပေါတောတော လူရွှင်တော်များ လိုအပ်သည်ကို သတိမမူသည်လောကား မပြောတတ် ။ ဤ ပို့စ်တွင်မှ သူ၏ ကော်မန့်မရခဲ့လျှင် ဆက်မရေးတော့ပါ ။ ( ရွာအပြင်မှသာခိုးဖတ်ပါတော့မည် အဟီး ) ကျွန်ု်ပ်၏ ရုံးတွင်လည်း မန်းဂဇက်ကိုဖတ်သည့် ဝန်ထမ်းရှိပါက သတိပေးစာထုတ်ပါမည် ။ ဒုတိယအကြိမ်ဖောက်ဖျက်ပါက အလုပ်ထုတ်ပါမည် ။ (မနိုင် နိုင်ရာပဲ ..စိတ်ကြီးတယ် ကချင်တွေက အဟီး ) ။

သို့သော်လည်း အင်မတန်မှနေပျော်ပါသည် ။ ခင်မင်စရာကောင်းလွန်းလှသောလူများနှင့် ပညာရစရာများလွန်းသော ဤရွာသားဖြစ်ရခြင်းကို အလွန်ဂုဏ်ယူကြောင်း သူကြီး သိစေလိုပါသည် ။

ပုံ ..Sorrow Weaver ( မေတ္တာရှင် )

58 comments

  • မဟာရာဇာ အံစာတုံး

    September 28, 2013 at 12:15 pm

    သဂျီးး
    ဒီမှာ ကွန်မန့် မရယင် ရေးဒေါ့ဘူးဒဲ့ …
    လာပေးလှည့်အုံးးးး
    မပေးယင် ကျုပ်လည်း ရေးဒေါ့ဘူးးးးး
    (စကားမစပ် ယာဒူးလေးပါ တပ်ပေးလိုက်ဘာလားလို့)
    :mrgreen:

    ကိုယ့်အကျောင်း ထဲ့ရေးပေးဒဲ့အတွက်
    ညီငေးးကို အားဂျီး ကျေးဇူးဘာဘဲ … ငှီးးငှီးးးး
    :mrgreen:

  • Myo Thant

    September 28, 2013 at 12:29 pm

    ကချင်စကားမတတ်ပေမယ့်
    ဇာတိကို တန်ဘိုးထားတဲ့သဘောနဲ့
    ချောလှတဲ့ ကိုယ့်ရုပ်ရည်အစား ကချင်အလံကို တင်ထားတာပါဗျား ၊ 🙂

    • Myo Thant

      September 28, 2013 at 12:47 pm

      အဲ အဲ နီသဟ 😛

      • sorrow weaver

        September 28, 2013 at 1:06 pm

        အဲ့ရာကိုပြောတာပေါ့.ဦးဦးသန့်ရ..လူတွေများ . ကချင်ကောင်တွေကိုကျတော့ကြည့်မရဘူး…Z အဘောက်တို့ M ဆိုင်းလု တို့ awng seng တို့ ကျ ပစ်မှားတယ်…အဲ့ရာကောင်းရား….

  • kai

    September 28, 2013 at 12:40 pm

    အေးဗျာ…
    မက္ကာတခေါက်မှ မရောက်ပဲ.. ဟာဂျီဘွဲ့တတ်ထားတာကို.. စပြောချင်တယ်..။
    ဘာပဲဖြစ်ဖြစ်.. မသေခင်တော့.. တခေါက်ရောက်ချင်တဲ့နေရာပါပဲ..

    ဆိုတော့…
    ကျောင်းသားဘဝထဲက… ကျုပ်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေထဲ.. ကချင်တွေအများကြီးပဲ…။
    တခြားတိုင်းရင်းသားတွေထက်… ကချင်တွေနဲ့ ပိုအကြောတည့်သဗျ….။
    မြန်မာပြည်ထဲ.. အရောက်ချင်ဆုံးနေရာကလည်း.. ကချင်ပြည်နယ်ထဲမှာပဲ…။
    အဘူတန်ရာဇီ ဆိုလား.. အမည်ရတောင်ကိုပေါ့…။ :mrgreen:

  • sorrow weaver

    September 28, 2013 at 12:57 pm

    အဟီး…သူကြီးကို စိတ်ကောက်ပြေသွားပြီ ..အဟီးးးး

  • kyeemite

    September 28, 2013 at 1:04 pm

    ကိုင်း …ဆောရိုးဝီဘာရေ
    ပရောဂမှန်တော့ တုန်ဆင်းလာတာတွေ့လား..သဂျီးက ခင်ဗျားလိုလူကို
    မပစ်နိုင်ပါဘူးတဲ့..ဟဲဟဲဟဲ 😀

  • kyeemite

    September 28, 2013 at 1:10 pm

    ပြောဖို့မေ့သွားလို့ဗျို့….
    အခုလိုဂုဏ်ထူးဆောင်ဟာဂျီဘွဲ့မဟုတ်ပဲ
    ဟာဂျီဘွဲ့ အစစ်ရအောင်
    သဂျီးကို မက္ကာ ပို့ဖို့ စပွန်ဆာပေးလိုက်ပါအုံး 😀

    • sorrow weaver

      September 28, 2013 at 1:39 pm

      RGN DOH 0830 1130 QR 619
      DOH JED 1335 1610 QR 766
      JED DOH 1613 1833 QR2773
      DOH RGN 2105# 0700 QR 618
      အဲရာလေး ( JEDDAH ) မက္ကာကို ရန်ကုန်က သွားတဲ့ အကောင်းဆုံးလမ်းကြောင်းပဲဗျ…Muslim Meal တောင်းပေးမယ် ။ ကီလို သုံးဆယ် ရမယ် ။ ရမ်ဇမ် ရေ ငါးလီတာ တစ်ပုံးသယ်လို့ရမယ်…ဈေးက လက်ရှိ USD 1500 ဝန်းကျင်ရှိမယ် ။ အောက်တိုဘာလထဲ ဆုတောင်းကွင်းမပိတ်ခင်အထိရမယ် ။ အာဟိ

      • kai

        September 28, 2013 at 2:24 pm

        မားကက်တင်းကျွမ်းပုံများ.. စကားတောင်သိပ်မဟလိုက်ရဘူး.. ထိုးရောင်းနေပြီ…
        လက်မှတ်..လက်မှတ်…။
        ကျုပ်သောက်နေကျ.. ဝိုင်ပုလင်းသယ်ခွင့်ရရင်.. လိုက်မယ်ဗျာ..။

        တလောကတင်… စိတ်ဝင်စားလို့.. အဲဒီခရီးစဉ်အကြောင်းဒေါ့ကျူမန့်ထရီထိုင်ကြည့်နေတာ… လူသန်းချီပြီးသွားလာကြတာမှာ.. ငြိ်မ်လို့..။ ဘုရားရိပ်တရားရိပ်နဲ့ပေါ့..
        ခိုးတာဝှက်တာကလည်း.. မရှိ..။ အမူးသမားလည်းမရှိ…။ အကုန်လိုလို.. ဝတ်ဖြူတွေနဲ့..။ တချို့ကတုံးတုံးကြတယ်..။
        ကန္တာရအလည်မှာ.. တဲလေးတွေအစီအရီနဲ့….။
        အဲဒီလည်ပါတ်ငွေနဲ့တင်.. ဆောဒီမင်းသား.. ဘီလျှံနာဖြစ်ထိုက်ပါပေတယ်..။

        သာဓု… လို့..။

  • လုံမလေးမွန်မွန်

    September 28, 2013 at 1:17 pm

    သများတို့ကတော့ အဲဒီကဝေတောကို ရောက်ပြီးကတည်းကမထွက်နိုင်တော့တာ ခုချိန်ထိပဲ 🙂

  • sorrow weaver

    September 28, 2013 at 1:23 pm

    ခွီးးးးး ..ဟိုခြောက်မျက်နှာကောင်လေး အကြောင်းရေးပြီးတော့ မွန်မွန်နဲ့ အလုပ်တူလို့ မွန်မွန်ရေးတဲ့ တိုးရစ်ဇင်အကြောင်းတွေဖတ်တဲ့အကြောင်းထည့်ရေးဖို့မေ့တွားတယ်…ဆောတီးကွယ် 😛

  • ဗုံဗုံ

    September 28, 2013 at 1:34 pm

    တယ်….နာ့နာမယ်လည်းပါဘူး..
    နာ ပြုစားလိုက်ရ…နာတော့မယ်… :mrgreen:
    ဒါနဲ့ နာလည်းကချင်ဘဲနော..
    နာ့အဖေက ရှမ်း..အမေက ကယား..
    ကချင် စစ်မှစစ်ဘဲ.. :mrgreen:

    • sorrow weaver

      September 28, 2013 at 1:42 pm

      ekk ဟုတ်ရယ်..နာ့ကိုလာလာကညော့တဲ့ ကောင်မလေးကျန်ခဲ့တယ်… အဟီး

  • ငဂျစ်

    September 28, 2013 at 2:25 pm

    ဂဇတ်ရဲ့ ကဝေများ အကြောင်းကိုဝင်လေ့လာလိုက်ပါတယ်…..
    နောက်များမှာ အဆင်ပြေရင်တော့ ကဝေများအကြောင်းထက်ပိုကောင်းတဲ့
    တစ္ဆေ သရဲများအကြောင်း မြေဘုတ်ဘီလူး များအကြောင်းရေးပေးပါအုံးဗျ…..

    • အလင်းဆက်

      September 28, 2013 at 2:44 pm

      နာမည် သာ ပြောင်းထားတာ
      လေသံဂ မပြောင်းဘူး
      လူဇိုးးး

      🙂

  • အလင်းဆက်

    September 28, 2013 at 2:29 pm

    အံမယ်

    ကျွန်တော်ကလည်း
    ခီညားရဲ့ ကဝေစာရင်းထဲ ပါနေပါလာဗျ
    ဝမ်းသာမိပါအိ

    ကျွန်တော် လုပ်မယ့် ကဝေစာရင်းထဲလည်း
    နောင်ကြီး ပါမှာပါ

    🙂

  • ကျော်စွာခေါင်

    September 28, 2013 at 3:07 pm

    လူကိုများ ကဝေတဲ့…
    ဒူးဝါးလေး…နင်က စူန်းမဂျီး…စုန်းမဂျီး…ကဲ..။

    ……
    …… စ” တာ..။
    အဲလောက်ကြီး မဟုတ်ပါဘူး..ဒူးဝါးလေးရယ်..။
    ဒူးဝါးလေးလို ့ခေါ်ရတာ ပိုပြီး နင့်နင့်နဲနဲ ဖြစ်လို ့ခေါ်တာ..။
    ကချင်သူငယ်ချင်းတွေ ရှိတယ်.. အားကြီး ချစ်ခင်ဘို ့ကောင်းတယ်..။
    အားလီ… ကို ဒေါင်ဂျူန်း…ကိုဆိုင်းမွန်းအောင်..တဲ့ နောက်ရှိသေးတယ်..။

    • sorrow weaver

      September 28, 2013 at 10:13 pm

      ဦးခေါင် …ဟုတ်ရယ်..ကျော်က စုန်းမဂျီး. ..မေဂရေ့ ပယ်ရီလေး ဖမ်းစားမို့လုပ်နေတယ်..အဟီး

  • Foreign Resident

    September 28, 2013 at 3:43 pm

    ” ဒုတိယပုဂ္ဂိုလ်မှာ ၊ သိမ်မွှေ့နိမ့်ချခြင်း အပြည့်ရှိသလောက် ၊
    ဉာဏ်ရည်မြင့်သော ချစ်လှစွာသော အဘဖော ”

    ပထမ ဦးဆုံးအနေနှင့်ကတော့ ၊
    စာကိုလည်း ကြိုက်တယ် ၊ လူကိုလဲ လေးစားတယ်လို့ ၊ ဆိုထားသတော့ ၊
    ကျေးဇူးတင်ပါတယ် ၊ ကို sorrow weaver ရေ ။

    အင်းးးးးး ၊ မှန်တာပြောရရင်တော့ ၊
    ” သိမ်မွှေ့နိမ့်ချခြင်း အပြည့်ရှိ ” ဆိုတဲ့ စကား နှင့်တော့ ကျနော် မထိုက်တန်ပါဘူး ။

    ၁ ။ ပထမ ၊ သိမ်မွှေ့ခြင်း ။
    ကျနော် ရေးသားတဲ့ စာတွေထဲမှာ ဆဲဆို ခြင်း ပုဂ္ဂိုလ်ရေး စော်ကားခြင်း မပြုခဲ့ပေမယ့် ၊
    ကျနော့်ရဲ့ အပြင်ဘဝမှာ တော့ ၊ ကျနော်ဟာ သင်္ဘောသား ဖြစ်တဲ့ အတွက် ကြမ်းတမ်းပါတယ် ။

    ၂ ။ ဒုတိယ ၊ နှိမ့်ချခြင်း ။
    အဲဒီ တစ်ခု ကတော့ တော်တော် လွဲပါတယ် ။
    ကျနော်ဟာ Arrogant အဆင့်ရောက်အောင် မေါက်မာခြင်း မရှိသော်ငြားလည်း ၊
    ကျနော့်ရဲ့ Character ဟာ နှိမ့်ချခြင်း ရှိတဲ့ပုံ ( အပြင်ဘဝ မှာကော ၊ စာထဲ မှာပါ ) မရှိပါဘူး ။
    မှန်တာပြောရရင် ၊ ခပ်ကြွားကြွား ပုံစံတောင် ရှိပါတယ် ( ဒါပေမယ် မမှန် မရှိ တာကိုတော့ ချဲ့ကား မကြွားပါဘူး ) ။

    ၃ ။ ကို sorrow weaver က နှိမ့်ချခြင်း ရှိတယ်လို့ ထင်မြင်ယူဆ မိလောက်တဲ့ အချက်က ၊
    ကျနော့်ကို ဆဲဆိုခြင်း ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း ပြုတဲ့စာတွေကို ပြန်လှန် ချေပခြင်း မပြုတာပဲဖြစ်မယ် ။
    ဒါပေမယ့် ၊ အဲဒီ အခြေ အနေ မှာ ကျနော်က ပြန်လှန် ချေပခြင်း မပြုတာဟာ ၊
    ကျနော့်မှာ ၊ နှိမ့်ချခြင်း စွမ်းရည်တွေ အရမ်းပြည့်ဝနေလို့ မဟုတ်ပဲ ၊
    အဲဒီ့ ဆဲဆိုခြင်း ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း ပြုတဲ့သူတွေဟာ ၊
    ကျနော် လက်ခံနိုင်လောက်တဲ့ အတွေးအခေါ် နှင့် ယဉ်ကျေးမှု အဆင့်အတန်း မရှိဘူးလို့ ၊
    ကျနော်က ယူဆတဲ့ အတွက် ၊ ကျနော်က အကြောင်း မပြန် / ဥပေက္ခာ ပြုလိုက်တာ ဖြစ်ပါတယ် ။
    ဒါဟာ ကျနော့်မှာ နှိမ့်ချခြင်း စွမ်းရည်တွေ ပြည့်ဝနေတာ မဟုတ်ပါဘူး ။
    အခြေအနေခြင်း ကွဲပြားပါတယ် ။

    ကျေးဇူးတင်ပါတယ် ၊ ကို sorrow weaver ရေ ။

    • sorrow weaver

      September 28, 2013 at 10:17 pm

      အဘဖောကို ထပ်ကျေးဇူးတင်ကြောင်းပြောလိုပါတယ် ။ အဘအပေါ် ကျွန်တော့်ထင်မြင်ချက် သက်သက်သာဖြစ်ပါတယ်။ အဘဖော ကော်မန့်အတွက် ဂုဏ်ယူပါတယ် ခင်ဗျာ

      • lele kyi

        September 28, 2013 at 11:18 pm

        ဦးဖော ကလုပ်ချလိုက်ပြန်ပြီ။ လေးစားပါတယ်။ အမုန်းခံပြီး လူကြိုက်မများတဲ့အမှန်တရားတွေကိုရေးတာရယ်။ ဂေဇက်ကစာဖတ်ပရိတ်သတ်ကြီးကို မစဉ်းစားခိုင်းတော့တာကြာပေါ့။

  • sorrow weaver ရေ
    အခုလို သတိတရ ဓါတ်ပုံပိုစ်တွေကိုပြောပေးလို့ ကျေးဇူးတင်ပါတယ်။
    ရွာထဲကို 2010 ဇွန်လမှာ စရောက်တာဗျာ။
    အဲဒီတုန်းက စာဘဲရေးတာ
    နောက် 2010-2011 စာတွေအများကြီး ရေးဖြစ်ပါတယ်။
    2011မှာ ဓါတ်ပုံလဲ တွဲတင်ပါတယ်။
    2011-2012 မှာ စာရော ဓါတ်ပုံရော ဘုံးဘောလအောကိုတင်ခဲ့ပါတယ်.
    2013 သင်္ကြန်အပြီးမှာတော့ စာဘဲ တစ်ပါတ်ကို တစ်ပုဒ်လောက်ဘဲရေးပါတော့တယ်။
    ဓါတ်ပုံပိုစ်တွေကို လူတွေသိပ်စိတ်မဝင်စားကြတော့ဘူးလို့ ထင်တာကြောင့်ရယ်
    ဓါတ်ပုံတင်ရတာ အချိန်အများကြိးပေးရတာကြောင့်ရယ်
    မတင်ဖြစ်တော့တာပါ။
    တကယ်ကျနော်မူလ ရွာထဲကို
    ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
    ကိုပေါက်လက်ဆောင် အဆွေးပါးပါးလေး
    ဆိုတဲ့ ကိုယ်တိုင်ရေး ဆောင်းပါးတွေ ဝတ္တုတွေနဲ့ ဝင်ခဲ့တာပါ။
    စိတ်ကူးပေါက်ရင်တော့ ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာများတော့ ရေးပါတယ်။
    အခုနောက်ပိုင်းတော့ ဖေစ်ဘုတ်မှာ စာမျက်နှာလုပ်ပေးထားသူရှိတော့ အဲဒိစာမျက်နှာမှာဘဲ
    ဓါတ်ပုံတင်တာများပါတယ်။
    ကျနော်က စိတ်မကောက်တတ်ပါဘူးဗျ။
    ဒါပေမယ့် အရေပါးတယ်လို့တော့ သူများတွေသတ်မှတ်တဲ့ အသံကိုပြန်ကြားရပါတယ်။
    ဝေဖန်ခံရရင် သည်းမခံဘဲ ပြန်တုန့်ပြန်တတ်တာကြောင့်ပါ။
    ဗမာစကားလုံးက အရှုပ်ကြီးဗျ
    အရေပါးတယ်ဆိုတာ သဘောထားသေးသိမ်တယ်လို့ များ အနက်ကောက်ရင်ရမလား မသိဘူး။
    ကျနော်က ရေမရောတဲ့ မန်းလေးသား စစ်စစ်ကြီးပါဗျာ။
    သတိတရ ထည့်ရေးပေးတဲ့အတွက်ကျေးကျေးပါ။
    ဓါတ်ပုံတွေကတော့ အများကြိးရှိပါတယ်။
    လူမလေးခွေးမခန့်စရာ အိမ်သုံးကင်မရာပေါက်စနလေးနဲ့
    လက်ဆော့ တဲ့ ဝါသနာရှင်တစ်ယောက်ပါ။

    ကော်နက်ရှင်ကောင်းတဲ့တစ်ရက် ပုံတွေတင်ပါအုံးမယ်။

    ကဝေစာရင်းထဲမှာ ကျနော်မပါ ပါဘူးဗျာ။
    ဝါသနာရှင်သက်သက်ပါ.

    • sorrow weaver

      September 28, 2013 at 10:19 pm

      ဦးပေါက်ရေ …ဓါတ်ပုံပို့စ်တွေ အားပေးနေတယ်ဆိုတာ သိစေလိုပါတယ် ။ ရန်ကုန်မှာမို့ပါ ။ ပြင်ဦးလွင်မှာ သာရှိနေခဲ့ရင် စိန်ပန်းပွင့်ချိန်နဲ့ ရေချမ်းအိုးနားက နှင်းဆီ စိုက်ခင်းကို လိုက်ပို့ချင်ပါတယ် ။

      • sorrow weaver ရေ
        မေမြို့ကတော့ မဒမ်ပေါက်ရဲ့ ဇာတိချက်ကြွေမြို့ဖြစ်လို့
        မကြာခဏရောက်ပါတယ်။
        ဆိုင်ကယ်နဲ့ မေမြို့ တက်ရတဲ့ ခံစားမူ့ကို နှစ်သက်တာလဲ ပါပါတယ်.
        ရေချမ်းအိုးနားက နှင်းဆီခင်းတွေက နည်းသွားပြီ
        အိမ်တွေဖြစ်ကုန်တယ်ထင်တာပါဘဲ။
        တကယ်လို့များ မေမြိုကိုရောက်နေရင်ပြောပါဗျာ။
        လာတွေ့ပါမည်။
        မေမြိုနဲ့မန်းလေး ဆိုင်ကယ်နဲ့လာရင် အလွန်ဆုံးမောင်းရလှ 2နာရီပါဘဲ။

        • sorrow weaver

          September 29, 2013 at 12:01 pm

          ဦးပေါက်ရေ …မေမြို့ ပြန်လာဖြစ်ရင် ဆက်ဆက် မန်းလေးကိုဝင်လာပြီး ဂါရဝပြုပါမည် 🙂

    • kai

      September 29, 2013 at 5:02 pm

      အိုဘားမားကို.. အရေခွံပါးတယ်(အရေမထူဘူး)ပြောကြသဗျ…
      မြန်မာစကားအရကောက်ရင်.. အရေမထူတာဟာ.. သဘောထားသေးသိမ်တယ်နဲ့မတူပါကြောင်း…။
      =
      Obama, the Thin-Skinned President – Politics
      http://www.politicsdaily.com/2010/05/27/obama-the-thin-skinned-president/‎
      May 27, 2010 – Not surprisingly, Obama’s thin skin leads to self pity. As Daniel Halper of The Weekly Standard pointed out, in a fundraising event for Sen.

  • KZ

    September 28, 2013 at 5:55 pm

    နာ သာ ကဝေ ဖြစ်ရင် စိုင်းလေး နာ့ကို ချစ်လာအောင်ပြုစားမယ်။
    နာ သာ စုန်းဖြစ်ရင် စိုင်းလေးကို တံမြက်စည်းပျံပေါ် တင်ပြီး ခိုးပြေးမယ်။
    ဟွန့်!!!
    😀

  • padonmar

    September 28, 2013 at 8:55 pm

    အဲဒီ အရေးလေး အတုခိုးရမယ်။
    နောက်ဆို ပို့စ်အဆုံးသတ်မှာ သဂျီးနော် ၊လာမမန့်ရင် နောင်မရေးတော့ဘူးလို့ ရေးအုံးမယ်။
    (အခုနာမည်ကြီးနေတဲ့Aung La Nsang (အသံမထွက်တတ်)ကိုလည်းအားပေးကြပါတယ် ဒူဝါရယ်။)

    • sorrow weaver

      September 28, 2013 at 10:22 pm

      Burmese Python လေး ကိုလားဗျ …အန်တီ ပဒုမ္မာ …

  • အဟမ်း အဟမ်း အဟင်းအဟင်း… အဟွတ်အဟွတ်
    ဘာဆက်ပြောရမှန်းတောင်မသိဘူး သူက ကဝေလည်းဆိုသေး
    ကွမ်းတောင်ကိုင်တွေရှိသင့်တယ်ဆိုတော့ .. ငါတို့ကို ဘဲဥကြက်ဥလို့ပြောတာလား
    မြှောက်ပဲ မြှောက်ရတော့မှာလိုလို .. ဆန့်ငင်ငင်ဖြစ်သွားတယ် …
    ကဝေတွေအကုန်ဖမ်း ..ရုံသွင်းပြစားပြီး ဈေးကွက်စီးပွားရေးချဲ့တင်တာပဲကောင်းတယ်
    :mrgreen:

  • lele kyi

    September 28, 2013 at 11:29 pm

    အဟမ်..သူကြီးဆီပို့လိုက်လေ သူကသရဲအရှင်ဆိုရင် မီလီယံနဲ့ပေးမှာဆိုတော့။ ခုလိုကဝေဆိုရင် အစွမ်းထက်တော့ ဘီလီယံနဲ့ပေးမယ်ထင်တယ်။ ပြီးရင်းရှယ်ယာခွဲပေးပါ..
    ဆာရိုးဝီဝါ ပလီပလာ နဲ့ မနှင်းဖြူရေ။

  • surmi

    September 29, 2013 at 8:09 am

    ကိုင်​း . ဒူးဝါး​ရေ…
    စာ​ရေး​ကောင်​းသူလို့ သတိထားမိပါရဲ့
    ဆက်​လက်​ပြီးလည်​း ​စောင်​့​မျှော်​ပါဦးမယ်​​နော
    ​တော်​​တော်​စုံစုံ​ရေးနိုင်​သူလို့လည်​းထင်​မိပါ​ကြောင်​း….

    • sorrow weaver

      September 29, 2013 at 12:24 pm

      ဦးဆာကို သိပါတယ်ဂျာ…ဦးဆာက မင်းသားပဲဟာကို 😛

  • ဦးကြောင်ကြီး

    September 29, 2013 at 8:33 am

    ဆောရိုးဝီဗာက ရန်တိုက်တတ်သကိုး…။ ခရစ်နဲ့ ကြေးမုံဂျီး နှစ်ယောက် အတူတွဲရေးလိုက်တော့ ဆိုင်ကယ်နှစ်စီး အပြိုင်စီးထားတာ အဘိုသွားရှင်းရမီဒုံး…။ သူရို့ဂို စနေ၊ တနင်္ဂနွေ တရက်စီ သတ်မှတ်ပေးတာ ဒီပုံနဲ့ဆို သိကုန်ဒေါ့မှာဗဲ…။ ဖီးကြမ်းဈေးကလည်း ကြီးပါ့…..

    • Crystalline

      September 29, 2013 at 8:44 am

      လူအထင်ကြီးအောင်စာတွေဘယ်လိုရေးနေရေးနေ.. စရိုက်မှန်ကဖုံးမရဘူး.. တကယ့်ကိုသုံးစားလို့မရတဲ့စရိုက်ပဲ.. သည်းခံနေတိုင်းလည်း ငပေါထင်မနေနဲ့.. :evill:

      • ဦးကြောင်ကြီး

        September 29, 2013 at 9:01 am

        အထင်အလွဲပါနဲ့ ခရစ်လေးရယ်… ဦးကြောင်နဲ့ ကြေးမုံဂျီး ဘာမှ အဖြစ်ရပါဗူး..။ သူ့ မြင်တောင် အမြင်ဗူးဘူး.. ဖျာပေးပေး ကြမ်းပေးပေးပါ..။ တိတ်တော့နော် အငိုနဲ့… ဦးကြောင် ဘယ်ဆိတ် အကောင်းပါ့မဲ…။ ဟေ့လူ ဆောရိုဝီဗာ … ခင်များမွှေတဲ့မီး လာငြိမ်းအုံး.. ဒီမှာ ပြောလို့ မဆုံးသေး ပြသနာတက်ပီ…။ ကြောင်ကြီး သစ်ဆာရှင်ကွ… ပေးဒိုင်းယူ ကျွေးဒိုင်း အစားဗူး.. လစ်မှတီးတာ… :mrgreen:

  • Crystalline

    September 29, 2013 at 9:05 am

    ဒူးဝါးကြီးရေ.. (CD: Sayar Kaung)
    အကူအညီတောင်းစရာလူတစ်ယောက်တော့ရပြီး.. ယူအက်စ်ကို Ethiad လိုင်းနဲ့ online က လက်မှတ်ဝယ်တာဈေးတော့ တော်တော်သက်သာပါတယ်.. ဒီဖက်မှာ အော်ပရိတ်လုပ်ပေးတာ.. ဘန်ကောက်အဲဝေးဖြစ်နေလို့ အိတ်အပိုသယ်တာအတွက်နည်းနည်းဒွတ်ခရောက်သွားတယ်.. KZ အကြိုက်မင်းသားရဲ့နာမည်နဲ့တူတဲ့တစ်ယောက်ထင်တယ်.. နောင်အကူအညီတောင်းရအောင်မေးထား တာ.. :loll:

    • ဦးကြောင်ကြီး

      September 29, 2013 at 9:16 am

      ခရစ်လေးဂို ဘယ်လိုင်းဂ အိတ်ပိုဂျေး ချသလဲပေါဇမ်း..။ လွတ်သွားလို့ပေါ့ကွာ သိလိုက်လို့ကတော့ အွန်လိုင်းဂနေ ဘဏ်ကတ်နံပါတ် ရအောင်ခိုးတယ်။
      ဂျိုကိုင်ပီး တောင်းပန်ပါဒယ် ခရစ်လေးရယ်.. ခြစ်လို့စမိဒါ ဆိတ်အဆိုးဗာနဲ့…။ ယူအက်စ်ကို လာမို့လား..။ ဖလော်ရီဒါနားဂ ဂွာတာနာမိုဘေး မှာ ဦးကြောင်ရှိမယ်….။ လုံခြုံသလား အမေးနဲ့ အဘူမှ လာနှောက်ယှက်လို့ အရဗူး… ဒို့ခြစ်ခြင်းဂို…. 😳

      • Don Juan Ronald

        September 29, 2013 at 10:47 pm

        ဆ ရာ ကြောင်ကြီး လတ် တ လော Detroit မှာ နေ သ လား လို့ ???

    • sorrow weaver

      September 30, 2013 at 9:54 am

      မမခရစ် Ethiad လိုင်းက လိုင်းကြီးဆိုပေမယ့် တစ်ခါတလေ သူ့ဈေးနှုန်းက ထင်မထားလောက်အောင် သက်သာပါလေရဲ့ …United Arab Emirates ရဲ့ အဘူဒါဘီမြို့အထိဆိုရင် PG ( Bangkok Airway ) နဲ့ alliance လုပ်တာမျိုးတော့ရှိပါတယ်…Online ကဖြတ်ဝယ်တဲ့လက်မှတ်မျိုးဆိုရင် ဘန်ကောက်ကနေအစလက်မှတ်အတွက် ကီလို 30 လောက်ပရိုမိုးရှင်းပေးတတ်သော်လည်း ရန်ကုန်ကနေလက်မှတ်ကို Other Airline က ကီလို 20 ပဲပေးတတ်တာမျိုးဆိုတော့ကာ …နောက်များ မမခရစ်ရယ်..လက်မှတ်ထုတ်ပြီးရင် ဘန်ကောက်အဲဝေး ကို တချက်ပြန်confirm လုပ်ပေးတာမျိုးက အမှားအယွင်းနည်းပါလိမ့်မယ် ။ လေဆိပ်မှာလည်း connecting sector ကိုတစ်ခါထဲပြောပြီး Baggage transfer လုပ်ခိုင်းတာ ပိုအဆင်ပြေပါလိမ့်မယ် ။ ရန်ကုန်ကနေ ပြန်ချိတ်မယ့်လေကြောင်းလိုင်းတွေအတွက်က ဘန်ကောက်မှာ Transit အနည်းဆုံး 2 နာရီလိုအပ်တယ်ဆိုတာလဲ သတိထားစေချင်ပါတယ် ။

      • ဦးကြောင်ကြီး

        September 30, 2013 at 10:38 am

        စနိုးဝီဗာရေ ခရစ်ကို လွှတ်ထားလိုက်ဗျာ… ဗန်ကောက်မှာ လေယဉ်ပျံ လွတ်ပလေ့စေ… အဲဒကြမှ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကိုကိုကြောင်ကြီး သာမီးဂို ကယ်ပါအုံးဆိုလို့ဂဒေါ့ … ငှဲလျောင်း ငှဲလျောင်း… သိဂျရောပေါ့ကွာ… ခွီးဂရား…

  • Mr. MarGa

    September 29, 2013 at 3:01 pm

    ကိုရင်ဆောရိုး
    အကုန်လုံး တန်းစီ ရေးချသွားပြီး ကျုပ်က ဘယ်နား မေ့ခဲ့သတုံးးးး
    မကျေနပ်ဖူးဗျာ
    ကဗျာပြခန်းကို ဝင်မန့်မှ၊ ပြခန်းအတွက် ကဗျာပို့ပေးမှ ကြေမယ်
    ဒါဗျဲ

    • sorrow weaver

      September 30, 2013 at 9:44 am

      အေး..တဂျား…နာပေါတောတော ရေးထားတာတော့ ရှိသဟ …ပို့မယ်နော် နာက ပေါတောတောပဲရေးတတ်တာရယ် 😛

      • Mr. MarGa

        September 30, 2013 at 2:57 pm

        ပို့လိုက်
        ပြခန်းမှာ တင်ပေးမယ်

  • Ma Ma

    September 29, 2013 at 3:13 pm

    အင်းးးးးး
    ဆောရိုးဝီဗာရေ-
    ရွာသူဆိုတော့လည်း ကဝေ ပေါ့နော်။
    🙂
    စာရေးအားကောင်းတဲ့ ဒူးဝါးလေးရဲ့ စာတွေကိုလည်း အားပေးနေပါတယ်။ 🙂

    • sorrow weaver

      September 30, 2013 at 2:59 pm

      ပေါတောတောပဲရေးတတ်တာမို့ သည်းခံဖတ်ပေးပါ အန်တီမမရယ်… 🙂

  • TNA

    September 29, 2013 at 5:14 pm

    တဂျီးတောင် တုန်ဆင်းလာရဒဲ့ပိုစ့်ပါလားဟရို့။ ဒဂျီးဝင်မန့်တယ်ဆိုကတဲကတော့ တော်ရုံတန်ရုံမဟုတ်။ :mrgreen:

  • sorrow weaver

    September 30, 2013 at 9:42 am

    ဦးဦးဆာမိ , အန်တီပဒုမ္မာ , မမTNA တို့လို ရွာ ဆယ်လစ်ဘရစ်တီတွေ လာမန့်တော့လဲ ..အလွန်ဝမ်းသာ အာဟိ

  • Wow

    September 30, 2013 at 10:20 am

    ကဝေဆိုတော့… ထမီခြုံလိုက်ရင် နာ..ဟိုငှက်ဖစ်ပီပေါ့နော်…. :mrgreen:
    စကပ်ခြုံရင်တော့ ဘာဖစ်မှာပါလိမ့်… :harr:

    • sorrow weaver

      September 30, 2013 at 10:30 am

      ကိုယ့်ဒေါသနဲ့ကိုယ်နော်..မမ ..အဲ့မျိုးကတော့ ..အဟီး

  • Mon Kit

    September 30, 2013 at 12:01 pm

    ကဝေတွေ ဘူတွေများရဲဆိုပီး ဝင်ဖတ်တွားဒယ်နော်…
    :hee:

  • စုန်း ဘု ရင်

    October 3, 2013 at 7:09 pm

    ကဝေဆိုတော့
    ဒီအကြောင်းတွေမှတ်လို့
    😆
    ……………………………………………….
    စုန်းအမျိုးအစားများကိုပြဆိုခြင်း
    ***********************

    အချို့သော စတုမဟာရာဇ်အနွယ်ဝင် ဂန္ဓဗ္ဗနတ်တို့သည် နတ်အဖြစ်ကိုရလင့်ကစား မိမိတို့ပြုမိခဲ့သော မကောင်းကံကြောင့် လူတို့၏ဝမ်း၌ စံအိမ်ပြု၍နေကြရသည်။ ထိုနတ်မျိုးတို့သည် မိမိတို့၏အမှတ်အသားဖြင့် လပြည့်လကွယ်၊ အဖိတ်ဥပုသ်နေ့ ညအခါမျိုး၌ တောက်စားမြူးတူးကြလေသည်။ ရံဖန်ရံခါ တစ်ဖက်နှင့် တစ်ဖက် ပညာပြိုင်တတ်ကြ၏။ ၎င်းတို့ကိုပါဠိဖြင့် ဇုဏှ ဟုခေါ်ကြပေသည်။ ဇုဏှ မှမြန်မာမှုပြုကာ စုန်း ဟုခေါ်လာကြပေသည်။
    မူလမွေးစကပင် ဝမ်းတွင်း၌ဂန္ဓဗ္ဗနတ်စံအိမ်ပါလာသော ဝမ်းတွင်းစုန်းနှင့် မိမိကိုယ်တွင်း၌ နတ်စံအိမ်တည်ဆောက်ကာ နတ်ကိုဖိတ်ခေါ်ယူသော(ပညာသည်တို့ထံမှ စုန်းပညာသင်ထားသော) စုန်းဟူ၍တွေ့ရသည်။
    စုန်းများကိုအရင်းခံအားဖြင့် ရ မျိုးခွဲထားသည်။
    ၁။ ခြေစုန်း
    အသီးအပွင့်တို့ကိုစားသည်။ခြေကိုလည်းကောင်း၊ခြေရာကိုလည်းကောင်းထိရကိုင်ရမှပြုစားနိုင်၏။
    ၂။ ခေါင်းစုန်း
    သစ်သီးအမှည့်များ၊ အချိုအချဉ်အရသာများကိုသာစား၏။ ခြေရာကိုလည်းကောင်း အရိပ်ကိုလည်းကောင်း ထိရမှပြုစားနိုင်၏။
    ၃။ ကိုယ်စုန်း
    မစင်ကိုသာစား၏။ ခြေရာကိုလည်းကောင်း၊ကိုယ်ကိုလည်းကောင်းထိကိုင်ရမှပြုစားနိုင်၏။
    ၄။မောက်လုံးစုန်း
    အသွေးအသားအရေ တို့ကိုစား၏။ မြင်ရ ထိရ အနံ့ကိုရ ရုံဖြင့်ပြုစားနိုင်၏။
    ၅။မောက်ပြားစုန်း
    အသည်းအမြစ်၊ ဥတို့ကိုစား၏။ မြင်ရ ထိရ အနံ့ကိုရ ရုံဖြင့်ပြုစားနိုင်၏။
    ၆။ အိမ့်တလိမ့်စုန်း
    အဆီအဆိမ့်၊ အကြော်အလှော်တို့ကိုစား၏။ အမည်ကိုသိရရုံဖြင့်ပြုစားနိုင်၏။
    ၇။ ကဝေမြောက်စုန်း
    လူ့အသွေးအသားအရိုးတို့ကို စား၏။ အမည်သိရုံဖြင့်ပြုစားနိုင်၏။
    ၎င်းတို့အနက် ခြေစုန်း၊ခေါင်းစုန်း၊ကိုယ်စုန်း၊မောက်လုံး၊မောက်ပြားတို့သည်ကိုယ်တိုင်ပြုစားမှရ၏။ အိမ့်တလိမ့်နှင့်ကဝေမြောက်တို့မှာ ဇော်ဂနီနတ်၊ ဥရူနတ်၊ နှဲခရုနတ်စသော အောက်နတ်ကြီးများကို အမှီရ၍ ၎င်းနတ်တို့ကို စေလွှတ်ပြုစားတတ်၏။
    ခြေစုန်း၊ခေါင်းစုန်း၊ကိုယ်စုန်းတို့မှာ ဖျားအောင်နာအောင်လန့်အောင်သာပြုစားနိုင်၏။ မောက်လုံးမောက်ပြား၊အိမ့်တလိမ့်နှင့်ကဝေမြောက်စုန်းများမှာ သေသည်အထိ လက်ကုန်ပြုစားတတ်၏။
    ထိုအရင်းခံစုန်း ရ မျိုးတို့ကို အကျယ်ပွားသော် စုန်းမျိုး ၉၉ မျိုးရှိလေသည်။
    ၎င်းတို့မှာ-
    ၁။စမျည်းတိုင်စုန်း ၆ မျိုး
    ၂။ရူပဝိပရိစုန်း ၆ မျိုး
    ၃။ကုဋဒိဗ္ဗစုန်း ၁၂ မျိုး
    ၄။နာနာရူပစုန်း ၉ မျိုး
    ၅။ကုလဝံသစုန်း ရ မျိုး
    ၆။ဗာလိစုန်း ရ မျိုး
    ၇။စက်စုန်း ၄ မျိုး
    ၈။ကဝေပျံစုန်း ၉ မျိုး
    ၉။ဂန္ဓဗ္ဗစုန်း ရ မျိုး
    ၁၀။နာဂဝံသစုန်း ၄ မျိုး
    ၁၁။ စဏ္ဌာလစုန်း ၆ မျိုး
    ၁၂။ တေဇစုန်း ၆ မျိုး
    ၁၃။ ဘက္ခစုန်း ရ မျိုး
    ၁၄။ တိရစာ္ဆန်စုန်း ၉ မျိုး တို့ဖြစ်သည်။

    ၁။စမျည်းတိုင်စုန်း ၆ မျိုးမှာ
    ၁။မြေချဉ်စားစုန်း
    ၂။မြေစပ်စားစုန်း
    ၃။မြေပုပ်စားစုန်း
    ၄။မြေဖန်စားစုန်း
    ၅။မြေညှိစားစုန်း
    ၆။မြေခါးစားစုန်း တို့ဖြစ်သည်။
    ၂။ရူပဝိပရိစုန်း ၆ မျိုးမှာ
    ၁။စုန်းနားပင်း
    ၂။စုန်းကျောက်ခဲ
    ၃။စုန်းလေပွေ
    ၄။စုန်းဥတစ်လုံး
    ၅။စုန်းဘီလူး
    ၆။စုန်းနဂါးစက် တို့ဖြစ်သည်။
    ဤ ၆ မျိုးကားအမောက် သုံးဆယ်စီရှိ၏။ တန်ခိုးကြီး၏။ နာနာရုပ်
    ၃ဝ စီ ဖန်ဆင်းနိုင်၏။
    ၃။ကုဋဒိဗ္ဗစုန်း ၁၂ မျိုးမှာ
    ၁။စုန်းသူကြွယ် ( ထိပ်လယ်၌အမောက်ရှိ၏။)
    ၂။စုန်းသူကောင်း (နားလယ်၌အမောက်ရှိ၏။)
    ၃။စုန်းဖုတ် ( ရင်၌အမောက်ရှိ၏။)
    ၄။စုန်းမာတြာ ( နံစောင်း၌အမောက်ရှိ၏။)
    ၅။စုန်းတွတ်သို ( နှာဖျား၌အမောက်ရှိ၏။)
    ၆။စုန်းကြက်တက် ( ခြေဖျား၌အမောက်ရှိ၏။)
    ၇။စုန်းသိုးစုတ် (မီးညှောင့်၌အမောက်ရှိ၏။)
    ၈။စုန်းအောင်း ( ချက်၌အမောက်ရှိ၏။)
    ၉။စုန်းပဝါပြောက် ( ဝမ်း၌အမောက်ရှိ၏။)
    ၁၀။စုန်းသမယ ( ခြေသလုံး၌အမောက်ရှိ၏။)
    ၁၁။စုန်းကဗ္ဗေ ( ထိပ်လယ်၌အမောက်ရှိ၏။)
    ၁၂။စုန်းညီနောင် ( မေးဖျား၌အမောက်ရှိ၏။)
    ဤစုန်းတို့မှာတန်ခိုးအနိမ့်အမြင့် အသီးသီးရှိကြ၏။
    ၄။နာနာရုပ်စုန်း ၉ မျိုးမှာ
    ၁။ စုန်းမှော်ဝင်
    ၂။ စုန်းမှော်စုန်း
    ၃။ စုန်းနတ်မှော်
    ၄။ စုန်းမှော်စုံ
    ၅။ စုန်းဘီလူး (မျိုးကွဲ)
    ၆။ စုန်းသိုးမှော်
    ၇။ စုန်းမှော်သိမ်း
    ၈။ စုန်းမှော်ပါ
    ၉။ စုန်းမှော်စဉ်
    ဤစုန်းတို့သည် နာနာရုပ်များစွာဖန်ဆင်းနိုင်၏။
    ၅။ကုလဝံသစုန်း ရ မျိုးမှာ
    ၁။ သွေးစုန်း
    ၂။ လေစုန်း
    ၃။ ဆေးစုန်း
    ၄။ မိလာဘလာစုန်း
    ၅။ လက်မှတောက်စားသောစုန်း
    ၆။ ခြေမှတောက်စားသောစုန်း
    ၇။ အမောက်သုံးဆင့်ရှိသောစုန်းတို့ဖြစ်သည်။
    ၆။ဗာလိစုန်း ရ မျိုးမှာ
    ၁။ ကဝိစုန်း
    ၂။ ခြေစုန်း
    ၃။ လက်စုန်း
    ၄။ တံငါစုန်း
    ၅။ အိမ့်တလိမ့်စုန်း
    ၆။ ဇော်ဂနီစုန်း
    ၇။ သားစားစုန်း တို့ဖြစ်သည်။
    ၇။စက်စုန်း ၄ မျိုးမှာ
    ၁။စုန်းကဝိ
    ၂။စုန်းရနီ
    ၃။စုန်းရဝါ
    ၄။စုန်းပိတ္တု
    ဤစုန်းတို့၌အမောက်မရှိ၊ စက်ဝန်းလေးခုစီပိုင်၏။ တန်ခိုးကြီး၏။ သာမန်ဆရာများ မသိနိုင်ပေ။
    ၈။ ကဝေပျံစုန်း ၉ မျိုး
    ၁။ မြင်းကဝေစုန်း
    ၂။ နတ်ကဝေစုန်း
    ၃။ ရက္ခိုက်ကဝေစုန်း
    ၄။ နရကဝေစုန်း
    ၅။ ဘီလူးကဝေစုန်း
    ၆။ နဂါးကဝေစုန်း
    ၇။ ဂဠုန်ကဝေစုန်း
    ၈။ ဆင်ကဝေစုန်း
    ၉။ ကဝေပျံစုန်း တို့ဖြစ်သည်။ ဤစုန်းတို့သည် အလိုရှိသောအခါ ခါး၌အမောက်များရောက်ရှိကြသည်။ ပရိယာယ် မာယာအလွမ်များ၏။ တန်ခိုးအစွမ်းကြီး၏။
    ၉။ဂန္ဓဗ္ဗစုန်း ရ မျိုး
    ၁။ ဆင်ကွန်းစုန်း
    ၂။ နဖားတပ်စုန်း
    ၃။ ရွာသူစုန်း
    ၄။ ရွာသမီးစုန်း
    ၅။ ကဝေစုန်း
    ၆။ အိမ့်တလိမ့်စုန်း (မျိုးကွဲ)
    ၇။ ဇော်ဂနီစုန်း (မျိုးကွဲ) တို့ဖြစ်သည်။ တန်ခိုးအနိ်မ့်အမြင့် မျိုးစုံရှိ၏။
    ၁၀။ နာဂဝံသစုန်း ၄ မျိုးမှာ
    ၁။ မောက်လုံးစုန်း
    ၂။ မောက်ပြားစုန်း
    ၃။ မောက်တိုစုန်း
    ၄။ မောက်ရှည်စုန်း တို့ဖြစ်သည်။ ၎င်းတို့သည်အလွန်ဒေါသကြီး၏။ ၃ကြိမ်အမှားခံ၍ ၄ကြိမ်မြောက်တွင် အသေပြုစားတတ်၏။
    ၁၁။ စဏ္ဌာလစုန်း ၆ မျိုးမှာ
    ၁။သရဲစုန်း
    ၂။သဘက်စုန်း
    ၃။တစ္ဆေစုန်း
    ၄။တောသူစုန်း
    ၅။ပြိတ္တာစုန်း
    ၆။ကာကနီစုန်း တို့ဖြစ်သည်။
    တေဇစုန်း ၆ မျိုးမှာ
    ၁။ဟဲဘူးစုန်း
    ၂။ဘီလူးစုန်း
    ၃။မှော်နှာခေါင်းစုန်း
    ၄။မြန်မာစုန်း
    ၅။နောက်သိုးစုန်း
    ၆။ကျားစုန်း တို့ဖြစ်သည်။ဤစုန်းများသည် လက်ဝဲနားတွင်အမောက်အစီအရီ ရှိသည်။ အခြားစုန်းတို့ထက် တန်ခိုးထက်မြက်၍ အမျက်အငြှိုးလည်းကြီး၏။
    ၁၃။ဘက္ခစုန်း ရ မျိုးမှာ
    ၁။ ပန်းစားစုန်း
    ၂။ ပေါက်ပေါက်စားစုန်း
    ၃။ အသားစားစုန်း
    ၄။ သွေးစားစုန်း
    ၅။ ချေးစားစုန်း
    ၆။ မီးစားစုန်း
    ၇။ အဆီစားစုန်း တို့ဖြစ်သည်။ ၎င်းတိုသည် ရမက်အလွန်ကြီး၏။
    ၁၄။ တိရစာ္ဆန်စုန်း ၉ မျိုး
    ၁။ ထင်းစုန်း
    ၂။ မြေစုန်း
    ၃။ ရေစုန်း
    ၄။ တီစုန်း
    ၅။ မြွေစုန်း
    ၆။ ခွေးစုန်း
    ၇။ ပိုးစုန်း
    ၈။ ငှက်စုန်း
    ၉။ ဝါးစုန်း တို့ဖြစ်သည်။ ၎င်းတို့သည် စုန်းတို့၏ အခိုးအငွေ့ကြောင့်ဖြစ်လာသည်။
    ဤသို့ဖြင့် စုန်းအမျိုးကြီး ၁၄ မျိုး၊ မျိုးစိတ် ၉၉ မျိုးရှိလေသည်။ အမျိုးကို အစွဲပြု၍ ကြိုး ဟုခေါ်သည်။ ဤသို့ဖြင့် ကြိုးပေါင်း ၁၄ ကြိုးရှိသည်။ အရပ်ကခေါ်ကြသော ၁၂ကြိုးဆိုသည်မှာ ၁၂ကြိုးမြောက် တေဇစုန်း ၆ မျိုးတို့သည် စုန်းတို့အနက် တန်ခိုးအထက်မြက်ဆုံး ရက်စက်ကြမ်းကြုတ်ဆုံး ဖြစ်သဖြင့် အထူးထင်ရှားကာ အများကရွံ့ကြောက်ကြလေသည်။
    စုန်းဘဝမှ ရင့်ကျက်လာသော် “ကဝေ” ဖြစ်လာသည်။ ကဝေဘဝ မှရင့်ကျက်လာသော် “အရှင်မ” ဘွဲ့ထူးကိုရလေသည်။ ၎င်း အရှင်မ အဆင့်မှ ရင့်ကျက်လာသော် “ကတော်” ဘွဲ့ထူးကိုရလာပေသည်။ ၎င်းအဆင့်သည် စုန်းပညာ၏ နောက်ဆုံးအဆင့်ဖြစ်သည်။ ထို ကတော်သည် စုန်းကဝေတို့၏ ဆရာဖြစ်သည်။ ထိုကတော် တို့သည် သိဒ္ဓိ ၁ဝ ပါးပြီး၏။ အကြားအမြင်ပေါက်၏။ သက်ပြောင်း ကိုယ်ခွာတတ်၏။ တစ်ကိုယ်မှ ကိုယ်ပေါင်း ၂ဝ အထိခွဲနိုင်၏။ နာနာရုပ် အထောင်အသောင်းမက ဖန်ဆင်းနိုင်၏။ မိမိဘာသာနေမူ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းတို့ကို ပြုလုပ်လေ့ရှိ၏။ သိမ်မွေ့ယဉ်ကျေး၏။ ရန်သူနှင်တွေ့သောအခါ၌ကား အထူးတလည် ခက်ထန်ကြမ်းတမ်းကာ မျက်မာန်ဒေါသပြင်းကြကုန်၏။
    ယခုကာလ၌ မြို့အရပ်တွင်ကား ၁၂ကြိုးတတ်သောစုန်းတို့ ရှားပါးသွားလေပြီ။
    သို့သော်လည်း တိမ်ကောပပျောက်သွားပြီဟု မဆိုသာ။ ပညာမျိုးဆက်မပြတ်စေရန် အဆင့်ဆင့် လက်ဆင့်ကမ်းနေကြမည်သာတည်း။ တောနယ် ဇနပုဒ် အရပ်များ၌ ပညာသည်များစုကာ နေထိုင်သော စုန်းရွာများ ရှိနေပေသည်။ ရှမ်းပြည်နယ် တလွှားနှင့် ပုံတောင်ပုံညာဒေသ၊ ယောနယ် ဆောနယ်တို့တွင်ကား အရှင်မအဆင့်၊ ကတော်အဆင့် စုန်းကဝေများ ရှိနေဆဲပင်ဖြစ်သည်။
    ——————————————————————
    Credit >>>>>>> https://www.facebook.com/myanmar.vijjadhara

    • sorrow weaver

      October 4, 2013 at 10:23 am

      မှတ်သားလောက်ပါ့ဗျာ 🙂

    • Sophia Jobs

      January 7, 2014 at 4:18 pm

      ကိုစုန်းဘုရင်ရေ

      အခုလို ယော၊ဆော၊ရှမ်းပြည်တွေမှာ ရှိတယ်လိုတော့ မပြောစေချင်ပါဘူး။ကျမက ယောသူပါ။ကျမမွေးကတည်းက နေနေခဲ့တယ်။ကျမ မမွေးခင်ကတော့ မပြောတတ်ဘူး။ကျမမွေးပြီးတဲ့အချိန်မှာတော့ စုန်းဆိုတာ မတွေ့မိပါ။အဲဒီ ပါးစပ်ရာစဝင်ကို ဘယ်ကစလဲတော့မသိပေမဲ့ ယောသူယောသားများဟာ အထင်လွဲခံရပြီး အပေါင်းအသင်းရဖို့ ခက်ခဲပါတယ်။ ဘယ်သူမှ ရေရေရာရာမသိတဲ့ ဒီရာစဝင်တွေကို ပျောက်ဖို့ကူညီပေးပါလို့တောင်းပန်ပါတယ်။

  • Green Rose

    October 4, 2013 at 12:30 pm

    ဘဝမှာ စုန်းမ (ကဝေ) ဖြစ်ချင်တာ ဒါ ဒုတိယအကြိမ်မြောက်ပဲ။
    ပထမ တစ်ခါက လေးဖြူရဲ့ စုန်းမသီချင်းကို ကြားမိတဲ့အချိန်
    ခုတစ်ခါကက ရွာသူဖြစ်ကြောင်း ဂုဏ်ယူချင်လို့..

    လေးစားလျှက်

    (Green Rose)

    • sorrow weaver

      October 4, 2013 at 4:06 pm

      ကျော်လဲ ရွာသား အသစ်ဖြစ်တာတကြောင်း…ရွာထဲက စာကောင်းစာပေတွေမတူးဆွနိုင်သေးတာတစ်ကြောင်းမို့ …ဖတ်မိသလောက်လေး နယ်ပယ်စုံက ကဝေတွေကို ရေးလိုက်တာပါ..တကယ်က ဒီရွာက ကဝေရွာဗျ… 🙂

Leave a Reply