တစ်ပွင့်ပန်း

အသွေးအရောင် ကောင်းကောင်းနဲ့
ဓါးတစ်ချောင်းရဲ့ပန်းပွင့်
ခွေးလေခွေးလွင့်တွေ ဝိုင်းကိုက်တယ်
ပန်းတစ်ပွင့်ကတော့..
မြင့်သထက်မြင့်လို့
တင့်တယ်ခြင်းတွေ
ခညောင်းညွှတ်ဆင်း
ခွေးအိုကြီးတွေအတွက်
ကြောက်လန့်ခြင်းကိုဖြစ်စေတယ်…..

မန္တလေးကြိုးကြီးချိတ်နဲ့
ပန်းတစ်ပွင့်ကို
သေနတ်ခါးချိတ်တဲ့လူတွေ
အသေကြောက်တယ်……

ပုဝါပါးလေးခြုံထားတတ်တဲ့

ပန်းတစ်ပွင့်ကို

တိုက်ပုံဝတ်တွေ အသေလန် ့တယ်

တစ်ပါတ်လျှိုဆံထုံးလေးနဲ ့

ပန်းတစ်ပွင့်ကို

ကြက်သရေခေါင်းပေါင်းတွေအတွက်

သွေးပျက်စေတယ်….

ကြိုးကြီးချိတ်ဝတ်တာချင်းအတူတူ

မိန်းမလို မိန်းမရ    …မဟုတ်

မိန်းမသားပီပီ  လှတော့

ပန်းတစ်ပွင့်ကို ငြူစူချင်ကြတယ်
သူမ…….
လှပတယ်
ရဲရင့်တယ်
တင့်တယ်တယ်
မြင့်မြတ်တယ်
နူးညံ့စွာ မာကြောလှတယ်
ပန်းတစ်ပွင့်မှာ
ရန်သူတွေများတယ်
သူတို့က
ရာဇဝင်တစ်ခုကို
အကျဉ်းချထားရင် ရလိမ့်မယ်လို့
ဉာဏ်နုံ့စွာနဲ့ယုံကြည်တယ်
ဒါကြောင့်လည်း…..
မျက်မမြင်ပုဏ္ဏားတွေ အခါပေးသမျှ
တိုင်းပြည်တစ်ခုလုံး ချေမွခံခဲ့ရတယ်
ပန်းတစ်ပွင့်က
စာတတ်တယ်….
ကမ ္ဘာ့စာပေတွေဖတ်တယ်
ပြည်သူတွေရဲ့ရင်ဘတ်ကိုဖတ်တယ်..
သူတို့က
ရှေ့ဖြစ်နောက်ဖြစ်ဖတ်တယ်
ဗေဒင်ဖတ်တယ်….
ပန်းတစ်ပွင့်က..
ပညာဉာဏ်ကို အခြေပြုတယ်
သူတို့က ယတြာကို လု`ချေနေကြတယ် ….
ဒါနဲ့များ
တိုင်းပြည်ကောင်းစားအောင်
သူတို့မှဘဲ လုပ်နိုင်မတဲ့လေ….
ပန်းတစ်ပွင့်……
ပန်းတစ်ပွင့်ရဲ့တင့်တယ်ခြင်း
ကျေနပ်ခြင်းများနဲ့လက်ခံပါတယ်
ပြည်သူတွေ အတွေးနဲ့
အားလုံးရဲ့ရှေ့ရေးမှာ
လေးသိန်းကျော် လူ့အန္တတွေရဲ့ဦးခေါင်းထက်
ပန်းတစ်ပွင့်က နေရာယူထားလျှက်ပါ….
ပန်းတစ်ပွင့်
ရဲရင့်စွာ ပွင်းလန်းသမျှလည်း
ကမ ္ဘာက လက်ခံတယ်…..
……….
ပန်းတစ်ပွင့်ပါ
မျိုးရိုးမှန်တယ်
မျိုးရိုးကောင်းတယ်….
အသွေးမှန်တယ်
အရောင်ကောင်းတယ်…..
ဒါကြောင့်……
မြန်မာပြည် ရာဇဝင်မှာ….
သွေးရဲရဲနဲ့ပွင့်ခဲ့တယ်။       ။

 

ကျော်စွာခေါင်

 

 

17 comments

  • lele kyi

    September 28, 2013 at 3:27 pm

    “ပန်းတစ်ပွင့်
    ဘယ်တော့မှ မုသားမပြောဘူး
    သူမအနာဂါတ်တွေ ခါးသွားသည့်တိုင်။”
    အဲ့ဒီပန်းတစ်ပွင့်ရဲ့ ကိုယ်ကျင့်သိက်ခါတွေကိုစံထားပြီးကိုယ်ကိုယ်ကို တည့်မတ်ပါတယ်။ သူမတော်တော်စကားပြောပါးနပ်လိမ်မာတယ်။ ဒါကြောင့် ကဘာ့ခေါင်းဆောင်တွေရယ် ပြည်သူရယ်က ချစ်ခင်ကြတာ။ နှမြောစရာကောင်းတာ က သူမ အရည်အချင်းတွေအသုံးချခွင့်အပြည့်အဝမရသေးတာ။ အိုဘားမားကို အဆိုတော် Alicia key ဂုဏ်ပြုပြီးဆိုပြထားတဲ့ သီချင်း “Girl on Fire” ကသူမနဲ့အရမ်းလိုက်ဖက်တယ်။
    ကဗျာလေးကိုရှယ်ခွင့်ပြုပါ။ 🙂

  • ကျော်စွာခေါင်

    September 28, 2013 at 3:45 pm

    မလဲ့
    ခွင့်ပြုပါတယ်ဗျာ…
    ကိုယ်ချစ်ခင်သူကို ဝိုင်းချစ်တာ..ဝမ်းသာစွာ ခွင့်ပြုမှာပေါ့..။

  • အလင်းဆက်

    September 28, 2013 at 5:41 pm

    အဲဒီ ပန်းတစ်ပွင့်ကို
    ကျွန်တော်လည်း ချစ်တယ်

    ပန်းကလေးဟာ ဘယ်သူလဲဆိုတာ
    မျက်လုံးထဲ ပုံရိပ် ေပေါါ်လာတယ်

    ကဗျာ ချစ်တဲ့ကျွန်တော့် အတွက်
    ဒါဟာ
    ကျွန်တော် ချစ်တဲ့ ကဗျာပါပဲ။

    ========

    ဦးခေါင်ရည်
    ကဗျာပြခန်းဆီလည်း အမှတ်တရ ကဗျာ ပေးပို ့ကူညီပါဦးဗျ

  • KZ

    September 28, 2013 at 6:00 pm

    ချစ်တယ်။
    လေးစားတယ်။
    အရင်တစ်ပတ်က အဲဒီ ပန်းပွင့်လေးကို အမြင်မှာ နီး၂ ကပ်၂ မြင်ရချိန် စကားတွေကို နားနဲ့ ဆတ်ဆတ်ကြားရချိန်
    လက်ခုပ်မတီးနိုင်ခဲ့ဘူးးးး
    အလိုလို ကျလာတဲ့ မျက်ရည်တွေကို သုတ်နေရလို့။

  • မဟာရာဇာ အံစာတုံး

    September 29, 2013 at 6:00 am

    မန့်ဗူးးးဂျာ .. မန့်ဗူးးးး
    ဟိုပို့စ်ထဲမှာ ကျုပ်ကို ရီပလိုင်းပျံမှ မန့်ဗူးးး
    နို့မဟုတ်လို့ဂဒေါ့ …
    မန့်ဗူးးးးးးးးးးးး 👿 👿

    • ကျော်စွာခေါင်

      September 29, 2013 at 3:10 pm

      ဒီကလေးးးးတယ်ဒေါသကြီးနေပါလား…
      ဘယ်ပို ့စ်ကို ပြောတာဒုံး..လာမှာပါ ပူမနေနဲ ့…
      ဒီက ကွန်မန် ့သာ မရေးဖြစ်သေးတာ..အံဇာမိုးဝင်းဆီက ဂျိုး အမြူတေရရင်…တစ်နေရာကို သွားချင်ရို ့….စိတ်ကူးနေတာ..။

    • Ma Ma

      September 29, 2013 at 3:21 pm

      မဟာရာဇာကြီးနောက်လိုက်ပါတယ်။ 😀

      ဆြာခေါင်ရဲ့ ပန်းတပွင့် အမွှမ်းကို သဘောကျတယ်။
      ဟိုးအရင်က ပုံတူပန်းချီလည်းဆွဲပေးဖူးသေးတယ်နော်။
      ကိုယ်ပိုင်ဖန်တီးမှုနဲ့ အမွှမ်းတင်ပေးနိုင်တာ အားကျမိပါရဲ့။ 🙂

      • မဟာရာဇာ အံစာတုံး

        September 30, 2013 at 1:44 pm

        ကျုပ်နောက်က သိပ်ကပ်လိုက်နဲ့ဂျ
        ကျုပ်က တအား အီးပေါက်တတ်တာ ..
        ပူ .. အဲ .. ပြောရင်းနဲ့တောင် ထွက်တွားဘီ ..
        :mrgreen:

  • surmi

    September 29, 2013 at 8:01 am

    ဆရာ​ခေါင်​​ရေ ..
    စုံလည်​းစုံနိုင်​လွန်​းသဗျာ ..
    မနာလို​တော့ဘူး 🙂

    အဲဒီပန်​း​လေး အချိန်​ကြာကြာပွင်​့လန်​းနိုင်​ပါ​စေလို့ …..

    • ကျော်စွာခေါင်

      September 29, 2013 at 3:15 pm

      ကိုကြီးဆာ..
      ကျနော်တို ့က အတူတူတွေပါဗျာ..
      ဒီရွာသူ ရွာသားတိုင်းက ဒီရွာကို ချစ်တယ်ဆိုရင် ကိုယ်တတ်တာလေးတွေနဲ ့ ကိုယ့်ရွာလေး ပိုစုံပြီး ပိုလှအောင် လုပ်ပေးရမှာပေါ့..။
      ….
      ….
      ….တစ်ပွင့်ပန်းလေးအတွက်ကတော့ အမျိုးမျိုးဆုတောင်းနေရတာဘဲ…ကိုကြီးဆာ..။

  • Crystalline

    September 29, 2013 at 8:13 am

    သူ(မ)က အထောက်အမ မပါလည်း တစ်ပွင့်တည်းနဲ့တင့်တယ်နေတဲ့ပန်းပါ..

    • ဦးကြောင်ကြီး

      September 29, 2013 at 8:17 am

      အဲဒီသူမဂ ဦးကြောင်ကြီးတို့ အထောက်တော်တွေရန်က လွတ်နေဒဲ့ ကိုယ်ဗိုင်ကားစီး လူဒန်းဇား ဖြစ်မယ်…. တောက်စ် မထောက်ရတာ နာသကွာ…. :kwi:

      • Crystalline

        September 29, 2013 at 8:30 am

        :evill: :evill:
        👿 👿

      • ကျော်စွာခေါင်

        September 29, 2013 at 3:18 pm

        ဦးကြောင်….
        စိတ်ထိမ်းပါ

    • ကျော်စွာခေါင်

      September 29, 2013 at 3:17 pm

      လှိုင်းရေ..
      အဲဒါကြောင့် လေးစားစိတ်ချစ်ခင်…ဂရုဏာစိတ်တွေနဲ ့ဒီကဗျာလေးရေးဖြစ်ခဲ့တာပါ

  • sorrow weaver

    September 30, 2013 at 10:11 am

    ဦးခေါင်ကွ….အဟင့် သူတစ်ခုရေးရင် တစ်ခု အားကျ တယ် လေယဉ်မယ်လေးရယ်….အာဟိ

  • kyeemite

    September 30, 2013 at 1:28 pm

    သွေးရဲရဲနဲ့ပွင့်ခဲ့တဲ့ ပန်းတစ်ပွင့်
    မညှိုးမနွမ်း အစဉ်လန်းပြီး
    ပြည်သူတွေကို အမွှေးရနံ့ပေးနိုင်ပါစေကြောင်း…
    ကဗျာဆြာ ကိုကျော်စွာခေါင်ကိုလည်း ချီးကျူးပါကြောင်း.. 🙂

Leave a Reply