စိတ်ဓါတ်အဆင့်အတန်း

ကျွန်တော် အခုရေးမယ့်အကြောင်းအရာက မည်သူ့ကိုမှ ထိခိုက်လိုခြင်းမရှိသလို မည်သူ့ကိုမှ မရည်ရွယ်ပါဘူး။ မြင်နေသမျှ ၊ ကြားရသမျှကို အခြေခံပြီး အတွေးကို ဖော်ထုတ်ခြင်းသာဖြစ်ပါတယ်။ သဘောထားမတူရင် ကွဲလွဲနိုင်ခွင့်ရှိသလို .. မခံမရပ်နိုင်လို့ ဆဲကြမယ်ဆိုလည်း . ဆဲနိုင်ပါတယ်။ လားလားမှ မတုန်လှုပ်ပါဘူး။ 😀

ကျုပ်တို့လောကမှာ အဆင့်အတန်းဆိုတဲ့စကားကို လူတွေအားကြီးပြောကြပါတယ်။ ဒီကောင်ကွာ..အဆင့်ကိုမရှိဘူး ဘာညာ စသည်ဖြင့်ပေ့ါလေ…

တကယ်တော့ အဆင့်အတန်းဆိုတာ ဘာကိုဆိုလိုချင်ပါသလဲ။ ကိုယ်တိုင်ပါးစပ်က အဆင့်အတန်းလို့ပြောနေပေမယ့် တကယ်ရော အဆင့်ရှိလား ….

တစ်ချို့ပိုက်ဆံရှိလူတန်းစား လူကုံတံကြီးတွေကတော့ ငွေမရှိဆင်းရဲသားတွေကို အောက်တန်းစားလို့ သုံးနှုန်းကြတာ ကြားဖူးပါတယ်။ ဒါဆို ပိုက်ဆံဆိုတာအဆင့်အတန်း

လား? .. တကယ်တော့ ကျွန်တော့်ရဲ့ ခံယူချက်က လူတစ်ယောက်ကို အဆင့်သတ်မှတ်တဲ့အခါမှာ ဒီလူရဲ့ စိတ်ဓါတ်ကိုအခြေခံလို့ အဆင့်ကို သတ်မှတ်ပါတယ်။

အရင်တုန်းက ကျွန်တော် ထင်မှတ်ခဲ့ ယူဆခဲ့ ..တာတွေက …ကျုပ်တို့ မြန်မာလူမျိုးဟာ စိတ်ထားကောင်းကြတယ် ၊ စိတ်ဓါတ်ကောင်းမွန်ကြတယ်လို့ ယူဆထားပါတယ်။

လူငယ်အချင်းချင်း စကားပြောရင် စနောက် ဆဲတာကလွဲလို့ ယုတ်မာတာမျိုးမရှိကြဘူးလို့ ထင်ခဲ့ပါတယ်။

နောက် ..ကျွန်တော် အသက်အရွယ်ရလာချိန်မှာတော့ ဒါတွေဟာတကယ်တော့ အလုံးစုံမမှန်ကြောင်းစတွေ့လာရတယ်။

ခု နှစ်ပိုင်းလေးအတွင်းမှာ ကျွန်တော်တို့ လူငယ်တွေ မျက်စိပွင့် ၊ နားပွင့်လာကြတယ်။ ကျွန်တော်တို့ခေတ်တုန်းက ကွန်ပျူတာဆိုတာ စာသင်ခန်းထဲ

မှာ အလှပြယုံခေတ်ကနေ ခုဆိုရင် တော်တော်များများဟာ ကွန်ပျူတာကို နားလည်လာတယ် ၊ သုံးစွဲနိုင်လာကြတယ်။ အနည်းငယ်တော့ တိုးတက်လာတယ်ပေါ့ခင်ဗျာ။

သို့သော်လည်း ရုပ်ဝတ္ထုတွေသာ တိုးတက်လာတယ်၊ စိတ်ဓါတ်တွေကတော့ ဟိုးအရင်ထက် အောက်ဆုံးကို ပိုရောက်သွားကြတယ်။ ဘယ်လိုအရာတွေလဲ .. .?

ဥပမာ (၁) … မင်းသား မင်းသမီးဆိုတာမျိုးက လူကြိုက်အောင် ထင်ပေါ်အောင် .. တစ်ခုမဟုတ်တစ်ခုလုပ်ပြကြရတယ်။ သူတို့လုပ်တာဟာ ကောင်းတာဖြစ်နိုင်သလို

ဆိုးတာလည်းဖြစ်နိုင်တယ်။ တစ်ချို့မင်းသမီးတွေမှာ ရှိတာလေးတွေကို ထုတ်ဖော်ကြွား ပြသပြီး နာမည်ကြီးအောင်လုပ်ကြရရှာတယ်။ တွေးကြည့်ရင် သနားစရာပါဗျာ။

မရှိရှိတာလေး ထုတ်ကြွား ထုတ်ပြရတာ။ ဒါကို .. ကိုယ်က မနှစ်သက်ရင် အားမပေးနဲ့ပေါ့ဗျာ။ ခုတော့ မဟုတ်ဘူး .. ဓါတ်ပုံတွေအောက်မှာရေးထားတဲ့ကွန်မန့်တွေမှာဆို

ရင် မကြားဝံ့မနာသာ .. မိန်းကလေး မဖတ်သင့်တဲ့ စာသားမျိုးတွေ ရေးသားထားလိုက်တာ ..ကျုပ်တို့ရဲ့ မြန်မာ ယောကျင်္ားသားထုကြီးပါပဲ။

(၂) ၂၀၁၂ သင်္ကြန်မှာ မိန်းကလေးတွေ မူးရူးနေတဲ့ပုံတွေ ၊ မှောက်ရက်နဲ့ ပိုးစိုးပက်စက်ဖြစ်နေတဲ့ပုံတွေ အင်တာနက်မှာ ပလူပြန်သွားတာမှတ်မိပါသေးတယ်။

ဒီနေရာမှာလည်း အဲဒီပုံတွေ ၊ ဟိုနေရာမှာလည်း အဲဒီပုံတွေ ၊ မြင်ရတဲ့သူ ကျုပ်ကတော့ မနေနိုင် မထိုင်နိုင် ကွန်မန့်တွေကို သွားဖတ်လိုက်မိတဲ့ကာလမှာတော့

ကျုပ် တော်တော်ကို ဖီးငုတ် စိတ်လေသွားမိပါတယ်။ ဆဲထား ဆိုထားကြတာ မိုးမွန်ပြီး ……… မြန်မာတစ်ပြည်လုံး ဒီလိုဖြစ်ပြီး ပျက်စီးနေတဲ့အလားပြောနေကြတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ လူနည်းစုလေးရဲ့ ပိုးစိုးပက်စက်ပုံတွေကို ထုတ်ဖော်ပြီးတော့ မိန်းကလေးအားလုံး ပျက်စီးနေသလို ဆဲဆိုထားကြတယ်။ ဒီလိုမလုပ်တဲ့ မဖြစ်တဲ့

အခြားနေရာတွေ အများကြီးပါ .. ဒီ ငါးပုတ် ကိုပဲ လက်ညှိုးထိုးပြနေတာ ရှက်စရာကြီးပါ။ မကြိုက်ရင် ကျော်သွားဗျာ ။ မကြည့်ပါနဲ့ ။ ကိုယ့် ညီမ အစ်မတွေမဖြစ်အောင်

ဆုံးမပါ .. ယဉ်ကျေးစွာဆုံးမနည်းတွေ အများကြီးပါ။( ဗိုလ်ချုပ်ပြောတဲ့ -ာနိုင်ငံကြီးဖြစ်တော့မှာပဲ ဆိုတဲ့ စကားလေးကို လက်ဝယ်ကိုင်ပြီး ဆဲချင်သလိုဆဲနေကြတာ

မြင်ပြင်းကတ်သဗျာ။ )

(၃) ခုဆိုရင် အင်တာနက်မှာခေတ်စားနေတဲ့နောက်တစ်မျိုးက ဘစ်ကနီဝတ်ထားတဲ့မြန်မာအမျိုးသမီးပုံတွေပါ။

ရိုင်းစိုင်းစွာပြောဆို ဆုံးမနေတာကတော့ ကျွန်တော်တို့ မြန်မာယောကျင်္ားထုတော်တော်များများပါပဲ။ ရေကူးကန်လိုနေရာမျိုးမှာ ဘစ်ကနီ ၊ ရေကူးဝတ်စုံမဝတ်လို့

ထမိန်ရင်လျားပြီး ကူးရမလားဗျ။ သူ့နေရာနဲ့သူပေါ့ဗျာ။ လမ်းပေါ်ထွက် အားအားယားယား ဘစ်ကနီဝတ်ပြနေရင်တော့ ပြောကြပေါ့။ ခုဟာက ရေကူးကန်တို့ ၊ ကမ်းခြေ

တို့မှာ ကောင်မလေးတွေ ဝတ်ထားတဲ့ပုံကို ဓါတ်ပုံရိုက်ကူးပြီးသကာလ ဖွချင်တိုင်းဖွ ၊ ရေကူးဝတ်စုံဝတ်မိတဲ့အမျိုးသမီးမှာပဲ အရှက်မရှိ မြန်မာ့ ထုံးတမ်းစဉ်လာကိုဖျက်စီး

နေသလိုလို။ ခေတ်ရေစီးကြောင်းဆိုတာရှိတယ်လေဗျာ။ ဒူးနေရာဒူး တော်နေရာတော်ပေါ့။ လိုက်လျောညီထွေ ဝတ်လို့ရပါတယ်။ လက်သင့်ခံနိုင်ပါတယ်။

ဘုန်းကြီးကျောင်းသွားတာ ဘောင်းဘီတိုနဲ့ဆိုတာမျိုးက မသင့်တော်တာ မှန်ပါတယ်။

(၄) နောက်တစ်ချက်က ကျုပ်တို့မြန်မာယောကျင်္ားလေးများဟာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာကို သိပ်လိုက်နာစေချင်ကြတာပဲ။ မြန်မာဝတ်စုံလေးများဝတ်ထားရင်

သိပ်ကျက်သရေရှိတယ်လို့ဆိုကြတယ်။ ဟုတ်ပါတယ်။ မြန်မာမိန်းကလေးများ မြန်မာဝတ်စုံဝတ်ထားရင် သိပ်ကျက်သရေရှိပါတယ်။ ကျုပ်တို့မြန်မာဝတ်စုံဟာ

ခန္ဒာကိုယ်အချိုးအစားကို ချပ်ချပ်ရပ်ရပ်နဲ့ ထင်ရှားမြင်သာစေတဲ့ ပုံစံပါ။

အဲလိုပြောကြပြီးတော့ …. မိန်းကလေးများ တိုနံ့နံ့ ဟိုပေါ်ဒီပေါ် ဝတ်ဆင်ထားရင် မျက်လုံးပြူးနဲ့ကြည့်တာ သူတို့က ထိပ်ဆုံးကပါ…

သူတောင် ဖော်ရဲသေးတာပဲ ဖော်လို့ ကြည့်တယ်လို့တော့မပြောနဲ့ခင်ဗျ။ အဲဒီလို ဝတ်စားဆင်ယင်ပုံမျိုးကို မကြိုက်ဘူးလည်းဆိုသေးတယ်၊ မကြိုက်ရင်လုံးဝ လှည့်မကြည့်

နဲ့ပေါ့ခင်ဗျာ။ ရှင်းနေတာပဲ။ ခုတော့ ကြည့်လည်း ကြည့်သေး … ပြစ်လဲပြစ်မှားသေး … ဆဲလည်း ဆဲသေးဆိုတော့ ……. အင်း………စဉ်းစားစရာပါပဲ

(၅) နောက်ထပ် ခေတ်စားနေတာက နိုင်ငံရေးခင်ဗျ .ဖေ့ဘုတ်ပေါ်မှာ ဆိုဒ်တွေမှာဆိုရင် နိုင်ငံရေးကမပါမဖြစ်ပေါ့ဗျာ၊ ကိုယ်လည်း နိုင်ငံရေးမှမပြောရင် လူအကြီးလိုလို၊

အမျိုးပဲ မချစ်တတ်သလိုလို ၊ ဉာဏ်တုံးကြီးလိုလို …. အဲ ……….အဲဒီနိုင်ငံရေးကို ပြောကြသူများကလည်း ယောကျင်္ားသားထုက ပိုများသဗျ။

နောက် ကျုပ်တို့မြန်မာပြည်ရဲ့ မီးအိမ်ရှင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းလေးများ တင်ကြရင် အားပေးတဲ့သူများရှိသလို ဆဲကြတဲ့သူတွေကလည်း အများသားဗျ။

ဆဲကြတာမှ ပက်ပက်စက်စက်နဲ့ ဆဲကြသဗျ။ အမျိုးသားတွေပါပဲခင်ဗျာ ………. သူလုပ်သလို မလုပ်နိုင်ဘူး ၊ အရည်အချင်းမရှိဘူး ၊ ဝင်မငန်နဲ့ဗျာ ။ လုပ်နို်င်သူတွေ

လုပ်သွားကြလိမ့်မယ်။ ဘေးထွက်ထိုင် ဘုမပြောနဲ့ ။

(၆) နောက်ထပ် အွန်လိုင်းလောကမှာ ခေတ်အစားဆုံးက ဟိုဟော်တယ် ဒီဟိုတယ်မှာ ရိုက်တဲ့ သမီးရည်းစားများရဲ့ ဟိုလုပ်ဒီလုပ် ..ဗီဒီယို ၊ ဗီဇက်အို ၊ ဓါတ်ပုံ စသည်ဖြင့်

ကျုပ်တို့ မြန်မာတွေ ပါးစပ်ဖျားမှာ လူမျိုးခြားနဲ့ယူတဲ့ မြန်မာမတွေ ပျက်စီးနေသလိုလို ဘာလိုလိုတွေပြောကြသဗျာ။ တစ်ခုဗျာ …. မြင်ရကြားရသလောက်ဆိုရင်

အဲလို နှစ်ဦးသဘောတူ လုပ်ချင်တာလုပ်ကြ ၊ နောက် ကွဲကြ ပြဲကြတဲ့အချိန်မှ ဟိုဟာတွေထွက်လာ ဒီဟာတွေထွက်လာ ၊ မိန်းကလေးမှာနာမည်ပျက်

ဘယ်သူတွေလုပ်သလဲခင်ဗျာ? သူတို့ရဲ့ ချစ်သူ ယောကျင်္ားများပါပဲ။ ယောကျင်္ားပဲဗျာ ၊ ယောကျင်္ားစိတ်ဓါတ်ပေ့ါ။ ခုဟာကျ မိန်းမလိုမိန်းမရနဲ့ဗျာ။

အဲလို ထွက်လာသမျှတွေကြည့်လိုက် ဗမာစုံတွဲတွေချည့်ပဲ ၊ ဘယ်ကုလားမှ သူတို့ရည်းစားကို အဲလိုတွေ လုပ်တာ မကြားဖူးဘူး။ အမျိုးချစ်တယ်ဆို ပါးစပ်နဲ့တင်

ချစ်မပြပါနဲ့။ ကို်ယ့်အမျိုးဂုဏ်သိက္ခာစောင့်ထိန်းဖို့အရေး အရာတိုင်းမှာ ကူညီစောင်မရမှာ ..ခုတော့ …

ကျွန်တော်အရင်တုန်းကထင်ခဲ့တာက .. ဒါမျိုးလူတွေဟာ ပညာမတတ်တဲ့သူတွေလို့ ထင်ခဲ့တာ ..တက်တက်စင်လွဲပါလေရောဗျာ ။ ခုလိုလုပ်နေကြ ဖြစ်နေကြတဲ့ထဲမှာ

ပညာတတ်တွေဟာ အများဆုံးပါပဲ။ ကျုပ်တို့တွေ ခု ပြောနေကြတဲ့ ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုတဲ့ စကားလုံးအကြီးကြီးတွေထက် … ကျုပ်တို့တွေ ပြုပြင်သင့်တာက

တော့ …… စိတ်ဓါတ်အဆင့်အတန်းလို့ပဲ ပြောချင်ပါတယ်။

အမျိုးကိုချစ်ကြပါ စောင့်ရှောက်ကြပါ …..ဆိုတာတွေ ပါးစပ်နဲ့တင်မဟုတ်ဘဲ လက်တွေ့ပါ စောင့်ရှောက်နိုင်ကြပါစေဗျာ။

 

16 comments

  • lele kyi

    September 29, 2013 at 12:33 am

    ဟိဟိ.နာအရင်ဆဲမယ်.
    ဖေ့စ်ဘွတ်ကမျိုးချစ်ကြီးများကိုတော့ ဂုဏ်ထူးဆောင်နိုင်ငံချစ်ဘွဲ့ထူးပေးသင့်ကြောင်းပါ.မနှင်းဖြူ သခင်မဘုရား။
    ဖေ့စ်ဘွတ်မှာဘာတင်တင်အယုံအကြည်ကိုသိပ်မရှိတော့ပါ။ကိုယ်ခင်တဲ့ရင်းနှီးတဲ့အပေါင်းအသင်းတွေနဲ့ စနောက်တာကလွဲပြီး။ တခြားတွေတော့သိပ်မပြောချင်ပါဘူး။နိုင်ငံရေးပေ့ချ်တွေ. သတင်းမီဒီယာတွေကတော့ ခိုင်လုံတိကျတဲ့ သတင်းရင်းမြစ်တွေပဲ ရေးသင့်တယ်။ ကိုယ်ရေးတာကိုယ်တာဝန်အပြည့် ယူနိုင်ရမယ်။ စကားတစ်ခွန်းလွယ်လွယ်နဲ့ပြေပလိုက်ပြီး ပြီးမှပေါ့ပေါ့လေးပြန်တောင်းပန်တဲ့လူမျိုးကိုဘယ်သူကယုံကြည်မှာလဲ။ ပြီးတော့ လေနဲ့ချည်းပဲချစ်ပြနေလို့က လက်တွေ့မကျပြန်ဘူး။ သူပြောတာတွေကိုယ်ဘယ်လောက်လိုက်နာပြီး ပြီလည်း။ ဟုတ်ကဲ့။တင်ပါ့။သာဓုတွေနဲ့ ပဲလုံးချာလိုက်ရင်း လိုရင်းတွေမရောက်။ရည်ရွယ်ချက်တွေပျောက်။ ပြောသူသာအာညောင်း ။ဘာပဲဖြစ်ဖြစ်ကိုယ်ကိုတိုင်ဆင်ခြင်သုံးသပ်ပြီးယုံသင့်မယုံသင့် စဉ်းစားကြစေလိုပါတယ်..ဟဲဟဲ.(ခရက်ဒစ်တူဦးဖော)

  • မဟာရာဇာ အံစာတုံး

    September 29, 2013 at 5:30 am

    တကယ်တော့ ….
    “လေ” ဗျ …. “လေ”
    လူတစ်ယောက် ခန်ဒါကိုယ်မှာဆိုရင်
    လေအမျိုး ဘီလောက်ဆိုလား ရှိဒယ် ….

    အိုက်ဒီ လေတွေထဲမှာ …
    မန်းနီးပေါ် ဖင်ခုထိုင်ထားသူတွေဟာဆိုရင်
    လေတစ်မျိုးက မြှောက်ပင့်ထားဒတ်ဒယ် …
    ဒါဂျောင့် … မန်းနီးရှိလေ ဘဝင်မြင့်တတ်လေဘဲ …
    တစ်နည်း … အဆင့်အတန်း ခွဲခြားဒတ်လေဘဲ …
    (ရိုးရိုးလူများကိုသာ ဆိုလိုဘာတီ)

  • surmi

    September 29, 2013 at 7:51 am

    ​ယောက်​ကျားတို့အ​ကြောင်​း တ​စေ့တ​စောင်​း…. 🙂

  • Crystalline

    September 29, 2013 at 10:55 am

    အဲဒါ ဟိုကြောင်နာကြီးလိုလူမျိုးတွေ.. ပါးစပ်က ဘုရားဘုရား..လက်က ကားယားကားယားဆိုတာမျိုး.. :evill:

    • ဦးကြောင်ကြီး

      September 29, 2013 at 11:23 am

      ပါးစပ်ဘုရားဘုရား
      လက်ကားယားကားယား
      လျှာဂျီးတဗျတ်ဗျတ်
      ခရစ်လေးဂိုသူနှက်
      ရင်ဖိုဖိုတလှပ်လှပ်
      သိမ့်တုံရှိုက်မက်
      လူတဂါထက်သွက်
      နတ်စည်းစိမ်မှတ်… :mrgreen:

  • Mr. MarGa

    September 29, 2013 at 2:14 pm

    ပညာတတ်တာနဲ့
    စိတ်ဓာတ်အဆင့်အတန်းပါ မြင့်တယ်လို့ ဘယ် ကဝိက ပြောသွားသတုံးးးး
    ဘွဲ့ရရုံနဲ့ရော
    ပညာတတ် လို့ ဘယ်သူက သတ်မှတ်လိုက်တာတုံးးး
    ဒီပညာရေး၊ ဒီစနစ်နဲ့ ဒီစိတ်ဓာတ်တွေ ဘယ်သူကမှ ပြင်မပေးခဲ့ဘူး။
    သင်လဲ မပေးခဲ့ဘူး
    ပညာတတ်ပြီး
    စိတ်ဓာတ်အဆင့်အတန်း နိမ့်နေသူတွေ တပုံကြီး
    ဝါးလုံးရှည်နဲ့ သိမ်း ယမ်းရရင်လဲ
    ယမ်းစရာ နေရာ ကျန်မှာတောင် မဟုတ်ဘူး

  • Ma Ma

    September 29, 2013 at 3:36 pm

    မနှင်းဖြူ မှန်တာတွေချည်း ပြောသွားသကိုးးးးးးးးးး :loll:

    လူ့အဆင့်အတန်းဆိုတာကို လူရဲ့ ကိုယ်ကျင့်တရားနဲ့ပဲတိုင်းတယ်လို့ ပါမောက္ခဆရာတော်ကြီးက တရားတစ်ပုဒ်မှာ ဟောထားတာရှိတယ်။

  • KZ

    September 29, 2013 at 4:12 pm

    မနှင်းဖြူ မှန်မှန်ပြောတာတွေ များပြီ။
    အဟိ!
    မဟာ ယောင်္ကျားကြီးဝါဒ ထွန်းကားသော တို့နိုင်ငံတွင်
    အမျိုးသမီးခေါင်းဆောင်နောက် မလိုက်ချင်/ အမျိုးသမီးမို့ ခေါင်းဆောင်မဖြစ်စေချင်ဟူသော
    အတွေးအခေါ်နဲ့ သူများလည်း ရိုက်သတ်မကုန်အောင် ရှိ၏။

    😀

  • အလင်းဆက်

    September 29, 2013 at 6:00 pm

    စိတ်ဓါတ် ဆင်းရဲမှု
    လူဆင်းရဲမှု နဲ့ အတွေးအခေါ်ဆင်းရဲမှုတွေကို
    ထင်ဟပ်ပြလိုက်တဲ့ ပိုစ့်လေး
    အားပေးပါအိ

  • kolumbus

    September 29, 2013 at 8:05 pm

    ” ယောကျင်္ားပဲဗျာ ၊ ယောကျင်္ားစိတ်ဓါတ်ပေ့ါ။ ခုဟာကျ မိန်းမလိုမိန်းမရနဲ့ဗျာ။”
    ဆိုတော့… မိန်းမတွေက အောက်တန်းကျတယ်ဆိုတဲ့ သဘောဖြစ်မနေဘူးလား။
    အဲဒါကို မကြိုက်ပေမယ့် မှန်လား မှားလား မသိဘူး။ မိန်းမတွေက ကလိန်ကျတတ်လွန်းလို့ ဒီစကားပေါ်လာတာလား၊ သက်သက် နှိမ်ချင်လို့ ပြောကြတာလား။
    ကျနော့ အမြင်ကတော့ ယောက်ကျားတွေလည်း ကလိန်ကျတာပဲ၊ အဲဒါကို မင်းက မိန်းမလို မိန်းမရ၊ မိန်းမကျနေတာပဲလို့ ပြောကြတယ်။ သင့် မသင့် မှန် မမှန် ဆွေးနွေးကြပါအုံး။

  • sorrow weaver

    September 30, 2013 at 10:26 am

    အဲ့ထဲမှာ တားတားမပါ..တားတားနော် မေဂရေ့ ပယ်ရီလေးနဲ့ဖြစ်တယ်..ဘာသံမှမထွက်ဘူး…အာဟိ

  • Wow

    September 30, 2013 at 10:57 am

    မနှင်းဖြူမှန်မှန်ပြောဆိုတဲ့အတိုင်း ပြောတတ်ပါ့…. :kwi:

  • padonmar

    September 30, 2013 at 9:42 pm

    ထောက်ခံသွားပါတယ် မနှင်းဖြူရေ

  • Shwe Ei

    October 1, 2013 at 11:19 am

    ညန်မာပြီဂ အမျိုးသားဒုရီး ရဲ့ ရာခိုင်းနှုန်း တော်တော်များများက
    အလုပ်မရှိဘဲ အားယားနေဂျလို့သာ ဝက်ဘ်ဆိုက် တကာလှည့် အတင်းတုတ်နေနိုင်ဒါလို့ ပျော့စ်ရမလိုဖစ်နေတာပေါ့နော် ေိေိ 😛

  • cobra

    October 1, 2013 at 2:33 pm

    မဆဲဘူး ပြောသာပြော
    မှန်တာပြောတာပဲ အားပေးတယ်
    ဖြောင်းးး ဖြောင်းး ဖြောင်းးး
    ရွှီးးးးးးးးးး

Leave a Reply