ပဲထောပတ်ထမင်း – မတရားသဖြင့် အီးဇီးကွတ်!

ဇီဇီSeptember 29, 20132min36337

ဘာရယ်မဟုတ်။
မနေ့က ဇော်သန့်လာမယ်ဆိုလို့ သူ့ အကြောင်းပြပြီး ကိုယ်စမ်းချက်ကြည့်ချင်တဲ့ ပဲထောပတ်သမင်းချက်ကြည့်တာ။
အညာက မိတ်ဆွေ အစ်ကိုကြီး ခက်သီပို့ထားတဲ့ လက်ပံခေါင်းခြောက်ကို ချဉ်ရည်ဟင်း စမ်းချက်ကြည့်ချင်တာလည်း ပါတာနဲ့။
ဟင်းစပ်လိုက်တော့ ဂလိုထွက်လာတယ်။
-ပဲထောပတ်ထမင်းရယ်
-ဘဲသားဆီပြန်ရယ်
– ပုဇွန်ခြောက်ကြော်ရယ်
– လက်ပံခေါင်းချဉ်ရည်ရယ်။
အပျင်းမ စဉ်းစားတာဆိုတော့ အလွယ်နည်းပေါ့။
အဲလာ ခရစ်(စ) က ချက်နည်းတင်ဆိုလို့ အပျင်းနည်းကို မရှက်မကြောက်တင်လိုက်သည်။
တတ်သိနားလည်သူများသည်းခံကြပါ ခင်ညားးးးးးး

 

ချက်နည်းကားးးးးး အောက်တွင်ရှုလော့။

:mrgreen:

 
 

1
1

 

      1) ညက ရေစိမ်ထားတဲ့ ကုလားပဲကို မနက်ကျပြုတ်ထားလိုက်တယ်။
          ခါချက်ဥ ကြိုက်တတ်ရင် သေးသေးတုံးထားလိုက်။
          ကြက်သွန်နီကို ဥလိုက်မကြိုက်လို့ လေးစိတ်ထိုးထားတာရယ် ပြင်ထားလိုက်တယ်။

 

 

 

 

 

ဆန်ကို ရေဆေးပြီး စစ်ထားလိုက်။

ပြီးတော့ ကြက်သွန်ဖြူ/နီ/ချင်း/ငရုတ်သီးခြောက်ထောင်းထားတာကို ဘဲသားနဲ့လုံးပြီး တည်ထားပလိုက်။

ဟိ။

2
2

 

    2) နောက် ရိုက်(စ) ကိုကာထဲ ထောပတ်ထည့်ပြီး ကြက်သွန်နီ၊ သစ်ကြံပိုးခေါက် (ကရဝေးက မရှိ/ဝယ်ရမှာ ပျင်းးးးး)   ထည့်ပြီးဆီသတ် ပြီးတော့ ကုလားပဲပြုတ်နဲ့ ခါချက်ဥ တုံးပြီးသားထည့် ဆန်ထည့်ပြီး ၂ မိနစ်လောက်မွှေလိုက်တယ်။
ပြီးတော့ စပျစ်သီးခြောက်ရယ်၊ သီဟိုဠ်စေ့တွေပါ ပစ်ထည့်။ သကြားနည်းနည်း ဆားသင့်တော်ရုံ ထည့်ပြီး မွှေလိုက်ဦးးးးးးး
ရေထည့်နေကျ အချင် အတိုင်းရဲ့ တစ်ဘူးပိုထည့်ပြီး ထမင်းတည်သလို တည်ထားလိုက်။

ကျက်တော့ ခလုတ်တက်လာတဲ့ အချိန်ကြည့်လိုက် မွှေးလို့ပဲ။

 

 

 

 

3
3

 

3) ပုဇွန်ခြောက်ကြော်ကလွယ်တယ်လေ။
ကြက်သွန်ဖြူ ကို ကျွတ်ကျော်၊ ဆယ်
နီ ကို ကျွတ်ကျော်၊ ဆယ်
ပုဇွန်ခြောက်ကို ကျော်၊ ဆယ်
နောက်ဆုံး ငရုတ်သီးခြောက် ကြော်ပြီးမှ ဆယ်ထားတာတွေ ရောကြော်ပြီး အပေါ့အငံ ခတ်လိုက်ပေါ့။

 

 

 

 

 

 

4
4

 

 

4) လက်ပံခေါင်းက ရေစိမ်ထားတုန်း
အိုးထဲ ဆီ နည်းနည်းထည့် ကြက်သွန်နီ၊ ခရမ်းချဉ်သီးကို ငပိနည်းနည်းထည့်လုံးးးး
အပေါ့ အငံမြီးပြီး အရည်တည်၊ ပွက်တဲ့ အချိန်ကို မန်ကျည်းမှည့်အရည်ကို ထည့်၊ နောက်တစ်ပွက်ကို လက်ပံခေါင်းထည့်လိုက်။ ပူနေရင် သောက်ကောင်းတာပဲ။ အဟေးဟေးဟေးးးး

 

 

 

 

 

5
5

 

 

5) ဘဲသား အပေါ့အငံ အိုကေရင် နူးပြီဆိုရင် စားလို့ရပြီ။

 

 

 

 

ready to eat
ready to eat

 

 

အဟိ!
ပထမဆုံးအကြိမ်မို့ ထောပတ်နည်းသွားရယ်။
ကရဝေး ရွက် ဝယ်ရမှာပျင်းလို့ မပါတာရယ်။
ကုလားပဲ နူးဖို့ နည်းနည်းလိုတာလေးရယ် ကလွဲရင် ထမင်းသမား ပါးစပ်မှာ စားလို့ အကောင်းသားးးးးးး

        😀

37 comments

  • Crystalline

    September 29, 2013 at 12:11 pm

    အဲနီးဝေး.. အဲလောက်လွယ်တာ စမ်းချက်အူးမြီ.. :loll: စိတ်ထင်တာက ပဲထမင်းကို ပဲစိမ်းဘူးတွေနဲ့ချက်ရတာထင်တာ.. တခါမှလည်းမစားဖူးဘူး.. မနက်ဖြန်လက်တည့်စမ်းပါမြီ 🙂

    • KZ

      September 29, 2013 at 12:20 pm

      ကုလားပဲ အစား ပဲစိမ်းလေးတွေနဲ့ချက်လို့ရတယ်တဲ့။
      အမက မကြိုက်လို့။

      🙂

  • surmi

    September 29, 2013 at 1:16 pm

    အိမ်​ကိုပြန်​ပြီးချက်​ခိုင်​းမည်​ ..
    ဆိတ်​သားနှပ်​နှင်​့ဆို ပို​ကောင်​းမယ်​ထင်​တယ်​..
    အဟမ်​းးးဒ
    ငန်​းဇွန်​ရွာက ​ထောပတ်​​လေးမှာဦးမှ…

    • KZ

      September 29, 2013 at 3:53 pm

      ဆာဆာ။
      ဒီမှာက ဆိတ်သား အစစ်ရှားတယ်။
      သိုးသားခေါ်သလားးးး အဲဒါပဲ ရလို့။
      အဲ့ အသားက နံလို့ မစားဖြစ်ဘူးးးးးး
      ဆိတ်သားမစားရတာ နှစ်ချီပါပေါ့။
      🙂

  • Mr. MarGa

    September 29, 2013 at 2:18 pm

    စားချင်စဖွယ်ပဲ
    သွားဝယ်စားမယ် ငိငိ

  • Ma Ma

    September 29, 2013 at 3:26 pm

    ဧည့်မျှောင်ရော လက်မခံဘူးလား။ 🙂

    • KZ

      September 29, 2013 at 3:49 pm

      ရတယ်။ ချစ်မ။
      လာရင် သာ အကြောင်းကြားပါ။ ဟိဟိ

      🙂

  • Foreign Resident

    September 29, 2013 at 3:43 pm

    အခုမှပဲ မ ခိုင်ဇာ ရဲ့ Avatar ကိုကြည့်မိတယ် ။

    Hamburger ကြီး ကိုင်ထားပါလား ။
    Hamburger တောင် ရိုးရိုး မဟုတ်ဘူး Big Mac ။
    အစား မက်တယ်လို့ ပြောခဲ့တာ ယုံသွားပြီ ။ ဟီ ဟိ ။

    B T W ။ ( 27th ) ည က ၊ Prome မှာ အဘ တည်ခင်းတဲ့ ညစာ စားပွဲ ကို ၊
    မခိုင်ဇာ ရဲ့ Double Black ပုလင်းကြီး အချိန်မှီ အချိန်ကိုက် ရောက်လာလို့ ၊
    ဂဇက် ရွာသူားတွေ ၊ တစ်ယောက် တစ်လက် ဝိုင်းဖြိုလိုက်ကြသေးတယ် ။

    Double Black ပုလင်းကြီး အတွက် ရှဲရှဲနီ ပါ ၊ မခိုင်ဇာ ။

    • KZ

      September 29, 2013 at 3:51 pm

      ဟီးဟီးးးး
      ဘဖောရယ်။
      အဲဒါ ကိုဖက်ကက် လက်ချက်ပါ။
      ကျနော် အဲလောက် မစားပါဘူးးးးး
      😀

      Double Black – အဲကိတ်စန ကို လူသိရှင်ကြားမပြောနဲ့လေ။
      :mrgreen:

  • ကျော်စွာခေါင်

    September 29, 2013 at 4:02 pm

    …ဆုံတဲ့အခါ..အကုန်ချက်ကျွေးပါ…
    ပဲထောပတ်ထမင်း အလွန်ကြိုက်သည်….



    နည်းနည်းပါးပါး လျှော့စားပါလားဟင်…
    ညိလေးဇော်သန် ့နာမည်သုံးပြီး…သူဘဲ အမျိုးမျိုး လှည့်ကြုံးနေသလိုဘဲ…
    ဒချိဒချိ…။ခုခွိ ခုခွိ…

    • KZ

      September 29, 2013 at 4:05 pm

      ဪ။
      တကယ် သူ့ အတွက်ချက်တာလို့။
      သူ က နည်းနည်း စားပြီး ကိုယ်က များများ စားဖြစ်သွားတာတော့ ဘယ်တတ်နိုင်မတုန်းးးး
      ခုခွိ ခုခွိ…

      😀

      ကြုံရင်ချက်ကျွေးမယ်။
      ထမင်းအမျိုးမျိုးကို အင်မတန်ကြိုက်တတ်လို့။

  • TNA

    September 29, 2013 at 4:26 pm

    ဆိတ်သားလေးနဲ့ဆိုပိုကောင်းမယ်ချွေးမွလေးရဲ့။ အမကတော့ ကုလားပဲကိုအစိမ်းချက်တယ်။ ပိုမွှေးတယ်။ တညရေစိမ်လိုက်ရုံနဲ့မနက်ဆို RICE COOKER နဲ့ချက်လို့ရပြီ။ မနက်ဖြန်ထမင်းဆိုင်ကိုရင်ခုန်စွာစောင့် မျှော်နေတယ်အေ။ စာဖိုမှုးဘယ်တူဘာလိမ့်။ ဟိုလူရီးလား။ :sar:

    • KZ

      September 29, 2013 at 4:40 pm

      ယောက်ခမ သဲ (ဟိ ခေါ်ရတာ အရသာရှိ၊ ဘယ်သူသိတာလိုက်လို့)
      😀
      ကျနော် ပဲ က စိမ်ပြီး ပြုတ်တာကို မနူးဘူးလားလို့။
      ဆိတ် မရှိလို့ ဘဲ နဲ့ ပဲ။ ဟေးဟေးဟေးးးးးးး
      :mrgreen:

      နက်ဖြန်က ဟိုလူရီးချက်မှာ ဟုတ်တယ်။
      သူ ၂ရ ကျော်မှ အားမယ်ဆိုလို့ ထမင်းကြော်ပို့(စ) ကို အစားဝင်ထားရတာ။
      :sar:

  • အလင်းဆက်

    September 29, 2013 at 5:53 pm

    မေမေ့ကို ပြောပြလိုက်မယ်

    ပြီးရင် မေမေ့လက်ရာကို မြည်းပြီး

    အရသာ ရှိလိုက်တာ မေမေရာ လို ့ခနော ကြော်ငြာထဲက လေသံလေးနဲ့ ပြောမယ်

    :kwi:

  • Nay Chi

    September 29, 2013 at 6:45 pm

    ချက်နည်းတွေတော့ မှတ်မသွားဘူး..။ နောက်တစ်ခါချက်ရင် ဖိတ်စာပို့လိုက်ပါလို့ပဲ သံချောင်းခေါက်သွားတယ်..။ ဟိဟိ အပျင်းချက်နည်းကို ပိုပျင်းတဲ့သူက ဖတ်ပြီး မန့်သွားတာ..။ 😛

  • padonmar

    September 29, 2013 at 8:06 pm

    လက်ပံခေါင်းဆိုတာ ခိုတောင်မြီးရှည်ထဲပါတာလား။
    ချဉ်ပြုံးပြုံးထင်တယ်။
    မြည်းကြည့်ချင်လိုက်တာ။

    • KZ

      September 30, 2013 at 9:16 am

      ဟုတ်ဘူးး အာတီဒုံ။
      မူလ အရသာက မချဉ်ဘူးးးးး
      စိမ့်တယ်ခေါ်မားးးး ကျနော့ အလိုဆို အရသာရှိဘူးးး ဟီးဟီးး

      🙂

  • ဦးကြောင်ကြီး

    September 29, 2013 at 8:07 pm

    ဖဖသန့်နဲ့ အတူစားရင်း ဆီးရီးယားအရေး ဆွေးနွေးဂျင်လိုက်တာကွာ… တူနီးရှားက ခလေးမတွေ ဆီးရီးယားသူပုန်တွေအတွက် ခေတ္တမယားသွားလုပ်ပေးနေဂျဆိုဗဲ…။ မိန်းမဂျီဟတ် လုပ်ပေးဒါဒဲ့..။ အချို့ယောက်ျားတွေဆို သူတို့မိန်းမကို အဲဒီသွားဖို့ အားပေးအားမြှောက်ပြုသဒဲ့..။ အဲဒါလေး စားရင်းသောက်ရင် ဆွေးနွေးရင် ကောင်းမားလို့…။

    • KZ

      September 30, 2013 at 9:17 am

      ဒီလာခဲ့လေ။
      ဖဖသန့်က ဒီမှာ ၁ လ ခွဲလောက် ကြာဦးမှာ။

      😀

  • မဟာရာဇာ အံစာတုံး

    September 30, 2013 at 9:30 am

    သည်းလေးနဲ့
    တူနှစ်ကိုယ် နီးမှ
    ဒါညိုးတွေ ချက်ကျွေးဖို့ ပေါရမယ် … ငှဲငှဲ
    :mrgreen:

    • Crystalline

      September 30, 2013 at 9:35 am

      သူကချက်ကျွေးမယ်မရှိဘူး.. ဦးကျောက်စ်တို့နဲ့များကွာလိုက်တာ.. :mrgreenn:
      င့ါညမလေးလူရွေးများပြီထင်တယ်.. 😉

      • Crystalline

        September 30, 2013 at 9:37 am

        ဟိုက်..မှားစ်သွားတယ်.. “လူရွေးမှား”

        • မဟာရာဇာ အံစာတုံး

          September 30, 2013 at 9:45 am

          အဟမ်းး ဟမ်းး
          သွေးထိုးစကားဒွေ မပေါဘာနဲ့
          သူဂလေး ကြည်ဖြူယင် ချက်ကျွေးလိမ့်မပေါ့
          ဟုတ်ဗူးလား သည်းလေး …
          :mrgreen:

  • Wow

    September 30, 2013 at 9:59 am

    ပဲထမင်းကလေ… ကုလားပဲနဲ့ပဲကြိုက်တယ်… ဒါပေမဲ့ ညထဲက ရေစိမ်ထားပြီး အစိမ်းချက်တော့လဲ.. ပဲစေ့လေးတွေက ပူတုံးစားကောင်းပေမဲ့ အေးသွားရင်မာသွားရော… ပြုတ်ချက်ပြန်တော့လဲ ပဲက ပြဲသွားပြီး အလုံးမလှ…. ဟင့် ပဲထမင်းတောင် အဖြစ်ရှိအောင် မချက်တတ်တဲ့မိန်းမပါ… 😥

    • KZ

      September 30, 2013 at 10:07 am

      ဟုတ်ပါ့။
      နာ ပဲ လည်း အဲ့တိုင်းပဲ။
      ဟီးးးး
      ရှက်ထာ

      😀

  • Mahar Myanmar

    September 30, 2013 at 10:02 am

    ရွာသာ း တွေ ကို ..အစား တွေ နဲ့
    မတော် လောဘ တက်..မရနိုင် မှန်း သိရဲ့နဲ့
    စိတ် ဒုက္ခ ရောက် အောင် လုပ် တတ် တယ် နော်..

    လက်ပံ ခေါင်း လေး တော့ သတိ ရသား ဗျာ..
    အရည် သောက် ဆို …. တယ် ကောင်း ပေါ့..
    အစား အအိပ် အ ငှား လိုက် ပါသည် …..

    • KZ

      September 30, 2013 at 10:06 am

      ဪ။
      မဟာရယ်။
      နာ ဘဝဟာ တနားစရာပိုကောင်းပါတယ်။
      စားချင်တာက အညာစာတို့ဗမာစာစစ်စစ်တို့မှ။
      အရသာစစ်စစ်ရဖို့က မလွယ်။
      ကိုယ်တိုင်က ဖြစ်ဖြစ်မြောက်မြောက် မချက်တတ်နဲ့ ဒီလို ကြိုးစား စား နေရတဲ့ ဘွပါ။
      ကိုယ်ချင်းစာပါ။
      😥

  • sorrow weaver

    September 30, 2013 at 10:13 am

    ပိန်တော့မယ်…ပိန်တော့မယ်. ..အဟီးဟီး

  • Mon Kit

    September 30, 2013 at 1:21 pm

    ခိုင်လေးရေ.. ကျေးးဇူးဘဲကွယ်…
    ခု လာမဲ့ နားရက်မှာ ဒါလင်နဲ့ တူတူ ချက်စားလိုက်အုံးမယ်.. ငိ.. ငိ..
    :kwi:

    • KZ

      September 30, 2013 at 1:34 pm

      ဟယ်။
      ဒါလင်ကို ချက်ခိုင်းပလိုက်။
      ငိငိ
      😀

  • ခင် ခ

    September 30, 2013 at 2:02 pm

    ပဲထောပတ်ထမင်း နဲ့ ဘဲသားဆီပြန် လိုက်လည်းမလိုက်ဘူး။
    ပဲထောပတ်ထမင်းက အပူစာ၊ ဘဲသားဆီပြန်က အအေးစာ ဆိုတော့ကာ ပဲထောပတ်ထမင်းနဲ့ဆို ဆိတ်သား ဒါမှမဟုတ် ကြက်သားဆီပြန်နဲ့ဆိုမှ ဂွတ်မယ်ထင်ပါ၏။

    • KZ

      September 30, 2013 at 2:07 pm

      ရှိတာချက်တာပါဆို။
      တမီးမှာ ဘဲတွေပဲ ရှိလို့ ဘဲပဲ ချက်ပလိုက်တယ်။
      ဟိဟိ။
      😀
      ပြီးတော့သွေးတိုးတာတော့ ဘူ့မှ ပြောတော့ပါဘူးးးး
      ငိငိငိ

      :hint:

  • kyeemite

    September 30, 2013 at 3:40 pm

    Foreign Resident says:
    “B T W ။ ( 27th ) ည က ၊ Prome မှာ အဘ တည်ခင်းတဲ့ ညစာ စားပွဲ ကို ၊
    မခိုင်ဇာ ရဲ့ Double Black ပုလင်းကြီး အချိန်မှီ အချိန်ကိုက် ရောက်လာလို့ ၊
    ဂဇက် ရွာသူားတွေ ၊ တစ်ယောက် တစ်လက် ဝိုင်းဖြိုလိုက်ကြသေးတယ် ။

    Double Black ပုလင်းကြီး အတွက်ကျုပ်ကလည်းပဲ ရှဲရှဲနီ ပါ ၊ ကေဇီကဗျာလွတ်ရေ…
    ကျုပ်လည်းသောက်လိုက်ရလို့… :sar:
    ပဲထောဘတ်ထမင်းနဲ့ ဘဲသားဆီပြန်လေး လွေးသွာတယ်ဗျို့ 😀

    • KZ

      September 30, 2013 at 3:44 pm

      ရှူး တိုးတိုးးးးး ပါဆို။

      ဟီးးးးးးး
      မထူးတော့ပါဘူးးးးးးး
      အဲလာ ကိုဂျီးမတ် ပုလင်းဂျီးဟ။
      ခဏ ချေးလိုက်တာ။
      😀

      • amatmin

        September 30, 2013 at 9:12 pm

        အွန်..
        ချေးကြောင်း ငှားကြောင်းတွေ ပြောနေပြန်ဘီ..။
        တခေါက်နဲ့..မှတ်သေးဘူးလား ဟင်င်. 😛
        အဲ့ပုလင်းက စတိလောက်သောက်သွားကြတာမို့ ကျုပ်လက်ထဲတဝဲလည်ကျန်နေပြန်ဘီ ရယ်..။
        ဘယ်လိုပြောပြော ရွာထဲကရွာသူားဒွေ ဆုံဖြစ်တိုင်း..
        ပြန်လာတဲ့သူ ခေါင်းစဉ်တပ်ပေးပီး..
        မှတ်မှတ်ရရ တခုခု လုပ်ပေးနေကြမို့..
        ဒေါ်ဆွိကို.ကျေးကျေးကြီးဘာ လို့..။

  • u kyein

    September 30, 2013 at 3:56 pm

    မြင်တာနဲ့တင်(ဆော်)ချင်နေပြီ…….။

  • amatmin

    September 30, 2013 at 8:53 pm

    ဒေါ်ဆွိ ပို့်စ်ဒွေတိုင်း မစားရညှော်ခံမို့ မနာလို ဖြစ်လာဘီဗျာ..။
    အကြိုက်ဆုံး ဟင်းတွေထဲမတော့ ဘဲသားဟင်းလည်းပါပ…။
    ပဲထမင်းအစား အုန်းထမင်းနဲ့ပိုကြိုက်ဒယ်..။
    စားပီးခံရတာတော့..နောင်မှပေါ့. 😛
    စေတနာကောင်းနဲ့ချက်ကျွေးတာဆို..
    ဘာလာလာ အကုန်စားပါကြောင်း.။
    😀

Leave a Reply