ရွာ့သံယောဇဉ် ဆိုတာ

ကထူးဆန္းSeptember 29, 20131min29228

ရှလွတ် ရှလွတ် ရှလောက်ရှလောက်
ရှလွတ် ရှလွတ် ရှလောက်ရှလောက်

နားထဲတွင် ဖိနပ်ပွတ်သတ်လမ်းလျှောက်သံများက သောသောညံနေသည် ။
အမိုးနိမ့်သော အသံလုံသော နေရာမို့ လမ်းလျှောက်သံများက ပဲ့တင်သံဖြင့် ညံနေသည် ။
လမ်းလျှောက်ဘဲ လျှောက်နိုင်လွန်းလိုက်ကြတာ ဟု ပစ်တင်ငြူစူမိသည်။

အဲ့ဒီ့ အသံတွေ ပျောက်အောင် ငါ ဘာကို အာရုံပြုထားရင်ကောင်းမလဲ တွေးလိုက်မိသည် ။ ဘုရားဂုဏ်တော်ဘဲ အာရုံပြုရမလား ၊ အန္တရာယ်ရှင်းဂါထာဘဲ ရွတ်ရင်ကောင်းမလား တွေးမိပြီးတစ်ဦးထဲ ပြုံးလိုက်မိသည်။ အာရုံပြုရအောင် ရွတ်ရအောင် မိမိဘာမှ မရ ။ ကိုယ်ကောင်းရင်ပြီးတာဘဲ ဘုရားစကားနားထောင်ရင်ပြီးတာဘဲ ။ ဘာ ဂါထာမှ ရွတ်စရာ မလိုပါဘူးဟု တစ်သက်လုံး နေလာပြီး အခု အရေးပေါ်တော့မှ ကြည့်စမ်း ၊ ဘုရားအားကိုးပြီး ဘာရွတ်ရမလဲ စဉ်းစားနေတယ်ဆိုပြီး ပြုံးလိုက်မိခြင်းဖြစ်သည် ။ ဒါဆို လွယ်လွယ်ကူကူ ဝင်သက် ထွက်သက်ကိုဘဲ အာရုံပြောင်းထားရင်ကောင်းမလား စိတ်ကူးကြည့်တော့လဲစိတ်တည်ငြိမ်အောင် အာရုံထည့်မရ ။

ရှလွတ် ရှလွတ် ရှလောက်ရှလောက်
ရှလွတ် ရှလွတ် ရှလောက်ရှလောက်

အသံကမပျောက် ။ အနားမှ ဖြတ်လျှောက်သွားသော အကျီင်္စိမ်းစိမ်း ဝတ်ထားသူများကို လိုက်ကြည့်မိသည် ။ မိမိကိုတော့ဘယ်သူမှ ဂရုတစ်စိုက်မကြည့်ကြ။သူတို့ဘာသာ သူတို့ အရှေ့လျှောက်သွားသူ ၊ အနောက်လျှောက်သွားသူ များသာ။

နှစ်ပေသာသာ သံကုတင်ပေါ်တွင် ပက်လက်ဖြစ်နေသောသူအဖို့ နောက်ဆုံးရွေးချယ်လိုက်သည်ကတော့ မျက်စိစုံမှိတ်ပြီး အင်း ဒီ အတွေ့ အကြုံတွေ နောက် ဂေဇက်မှာ ဘယ်လိုပြန်ရေးရမလဲ တွေးသာ အကောင်းဆုံးဟု တွေးကာ လမ်းလျှောက်သံများကိုသာ အာရုံပြုလိုက်သည် ။

ထိုစဉ်သူ့ လက်မောင်းကို တစ်စုံတစ်ဦးက လာကိုင်ပြီး တိုးညှင်းသော အသံဖြင့် ပြောသံကြားလိုက်သည် ။
ဘာမှ စိတ်မပူနဲ့နော် ။ ဟိုဘက်ကပြီးရင် ခင်များအလှည့် ဟု ဆိုလိုက်သည့်စကား ။

မျက်စိဖွင့်ကြည့်လိုက်တော့ အကျီင်္စိမ်းဝတ်ထားကြသော ယောကျာင်္း တစ်ဦး နှင့် အမျိုးသမီး နှစ်ဦး ။
ဟုတ်ကဲ့ ဟု အလိုက်သင့်ဖြေလိုက်ရင်း မျက်စိပြန်မှိတ်လိုက်သည် ။

အင်း အခုဆို အပြင်မှာ မိန်းမတော့စိတ်ပူနေတော့မှာဘဲ ။ ၁၅ မိနစ်လောက်ဘဲ ကြာမယ် ဆိုတဲ့ စကား ။ အခုတော့ လမ်းဘေးမှာ ကားပါကင်ထိုးသလို သူ့ကို အခန်းတစ်ခုရှေ့ထိုးထားတာဘဲ ၁၅ မိနစ် မကလောက်တော့ဘူးဟု မိန်းမဆီ စိတ်လည်သွားပြန်သည်။

ထိုစဉ် ကဲ သွင်းတော့ ဟု ဆိုသံကြားလိုက်ပြီး သူ့ ကုတင်ကို တွန်းလိုက်သည် ကိုသိလိုက်သည် ။သူ့ကို အခန်းတစ်ခုထဲ တွန်းသွင်းသွားသည် ။

ဪ တကယ်တွေ့ကြုံဖူးတော့မှာပါလား ဟု တွေးလိုက်မိသည်။

ဦး .ဒီကုတင်ပေါ်ပြောင်းတက်ပေးနော် ..ဖြေးဖြေး နော်ဆိုပြီး သူ့ကို မှုလတင်ထားသော ကုတင်ပေါ်မှထူပေးသည်ကို သတိထားထရင်း နောက်ကုတင်ပေါ် ပြောင်းလိုက်သည်။
သူ ကုတင်ပေါ်တက် လှဲ ပြီးတော့ ကုတင်အောက်ခြေမှ လက်တန်းဆွဲထုတ်လိုက်သည်ကိုတွေ့မြင်လိုက်ရသည် ။

ဦး လက် ဒီဘက်တန်း ဆိုပြီး သူ့လက်ကိုဆွဲဆန့်လိုက်သည် ။ နောက်တစ်ဘက်မှလည်း နောက်တစ်ယောက် က လည်းအလားတူ လက်တန်းဆွဲထုတ်ပြီး ဒီဘက်လက်လည်းတန်းဆိုပြီး ဆွဲဆန့်လိုက်သည် ။ လက်ကောက်ဝတ်များကို တစ်စုံတစ်ခု ချည်နှောင်လိုက်သည်ကို လည်း သိလိုက်သည် ။

ဟိုက် ..ငါတော့ ကားစင် အတင်ခံရသလိုပါလားဟု တွေးမိစဉ်.

ဘာမှမစိုးရိမ်နဲ့နော် ။ ခဏနေ အိပ်ပျော်သွားလိမ့်မယ် ဟု ယောကျာင်္း တစ်ဦး ၏ ပြောသံကြားလိုက်မှာ စဉ် ကထူးဆန်း တစ်ယောက် လောကကြီးမှ ခေတ္တ ခွဲခွာ သွားမှန်း မိမိဘာသာ မသိလိုက်တော့ ပေ ။ ။

(ဦးကြီးမိုက် ရဲ့ ရွာကို ပြန်ခဲ့ကြပါဗျာ..come back please .. အတွက် ကြိုးစားအားထုတ်လိုက်ပါသည်)
( အူအတက်ယောင် လို့ ခွဲစိတ်ခံရပြီးဆေးရုံမှာ ၉ ရက်လောက် နေစဉ် ဖတ်လိုက်မိပြီး၂၈-၉-၂၀၁၃ ည ၉ နာရီ ခန့် က အိမ်ပြန်ရောက်ပါသည်။ ယခု ရေးတင်လိုက်ပါသည်။ )

28 comments

  • surmi

    September 29, 2013 at 1:10 pm

    ​ဟောဗျာ….
    အဲ့ဂလိုကိုးးး….
    အင်​းးး…. ဦးမိုက်​ရဲ့ အစွမ်​းက​တော့ ဒီတပွဲမှာ​တော်​​တော်​ကြီး ထင်​ရှားတယ်​ဗျို့ …..
    ​နေမ​ကောင်​းတဲ့သူ​ရော..
    ရပ်​​ဝေး​ရောက်​သူ​ရော….
    မအား တဲ့သူ​ရော….
    ကွန်​နက်​ရှင်​မ​ကောင်​းလို့ ​ဝေး​နေရသူ​ရော…..
    ​တဖွဲနဲ့ ပြန်​ လာ​နေကြတာများအားရစရာပါဗျို့ …
    စီ​ဂျေကြီးလည်​း အမြန်​ဆုံး​နေ​ကောင်​းပါ​စေဗျာ ….

  • အလင်းဆက်

    September 29, 2013 at 1:46 pm

    ကျန်းမာ ရေးကြောင့်လည်း ရွာနဲ့အဆက်ပြတ်နိုင်တာပဲနော်

    တော်တော်များများကတော့
    ကွန်နက်ရှင် ကျန်းမာရေးချို့တဲ့လို ့
    ရွာထဲ ဝင်ရ ခက်နေကြတယ်

  • Ma Ma

    September 29, 2013 at 3:04 pm

    ကထူးဆန်းကိုတောင် ပြန်ပေါ်လာအောင် ဦးမိုက်ရဲ့ ကြိမ်စင်္ကြာက စွမ်းလှချည်လားလို့ ရေးမလို့……
    အူအတက်ရောင်ပြီး ဆေးရုံကနေ အိမ်ပြန်ရောက်တာနဲ့ တာဝန်ကျေပွန်အောင် ကြိုးစားပိုစ့်တင်တဲ့ စီဂျေကြီးကို အားနာမိသွားတယ်။ 🙂

  • ကျော်စွာခေါင်

    September 29, 2013 at 3:44 pm

    ကိုကြီးထူး..
    မြန်မြန်ကျမ္မာပါစေ…
    ကျနော်လည်း ကိုကြီးမိုက်စာလေးဖတ်ပြီးးးးး…။

  • KZ

    September 29, 2013 at 3:55 pm

    အမြန်ဆုံး ပြန်လည် ကျန်းမာလာပါစေ ကထူးဆန်းရေ။

    🙂

    • ကထူးဆန်း

      September 30, 2013 at 4:20 pm

      ဦးကြီးမိုက်ရဲ့ ကြိမ်စွမ်းက ထက်တာကိုး ဦးဦးဆာမိရဲ့..
      ကွန်နက်ရှင် ကျန်းမာရေးက အဆိုးဆုံး အလင်းဆက်ရေ .. ကွန်နက်ရှင် ကျန်းမာရေး မကောင်းတာက ရွာနဲ့ ဝေးစေတဲ့ အဓိက အကြောင်းရင်းပါ ..
      အန်တီမမ ရဲ့ ရမ်းသမ်းကွတ်လည်း တွေ့လိုက်ပါရဲ့ ..ဖတ်တော့ မဖတ်မိသေးဘူး အန်တီမမ ရေ..
      ကိုကျော်စွာခေါင် နဲ့ KZ ရေ ကျေးဇူးပါနော် ဆုတောင်းပေးတာ…

  • kai

    September 29, 2013 at 3:59 pm

    သံယောဇဉ်ကို မြင်မိခံစားမိပါရဲ့ဗျာ…
    ဆိုတော့.. ရန်ကုန်လာဖြစ်ရင်.. အတွေ့ချင်ဆုံး ၁ဝယောက်ထဲ.. ကထူးဆန်းပါသပေါ့…။

    ဘယ်လိုရေစက်တွေမှန်းမသိ…
    ရှေးရှေးဘဝဆိုတာ… ယုံရမလိုလို…။ :mrgreen:

  • Ko chogyi

    September 29, 2013 at 4:05 pm

    ဆေးရုံဆင်းပြီးအိမ်ပြန်ရောက်ပြီဆိုတဲ့အတွက်ရော
    အိမ်ရောက်ရောက်ချင်းပို့စ်တင်တဲ့အတွက်ရော
    ဝမ်းသာမိပါတယ်။ ရွာ့သံယောဇဉ်ကိုလေးစားပါတယ်။

  • TNA

    September 29, 2013 at 4:33 pm

    အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေ ကထူးဆန်းရေ။ ဦးမိုက်ကြိမ်စင်္ကြာကတော်တော်စွားသကိုး။ အားလုံး အရောက်ပြန်လာကြတာ။ အူးမိုက်ကို သဂျီးပြောင်းခန့်ရင်ဘယ်လိုသဘောရသလဲ။ ရွာစည်ပင်အောင် သာယာဝပြောအောင်လုပ်နိုင်စွမ်းရှိသမို့ပါ။ 😀

  • padonmar

    September 29, 2013 at 7:00 pm

    ကျိဇမ်း
    ဦးမိုက်တို့ မျက်နှာကြီးတာများ
    အူအတက်မယောင်ခင်ကတည်းက ပျောက်နေတဲ့ စီဂျေတောင် ကိုယ်ထင်ပြရ။
    (နေကောင်းအောင်နေအုံး၊6 လတွင်းအလေးအပင်မမနဲ့။
    အလုပ်က နားနေရတယ်ဆိုပြီး လက်ပကျွတ်နဲ့ ရွာထဲသာဝင်နေ)

  • တညင်သား

    September 29, 2013 at 10:38 pm

    ကွန်ပှုတာ ဖွင့်တာနဲ့ အရင်ဆုံး ဂဇတ်ရွာ ကို ဝင်ကြည့်ဖြစ်တယ်ဟုတ်…
    ကလေး ဘဝ တုန်းကတော့ မာလကာ သီးကို အိမ်က အလည်အူ( အစေ့ပါတာ) တွေ ကျွေးဘူးဗျ ……
    ကြီးလာတော့ တီးတော့တာပဲ.. အစိကကောင်းတာကို နော်လို့……
    အမြန်ကျန်းမာပါစေနော……

  • manawphyulay

    September 30, 2013 at 9:03 am

    ရွာကို တစ္ဆေဘဝနဲ့ ပြန်လာခဲ့ပါ ကထူးဆန်းရယ်… အဟိ

  • kyeemite

    September 30, 2013 at 9:06 am

    အော်..ကိုထူးဆန်းက အူအတက်ကိစ္စ ဆေးရုံတက်နေတာကိုး…
    ဒါကြောင့်ပျောက်နေပါတယ်လို့…
    လွန်ခဲ့တဲ့တစ်ပါတ်လောက်က ဦးပါနဲ့တွေ့ဖြစ်တော့ ကိုထူးဆန်းအကြောင်းတောင်ပြောမိကြသေးတယ်ဗျ…
    နေကောင်းကျန်းမာပါစေ
    နလံထကာစမှာ ရွာထဲကြိုးစားဝင်ပြတာ စီဂျေကြီး ကထူးဆန်းကို လေးစားပါတယ်ဗျာ…
    တစ်ရက်လောက်လူချင်း ဆုံချင်ပါသေးတယ်… 🙂

  • Crystalline

    September 30, 2013 at 9:07 am

    Get well soon!
    ဆရာမဝင်းဝင်းလတ်ရေးတာတော့ အူအတက်က မရှိတာတောင်ပို်ကောင်းသေးတယ်.. ဘယ်သူတွေလိုဆိုလား.. အဲတော့ အူးထူးဆန်း မနှမျောနဲ့နော် :))

  • မဟာရာဇာ အံစာတုံး

    September 30, 2013 at 9:36 am

    ခညားဂျီး
    အတော် သံယောဇဉ်ကြီးကြောင်း တိရဘာဘီဗျာ ..
    ကျန်းမာရေးလည်း ဂရုစိုက်အုံးဂျ …

  • Wow

    September 30, 2013 at 9:51 am

    အူအတက်ပေါက်တာက မိုင်နာကေ့စ်လို့တော့ကြားဖူးပါတယ်… ဘာပဲဖြစ်ဖြစ် ကျမ်းမာရေးဂရုစိုက်ပါနော်…

    ခင်တဲ့
    Wow

  • Ma Ei

    September 30, 2013 at 11:25 am

    ဒါးရှတဲ့ ဒဏ်ရာသေးသေးတောင်
    အတော်ကြာတဲ့ထိ နာတတ်တဲ့သူမို့
    ခွဲစိတ်မှုကိုတွေးလို့ နာပေးမိပါတယ်…
    အမြန်ဆုံးကျန်းမာပါစေ…

  • Mon Kit

    September 30, 2013 at 11:40 am

    ဦ ကထူးဆန်း.. မြန်မြန်နေကောင်းပီး ရွာရိုးကိုးပေါက် လျှောက်လည်နိုင်ပါစေနော်..
    🙂

  • လုံမလေးမွန်မွန်

    September 30, 2013 at 11:41 am

    ဆေးရုံမှာတောင် ရွာထဲဝင်ပြီး စာဖတ်တယ်။ အူးမိုက်ရဲ့ ပို့စ်ကိုတွေ့တယ်။ ဆေးရုံက ဆင်းဆင်းချင်း ပို့စ်တင်တယ်။ နည်းနည်းနောနော သံယောဇဉ်မဟုတ်ဘူး။ အူးထူးဆန်း အမြန်ဆုံးနေပြန်ကောင်းပါစေ။ ပို့စ်တွေအများကြီးလည်း တင်နိုင်ပါစေ

  • ဗုံဗုံ

    September 30, 2013 at 11:43 am

    အူးလေးစီဂျေကြီး မြန်မြန်နေကောင်းပါစေ

  • ဦးကျောက်ခဲ

    September 30, 2013 at 12:14 pm

    ကိုထူးဆန်း မြန်မြန်နေပြန်ကောင်းပါစေ ခင်ဗျ…
    ဟီဟိ ထူးထွေသည့်အံ့ရာ… ကျောက်စ်ဘယ်သူမှန်းသိရင် အံ့ဩလိမ့်မယ်…
    😀

    • ကထူးဆန်း

      September 30, 2013 at 4:39 pm

      ဦးကျောက် လုပ်တာနဲ့ ဆံ ပိုဖြူတော့မယ်ထင်တယ် .. :mrgreen:

  • koyinmaung

    September 30, 2013 at 2:58 pm

    ကိုထူးဆန်းကြီးတယောက်အမြန်ပြန်ကောင်းလာပါစေဗျ ာ…….
    ခုလိုရွာသံယောဇဉ်ကြီးကြောင်းတွေ့ရလို့လေးစာမိပါတယ်…
    ကိုထူးဆန်းရေ ခုအခါခွဲစိတ်ပြီးခါစ ကျမ်းမာရေးဂရုစိုက်ပေးပါ …
    အစားအသောက် ပိုသတိထားပေးပါဗျာ ဓါတုပစ္စည်တွေနဲ့လုပ်ထားတဲ့အစားအစာတွေကို
    အထူးရှောင်ကျင်တာအကောင်းဆုံးဘဲဗျိ ု ့….
    လေးစားလျှက်…ကိုရင်မောင်……

    • ကထူးဆန်း

      September 30, 2013 at 4:33 pm

      သူကြီးရေ ..ရှေးရှေး ဘဝ ဆိုတာ ယုံရမလို ဆိုတာထက် ရေစက်တို့ဘာတို့ ဆိုတာက ငြင်း မရတာ ရှိလို့ ၅၀% ၅၀% ပေါ့ဗျာ .. ရေစက်ရှိရင်တော့ ရေတင် ..အဲအဲ ဟုတ်ဘူး .. သူကြီးလာချိန် ရန်ကုန်ရှိခဲ့ရင်တော့ ဆုံ ကြ ဦးမှာပေါ့..
      Ko chogyi , TNA , အန်တီ padonmar,တညင်သား နဲ့ အိမ်လွမ်းသူတို့ ဆုတောင်းပေးတာ ကျေးကျေးပါနော် ..
      မနောဖြူလေး … တစ္ဆေဘဝ နဲ့ ဆို ကြောက်ဘူးလား .. တစ္ဆေ ဘဝ နဲ့တော့ မလာချင်ဘူး .. ရွာသူတွေ ကြောက်မှာစိုးလို့ ..
      kyeemite , Crystalline , မဟာရာဇာ အံစာတုံး,Wow, Ma Ei, Mon Kit , လုံမလေးမွန်မွန် , ဗုံဗုံ , koyinmaung အားလုံးဆုတောင်းပေးကြတာ ကျေးဇူးပါနော် ..

  • sorrow weaver

    September 30, 2013 at 4:40 pm

    မြန်မြန်နေကောင်းပြီး စာတွေများကြီးမြန်မြန်ရေးနိုင်ပါစေခင်ဗျာ ..ဦးဦးထူးဆန်း 🙂

  • အရီးခင်

    September 30, 2013 at 6:25 pm

    စီဂျေကြီး ကထူးဆန်းရေ
    အမြဲ ယိုယွင်းနေတဲ့ ခန္တာကြီး က ပြလာတဲ့ အကြောင်းတွေပေါ့။
    အခုရော သက်သာသွားပြီလား။
    အမြန်ပြန်ပြီး ကောင်းသွားပါစေဆုတောင်းပါတယ်။
    ကောင်းလဲကောင်းမှာပါ။
    တရားပြလိုက်တဲ့ သဘောမှာ အမြတ်ထုတ်ပေတော့။
    အဲဒီ အကြောင်းလေးလဲ စာဖွဲ့ပြပါဦး။
    ရွာကိုထားတဲ့ သံယောဇဉ်ကိုလဲ အများကြီးမြင်လိုက်ရပါတယ်။ 😛

  • amatmin

    September 30, 2013 at 9:19 pm

    သက်သာသွားပီဆိုလို့ ဝမ်းသာပါတယ်ဗျ..။
    မြန်မြန် ပိုပီးကျန်းမာပါစေ ။
    မြန်မြန်ပို့စ်တွေ ပြန်တင်နိုင်ပါစေ.။

Leave a Reply