ကြိမ်စင်္ကြာကြောင့်ပေါ်လာရတဲ့ ရမ်းသမ်းကွတ်

Ma MaSeptember 29, 20131min35933

ဦးကြီးမိုက်ရဲ့ ကြိမ်စင်္ကြာကြောင့် အသီးသီး အသက အသက ပေါ်လာပြီးသကာလ….

ကိုယ်တိုင်လည်း ဘယ်လိုဝင်အားဖြည့်ရမယ် စဉ်းစားတော့ ………..

အစားသမားတို့ထုံးစံအတိုင်း စားစရာပဲ ပေါ်လာတယ်။

 

ကွေတာလန် (သို့) ကျောက်စိမ်းမုန့် (သို့) အဖြူတပိုင်းအစိမ်းတပိုင်းလို့ အလွယ်ခေါ်တဲ့ ဆန်မုန့်ပေါင်းကို အပျင်းနည်းနဲ့ လုပ်ထားတာလေး အားပေးကြပါအုံး။

 

ပါဝင်ပစ္စည်းများ

ဆန်မှုန့်  ၁ဝ ကျပ်သား

သကြား ရ ၁/၂ ကျပ်သား

အုန်းနို့ ၁၀ဝ မီလီလီတာခန့်

ဆွမ်းမွှေးရွက် ၃ပင်

ဆားအနည်းငယ်

 

ဆန်မှုန့်ကို ရေနွေးနွေးနဲ့ နယ်ပြီး ခဏနှပ်ထားပါ။

(အမှန်ဆိုရင် ဆန်ုမှုန့်ကို ရေနဲ့နယ်ပြီး ရလာတဲ့ ဆန်မှုန့်လုံးရဲ့  ၁ဝပုံ ၁ပုံလောက်ကို လုံးပြီး ရေနွေးဆူဆူမှာ ခဏထည့်ပြုတ်၊ အပေါ်ယံကျက်ရင် ပြန်ဆယ်ပါ။

အဲဒီပြုတ်ထားတဲ့ဆန်မုန့်လုံးကို နယ်ထားတဲ့ဆန်မှုန့်လုံးနဲ့ သမအောင်ရောနယ်ရပါတယ်။

တဝက်ကျက်တဲ့မုန့်လုံးနဲ့ မုန့်အစိမ်းလုံးကို သမအောင် နယ်ရတာပင်ပန်းလွန်းလို့ အလွယ်နည်းနဲ့ ရေနွေးနွေးနဲ့ နယ်တာပါ။)

ဆန်မှုန့်ကို ရေနွေးနွေးနဲ့ နယ်ပြီး နှပ်ထားတာ။
ဆန်မှုန့်ကို ရေနွေးနွေးနဲ့ နယ်ပြီး နှပ်ထားတာ။

ဆန်မှုန့်နှပ်ထားချိန်မှာ ဆွမ်းမွှေးရွက်ကို ထောင်းပြီး အရည်ညှစ်ထားပါ။

နှပ်ထားတဲ့ ဆန်မှုန့်လုံးကို တစ်ဝက်ခွဲပါ။

ပထမတစ်ဝက်ကို အုန်းနို့ ၃ပုံ ၂ပုံ၊ ဆားအနည်းငယ်နဲ့ သကြား ၃ပုံ၁ပုံထည့်ပြီး ရေ၁၀ဝ မီလီလီတာ ခန့် ထည့်ပြီး ဆန်မှုန့်ရည်ကျဲကျဲရအောင် ဖျော်ပါ။

 

CAM00215

မုန့်ကို အဖြူတစ်ထပ်၊ အစိမ်းတစ်ထပ်နဲ့ ၂ထပ်လုပ်မှာဖြစ်ပါတယ်။

မုန့်၂ထပ်မှာ အဖြူတစ်ထပ်က အဆိမ့်အရသာဖြစ်အောင် အုန်းနို့နဲ့ ဆား ပိုထည့်ရပါတယ်။

အစိမ်းတစ်ထပ်ကတော့ အချိုအရသာကဲအောင် သကြားပိုများများ ထည့်ရပါတယ်။

 

ကျန်နေတဲ့မုန့်သားတစ်ဝက်ကို ကျန်နေတဲ့ အုန်းနို့နဲ့ သကြား၊ ဆားအနည်းငယ်နှင့် ဆွမ်းမွှေးရွက်အရည်ထည့်ပြီး ရေ၁၀ဝ မီလီလီတာခန့်ထည့်ပြီး ပထမနည်းအတိုင်း ဖျော်ပြီး မုန့်လုပ်မယ့် ပန်းကန်ထဲထည့်ပါတယ်။

CAM00213

 

ရမ်းသမ်းကွတ်ထားတာဖြစ်တဲ့အပြင် အချိုအငံအကြိုက်မတူကြမှာစိုးလို့ နောက်တစ်နည်းပေးပါအုံးမယ်။

 

မုန့်လုပ်ရင် အချိန်အဆအတိအကျနဲ့ လုပ်လေ့မရှိပဲ မုန့်ရည်ဖျော်တဲ့အချိန်မှာ သကြား၊ ဆားကို မှန်းထည့်ပြီး မုန့်နှစ်ရည်ကို မြည်းကြည့်လေ့ရှိပါတယ်။

လိုသလို ကြိုက်သလို ထပ်ဖြည့်တဲ့နည်းပေ့ါ။ :kwi:

မုန့်သားမာတာ ချောတာ ကြိုက်ရင် အစိမ်းလွှာမှာ ကျောက်ကျောမှုန့်အနည်းငယ်ထည့်လို့ရပါတယ်။

ပထမအကြိမ် မုန့်အစိမ်းတစ်လွှာကို အရင်ဆုံး မိုက်ခရိုဝေ့ဖ်အာဘန်မှာ ၃ မိနစ် အပူပေးပါတယ်။

 

၃မိနစ်အပူပေးပြီးရင် အလယ်မှာ မကျက်သေးတာ အနည်းငယ်ရှိပေမယ့် မုန့်၂လွှာမကွဲအောင် အဲဒီအပေါ်ကို မုန့်နှစ်ရည်အဖြူတစ်ထပ် ထပ်ထည့်ပြီး မိုက်ခရိုဝေ့ဖ်အာဘန်မှာပဲ ၃ မိနစ်အပူထပ်ပေးပါတယ်။

CAM00218မကျက်တကျက်မှာ ဒါးနဲ့လှီးကြည့်လို့ နည်းနည်းပဲ့နေတယ်။ :mrgreen:

အမှန်ဆိုရင် ရေနွေးငွေ့နဲ့ ပေါင်းရမှာဖြစ်ပေမယ့် အလွယ်နည်းနဲ့ ရမလားလို့ မိုက်ခရိုဝေ့ဖ်အာဘန်ကို သုံးကြည့်တာပါ။

 

ဒါပေမယ့် မိုက်ခရိုဝေ့ဖ်နဲ့ ချက်တာ အလယ်ကမကျက်ပဲ ကြာနေတာနဲ့ နောက်ဆုံးတော့ ရေနွေးငွေ့နဲ့ ၁ဝမိနစ်လောက်ပေါင်းလိုက်မှပဲ ရပါတယ်။

ပုံစံမလှပေမယ့် အိမ်ကလူတွေကတော့ စားကောင်းတယ် ပြောတာပဲ။   😀

33 comments

  • ဦးကြောင်ကြီး

    September 29, 2013 at 8:39 pm

    တီမမ တူမလေးတွေ မျက်နှာနဲ့ အဦးဆုံး မန့်မယ်…. ကြိုက်တယ်ဗျာ သူဒို့ဂို…
    ရိုးရိုးသားသား ရင်ထဲက စဂါးပြောဒါနော်..။ ခွင့်ပြုရင် သီတင်းကျွတ်မှာ တင်တောင်းမယ်… တဂိုလုံးကိုတောင်းမယ် ပြောဒါနော်… ယဉ်ယဉ်ကျေးကျေး မိသားဖသားပီပီ တင်တောင်းမယ် ပြောဒါ…. ဆိတ်အစိုးဂျေး…. 😳

  • Ma Ma

    September 29, 2013 at 8:46 pm

    ကြောင်ကြီးရောဂါသည်းနေပုံရတယ်။ :mrgreen:
    အဦးဆုံးမန့်သူမို့ လက်ချောင်ပြန်ပေးလိုက်မယ်။
    အုန်းသီးနဲ့ ထန်းလျှက်စားရင် စိတ်ဂယောင်ချောက်ခြားဖြစ်တာ ပျောက်သတဲ့။ :loll:

    • Ma Ma

      September 30, 2013 at 5:46 pm

      ဒေါ်ဖွားမေ မြင်တာကမှ ပိုကောင်းအုံးမယ်။ :-DD

  • padonmar

    September 29, 2013 at 9:39 pm

    ဟာ
    အပီအပြင် ရမ်းသန်းကွတ်ကြီးပါလား။
    ဒါ့ထက် ရမ်းသန်းတာ မရှိတော့ဘူး။
    စားကောင်းတယ်ဆိုတာ ရွာသူားထဲက ထောက်ခံစာပါမှ ယုံမယ်တဲ့။ထောက်ခံစာ လာတောင်းအုံး။
    ရမ်းသန်းကွတ်တွက် မရွှေတုတ်ကို ခရက်ဒစ်ပေးအုံးနော်။
    (ဆွမ်းမွှေးရွက်တောင်းတာလည်း တခါမှ မပေးဘူး)

    • Ma Ma

      October 1, 2013 at 7:59 am

      ပေးမယ်လို့ ပြောခဲ့မိတာတောင် မမှတ်မိတော့ဘူး။
      ထုံးစံအတိုင်း ကြုံတော့ပေး၊ တွေ့တိုင်းတောင်းပေ့ါ။ :loll:

  • ကျော်စွာခေါင်

    September 29, 2013 at 11:31 pm

    ရမ်းသမ်းကွတ်..အဖြူအစိမ်းမုန် ့တော့ မစားဘူးပါဘူး မမ။
    စားချင်တာကလေ..မြန်မာမုန်းပေါင်းစားချင်တာ..
    ဘယ်လိုလုပ်ရမလဲဆိုတာမသိဘူး…
    ငယ်ငယ်က စားရတာလေ..ရေနွေးအိုးပေါ်မှာ ပေါင်းတာ အကြမ်းပန်းကန်လုံးလေးမှာ ထည့်ပေါင်းတာ..။
    နောက် ပိုု ့စ်ကျရင် မုန် ့ပေါင်းလုပ်နည်းရေးပေါ့ မမရဲ ့..အားပေးနေမှာပါ…။

    …..
    ကိုမိုက် ကြိမ်စင်္ကြာက ကျနော်လည်း မနေနိုင်ပါဘူး…။

    • Ma Ma

      October 1, 2013 at 9:36 am

      ရွာထဲမှာ လူမစုံပဲ ခြောက်ကပ်နေရာက ဦးမိုက် ကြိမ်စင်္ကြာကြောင့် အလျှိုလျှိုပေါ်လာကြတာကို အားကျပြီး ဘာပိုစ့်တင်ရင် ကောင်းမလဲ စဉ်းစားရာက ပေါ်လာတဲ့ ဗရုတ်သုတ်ခပိုစ့်လေးကို အားပေးတာ ကျေးဇူးပါ။
      ခေတ်တွေပြောင်းလာတာနဲ့ မြန်မာမုန့်တွေလည်း ပျောက် ပျောက် လာတယ်။
      အဖွားလေးက အိမ်မှာတင် မုန့်မျိုးစုံလုပ်စားလေ့ရှိတော့ သူ့ဆီက ဗီဇပါလာတယ် ထင်တာပဲ။
      မချက်တတ် မပြုတ်တတ်နဲ့ မုန့်ပဲ လုပ်စားတတ်တယ်။ 😀

  • u kyein

    September 29, 2013 at 11:31 pm

    အမရေ………….ဆွမ်းမွှေးရွက်ဆိုတာ ဘယ်လိုအပင်လဲ သိချင်ပါတယ်။

  • surmi

    September 30, 2013 at 12:23 am

    ဆွမ်​း​မွှေးဆိုတာ ​ဆေးဆိုးထားတာလို့ဘဲထင်​မိတာ
    ဘယ်​မှာများဝယ်​လို့ရပါလိမ်​့မလဲအန်​တီမမ​ရေ….

  • Ko chogyi

    September 30, 2013 at 2:46 am

    ဦးကြီးမိုက်ရဲ့ ကြိမ်စင်္ကြာက
    တော်တော်အစွမ်းထက်တာပဲ။

  • KZ

    September 30, 2013 at 7:59 am

    အွန်။
    ကေဇီနောက်ကောက်ကျပြီ ချစ်မ။
    ဒီ မုန့်ကို လုံးဝမသိဘူး။ မစားဖူးဘူးဗျ။
    ဆန်မုန့်မို့ စိမ့်စိမ့်လေးများလားးးး 🙄

  • Crystalline

    September 30, 2013 at 9:18 am

    ဆွမ်းမွှေးရွက်ဆိုတာမသိဘူး.. အဲဒါမျိုးအနံ့မှုန့်တွေဘာတွေရှိလားအန်တီမမ…

  • မဟာရာဇာ အံစာတုံး

    September 30, 2013 at 9:33 am

    ကျိရဒါ စားကောင်းမယ့် ပုံစံဘာဘဲ …
    အင်းး
    သာဒု .. သာဒု …

  • Wow

    September 30, 2013 at 9:42 am

    ဆွမ်းမွှေးရွက်က ရန်ကုန်မှာဝယ်လို့ရလားဟင် မွမွ…. 🙂

    • TNA

      September 30, 2013 at 1:07 pm

      အိမ်နောက်ဖက်မယ် အပင်တွေပွလို့။ လိုချင်ရင်လာခဲ့လေ။ လိုက်ခူးပေးမယ်။

      • Wow

        September 30, 2013 at 1:10 pm

        ဟင်… ဂယ်လားမွသဲ.. ဆွမ်းမွေးရွက်ခူးရင်း ထမင်းပါစားပီးမှ ပြန်မာနော်… :mrgreen:

        • TNA

          September 30, 2013 at 5:32 pm

          ရတယ်လာခဲ့။ ရှောင်နေမယ် အဲလေမွှားလို့ စောင့်နေမယ်လို့ 😀

    • sorrow weaver

      September 30, 2013 at 1:41 pm

      ပန်းဆိုးတန်းက MCB ဘဏ်နားမှာ ရောင်းသဗျ …ဆွမ်းမွှေးရွက်ရယ်…အရွက်အစုံရတယ်ဂျ…ကျေးဇူးတင်ရန်မလို ..ပိုးကြေးပန်းကြေးလို့သဘောထားလိုက်ပါဂျာ…အပျိုကြီး …အာဟိ

      • Wow

        September 30, 2013 at 1:51 pm

        အို… ပန်းဆိုးတမ်းနားထိ ဘာလို့သွားနေမလဲ… ဒီမှာ ထမင်းလဲကျွေး.. နင်းလဲပေးမဲ့သူ ရှိနေတာဂို… နိ.. ဒီလိုအကွက်မမြင်လို့… ဟိုက အသေတီးတာ… (နိုင်ငံရေးနောက်တစ်ခါပေါခြင်း) :mrgreen:

  • black chaw

    September 30, 2013 at 12:09 pm

    နောက်တစ်ခါ ကိုစွယ်တော်ရွက် အိမ်မှာ ရွာသူားတွေ ဆုံဖြစ်ကြရင်…
    မြည်းကြည့်ချင်တယ် ဗျို့…။
    :mrgreen:

  • kai

    September 30, 2013 at 12:29 pm

    ဆွမ်းမွှေးရွက်ဆိုတာ.. ဘာမှန်းလည်းတော့မသိ…
    ဒါပေမယ့်.. ဆိုးဆေးအစိမ်းမဟုတ်တာမို့.. စိတ်ချမ်းသာစားချင်စရာ…

    အုန်းနို့ရှောင်ရသမို့.. မစားနိုင်ပြန်ဘူး…
    ချိုမွေးပုံလေး.. စိမ်းမို့မို့..မို့.. တို့ချင်စရာ.. :mrgreen:

  • kyeemite

    September 30, 2013 at 1:02 pm

    ဆွမ်းမွှေးရွက်က ဈေးတွေမှာဝယ်လို့ရတယ်ထင်ပါတယ်
    ထမင်းနှပ်ရင်ထည့်နှပ်ပါက တော်တော်အနံ့သင်းတယ်
    နောက်အရွက်ခြောက်ကို ရေနွေကြမ်းမှာလည်းခတ်သောက်ကြတယ်
    ပို့စ်တင်လာတဲ့အတွက်ဝမ်းသာပါတယ် မမခင်ဗျား 🙂

  • TNA

    September 30, 2013 at 1:08 pm

    လုပ်စားကြည့်လိုက်ပါအုံးမယ် မမရေ။ တခါမှမစားဖူးဘူး။ ကြားတော့ကြားဖူးတယ်။ ကျွန်မကတော့ မြန်မာမုန့် တွေလုပ်ရင် အုန်းနို့မသုံးပဲ နွားနို့နဲ့ပဲလုပ်တယ်။ ဒဂျီးလဲနွားနို့နဲ့စမ်းကျိပေါ့။

  • Green Rose

    September 30, 2013 at 2:46 pm

    Ma Ma ရေ…
    Green Rose ကတော့ အစားအသောက် ဝါသနာ ပါတဲ့သူမို့ ဘယ်လိုပဲ ကွတ်ကွတ် စားချင်တယ်။
    ဆွမ်းမွှေးရွက်ရဲ့ အနံ့လေးကိုလည်းကြိုက်တယ်၊ မုန့်ရဲ့ အရောင်အဆင်းလေးကလည်း စားချင့်စရာလေး၊ ပြီးတော့ အုန်းနို့နဲ့ ဆန်မှုန့်နဲ့ သကြားစပ်ထားတဲ့ အရသာကိုလည်းကြိုက်တယ်။
    ဆိုတော့.. ဘယ်တော့ကျွေးမှာလဲဟင်………?

  • ဝင့်ပြုံးမြင့်

    September 30, 2013 at 3:04 pm

    ဆွမ်းမွှေးရွက်ဆိုတာ ဒီတစ်ခါပဲ ကြားဖူးတယ်။

    • TNA

      September 30, 2013 at 5:35 pm

      ထမင်းထဲထဲ့ချက်စားအားကြီးမွှေးဒါကော။ ကျောက်ကျောထိုးလဲကောင်း ကိတ်မုန့်ဖုတ်လဲကောင်း အမဝင့်ပြုံးမြင့်ရေ

  • kolumbus

    September 30, 2013 at 10:22 pm

    ဆွမ်းမွှေးရွက် ဆိုတာ မုန့်လက်ဆောင်း လုပ်တဲ့ အခါ သုံးတဲ့ အရွက်လား….

    • Ma Ma

      October 1, 2013 at 4:57 pm

      kolumbus ပြောတဲ့ မုန့်လက်ဆောင်းလုပ်ရာမှာ သုံးတဲ့အရွက်ဆိုတာ မှန်ပါတယ်။
      အရောင်လည်းရ အနံ့လည်းမွှေးတဲ့ အော်ဂဲနစ်ပစ္စည်းပါပဲ။
      ကျမက အဲဒီအနံ့ကို အရမ်းကြိုက်လို့ အဲဒီမုန့်ကို မကြာခဏလုပ်စားဖြစ်တယ်။
      ဒါပေမယ့် ပေါင်းရမှာ ပျင်းလို့ မိုက်ခရိုဝေ့ဖ်ကို သုံးကြည့်တာ။ 🙂

      တညင်သားပြောမှပဲ ကိုယ့်အတွက် မူပိုင်ဆိုရင် ဘီးဇီးကွတ်ပဲ ဖြစ်တော့တယ်။
      ဒါပေမယ့် လေးဇီးကွတ်ဆိုရင် ပိုမှန်မလားပဲ။ 😀

  • တညင်သား

    October 1, 2013 at 9:46 am

    ဘီဇီးကွတ် လုပ်ပါ …မိုက်ခရိုဝေ့ဖ်နဲ့ ချက်တယ် ..ပီးတော့ ၁ဝ မိနစ်လောက်ပေါင်းတယ် .နောက်ထပ်ပြုတ်ရအုံးမလား…..:hee:

  • Ma Ma

    October 1, 2013 at 10:23 am

    ဦးကြိမ်၊ ကိုဆာ၊ ကေဇီ၊ Crystalline၊ Wow နဲ့ မပြုံးရေ-
    မုန့်မလုပ်ခင် ဆွမ်းမွှေးရွက်ကို ဓာတ်ပုံရိုက်ဖို့ မေ့သွားလို့၊ သိကြမယ်လည်း ထင်လို့ ရိုက်မထားမိဘူး။

    နောက်တစ်ခါကျရင် အုန်းနို့ စားမရတဲ့ သဂျီးအတွက်နို့စိမ်းနဲ့ စမ်းလုပ်ကြည့်တဲ့အခါကျမှ ဓာတ်ပုံရိုက်ပြီး တင်ပေးအုံးမယ်။

    သဲနုအေးရေ-
    နောက်တစ်ခါ အဲဒီမုန့်လုပ်ချင်ရင် ဆွမ်းမွှေးရွက် ရနိုင်တဲ့နေရာကို မှတ်သွားပြီနော်။ 🙂

    ဦးမိုက်ရဲ့ ကြိမ်စင်္ကြာကို အတော်များများ မလွန်ဆန်နိုင်ကြဘူး။ 😀
    ကိုချိုကြီးလည်း ကြိမ်စင်္ကြာကြောင့် ပြီးခဲ့တဲ့တနင်္ဂနွေက ပေါ်လာရသေးတယ် မဟုတ်လား။ 🙂

    လုံမလေးစားဖို့ မောင်အံတစ်ယောက် ဒီပိုစ့်ကို အလွတ်ကျက်နေလောက်ပြီ။ :kwi:

    ကိုဘလက်ရဲ့ ချိုပေ့ါကျနဲ့ တွဲစားဖို့ နောင်ကြုံတဲ့အခါ လုပ်လာခဲ့ပေးမယ် နှင်းဆီစိမ်းလေးရေ။ 🙂
    🙂

  • weiwei

    October 2, 2013 at 9:41 am

    ကျောက်ကျောလုပ်မလို့ ဆွမ်းမွှေးရွက်လိုချင်နေတာ အတော်ပဲ။
    ဆားဦးရေ ရထားပြီးပြီ။
    အဆင်ပြေရင် ပို့စ်တင်ပေးမယ်။

Leave a Reply