တဂယ့်ကြောင်ရီးတို့နေအိမ်ပါ…. :mrgreen:

2008 ခုနှစ်လောက်ထဲက ကန်ထရိုက်တိုက်တွေ ဆောက်တော့ အဲဒီ့နားမှာပဲ အိမ်ငှားနေရင်းက ကိုယ်တိုင်လဲ သားသမီးမရှိတော့ နေ့စေ့လစေ့နဲ့ စနိုးဝှိုက်ဆိုတဲ့ကြောင်မကြီးကို စောင့်ရှောက်ထားရင်းကနေ တဖြည်းဖြည်း ကြောင်ဦးရေတိုးပွားလာပြီး အခု ကြောင်အကောင်ရေ ၃၀ ကျော်ကို စောင့်ရှောက်ကျွေးမွေးထားပါတယ်။

DSC00839

DSC00821

တစ်နေ့တစ်နေ့ ကြောင်စာဖိုးက ၅၀၀၀ လောက်ကုန်တယ်လို့သိရပါတယ်။ မနက်ပိုင်းကို ငါးအစိမ်း ၁ ပိသာ ၀ယ်ကျွေးပီး.. . ညနေပိုင်းမှ ထမင်းနဲ့ ငါး၊ ကြက်ခေါင်းတွေနဲ့ ပြုတ်ကျွေးတယ်လို့ပြောပါတယ်။

DSC00826

DSC00829

DSC00831

စောင့်ရှောက်ထားတဲ့ အမကြီးက အဲဒီ့နား ၇လွှာမှာနေပြီး၊ စီးပွားရေးက ယောက်ကျားလေးဆောင်ဖွင့်၊ အိမ်ခြံ မြေပွဲစားလုပ်ပါတယ်။ ကုန်ကျတာကို မငြိုငြင်ပေမဲ့ တိုက်ရှေ့ချောင်းဘေးနားလေးမှာ ကင်းတဲလေးလိုထိုးပြီး ကြောင်အကောင် ၃၀ ကျော်ထားတဲ့ အခါ ရပ်ကွက်ထဲက တစ်ချို့တစ်လေက ကြောင်သေးစော်နံတယ် ဆိုပြီး ငြိုငြင်တာတွေလဲရှိတာကြောင့် လက်ခံမဲ့နေရာများရှိရင် ပို့ပေးချင်ကြောင်းလဲပြောပါတယ်။

ကြောင်တစ်ကောင်ကားတိုက်သွားလို့ ဆိုပြီး အဲဒီ့နားမှာ အဖွားတစ်ယောက်ကပါ စောင့်ရင်းဆင်းအိပ်နေတာ တွေ့ရတော့ ကျမ်းမာရေးအတွက်မကောင်းဘူးလို့ ပြောပြချင်ပေမဲ့… သံယောဇဉ်ဆိုတော့လဲ ပြောရလို့.. သက်ပြင်းသာ အသာချခဲ့ရပါတယ်….

အခုလဲ အင်တာနက်မှာထဲ့မှာပါ လို့ခွင့်တောင်းခဲ့တော့ မြန်မာဂျာနယ်မှာတော့ မထဲ့ပါနဲ့ စည်ပင်က လာဖျက်သွားရင် သူ့ကြောင်လေးတွေနေစရာမရှိမှာစိုးလို့ပါတဲ့…..
တစ်ခါ ပုလဲဘက်က ဘုန်းကြီးတစ်ပါးက လက်ခံမယ်ဆိုလို့ ဘုန်းကြီးကျောင်းလိုက်သွားတော့ ရေတွေလျှံနေလို့… ပို့လို့မရသေးဘူးပြောပါတယ်…..
အဲဒီ့လမ်းထဲမှာပဲ ဆွမ်းပတ်တွေချက်လှူနေတာလဲ တွေ့ရပါတယ်….
ဒီကြောင် အကောင် ၃၀ ကိုလက်ခံနိုင်မယ့်နေရာလေးများရှိရှင်ပြောကြပါဦး…..

DSC00833

DSC00837

DSC00839

About Wow

has written 62 post in this Website..