ကျွန်တော့်ချစ်သူ လေယဉ်မယ် ( ကြွားစိန်လုပ်ခြင်း )

sorrowSeptember 30, 20131min67946

သူမသည် ကျွန်ုပ်အတွက် လမင်းလဲ ဖြစ်သလို ..ထိခိုက်ကြေကွဲလွယ်သော ပန်းတပွင့်လဲဖြစ်သည် ။
သူမ အဘယ့်ကြောင့် လေယဉ်မယ်အလုပ်ကို စိတ်ဝင်စားသနည်းကားမပြောတတ် ။ ထိုမျှပင်ပန်းဆင်းရဲသည့် အလုပ်ကို နှစ်သက်သဘောကျသော သူမကို တစိုးတစိမျှနားမလည်ပါ ။

Terminal အတွင် း ကျော့ကျော့မော့မော့ လမ်းလျောက်ခွင့်ရသော တခဏကို သာယာသလောကား မသိ ။ နားအလွန်ပူမည့် မျိုးစေ့တစ်စေ့ကို သူမ စိုက်ပျိုးခဲ့စဉ်က ကျွန်ုပ် အိပ်မျှပင်မပျော်ခဲ့ပါ ။ ယခင်ကတဲက သူမသည် လေယဉ်မယ် ပန်းကလေးတစ်ပွင့်ဖြစ်သည် ။

Crew Bag လေးဆွဲပြီး လမ်းလျောက်သွားသော သူမကို အမှတ်မထင်မြင်မိသည့် ခဏတွင် နှလုံးသွေးတို့ ရပ်မတတ်ကြည်နူးမိပါသည် ။ ချစ်ခြင်းသည် ပျံသန်းနိုင်သည့်အတောင်ပံတစ်စုံကို မွေးဖွားနိုင်ခဲ့လျှင် သူမ..လေယဉ်ပျံနောက် တကောက်ကောက် ပျံသန်းပြီးစောင့်ရှောက်လိုက်ချင်ပါသည် ။
“” အရမ်းချောတာပဲ သဲလေးရယ် “” အပြောတွင် …
ပါးစပ်မပိတ်ပဲ “” တိဒယ် “” ဟု ပြောတတ်သည့် သူမကို ကျွန်ုပ်လွန်စွာမြတ်နိုးပါသည် ။

“” ဇက်ကြောတတ်တယ်…ခြေထောက်ညောင်းတယ် ..လက်ဆစ်နာတယ် …ခေါင်းကိုက်တယ်…နားအူတယ် “” အနှီဖက်တီးမလေးတွင် ကောင်းသော အစိတ်အပိုင်းမှ ရှိသေးရဲ့လား ဟု ထင်ရလောက်အောင်ပင် ညောင်တတ်သော သူမက …စီနီယာများကို တစ်သံ ..ကျွန်ုပ်ကို တစ်သံ ဆက်ဆံတတ်သောသူဖြစ်ပါသည် ။

ဤမှခန့်ညား သားနားသော ကျွန်ုပ်ကို ချစ်စနိုးခေါ်တတ်သော အမည်နာမကား …. “” သောက်ကောင်မ “” ဟူသတတ် :

ချစ်သူနဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်သည် ..ကျွန်ုပ်မျက်နှာ ရှုံ့လိုက်သည် ။ မျက်နှာလွဲလိုက်သည် ။ ခေါင်းခါလိုက်သည် ။
“” ဟင် ..ဘာအရသာမှလဲမရှိဘူး “” ဤမျှသာ ပြောလိုက်မိပါသည် ။
တုံ့ပြန်ပုံလေးက သင်းပါသည် ။ ညိုသကျည်းပူကနဲဖြစ်သွားလေသည် အဟီး ။

ငါးပေငါးလက်မခန့်တွင်မှသုံးလက်မ ဒေါက်ဖိနပ် စီးတတ်သော သူမ နှင့် ယှဉ် လျှင် ငါးပေကိုးသာရှိသော ကျွန်ုပ်မှာ ဂျကောင်ပု ဖြစ်နေသော်လည်း သူမဘေးနားတွင် ရှိခွင့်ရသည့်အခိုက်အတန့်အတွက် …သေလောက်အောင်ဂုဏ်ယူခဲ့ရပါသည် ။

မြတ်နိုးပါသည်…ချစ်ပါသည်..သူ့ရင်ခွင်မှလွဲပြီး..နားခိုစရာမရှိခဲ့ပါ……နုဖတ်ဥအက်နေသော….ပါးပြင်လေးကိုချစ်ပါသည်
.သို့သော်……အလုပ်မရှိအားနေလျှင်ပါးစပ်အငြိမ်မနေတတ်သော…အကျွန်ုပ်က …..

”သဲလေးရေ….”
” ရှင် ”
”သဲလေးအရမ်းရမ်းလှလာတယ်ကွယ်…. ”
” ဟုတ်ရယ်နော်…..”
“” အရမ်းရမ်းကိုချစ်တာပါပဲကွယ်…..”
” ကယ်.”
” သဲလေးသူငယ်ချင်းကိုအဲ့လိုလေး…ပြောပေးစမ်းပါ…”
” ဟင်…သောက်ကောင်မားးးးးးးး.” ရင်ခေါင်းထဲမှ ထွက်လာသောအသံ ဖြင့် ကျုံးအော်သည် ။
( Good morning ladies & Gentle man ဟူသော announcement ရွတ်သည့် လေသံချိုချိုလေး ဘယ်နားရောက်လို့ဘယ်ပေါက်သွားမှန်းမသိ အဟီး)

ဆောင့်ဆောင့်….ဆောင့်ဆောင့်နှင့် …အလိပ်လိပ်ထွက်နေသော..ဒေါသ၏ သင်္ကေတ…..ကိုမြင်ယောင်ပါသည် ..အနားမှာရှိရင်တော့ မလွယ်
အလံလုပွဲ ထိုးရမည်မှာသေချာပါသည် ။
စကားတလုံးမျှထွက်မလာတော့ .နှင်းဆီသွေးနှုတ်ခမ်းလေးသည်…တင်းတင်းစေ့နေလောက်ပါပြီ
သွယ်လျနေသော လက်ချောင်းလေးများက တဆတ်ဆတ်တုန်ရီလျှက် အမှုန့်ကြိတ်ချင်နေလောက်ပါပြီ
အဟီး သူမသည် စိတ်တိုနေလည်း..လှပါသည် ။

46 comments

  • KZ

    September 30, 2013 at 2:27 pm

    အဟိ။
    ပါးပြင်က ဘာ ဥ က အက်နေတာတုန်းဟမ်?
    ဟို ခေါ်သံ အရောက်မှာ ဖတ်ရတာ အားရချက်ကယ်။
    😀

    • sorrow weaver

      September 30, 2013 at 2:39 pm

      ပါးပြင်မှာ သွေးကြောစိမ်းလေးတွေမြင်ရတဲ့အထိ နုနုဖတ်ဖတ်ဖြူဖြူဥဥလေးဖြစ်တာကိုပြောတာဂျ….ဦးကြောင်ကြီးပြောသလို ..လျှာကြီးနဲ့ ရှလွတ် …အာဟိ ….

  • မဟာရာဇာ အံစာတုံး

    September 30, 2013 at 2:31 pm

    အင်းးး စိတ်တိုနေလည်း လှတယ်ဆိုတော့
    တစ်ခုလောက် မေးရဦးမယ်ဗျာ ..
    ဒါမယ့် ကပ်ထိုးလေး မေးရမယ့် မေးခွန်း …
    အခြားသူတွေ မကျိနဲ့ …

    (ဟတ်လူ ..
    ခညား သည်းလေး အီးအီးတန်းလန်းနဲ့ အိမ်သာထဲ ထိုင်နေရင်ရော လှဒလားငင်င်င်)

    :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 30, 2013 at 2:35 pm

    လိင်ယဉ်မယ်ဒေဂဒေါ့ ဘယ်လိုကျိကျိ တောင့်တယ်ဖျောင့်တယ်
    ရေလည်ဂွမ်းဒယ်
    ဘါခေါ်သဒုံး
    တစ်ခါတစ်လေ လိင်ဗျံကွင်းရုံထဲကို
    ထင်းရှူးပုံးလိုလို bagအိပ် ကို ဘီးတတ်ပြီး ဆွဲဝင်လာတဲ့
    လိင်ယဉ်မယ်တေ တစ်အုပ်ကြီးကို တွေ့တဲ့အခါ အတော်ကျိလို့ကောင်းတယ်
    အတော်ဆိုက်ကြတယ်ပြောလို့ရမလားဘဲ
    ဥပမာ သူတို့လိင်ဗျံက မြန်မာပြည်ကနေအမေဒိဂန်ကို သွားတယ်ဆိုရင်
    ကွမ်းယာတို့ လက်ဖက်သုတ်တို့ အိပ်နဲ့အပီထည့်ပြီး
    ဟိုမှာသွားရောင်းလို့ရနိုင်ဒယ်
    ဘါဘဲဖြစ်ဖြစ် လေယဉ်မယ်ဆို ကျုပ်က အားကြီးကြိုက်တယ်
    ဒင်းတို့ကျုပ်ကိုကြိုက်မကြိုက်တော့ တိဝူး

    • sorrow weaver

      September 30, 2013 at 2:42 pm

      ဘပု ..လာမန့်တယ်လား ….အဟီး ..ပျော်တာ့ …ဘပု ..သူတို့ထင်းရှုးသေတ္တာပုံးထဲမှာ သတ်မှတ်ထားတဲ့ ဟာတွေပဲပါရသတဲ့ .. အဲ့မျိုးဟာတွေ သယ်လို့ရဘူးဆိုတာ သူတို့ Code of Conduct မှာပါတယ်တဲ့…နောက်တစ်ခုက သူတို့ ကြိုက်လောက်ပါတယ်..ဘပုကို …တားတားအောင်တွယ်ပေးမယ်…အဟီး

  • Wow

    September 30, 2013 at 2:38 pm

    ” ဟင်…သောက်ကောင်မားးးးးးးး.”
    နာမယ်ပေးကောင်းဒယ်နော်… :mrgreen:

    • sorrow weaver

      September 30, 2013 at 2:50 pm

      အဲ့ချို နာမည်လဲရအောင်လေ…လဲမားးးးး အပျိုကြီး …အာဟိ

  • လုံမလေးမွန်မွန်

    September 30, 2013 at 2:44 pm

    အတော်လှမယ့်ပုံပဲ။ ဟိုကလည်း ကိုဆောရိုးကြီးကိုပြန်ကြိုက်တယ်ပေါ့။ ဟိ ဘလိုင်းကြီးရန်စတာ

    • sorrow weaver

      September 30, 2013 at 2:48 pm

      ခီညားတို့စုံတွဲ…ကျုပ်ကို ရန်ညိုးများထားနေသလား…ဟင်….ဟိုကောင်လေးကလဲ နာ့ကိုအိမ်သာထဲချောင်းခိုင်းတယ်…အဲ့ရာကောင်းလား …ပြောပါအုံး..အဲ့ရာကောင်းရားးးးးး

      • မဟာရာဇာ အံစာတုံး

        September 30, 2013 at 4:02 pm

        အဲ့ရာ ကောင်းဒယ် … ဒဲ့ …
        ကိုဂျီး ပေါဒါ မီဟုတ်ဘူးနော် ညီငေးးး
        :mrgreen:

  • Mr. MarGa

    September 30, 2013 at 4:14 pm

    မဆိုးဘူး မဆိုးဘူး
    ဒီတစ်ယောက် ခေတ်မီသားးး
    အားကျမခံ ထုတ် ကြွားတာပေါ့လေ
    အဲဒီနာမည်လေးကို မှတ်သွားတယ်
    နောက်ခါ တွေ့ရင် အဲလိုခေါ်မယ်လေ
    တောက်ကောင်မ
    အတော် ခေါ်ကောင်းသဟ
    :mrgreen:

    • sorrow weaver

      September 30, 2013 at 4:17 pm

      တဂျား နီ ဝဋ်လည်မယ်နော်….ငွင်းငွင်း ငွင်း…..

      • Mr. MarGa

        September 30, 2013 at 4:36 pm

        လည်စရာလား တောက်ကောင်မ ရဲ့ :mrgreen:

  • TNA

    September 30, 2013 at 5:25 pm

    အောင်မြတ်လေး အားကျမခံကြွားစ့်ကုန်ဂျဘာဘီလား။ ဟီးခေါ်လို့တော့အတော်ကောင်းမယ် အိုဘာဒဲ့ တောက်ကောင်မားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး 😀

    • sorrow weaver

      September 30, 2013 at 6:29 pm

      မမသဲနုအေး…အသဲယားလွန်းလို့ …အဟီး ….မျက်လုံးလေးပြူးသေးတယ်…ဗားရှင်းအမှန်က …အဟီး

  • nozomi

    September 30, 2013 at 6:09 pm

    လေယာဉ်မယ် အလုပ်က ရေရှည်လုပ်ဘို့ ကန့်သက်ချက် (အသက်၊အိမ်ထောင်….) တွေရှိတော့
    မလုပ်ခင်တော့ စဉ်းစားသင့်တယ်

    လုပ်ဖြစ်ရင်တော့လဲ အဝတ်အစား အနေအထိုင် အပြောအဆိုမှာတော့ အဆင့် တစ်ခုထိ ပြောင်းလဲ သွားလို့
    အကျိုးတော့လဲ ရှိတယ်

    • sorrow weaver

      September 30, 2013 at 6:28 pm

      ဟုတ်ပါ့ ကိုကြီး နိုဇိုမိရာ…ဒီစာချုပ်ကုန်ရင် မလုပ်ခိုင်းတော့ဘူးဗျာ …ကိုယ်ပိုင်အလုပ်လေးပဲ တူတူလုပ်တော့မလားလို့ ….. 🙂

  • amatmin

    September 30, 2013 at 9:25 pm

    လေယာဉ်မယ်လေးတွေ မြင်တိုင်းလိုက်ပဲငေးနေရပီး..
    သူရို့ရည်းစားတွေ အတော်ကံကောင်းမှာလို့ချည်း ထင်နေတတ်ခဲ့တာ..။
    ခုတော့..ကိုယ့်ရွာသားတယောက်က
    အဲ့လိုကံကောင်းတဲ့လူဒွေထဲက တယောက်ဖြစ်နေသကိုးး..
    ပို့စ်ထဲကလူကိုအားကျပီး မန့်သွားပါတယ်ဗျာ..။
    😥

    • sorrow weaver

      October 1, 2013 at 2:25 pm

      ကိုအမတ်မင်းရေ ….နားတော့ပူသဗျာ …ချစ်တော့လဲ ..သည်းခံရတာပါပဲဂျာ…အဟီး

  • kai

    September 30, 2013 at 11:36 pm

    ရှေးကတော့ လေယဉ်မယ်တွေဆိုတာ.. ယောက်ျား(တရားဝင်)မယူရဘူး…ဆိုလား..။ :mrgreen:
    လေယဉ်မယ်အကြောင်းပြောကြရင်.. ရှေးမဆလခေတ်က..လေယဉ်ပျက်ကျပြီးဆုံးသွားတဲ့..လေယဉ်မယ် “ပေါက်ပေါက်”ကိုအမှတ်ပြန်ရမိတယ်..

    • ဦးကျောက်ခဲ

      October 1, 2013 at 12:14 am

      ကျောက်စ်တို့ အလုံသူ အန်တီသွယ်သွယ်ဝင်း ရှိသေးတယ်လေ…
      “မိုးထက်မြင့်သည့် စိတ်ထားများ”ဆိုပြီး စာအုပ်တောင်ထွက်သေးတယ် သဂျီးရဲ့…
      😀

      • TNA

        October 1, 2013 at 1:27 pm

        ဘာဒဲ့ လေယာဉ်မယ်လေးလှိုင်ဆိုလားပဲ ငယ်ငယ်ကသီချင်းလေးကြားဖူးတယ်။ ဟုတ်လားမသိ

    • sorrow weaver

      October 1, 2013 at 2:28 pm

      ဟုတ်ပါ့ သူကြီးရယ်…ခုတော့ အဲ့လို သတ်မှတ်ချက်တော့မရှိပေမယ့် .. အိမ်ထောင်ကျရင် များသောအားဖြင့်က မလုပ်ကြတော့ပါဘူး ..ကလေးမယူရဘူးလို့တော့ သတ်မှတ်ချက်ရှိပါတယ်….ယုတ်မာလိုက်ပုံများ….အဟင့်ဟင့် …

  • joe wynn

    October 1, 2013 at 1:25 am

    လေယာဉ်စပါယ်ယါ ဆိုလို့ အရှေ့ကျွန်းကအပြန် ပြည်ကြီးဝင်ပြီး air china ပေါ်ကဇာတ်လမ်းလေးဗျ လေယာဉ်ပျံတက်ပြီ ၁၅မီနစ်လောက် အကြာထင်တယ် လေယာဉ်ငြိမ်သွားပြီးနောက် လေယာဉ်စပါယ်ယာ မလေးက မတော်တဆဖြစ်ခဲ့ရင်(ဒီလို….ဒီလို ကွကွ..ကိကိ)နဲ့အသက်ကယ်အင်ကျီနဲ့ သရုပ်ပြနေတာဗျ။ ဆိုတဲ့အခိုက် ကျွနုပ်ရှေ့ကမောင်ရင် တစ်ယောက်က စွေ့ကနဲ ကင်မလာနဲ့ လှမ်ချိန်လိုက်ပါလေရော နဂိုမှုံညိုနေတဲ့ မျက်နှာထားဟာ ဝုန်းဆိုပြိုကြ လာပါလေရာ စပါယ်ယာမလေးပြောပါတယ် ဖုန်းခနဲ အသက်ကယ်အင်ကျီ ပြစ်ချပြီ စွေ့ခနဲကိုယ်ဖေါ့ ပညာသုံး လိုက်သလို အနှီးသကောင့် သားအနား ချက်ချင်းဆိုသလို ရောက်လာပါလေရော (မဟုတ်ရင်လွဲရော)ရှောင်လင်ကျောင်းဆင်းမျာလား သို့ကလိုရောက်လာပြီ လက်တစ်ဖက်ခါးထောက်လျှက် ကျန်လက်တစ်ဖက်ဖြင့် မျက်လုံးထဲထိုးမိမတတ် @#$%&^(*) ကွိကွီကွကွာဘာတွေပြောမှန်မသိ အနှီးကင်မလာမန်းခမြ ခေါင်းခါခါ ခြေခါခါ ဖြင့်ရေရွတ်လျှက် နနီမိုနိင်း ဟူသောစကား သံကြီးကြားမိမှ ဂျပွန်ကြီးဖြစ်နေတာကိုး စပယ်ယာ မလေးက သူပုံကို ကင်မလာထဲက ဖျက်ခိုင်းနေတာများ ကြောက်ဖို့တောင် ကောင်းတယ်။

    • sorrow weaver

      October 1, 2013 at 2:33 pm

      ကွန်မြူနစ်လေယဉ်မယ်မလေးတွေကိုများ ဒါ့ပုံ ရိုက်ရဲသေးတယ်…အဟိဟိ..လူမိုက်နှယ့်….အနီးဆုံး ပို့တ် မှာ ဆွဲမချခဲ့တာ ကံကောင်း….ကို joe wynn ရယ်…အဲချိုင်းနားဆိုတော့ကာ ..ဆန်ပြုတ်ကလေးနဲ့ ကြက်ဥပြုတ်ကလေးနဲ့ .ရေဘူးပိစိလေးနဲ့ ..on board မှာကျွေးတာ စားကောင်းခဲ့ရဲ့လား ..အဟီး ဟီး …

    • Foreign Resident

      October 2, 2013 at 10:04 am

      sorrow weaver says:
      ” အဲချိုင်းနားဆိုတော့ကာ ..ဆန်ပြုတ်ကလေးနဲ့ ကြက်ဥပြုတ်ကလေးနဲ့ .ရေဘူးပိစိလေးနဲ့ ..
      on board မှာကျွေးတာ စားကောင်းခဲ့ရဲ့လား ..အဟီး ဟီး ”

      Air China တော့ မသိဘူး ။ တမြန်နှစ်က တရုတ်ပြည် Tour သွားတုန်း ၊
      China Eastern Air Line နှင့် China Southern Air Line စီးဖူးတယ် ။
      ကျွေးတာတွေ မဆိုးလှပါဘူး ။

  • အရီးခင်

    October 1, 2013 at 2:06 am

    မင်းကို မှန်း ကြည့် ရတာ
    မျက်နှာမြင် ချစ်ခင်ပါစေ ဆုတောင်း နဲ့ အနှိပ်စက် ခံ ရမဲ့ ဇာတာများ ပါနေလား ဟယ်။
    တွေ့သူတိုင်း က ကန်လိုက်၊ ခေါက်လိုက် နဲ့။
    😉

    • lele kyi

      October 1, 2013 at 11:25 am

      တာယာပွကြီးနဲ့တရုပ်တည်း.မျက်မှန်လေးတပ်။အမောက်လေးထောင်.ပုဆိုးကွင်းသိုင်းလိုက်ရင်။ 🙂

      • sorrow weaver

        October 1, 2013 at 2:36 pm

        ဘယ်ဘက်ပါးချိုင့်ပျောက်ပါဇီတော် …

    • sorrow weaver

      October 1, 2013 at 2:35 pm

      အရီးရေ..တားတားအမေပြောတာတော့ ..အလွန်ခန့်ညားချောမောသတဲ့ဂျာ…အဟီး

  • ကျော်စွာခေါင်

    October 1, 2013 at 6:07 am

    ကိုယ်ကလည်း နင့်နေအောင်ချစ်တယ်..
    သူကလည်းကြင်နာမှုတွေပေးတယ်ဆိုရင်..
    ခဏခဏ မစနဲ ့လေ..သူမကြိုက်တာကို..။ ပင်ပန်းနေတဲ့အခါ မစနဲ့ပေါ့…ဥ အက်နေတာလေးကိုဘဲ….
    ဟို..ကိုကြောင်ကြီးပြောတဲ့…
    လယျာဂျီးနဲ ့ဆိုလားးးး
    ဘာဂျီးနဲ ့ဆိုလား… အဲ့လိုလုပ်လေ..။
    စာရေးကလည်းကောင်း အပြောကလည်း ကောင်းတော့
    ဒီခလေးမ သောက်ကောင်မဒူးဝါးလေး ကို ကြွေတာပေါ့… သောက်ဒူးဝါးမရဲ ့…။
    ခုခွိခုခွိ….ဒချိဒချိ

    • sorrow weaver

      October 1, 2013 at 2:39 pm

      အဟီးဟီး ..ဦးခေါင်ပြောတာလေး ရီချင်တာ့ ..အဟီးဟီး

  • Crystalline

    October 1, 2013 at 8:42 am

    လာပြန်ပြီးနောက်မောင်ကြွားတစ်ယောက် :)) .. အရှေ့တောင်အာရှကစတုတ္ထမြောက်ချစ်တတ်ဆုံးပေါ့.. ကြည့်ရတာဒီလောက်လဲဝပါဘူးဟယ်.. အော်..ဒါပေမယ့် ဘယ်နှယောက်မြောက်ကိုရည်ညွှန်းတာလဲဟင် :mrgreenn:

    • sorrow weaver

      October 1, 2013 at 2:40 pm

      ဒါဖိုင်နယ်ပဲ ..မမခရစ်..အဟီး

  • ဗုံဗုံ

    October 1, 2013 at 10:41 am

    ကိုရိုး….ချစ်တူလေယာဉ်မယ်လေးနဲ့
    အတူတူနီးစပ်အောင်
    လေယာဉ်အမြီးဆွဲပြီး စပယ်ယာလိုက်လုပ်ပါလားလို့ :mrgreen:
    သူမို့လို့ခြေသလုံးကန်တာ…
    နာသာဆို ..ကိုင်ပေါက်ပစ်လိုက်မှာ…. :mrgreen:

    • sorrow weaver

      October 1, 2013 at 2:42 pm

      တုတ်ထိုးရောင်းနေတယ်..အားဘူး..လေယဉ်နောက်မလိုက်နိုင်ူဘူး ..လူရက်စက်မကြီးရဲ့ …ဒချိဒချိ

  • Ma Ma

    October 1, 2013 at 2:18 pm

    လေယာဉ်မယ်လေးကို ပိုင်ထားတော့လည်း ကြွားလောက်ပါပေတယ်။
    ကြွားပါ ကြွားပါ။
    မုဒိတာ ပွားပေးပါမယ့်။ 😀

    • sorrow weaver

      October 1, 2013 at 2:43 pm

      တားတားက ကွကိုယ်အေးဆေးနေတာ..အန်တီမမရဲ့ .သူက တိုးခွေ့ဝင်လာလို့ ခေါင်းလေး ယောင်ပြီး ငြိမ့်မိတာ…..( ယနေ့ ပါးယားနေတီ အဟီး )

      • Ma Ma

        October 1, 2013 at 4:59 pm

        သနားစရာ :loll:

  • Foreign Resident

    October 2, 2013 at 9:50 am

    မြန်မာ ပိုင် လေကြောင်းလိုင်းတွေ မှာ ၊
    မြန်မာ လေယာဉ်မှူး Pilot / Capt တွေ ၊
    လစာ ဘယ်လောက်ရကြသတုန်းဗျ ။

    ၅၀၀ဝ နှင့် ၁၀၀၀ဝ ကြားရှိတယ်လို့ကြားတယ် ။
    သူငယ်ချင်း တစ်ယောက်က MAI ရဲ့ ၊
    Japan Direct Flight မှာ လေယာဉ်မှူး Pilot လုပ်နေတယ် ။

    • sorrow weaver

      October 2, 2013 at 10:06 am

      ဘဖော …Domestic လေကြောင်းကတော့ 3000 နဲ့ 5000 ကြားလောက်ပဲထင်ပါတယ် ခင်ဗျာ ။ လောလောဆယ်အထိတော့ MAI က ဂျပန်ကို Schedule flight တော့မရှိသေးပါဘူးခင်ဗျာ ။ ဘဖောသူငယ်ချင်းက Charter Flight မှာ လုပ်နေပုံပါပဲ ခင်ဗျာ ။ သူတို့က တော့ Airbus ကြီးတွေမောင်းရတော့ 10000 ကနေ 15000 ကြားရမယ်ထင်ပါတယ် ခင်ဗျာ ။ အရင် လုပ်ဖူးတဲ့ ကုလားလေကြောင်းက ပိုင်းလော့တွေကတော့ အဲ့လောက်ပါပဲခင်ဗျာ ။ သူတို့က လစာအပြင် Flying hour နဲ့ ထပ်တိုးရပါသေးတယ်ခင်ဗျာ ။

    • Foreign Resident

      October 2, 2013 at 11:32 am

      sorrow weaver says:
      ” လောလောဆယ်အထိတော့ MAI က ဂျပန်ကို Schedule flight တော့မရှိသေးပါဘူးခင်ဗျာ ။
      သူတို့က တော့ Airbus ကြီးတွေမောင်းရတော့ 10000 ကနေ 15000 ကြားရမယ်ထင်ပါတယ် ခင်ဗျာ ”

      ဟုတ်တယ် သူက Airbus မောင်းတဲ့သူ ။ ပြင်သစ်မှာ သွားတက်ထားတာ ။
      အခုတောင် သူ ဂျပန် ရောက်နေတယ် ထင်တယ် ။ Face Book မှာ တွေ့တယ် ။
      ကို နို ကို မေးကြည့်တာတော့ 8000 လောက်ရမယ် ထင်တယ်လို့ ပြောတယ် ။

      သင်္ဘော ကပ္ပတိန် နှင့် လစာ ၊ နိုင်ငံခြား ရောက်တာချင်း အတူတူလောက်ပါပဲ ။

      Pro = သာမီး ချောချော အပျိုလေးတွေ နှင့် နေ့တဓူဝ တွဲနေရတယ် ။ မိုက်ထှာ ၊ ဟီ ဟိ ။
      Con = သင်္ဘောမှာလို Life Boat / Life Jacket ( လေထီး ) မပါဘူး ။
      အဘ က ရေ နဲနဲ ကူးတတ်ပေမယ့် ၊ လေ မကူးတတ်ဘူးရယ် ။

  • Ma Ei

    October 2, 2013 at 11:53 am

    လှလှပပ ကြော့ကြော့မော့မော့
    မင်းသမီးလေးတွေလို လှချက်ဆိုတော့
    ငယ်တုံးက ရူးခဲ့တဲ့ထဲ လေယာဉ်မယ်လဲ ပါသပေါ့လေ…
    🙂

    • sorrow weaver

      October 2, 2013 at 12:07 pm

      မမအိရယ်…ရမ်းပင်ပန်းပါတယ်…လုပ်ချင်ပါနဲ့ဂျာ…သူကလေးခဗျာ …ဝါသနာပါလွန်းလို့ရယ်..Flight ကတစ်ခေါက်ဆင်းလာရင် ယဲ့ယဲ့ကလေး ဖြစ်နေရော …အဟင့်…ရင်ဆို့တယ်ဂျာ….

  • ဦးကြောင်ကြီး

    October 7, 2013 at 9:11 am

    သောက်ကောင်မ
    ဗျောက်ထောင်ပြ
    လောက်ကောင်ရွ
    မောင့်ပေါင်ခွ
    နောက်နောင်ချ
    တောက်ပြောင်စွ
    ဂေါက်ကြောင်လှ
    ဖောက်တောင်ဝ..။

Leave a Reply