အမေရေ

ကျနော်မွေးတဲ့ ဟောဒီအောက်တိုဘာမှာ

သြဂတ်စ် စက်တင်ဘာဆီက အကြွေးများကိုဆပ်ရမှာမို့

ဒီကနေ့လစာရဲ့  ၃ပုံ၁ပုံကို အိမ်စရိတ်လိုသဘောထား

ကျန်ငွေများကိုတော့လေ ပေးစရာအတွက်ပေမို့

ချို့တဲ့မယ်ထင်လည်း ခဏပါပဲအမေ

အမဲသားငါးတွေ အမေစား

သားအတွက်က ချဉ်ရည်ဟင်းနဲ့ငပိချက် အပီနှက်နိုင်တာပဲဗျာ

ဒီတော့ကာ

ကိုယ် စခဲ့တဲ့နိဒါန်း နိဂုံးခန်းရောက်အောင်

ကြံဆောင်လိုက်ရင်း သက်ပြင်းတွေနဲ့ အနားယူ

မှားခဲ့သူရဲ့  ပေးဆပ်ခန်း

အလွမ်းမရှိ အနမ်းမသိ

အကြမ်းတွေပဲရှိပေမပေါ့ ၊

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..