(((ကဲ…ရွာက အမျိုးတွေလဲ မတွေ့တာတောင် ကြာလှပေါ့….စာကလဲ မရေးရတာကြာတော့ ဘာရေးရမှန်းတောင် မသိတော့ဘူး…ထူးပါဘူး…ရေးစရာ မရှိ ကိုယ့် အကြောင်းကိုယ်ပဲ ရေးတော့မယ်…)))

 

ဂျော်နီ ဒီးယား က ဘယ်လို ဖြစ်တည်လာသလဲ ဆိုတော့  ကျွန်တော် G Mail အကောင့်  စ  ဖောက်တော့ ဟိုနာမည်နဲ့ လုပ်မရ…ဒီနာမည် နဲ့လဲ လုပ်မရ နဲ့…အဲ့ဒါနဲ့ မင်းသား ဂျော်နီဒိပ် ကို စိတ်ထဲ သွားသတိရလိုက်တယ်…အင်း…ဒီနာမည်နဲ့လဲ ရမှာမဟုတ်ဘူး..နည်းနည်းတော့ ပြင်လိုက်ပါဦးမယ်လေ ဆိုပြီး နောက်ဆုံးစာလုံးလေး P လေးကို  R လို့ ပြောင်း ပြင်လိုက်မှ G Mail အကောင့် ဆိုက်ဆိုက် မြိုက်မြိုက် ရသွားပါရော…ဒီလို ဒီပုံ နဲ့ သမင်ကလေး ဂျော်နီ ဖြစ်လာပါတော့တယ်….

 

ကို ဂျော်နီ တို့ မိဘ နှစ်ပါးလုံးက ၀န်ထမ်းတွေဆိုတော့ ပြောင်းလိုက်ရတဲ့ မြို့…တခါတလေ…တစ်နှစ်ထဲတောင် ကျောင်း နှစ်ကျောင်း ပြောင်းတက်လိုက်ရသေး…တစ်မြို့ တစ်မြို့ နှစ်နှစ် သုံးနှစ်…ဒီလောက်ပဲ ကြာတယ်…အခုအချိန် ငယ်တုန်းက သူငယ်ချင်းတွေ ပြန်တွေ့ရင် ပထမဆုံး စ စဉ်းစား ရတာက ဘယ်မြို့က သူငယ်ချင်းလဲ ဆိုတာကိုပါ…ငယ်တုန်းကတော့ ကိုဂျော်နီတို့ စာတော်ပါ့…ဘယ်မြို့ ဘယ်ကျောင်း ရောက်ရောက် အတန်းတိုင်း ပထမ ချည်း ရပါ့…ဒါပေမယ့် တက္ကသိုလ်လဲ ရောက်ရော ပြောင်းပြန် လှန်လိုက်သလိုပဲ…အတန်းမတက် စာမကျက်နဲ့ ဖြေလိုက်ရတဲ့ ဆပ်ပလီ…ကျွန်တော်ကလဲ ကျွန်တော်ပဲ…စာတအားလုပ်တဲ့သူတွေ တွေ့ရင် စိတ်ထဲ ဘာတွေးမိလိုက်သလဲ ဆိုတော့ အချိန်တန် ဒီဘွဲ့ ဒီဘွဲ့ ရမယ့်ဟာ…အပင်ပန်းခံလို့ ဆိုပြီး ပေတေ နေလိုက်တာ မြန်မာပြည်ရဲ့ မဟာ ဆပ်ပလီ အကျမရှိ စစ်စတမ် ကြီးပေါ်လာတော့ တစ်နှစ်တစ်တန်း မှန်မှန်လေး RUN ပြီး ဘွဲ့တစ်ခု ရလာပါရော…ကျွန်တော့် Profile ထဲ အဲ့ဒါကြောင့် ရေးထားတာပေါ့…ဘွဲ့ရ ပညာမတတ်ဆိုပြီး…တကယ်ပြောတာပါ…ဘွဲ့လက်မှတ်တော့ ရပါရဲ့…ဘွဲ့နဲ့ ပတ်သက်တဲ့ ပညာတော့ ဘာမှ မရခဲ့ပါကြောင်း….((မှတ်မှတ်ရရ တခါတလေလေးအတန်းသွားတက်ပါတယ်… ဆရာမက ၀င်လာရော….ဘာမပြော ညာမပြောနဲ့ ဘုတ်ပေါ် စာတွေတန်းရေးပါရော….လိုက်ကူးပေါ့…ဘလက်ဘုတ် တစ်ဖက်ရေးပြီးတော့ နောက်တစ်ဖက်…နောက်တစ်ဖက်ပြီးတော့ အရင်ရေးထားတာပြန်ဖျက်ပြီး ထပ်ရေး…ကူလိုက်ရတာ လက်တောင် တော်တော် ညောင်းသွားတယ်…အားလုံးရေးပြီးသွားတော့ ဆရာမက ပြောတယ်…အဲ့ဒါ MOTOR အကြောင်းပဲ တဲ့…ပြီးတော့ ပြန်ထွက်သွားတယ်…တချိန်လုံး ဒီတစ်ခွန်းပဲ ပြောသွားတယ်…ကျွန်တော့် အူနာတာကို…ရီလိုက်ရတာ…အတန်းလေး စိတ်ကောင်းဝင်ပြီး သွားတက်တာ တခါဆို ဆိုသလောက် သွားတွေ့တာကိုး)) သြော်…ပညာရေး…ပညာရေး…လို့…

 

ပညာရေးဆိုလို့ ဆက်ပြောရဦးမယ်…ကိုဂျော်နီ  ၉၄ ဆယ်တန်းအောင်တော့ ဂန်ဒူးတွေ အများကြီး ပါတာကိုး…အဲ့တော့  GUIDE လုပ်ဖို့ လာဌားတဲ့သူတွေနဲ့ စာသင်ပေးရတဲ့ သူတွေနဲ့ ၉၄/၉၅ စာသင်နှစ် တစ်နှစ်လုံး အားမှမအားတာ…မနက် ကစ ထွက်ပြီး စာသင်ရတာ ညဆို ဆယ့်နှစ်နာရီလောက်မှ အမြဲ အိမ်ပြန်ရောက်တယ်…အဲ့ဒီအထဲ အသိတစ်ယောက်က သူ့သားလေး စာသိပ်မလိုက်နိုင်လို့ စာသင်ပေးပါဦးလို့ အပ်ထားတဲ့ ကိုးတန်းကျောင်းသားတစ်ယောက် ပါတယ်…သချာင်္လဲ သင်ပြီးတွက်ခိုင်းရော…တစ်နေရာရောက်တော့ ဆက်မတွက်ပဲ ရပ်နေတယ်…လှမ်းကြည့်လိုက်တော့ အပိုင်းကိန်း ပေါင်းတာလေး…လွယ်လွယ်လေးမှ တကယ့် လွယ်လွယ်လေး…1/2 နဲ့ 1/3  ပေါင်းတာလောက်လေး…ကိုးတန်း ကျောင်းသားက ဒီအပိုင်းကိန်း ပေါင်းတာလောက်လေးတောင် မပေါင်းတတ်ဖူးလား ဆိုတော့ မပေါင်းတတ်ဖူးတဲ့…အဲ့ဒါနဲ့ အခြေမတူရင် ဟောဒီလို ဟောဒီလို အခြေတူအောင် လုပ်ပြီး တော့မှ ဒီလို ပေါင်းရတယ်…မင်း ဒီအပိုင်းကိန်း လေးတောင် မပေါင်းတတ်ပဲ  ဘယ်လို 5.6.7.8 တန်းတွေ ကို  ကျော်လာသလဲ ဆိုပြီးတော့တောင် မေးလိုက် သေးတယ်…နောက်နှစ်တွေ တော်တော် ကြာတော့ သူ့အမေနဲ့ တွေ့တော့  အပိုင်းကိန်း မပေါင်းတတ်တဲ့ ကိုယ့်တပည့်လေးကို သတိတရနဲ့ မေးလိုက်မိသေးတယ်…သူ ဘာတွေလုပ်နေလဲ ဆိုပြီး…လွှတ်တော် အမတ် ဖြစ်နေတယ်တဲ့ …ဗျာာာာာာ….တကယ့် ကို ဗျာ မိတာပါဗျာ…ဆယ်တန်းပြီးတော့ ဗိုလ်သင်တန်း တက်ပြီး စစ်ဗိုလ် ဖြစ်သွားရာက အခု တပ်မတော်သား ကိုယ်စားလှယ် ဖြစ်သွားပါကြောင်း တဲ့…ကဲ…ကောင်းပါလေရော ကောင်းလေရော ပေါ့…ဟိုတနေ့ကလဲ အလုပ်အတွက် အင်တာဗျုးရတာ ကောင်မလေး တစ်ယောက် CV FORM ကြည့်လိုက်တော့ BSC (PHYSICS) ဆိုတော့ သြော် Physics နဲ့ ဘွဲ့ရတာလား…အလင်း နဲ့ အသံ ဘယ်ဟာ ပိုမြန်သလဲ ဆိုတော့ အသံတဲ့…နောက်တစ်ယောက် လာပြန်ရော…သူက သင်္ချာ တဲ့ …25 နဲ့ 25 မြှောက် ဘယ်လောက်ရသလဲ လို့ မေးလိုက်တော့ မသိဘူးတဲ့…ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ကြီးတည်ဆောက်မယ့် မြန်မာပြည် ကြီးအတွက် အားရစရာတွေပေါ့…ကြက်ဆူပင်ကြီးက သူ မင်း လုပ်ချင်တာနဲ့  ကျန်တဲ့ တတောလုံး အနှစ်မရှိအောင် ဇွတ်လုပ်ထားတော့ လဲ  ကလေးတွေကို အပြစ်တင်မနေချင်တော့ပါဘူး…

 

မိသားစု က အဖေရယ်..အမေရယ်…အစ်ကို ရယ်…ကျွန်တော်ရယ်  ပေါင်း လေးယောက် ရှိတယ်…အဖေကော အမေကောက BCom. AA .CPA  ဘွဲ့ရတယ်…CPA… 1st Batch ကတွေပါ…BCom က လေးနှစ်…CPA က နှစ်နှစ် ဆိုတော့ ဆယ့်ခြောက်တန်းအောင်တယ်ဆိုပြီး သားတွေကို စ တတ်တယ်…သားတွေကလဲ ကျွန်တော်တို့ နှစ်ယောက်ကလဲ နှစ်ဘွဲ့သာ မရတာပါ…စက်မှုတက္ကသိုလ်က ခြောက်နှစ်တက်ရတာ ဆယ့်ခြောက်တန်းအောင်ပါပဲ လို့ အမြဲ ပြန်ပြောကြတယ်…မိန်းမကို မခံချင်အောင်စချင်ရင် တို့ မိသားစုက အားလုံးဆယ့်ခြောက်တန်းအောင်တွေ…လေးယောက်ပေါင်း ခြောက်ဆယ့်လေးတန်း အောင်တယ်..ဆယ်လေးတန်းလောက်နဲ့တော့ တက်မလာနဲ့ ဆိုပြီး စ ရင် သူ တအားစိတ်ဆိုးတယ်…ပေါက်တတ်ကရတွေ ထိုင်ရေးနေတာနော်…ကြွားတယ် ထင်မနေနဲ့ဦး…ဒါကြောင့် Profile မှာ ရေးထားတာ…သူများမကောင်း ကိုယ့်ကောင်းကြောင်း ရေးတတ်ပါကြောင်းလို့…ကဲ…ရေးရင်း ရေးရင်း နဲ့ နည်းနည်း ရှည်သွားပြီ…ကိုးနတ်ရှင်က ခပ်ဆိုးဆိုးနဲ့ ဒါလေးတောင် တက်ပါ့မလားမသိ…ဂျော်နီ ဒီးယား အကြောင်း စပ်မိစပ်ရာ အပိုင်း(၁) ဆိုပြီး ခေါင်းစဉ် ပေးမယ်နော်…အပိုင်း နှစ်…သုံး..လေး တွေ ဆက်ရေးချင်လို့ပါ…ကိုးရီးယား ကားလိုပေါ့…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...