မနှင်းဖြူမှန်မှန်ဖော ..အဲလေ.. မနှင်းညို မှန်မှန်ရှော .. မနှင်းညို …အာ ..မနှင်းဖြူမှန်မှန်ပြော …ဖြစ်ပုံလာပုံလေးပြောချင်လို့ပါ ..

ကျုပ်ကို စရောက်ကထဲက နာမည်ဖျက်ကြလို့ နာမည်ရေးတာတောင် မှားကုန်ကြပြီ …

ဂျူနီယာဆိုပြီး ၀ိုင်းဖဲ့ကြတာဗျာ ..သူများနာမည်အလှအပလေးကို …

ဟို ..အရှေ့တောင်အာရှမှာ အကျူဆုံးဘွဲ့ရထားတဲ့ ဖားသက်ပြင်း ဆိုလား ဘာ ဇာဂီဆိုလား နာမည်ပေါင်း ၁၀၈မျိုးနဲ့သူက

မနှင်းဖြူမှန်မှန်ရှော တဲ့ …… ဟို သိကြားမင်းရဲ့ နတ်သမီးတစ်ဖက် ငါးရာရှိတာကို အားကျပြီးသကာလ သံတူကြောင်းကွဲ နာမည်နဲ့

မာဂိန်ဆိုတဲ့ သိကြားမကျ ထန်းလျက်မကျ လူသားက မနှင်းဖြူမှန်မှန်ရှောတဲ့ ……….

ဟို ငါးပေကိုးနဲ့ ပါခန့်စော်ကြည်ဆိုတဲ့ … ပါလေရာ .. ခန့်ငြားချင်ယောင်ဆောင်သော ၊ ခဏခဏ ဆော်ခံရသော .. ကြည်တောက်ကြွား

မောင် ဆိုင်းထမ်း ..အဲလေ.. စိုင်းခမ်း ..ကလည်း ကျုပ်ရဲ့ မန်းလေးသူအသားအရေကိုလာပြီး နာမည်နဲ့မလိုက်လို့တဲ့ ..မနှင်းညိုဆိုတာက

တမျိုး ……..

ဒီ မန်းလေးဂဇက်က နဂိုက သိဖို့နေနေသာသာ ကြားတောင်မကြားဖူးတာ အမှန်ပါဗျာ. (ဟိဟိ)

နဂိုက ဆိုဒ်လေးတွေတချို့မှာ ရေးထားသမျှ ပေါက်တတ်ကရ လေးတွေ တင်တယ် ၊ ဖေ့ဘုတ်မှာ လူအော်ကြော့လန်အောင်

ရှိသမျှအကုန်တင်တာကလွဲလို့ ဒီလို စာနဲ့ပေနဲ့ ဟုတ်တိပတ်တိ မရေးဖူးခဲ့ပါဘူးဗျာ။

ဒီဆိုဒ်ကို မလဲ့ က မိတ်ဆက်ပေးလို့သိခဲ့ရတာ. သူက မန်းလေးဂေဇက်မှာ စာသွားရေးပါလားတဲ့ … ဖေ့ဘုတ်မှာရေးနေတဲ့အတူတူ..

(မျက်စိနောက်လာလို့  ဖြစ်မယ် :hee: ) အဲမှာ မန်းလေးက လူတွေအများကြီးတဲ့ …….ပထမတော့ ကိုယ်က စိတ်မပါဘူးဗျာ..

သွားတော့ကြည့်လိုက်ဦးမယ်ဆိုပြီး ပထမပိုင်းတော့ စာသွားဖတ်တယ် ..ကွန်မန့်တွေပါတွေလည်းမပေးဖြစ်ဘူး..

အကောင့်တစ်ခုဖွင့်ရမှာကို မဖွင့်ချင်တာနဲ့ပဲ …  စာပဲသွားဖတ်နေတာနည်းနည်းကြာပါလေရော..

ဒါနဲ့ မလဲ့က ထပ်ပြောပြန်ရော..သွားမေ၇းဘူးလားဆိုတော့ .. သူများရေးထားတာတွေဖတ်ပြီး အားကျ … ကိုယ်လည်း ၀င်ပါလာချင်

တိုက်တွန်းသူကလဲရှိဆိုတော့.. ကဲ …ဘယ်သူမှ မဖတ်လဲ ငါ့မှာ အမာခံပရိတ်သတ် .. မလဲ့တစ်ယောက်လုံးရှိတယ်ဟ ဆိုပြီး

စ မိုက်လိုက်တော့တာပဲ .. ဟိဟိ … အဲမှာ စပြီးတွေ့တာက ..နာမည် ပေးဖို့ ……… ခေါင်းထဲမှာ ဘာ နစ် နိမ်း မှလည်းစဉ်းစားလို့မရ

ဒါနဲ့ နာမည် အရင်းနဲ့ အကောင့်လုပ်ပြီးသကာလ … ကိုယ့်နာမည် အစ ပိုင်းလေး နှင်း လို့ ပေးလိုက်ပါလေေ၇ာ..

အဲမှာ ပထမ ပို့စ်မှာတင် လာပြီးအားပေးသူများက မိတ်ဟောင်းဆွေဟောင်းလို ၊ နောက် ..မမနှင်း ဘာညာဆိုတော့ ..

သွားပြီဟ .လူတော့မှားပြီဆိုတော့ သွားကြည့်လိုက်တဲ့သကာလ …….အားလားလား..ရှေ့မှာ စီနီယာကြီးတစ်ယောက်နဲ့ နာမည်အတူ

ကြီးဖြစ်နေပါလေေ၇ာ …. ဒါနဲ့ ..ဟိုက်..ငါတော့မဖြစ်ဘူး..နာမည်တော့ပြောင်းမှဆိုပြီး စဉ်းစားရင်းစဉ်းစားရင်းနဲ့ ဘာပေးရမှန်းမသိတဲ့

အတူတူ ရက်ပိုင်းလေးတင် ပြောဖြစ်ထားတဲ့ မင်းကွန်းအကြောင်း ခေါင်းထဲမှာ ပေါ်လာတာနဲ့ ခေါင်းလောင်းကြီးသွားသတိရပြီး

ငါ့ နာမည် အရင်းလည်း ပါတယ်ဟ..ဆိုပြီး ကျွန်တော် ..ခေါင်းလောင်းဖြစ်..အဲလေ..မနှင်းဖြူမှန်မှန်ပြောဖြစ်သွားတာပါပဲ…..

နာမည်လေးပြောင်းလို့မှ ငါးမိနစ်မကြာ……….. ကျုပ်ရဲ့ စေတန်တွေက မနေနိုင်ဖြစ်ပြီး နာမည်ဖျက်လိုက်ကြတာ ..ခုတော့

မနှင်းဖြူလေး ……မှန်မှန်မပြောနိုင်ဖြစ်သွားတော့တာပါပဲ ..

ဘာမှတော့မဆိုင်ဘူး ..အမြင်ကတ်ပေါက်နဲ့ တရားခံရှာတာပါ… ဟိဟိ :mrgreen:

About မနှင်းဖြူ မှန်မှန်ပြော

Hnin Thae Phyu has written 32 post in this Website..