တကယ့် ယောက်ျားတွေအတွက်…တကယ့် ခင်ဝင့်ဝါ…။

black chawOctober 1, 20131min51848

မင်းမရှိ…၊ ငါမရှိ…၊ အားလုံးဘယ်သူမှ မရှိ…၊
အမြဲရှိတဲ့ မမြဲခြင်းတရားသာရှိ…။

ဘယ်အရာမှ မမြဲဘူးဆိုတာကို ကိုငှက် က သီချင်းရေးပြီး တရားပြသွားခဲ့တာပါ…။
သူကိုယ်တိုင်လည်း မရှိတော့ပါဘူး…။
အနိစ္စ သဘောဟာ ဒီလိုရှိတယ်ကွလို့ ကိုယ်တိုင်တရားပြသွားခဲ့တာလား ကိုငှက်ရေ…။
ဟော…နောက်တစ်ယောက်ကလည်း သီချင်းနဲ့ပဲ တရားပြသွားတာခင်ဗျ…။
မောင်သစ်မင်းကြီး…။

ငါ…ရောက်ခဲ့ရာ ဒီအခန်းထဲ…၊
သုညများနဲ့ မွန်းကျပ်နေပြီ…၊
လူ့လောကဆိုတာ အခန်းတစ်ခန်းပဲ…၊ ကြည့်စမ်း…၊
ဝင်လာပြီး ပြန်ထွက်သွားခဲ့ကြ ဒီအခန်းမှာ…။
ဘယ်အရာမှ ကြာရှည်မြဲခွင့်မရ ဒီအခန်းမှာ…။

လူ့လောကကြီး ကို အခန်းတစ်ခန်းရယ်လို့တင်စားပြီး
ဘယ်သူ့ဘယ်သူတွေမှ ကြာရှည်မြဲခွင့်မရဘူးဆိုတဲ့ အကြောင်း…၊
ဒီအခန်းထဲက ရုန်းထွက်ခြင်တဲ့ အကြောင်းရေးဖွဲ့ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ…။
သီချင်းနာမည်က နတ္တိ အခန်းတဲ့…။ ဦးကျော်ကြီး ဆိုခဲ့တာပေါ့…။
အခုတော့ ကိုငှက်ရော မောင်သစ်မင်းရော အခန်းထဲက ထွက်သွားကြပြီပေါ့…။
ကျွန်တော်တို့ အားလုံးလည်း တစ်ချိန်ချိန်မှာ ဒီအခန်းထဲက ထွက်ပေးကြရမှာပါပဲ…။
ဘယ်နေ့လဲ…၊ ဘယ်အချိန်လဲ ဆိုတာသာ မသိကြတာပါ…။
ဒါက အနိစ္စ အကြောင်း နည်းနည်းလေး သတိပေးတာပါဗျာ…။
သိတ် နားမလည်ပါပဲ ပြောနေမိလို့ အမှားပါရင်လည်း ခွင့်လွှတ်ပေးကြပါဦး…။
ရွာထဲက ညီငယ်လေးတွေကိုလည်း တရားပြလိုက်ပါရစေဦး…။
ဟိုတလောကပဲ ကျွန်တော် ပို့စ် တစ်ပုဒ် တင်ဖြစ်ခဲ့ပါသေးတယ်…။
နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့ ဆိုပြီးတော့လေ…။
အခု မဟုတ်တော့ဘူးဗျ…။
ညားမယ့်ညား ခင်ဝင့်ဝါလေးနဲ့ ပဲ ညားရပါစေရဲ့လို့ ဆုတောင်းမလို့ ကြံကာရှိသေး…။
ဟော…။
ခင်လပြည့်ဇော်တဲ့…။
မမြဲဘူးနော် ကျောင်းဒကာကြီးတို့…။
ရင်ထဲက တပ်မက်ခြင်းတဏှာကတောင် မမြဲဘူးဗျ…။
အလကားရတဲ့ စိတ်နဲ့ လှမ်းပြစ်မှားတာတောင်…
အဲဒီစိတ်ရဲ့ လိုချင်တောင့်တမှုက မမြဲဘူးခင်ဗျ…။
နန်းခင်ဇေယျာတဲ့…။
နောက် ခင်ဝင့်ဝါတဲ့…။
ခင်ဝင့်ဝါ လေးရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်ပုံကို ကြည့်ရတော့
ဟို စီးကရက်ကြော်ငြာသွားသတိရမိသေးတယ်…။ ဟေးဟေး…။
ဘာတဲ့…။
ရေးလည်းရေးတတ်တယ်နော်…။ ကြော်ငြာအတွေးလေးကကောင်းလိုက်တာ…။ ဖတ်ကြည့်…။
Real Taste for Real Men.
တဲ့…။
လဖက်ရည်ဆိုင်တွေမှာ ကြော်ငြာတွေလိုက်ကပ်တော့ မတတ်တစ်ခေါက်
အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်ကြည့်ကြသေးတယ်ဗျာ…။
စစ်မှန်သော ယောက်ျားတွေအတွက် စစ်မှန်သော အရသာ…။
ယောက်ျား စစ်စစ်များအတွက် အရသာ စစ်စစ်…။

ကိုယ့်ဟာကိုယ် ဘာသာပြန်ပြီး ထောင့်တောင့်တောင့်ကြီး ဖြစ်နေတယ်ပေါ့…။
ဟော တီဗီမှာ ကြော်ငြာတော့မှ အမှန်ကိုသိလိုက်ရပါသဗျာ…။
အောင်ကိုလတ် (လို့ထင်ပါတယ်) အသံကြီးနဲ့
(အဲဒီတုန်းက စီးကရက်ကြော်ငြာတွေ တီဗီမှာ လွှင့်ခွင့်ရနေသေးပါတယ်)
တကယ့်ယောက်ျားတွေအတွက်…တကယ့် အရသာ
တဲ့…။
လွှတ်မိုက်တာဗျာ…။
အဲဒီ အချိန်က ဆယ်ကျော်သက် ကျွန်တော့်အတွက်တော့
ဒီစီးကရက်ကို မသောက်ရင် ပဲ တကယ့် ယောက်ျား မဟုတ်တော့ဘူးလိုလို ဘာလိုလို…။
တကယ့်ယောက်ျား ဖြစ်ချင်တာနဲ့ ကြော်ငြာကြည့်ပြီး ဆိုင်တန်းပြေးရတော့တာကိုး…။
စီးကရက်ကို ဖင်မီးခိုးထွက်အောင်သောက်ပြီးမှ
အင်း…ငါ အခုမှ တကယ့်ယောက်ျား ဖြစ်သွားတော့တယ် လို့ကို မှတ်တာဗျ…။
ငယ်သေးတာကိုး…နော…။
ဆိုင်တာ မဆိုင်တာတော့ မသိဘူးဗျာ…။
ခင်ဝင့်ဝါလေး ရေကူးဝတ်စုံနဲ့ စင်ပေါ်က ကနွဲ့ကလျ ပုံတွေကြည့်ကြည့်ပြီး
အဲဒီ စီးကရက်ကြော်ငြာလေး ပြန်သတိရနေမိပါတယ်…။
တကယ့် ယောက်ျားတွေအတွက်…
တကယ့် ခင်ဝင့်ဝါ

မိုက်တယ်နော်…။
ဟေးဟေး…။
ဒါကျတော့ တကယ့် ယောက်ျား ဖြစ်ကြောင်းပြချင်ပေမယ့်
စီးကရက်လို ဆိုင်ပြေးဝယ်လို့လည်း မရနိုင်ပါဘူးဗျာ…။
ဘာတတ်နိုင်မှာလဲ…။
နောက်ကျတော့
ခင်လပြည့်ဇော်လေး ပေါ်လာပြန်ပါရော…။
အင်း…ဒါလေးလည်း လှမ်းပြစ်မှားလိုက်ကြတာပဲ မဟုတ်လားကွယ်…။
ပြစ်မှားပါ…။
စိတ်လွတ်လက်လွတ်သာ ပြစ်မှားကြပါ…။
အပျိုမလေးတွေပဲ…။
တစ်ခါပြစ်မှားရင် ဘယ်လောက်ပေးရမယ်ဆိုပြီး ပိုက်ဆံပေးရတာမှ မဟုတ်တာပဲ…နော့်…။
ကဲ ကိုယ့်ညီတို့ရေ…။
အနိစ္စ သဘောလေး အစ်ကိုကြီးတရားပြတာ နည်းနည်းများ သဘောပေါက်ပြီလား မသိ…။
ဆိုတော့…
တကယ့်ယောက်ျားတို့အတွက်
တကယ့် မိန်းမ တွေ အဆက်မပြတ်ပေါ်ထွက်လာပါလိမ့်ဦးမယ်…။
တစ်ခုတော့ ရှိတယ်ပေါ့ဗျာ…
ထွက်ပေါ်လာကြမယ့် အလှမယ်လေးတွေကို ပြစ်မှားကြရင်းနဲ့
တရားသဘောလေးတွေကိုလည်း မေ့မထားကြနဲ့ပေါ့…။
အပုတ်ကောင် ရုပ်ဆောင်နေကြတယ်ဆိုတာလည်း မေ့နဲ့ဗျ…။
ဟေးဟေး…။
အော် အနိစ္စ အမြဲ မရှိ ဆိုတာ တယ်မှန်ပါလား…။
နန်းခင်ဇေယျာကနေ ခင်ဝင့်ဝါ…။
ခင်ဝင့်ဝါကနေ ခင်လပြည့်ဇော်…။
မမြဲဘူးနော်…ကျောင်းဒကာတို့…။
တရားပြတာကို တရားရကြပါစေဗျာ…။
တရားပြတာ နည်းနည်း လက်လွန်သွားတယ်…။
ကျွန်တော်ကတော့…
တကယ့် ရွာသူရွာသားတွေအတွက်
တကယ့် ဘလက်ချော…ဖြစ်ချင်ပါတယ်…။
တကယ့်…ဘလက်ချော…။
၁-၁၀-၂၀၁၃
အင်္ဂါနေ့ မနက် ၁၁း၁၅

48 comments

  • Myo Thant

    October 1, 2013 at 11:42 am

    တကယ့် လူပြိုကြီးများအတွက် တကယ့်အပျိုလေးများသာ ၊

    ဟုတ်ပါဝူး ၊ ဘာတွေလျှောက်ရေးမိပါလိမ့် 🙂

    အနိစ္စ အမြဲမရှိ အနိစ္စ အမြဲမရှိ အနိစ္စ အမြဲမရှိ

    • black chaw

      October 3, 2013 at 8:58 am

      @ Myo Thant ;
      ပထမဆုံး ချီးမြှင့်တဲ့ တကယ့် ကွန်းမန့်လေးအတွက်
      တကယ် ကျေးဇူးတင်ပါတယ် ကိုမျိုးသန့်ရေ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreen:

  • surmi

    October 1, 2013 at 11:44 am

    တကယ်​့တံခါးမှူးစစ်​ဏ်​ကြီးကို
    ရွာထိတ်​က​နေ လာကြို​နေပါ​ကြောင်​း….
    တကယ်​့ဂဇက်​ရွာစစ်​စစ်​ ြကြီးကိုလည်း​တွေ့မြင်​ချင်​ပါ​ကြောင်​း…

    • black chaw

      October 3, 2013 at 9:01 am

      @ surmi ;
      တကယ့် ရွာသားစစ်စစ်ကြီး ကိုဆာမိ ရဲ့
      နွေးထွေးတဲ့ ကြိုဆိုတဲ့ ကွန်းမန့်ကိုဖတ်ရတော့
      တကယ်ပဲ နွေးထွေးမှုကို ခံစားရပါကြောင်း…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။
      :mrgreen:

  • ဦးကျောက်ခဲ

    October 1, 2013 at 12:27 pm

    ကျောင်းဒကာရေ… တစ်မယ်တက် တစ်မယ်ဆင်း လိုက်လို့ကိုမမှီနိုင်တာမို့…
    ဗုတ်လည်းမပေး စိတ်လည်းမဝင်စားတာ တကယ့် ယောက်ျား မဟုတ်လို့လားဟင်… ဟီ ဟိ
    😀

    • black chaw

      October 3, 2013 at 9:52 am

      @ ဦးကျောက်ခဲ ;
      တစ်မယ်တက် တစ်မယ်ဆင်း လိုက်လို့ကိုမမှီနိုင်တာကိုက
      အနိစ္စသဘောပဲ ကိုကျောက်ရေ…။
      ဟေးဟေး…။
      ဒီနေ့ လာဦးမယ် နောက်တစ်ယောက် Miss Universe မြန်မာမလေးတစ်ယောက်…။
      အော်…အနိစ္စ…အနိစ္စ…။
      😀

  • TNA

    October 1, 2013 at 12:41 pm

    တကယ့်ရွာသားတွေအတွက် တကယ့်ဘလက်ချော ပြန်လာဘာဘီ။ 😀
    ကာင်မလေးတွေအကြောင်းချည်း မို့တရားမရသမို့ နောက်တခါမင်းတားလေးတွေ အကြောင်းဆိုရင်ဖြင့် ကျွန်မတို့ မိန်းကလေးတွေပါတရားရနိုင်မလားလို့ :mrgreen:

    • black chaw

      October 3, 2013 at 4:47 pm

      @ TNA ;
      မိန်းကလေးတွေကို တရားပြဖို့ မခိုင်ဇာ လာမယ့်တဲ့ဗျာ…။
      ကောင်းပြည့်ဆိုလား ဘာဆိုလား…။
      အင်း ကောင်းပြည့်က တကယ့်ယောက်ျားလား…ဟင်…။
      😀

  • အလင်းဆက်

    October 1, 2013 at 1:16 pm

    တကယ့် လေးဘလက်အအတွက်
    တကယ့် ဆက်ဆက် ဖြစ်ချင်ပါတယ်

    🙂

    ခင်ဝင့်ဝါကို ချစ်သုဝေလောက် မချစ်ဘူး

    :kwi:

    • black chaw

      October 4, 2013 at 8:50 am

      @ အလင်းဆက် ;
      အော် ညီလေးရယ်…။
      ချစ်သုဝေ မှာပဲ ရပ်တန့်နေပါရော့လား…။
      တစ်သွင်သွင်စီးနေတဲ့ တကယ့်မိန်းမ ရေစီးကြောင်းကြီးထဲမှာ
      ပျော်ပျော်ကြီးကူးခတ်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ…။
      😀

  • KZ

    October 1, 2013 at 1:34 pm

    ဖတ်ပြီး တခွိခွိ ရီရတယ်။
    😀

    မီးတော့ ခင်လပြည့်မြင်ရတာ စားချင်တယ်။ အခေါက်ကင်!!!
    :mrgreen:

    အို။
    ဂလို ရေးလို့ရဖြင့်
    သများလည်း ကောင်းပြည့်လေး အကြောင်း ရေးဦးမှပါရယ်။
    တရားရရာ ရကြောင်းးးးးးးး

    :chit:

    • Wow

      October 1, 2013 at 3:01 pm

      ဟုတ်ပါ့အေ… နဲနဲလေးများ ဗူးသီးစလွန်းမှာ အဆီချပီးမှ ဒါ့ပုံတင်ဒါမဟုတ်ဘူး… ဂျွန်လွင်တို့လုပ်ချက်များ ဂျာနယ်လစ်တွေရှေ့ ဝက်ခေါက်ရောင်း အဲလေ… ဘီကီနီနဲ့ လမ်းလျှောက်ခိုင်းဒယ်.. :buu:

      • black chaw

        October 4, 2013 at 9:05 am

        @ Wow ;
        ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဝေါင်းရေ…။
        ဘီကီနီ နဲ့ လမ်းလျှောက်တာဟာ အခု နောက်ဆုံးပေါ်ဖက်ရှင်ဗျ…။
        ဟေးဟေး…။
        😀

    • Foreign Resident

      October 2, 2013 at 8:59 am

      KZ says:
      ” မီးတော့ ခင်လပြည့်မြင်ရတာ စားချင်တယ်။ အခေါက်ကင်!!!
      :mrgreen:

      ဟုတ်ပါ့ ။ အဘ သူများ သားသမီးကို မကောင်း ပြောရဲတဲ့ သတ္တိ မရှိပါဘူး ။
      ရုပ်ဆိုးတဲ့သူကိုလည်း ၊ ရုပ်ဆိုးတယ် ဆိုပြီး မပြောရက်ပါဘူး ။

      ဒါပေမယ့် ၊ ကိုယ့်နိုင်ငံ ( မြန်မာပြည် ) ကို ကိုယ်စားပြုပြီး ဝင်ပြိုင်မယ့် ၊
      သာမီး ချောချော လှလှလေးတွေ တော်တော့်ကို ရှားနေပြီလားကွယ် ။

      ” သများလည်း ကောင်းပြည့်လေး အကြောင်း ရေးဦးမှပါရယ် ”

      ကောင်းပြည့် ဆိုတာ ဘယ်သူလည်းဟင် ။ မကြားဖူးဘူး ။

      • KZ

        October 2, 2013 at 9:16 am

        ဘဖော တကယ် မသိဘူးလားးးးး
        အို။
        ရေးးးးးး ဦးးးးးးး မှာ!!
        အဟွတ်!!

        😀

      • Ma Ma

        October 4, 2013 at 6:51 am

        ခင်ဝင့်ဝါတို့ ခင်လပြည့်တို့ဆိုတာ အမျိုးသားရေးတာဝန်
        စိုင်းစိုင်းတို့ ကောင်းပြည့်တို့ဆိုတာ အမျိုးသမီးရေးတာဝန် 😀

      • black chaw

        October 4, 2013 at 9:10 am

        @ Foreigh Resident ;
        ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးအထူးပါ အဘဖေါရေ…။
        😀

    • black chaw

      October 4, 2013 at 8:59 am

      @ KZ ;
      တခွိခွိ ရယ်ရတယ်ဆိုလို့ ဝမ်းသာပါတယ်ဗျာ…။
      ကျွန်တော်ကလည်း တခွိခွိ ရယ်ဖို့ပဲ ရည်ရွယ်တာပါ…။
      ခင်လပြည့် အကြောင်း မပြောနဲ့တော့ မကြားချင်ဘူး…။
      မိုးစက်ဝိုင် လေး အလှည့်ရောက်သွားပြီ…။
      မိုးစက်ဝိုင် လေး ကို ရော ဘယ်လိုမြင်လဲဟင် ??????
      😀

  • kai

    October 1, 2013 at 2:17 pm

    ခင်ဝင့်ဝါကတော့ မြင်ဖူးလိုက်ပေမယ့်.. ခင်လပြည့်က ဘယ်သူတုံးမသိ…
    အင်း…
    အနိစ္စ.. ဒုက္ခ… မမြင်ရသေးပါလား… :mrgreen:

    • black chaw

      October 4, 2013 at 9:13 am

      @ kai ;
      သူကြီးကလည်း အင်တာနက်ပေါ်ထိုင်နေပြီး
      မသိ ခြင်ထောင် ထောင်နေပြန်ပါပြီ…။
      အနိစ္စ..၊ ဒုက္ခ..၊ အနတ္တ..။
      အို…သင်္ခါရ…။
      😀

  • Mr. MarGa

    October 1, 2013 at 2:29 pm

    ဒါပဲ ဗျ
    ပွင့်လင်း မြင်သာမှုတွေ ပိုရှိလာလေလေ
    ကျုပ်တို့တွေ ပိုလို့ မျက်စိအေးလာလေလေပေါ့ဗျာ
    ဘဘဘလက်ရေ
    ရွာက ကြိုဆိုပါကြောင်း

    • black chaw

      October 4, 2013 at 9:18 am

      @ Mr. MarGa ;
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုမာဃရေ…။
      အမှန်တကယ်တော့ ဘဘဘလက်က
      လတိုင်း ပို့စ် အတင်မပျက်ခဲ့ပါဘူး…။
      အရင်ကလို အချိန်မရလို့ ပို့စ်အရှည်ကြီးတွေတော့
      မရေးနိုင်တော့ဘူးပေါ့ကွယ်…။
      ဘာပဲ ဖြစ်ဖြစ် ကြိုဆိုပေးလို့ ဝမ်းသာရပါတယ်ဗျာ…။
      😀

  • sorrow weaver

    October 1, 2013 at 2:51 pm

    ဘာတွေပြောင်းပြောင်း တားတားတို့ကမပြောင်းဘူး..မေဂရေ့စ်ပယ်ရီလေးပဲ …အဟိဟိ

    • black chaw

      October 4, 2013 at 9:21 am

      @ sorrow weaver ;
      မေဂရေ့စ်ပယ်ရီ လေးကလည်း တကယ့်မိန်းမ လို့ ပြောလို့ရပါတယ်ဗျာ…။
      ကိုယ်လည်း … ကြိုက်…တယ်…။
      ဟေးဟေး…။
      😀

  • အိမ်လွမ်းသူ

    October 1, 2013 at 3:50 pm

    တိုက်ဆိုင်တာ ပဲလား သူတို့နာမည် တွေအကုန်လုံး ‘ ခင် ‘ တောထဲက မထွက်တော့ဘူး !

    • black chaw

      October 4, 2013 at 9:25 am

      @ အိမ်လွမ်းသူ ;
      အခုတစ်ခါတော့ ခင်မပါတော့ပါဘူး ညီလေးရေ…။
      မိုးစက်ဝိုင်…တဲ့…။
      😀

  • amatmin

    October 1, 2013 at 4:44 pm

    တကယ့်ယောက်ျားဖြစ်ကြောင်းပြချင်လို့ ဝင်ဖတ်သွားပါတယ် ။
    သူရို့လေးဒွေ အသစ်မပေါ် မြဲနေရင်လည်း..
    အားပေးစရာမရှိ ပျင်းစရာချည်းမို့..
    ခန ခနမမြဲတာလေးပဲ သဘောကျပါသဗျ.။
    ဒါနဲ့ တကယ့်ဘလက်ချော ဖြစ်ချင်ရင်
    တကယ့်ချိုပေါ့ကျလေးတိုက်မှပေါ့.အူးလေးရာ..။
    😀

    • black chaw

      October 4, 2013 at 9:33 am

      @ အမတ်မင်း ;
      တကယ့် ယောက်ျား ဖြစ်ကြောင်း ပြဖို့က လွယ်ပါတယ်ကွယ်…။
      မိန်းမတစ်ယောက်သာ ကောက်ယူပြလိုက်စမ်း ဘာ…။
      ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
      😀

  • စုန်း ဘု ရင်

    October 1, 2013 at 7:23 pm

    ခင်လပြည့်ဇော်ကို ကြိုက်ဘူး ခင်ဝင့်ဝါလေးပဲ
    ဘာလို့လဲဆိုတော့ ခင်ဝင့်ဝါလေးက ရည်းစား တစ်ခါမှ မထားရသေးဘူးတဲ့
    😆
    ဘာမှတော့ မဆိုင် 😛

    • black chaw

      October 4, 2013 at 2:46 pm

      @ စုန်းဘုရင် ;
      ကွယ်…ညီလေးက ရည်းဇားတစ်ခါမှ မထားရသေးတာကို
      သွားမက်နေပြန်တာကိုး…။
      အဲဒါက မက်စရာ မဟုတ်ဘူးကွယ့်…။
      အဓိကက အဓိကပါညီလေးရေ…။
      😀

  • ကျော်စွာခေါင်

    October 2, 2013 at 2:56 am

    မိန်းးးးးးမ မိန်းမဆိုဒါ
    ဘားလဲဗျား
    မိန်းးးမ မိန်းမ ဆိုဒါ…. ဘားလဲဗြားးးးးးးး။
    ……
    ……
    ဪ…ဘဝသံသရာ…ရှည်လျှားထွေပြား မနေမနား အားပေးကြရမှာ…။

    • black chaw

      October 4, 2013 at 2:52 pm

      @ ကျော်စွာခေါင် ;
      ကျွန်တော့်ပို့စ်မှာ အခုလို ကွန်းမန့်လေး ဝင်ပေးသွားတဲ့အတွက်
      အထူး ဂုဏ်ယူဝမ်းမြောက်ရပါတယ် ကိုကျော်စွာခေါင် ခင်ဗျား…။
      ပို့စ် ကောင်းကောင်းလေးတွေ ရေးတဲ့ လက်ပိုင်ရှင်…၊
      ပန်းချီ (ဒါကျတော့ သိတ်နားမလည်လို့ မချီးမွမ်းတော့ပါ) လည်းရေးတဲ့
      ကိုယ့် ဆရာ ရဲ့ ပို့စ်တွေမှာ ကွန်းမန့်လေးတွေ မရေးဖြစ်ပေမယ့်
      လေးလေးစားစား အားပေးနေပါတယ်ဗျာ…။
      နောက်လည်း အချိန်ရရင် ကျွန်တော့်ပို့စ်လေးတွေမှာ
      ကွန်းမန့်လေးတွေ ချီးမြှုင့်ပေးဖို့ ဖိတ်ခေါ်ပါတယ် ကိုကိုရေ…။
      😀

  • အဘ ဖားသက်ပြင်း

    October 2, 2013 at 9:34 am

    ဝင့်စ မှ ဝင့်စ ဘဲ

    • black chaw

      October 4, 2013 at 2:59 pm

      @ အဘ ဖားသက်ပြင်း ;
      ဟယ်…အဘ ဆိုတော့လည်း အဘပေါ့ကွယ်…။
      နင့် ကွန်းမန့်တစ်ခုမှာ သူကြီးကို ညွှန်းနေတာတွေ့လို့
      ငါ ခင်ဝင့်ဝါလေး ဓါတ်ပုံတွေ ရှာဖွေကြည့်ရှုမိတယ်
      အဘ ဖားသက်ပြင်းရေ…။
      အဲဒီမှာပဲ
      Real Khin Wint War For Real Blackchaw ဆိုပြီး
      မာန်တွေတက်လို့
      ဒီပို့စ်ကိုရေးရကြောင်း ဝန်ခံအပ်ပါတယ်ဗျာ…။
      😀

      • ဖွတ်ပြောင်

        October 4, 2013 at 3:44 pm

        ခင်ညစ်စရာ နဲ့ နမ်းချင်ဇရာ လေး တွေ ဆိုတာ

        ဘားမန်းပြည် ဘီကနီ လောကအတွက် စွန့်ဦးတီထွင် ကျေးဇူးရှင် လေးတွေပါဗျာ

        ငှိ ငှိ

        (ပက်ကညော မမြင်ဇီယ)

        ဒက်ဂလောက် ဒက်ဂလောက်

  • အူးလေးတရားပြမှပဲ အနိစ္စကို မြင်တော့တယ်။ ဟုတ်ပါ့။ ဘယ်အရာမှမမြဲဘူး။ ခုတော့ ဇွန်လေးနဲ့ မြဲနေပါကြောင်း (ဟိုတစ်ယောက် မမြင်စေရ)

    • black chaw

      October 4, 2013 at 3:21 pm

      @ လုံမလေး မွန်မွန် ;
      သတိထားဦး လုံမရေ…။
      အဲဒီ…ဇွန်…ဆိုတဲ့ ချာတိတ်က
      တကယ့်ယောက်ျား ဟုတ်ရဲ့လားကွယ်…။
      😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 2, 2013 at 11:13 am

    အဲ့ဒါဘဲဗျာ
    မမြဲခြင်းတရားတွေလို့သိလိုက်တဲ့အခါ လိုခြင်တက်မှု့ဆိုတာတွေကို
    မြင်ကြည့် ဘို့လိုလိမ့်မယ်
    သတိမရှိလို့ကတော့ ကြည့်ရင်းကြည့်ရင်း ဥပါဒါန်ကြီးဖြစ်သွားရင်မချောင်ဘူးနော
    တစ်ခါတစ်လေကြတော့လည်း
    ဒီတစ်သက်ဒင်းကလေးကို ငါရဘို့ မဖြစ်နိုင်တော့ပါဘူးလေဆိုတဲ့
    အသိဉဏ်ကြီးကဦးလေတော့
    ခပ်တည်တည်နဲ့ဖြေသိမ့်ရပေတာပေါ့ ဂလုဂလုဥဥ
    လိုခြင်နေသ၍ ဆင်းရဲနေသေးပါလား
    လိုခြင်မှု့ဆိုတာ ငါရှိလို့ လိုခြင်နေတာ
    ငါမှမရှိရင် လိုခြင်စရာလည်းမရှိ တော့တဲ့အတွက် မင်းလည်းရှိဘို့မလိုတော့ဘူး
    အေ့

    • black chaw

      October 4, 2013 at 3:27 pm

      @ မိုက်ကယ်ဂျော်နီအောင်ပု ;
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးပါ ကိုအောင်ပုရေ…။
      နောက်လည်း ကြုံရင် ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးပါဦးလို့
      အနူးအညွတ်တောင်းဆိုပါတယ်ဗျာ…။
      😀

  • kyeemite

    October 2, 2013 at 1:35 pm

    ရဲဘော်ဘလက်ရေ..
    “တကယ့် ယောက်ျားတွေအတွက်…တကယ့် ခင်ဝင့်ဝါ”
    ဆိုတော့ ကျုပ်လိုလူအတွက်ပေါ့နော…
    “အနိစ္စ ”…အနိတ်ကလေးနဲ့ ပြန်စချင်တာဗျာ..ဟီဟိ
    😀

    • black chaw

      October 4, 2013 at 4:40 pm

      @ kyeemite ;
      ဟုတ်ပါတယ်ဗျာ…။
      ကိုမိုက်တို့လို လူတွေအတွက်ပါ…။
      အနိစ္စ ကို သဘောပေါက်သွားပြီပေါ့…။
      😀

  • မောင်ဘလိူင်

    October 3, 2013 at 5:33 pm

    ဪ..သဗ္ဗေသင်္ခါ အနိစ္စာ တဲ့ဗျ..နော..
    သဗ္ဗေ အလုံးစုံသော သင်္ခါ သင်္ခါရတရားတို့သည်
    အနိစ္စ မမြဲခြင်းရှိကြလေ သတည်း..ဒီလိုလာတယ်မို့လား..
    (မှန်လှပါ)
    ဒါဖြင့်ရင် ခု ခင်ဝင့်ဝါကလေး ရော မြဲမလား ပရိသတ်..
    (အနိပ်စား ပါဘုရား..အဲလေ..အနိစ္စ ပါဘုရား ) :hee:

    • kai

      October 4, 2013 at 2:39 pm

      ပြည့်တန်ဆာမလေး.. သီရိမာသေတော့.. အလောင်းကို.. ဘုရားအမိန့်နဲ့ဒီအတိုင်းပစ်ထားတယ်တဲ့..
      အနိပ်စားကို.. ပြချင်တာလား.. အနိစ္စပြချင်တာလား… မသိ..
      အကျီအဝတ်အစားရော.. ပါရဲ့လား..မသေချာ…

      သေချာတာက.. အနိစ္စ :hee:

    • black chaw

      October 4, 2013 at 4:45 pm

      @ မောင်ဘလှိုင် ;
      မြင်ရခဲတဲ့ ဆရာမောင်ဘလှိုင်ကွန်းမန့်လေး ကို
      မြင်ခွင့်ရတဲ့ အတွက် အားတက်မိပါတယ် ဆရာရေ…။
      ဆရာ့ အခြေအနေမဲ့ သန်းကြွယ်သူဌေး ကိုလည်း
      ဖတ်ကြွေးတင်နေပါတယ် ဆရာ…။
      တကယ် မဖတ်ပဲနဲ့တော့…
      ဆရာ့ကိုကွန်းမန့် မပေးရဲလို့…
      ဖတ်ပြီးတဲ့ အခါမှ ပေးဖို့ ခွင့်တို်င်ပါတယ်ဆရာ…။

      • မောင်ဘလိူင်

        October 4, 2013 at 6:08 pm

        အမလေး ..ဦးလေး ဘလက်ရယ်..ကျွန်တော့်ကို ဆရာ တော့ မတပ်လိုက်ပါနဲ့ခင်ဗျာ..မတောက်တခေါက်လေး ဝင်ရေးနေတာပါဗျာ။

  • Green Rose

    October 4, 2013 at 1:17 pm

    real Khin Wint War for real men ကို ဘာသာပြန်လိုက်တာ ခင်ဝင့်ဝါ အစစ်သည် ယောက်ျား အစစ်များအတွက် သာ ဆိုတော့.. ယောက်ျားအတုများအတွက် ကတော့ ခင်ဝင့်ဝါ အတုသာ လို့….. (ဟိ မတူသော အတွေးနဲ့ ကန့်လန့်တိုက်ကြည့်တာ)
    ဘာပဲဖြစ်ဖြစ် real black for real gazette ပါပဲ.. :mrgreen:

    လေးစားလျှက်

    (Green Rose)

    • black chaw

      October 4, 2013 at 4:50 pm

      @ Green Rose ;
      ကောင်းလိုက်တဲ့ အတွေးလေး…။
      Creative Thinking အပြည့်ပါတဲ့ စကားလုံးလေး…။
      ဘာတဲ့…။
      Real black for real gazette…/
      တဲ့…။
      မိုက်တယ်ဗျာ…။
      😀

Leave a Reply