ရုပ်ဆိုးလေး၏ ဒဏ္ဍာရီ အပိုင်းတစ် ( 18 ++ မှဖတ်ပါ အာဟိ )

sorrowOctober 1, 20131min27919

”အူငဲလ်လ်လ်..”ပြဲကားပြာလန်နေသော အသံအကြားတွင် မွေးခန်းထဲမှ သူနာပြုမလေး မျက်လုံးပြူးထွက်သွားသည် ။
မွေးခန်းအနီး ဓါတ်ကြိုးပေါ်တွင် နားနေသော ကျီးကန်းနှစ်ကောင်….အ ….တစ်လုံးသာအော်နိုင်သည် ။ အဘယ်ကြောင့်မှန်းတော့မသိ..
ဖုတ်ကနဲကျသေသည်….

အနှီးနှင့်ပတ်ထားသည့် လူမမယ်လေးကို ကိုင်အမြောက်တွင် ပြတင်းပေါက်မှမြင်နေရသော ညောင်ပင်ကြီး..သွက်သွက်ခါရမ်းသွားသည်။
“သောက်ကျိုးနည်း….’ ငါကိုက ဖင်ရှည်တာ….သောက်ရုပ်ကလဲဆိုးပါ့…ဂစ်ဂစ်ဂစ်….”‘ ရေရွတ်ရင်းက ..ပါဝါမတူသူကိုမှသွားရှိုးမိသော သရဲတစ်ကောင်အဖြစ်က…ရင်နှင့်ဖွယ်

.သရဲခြောက်သည်ဟုနာမည်ကြီးသော အပင်ကြီးက နောက်ရက်မှဘာအသံမှမကြားရတော့

”အမငီး…သောက်ပလုတ်တုတ်…ဆိုးလိုက်တဲ့ရုပ်…..လူမှဟုတ်ရဲ့လားဟ…” ပတ်ဝန်းကျင်က ဝိုင်းဩဘာပေးသည် ။ ထင်လဲထင်ချင်စရာ…
စနူပီခွေးကလေး မျက်နှာကိုပျဉ်ပြားနှင့်အလျားလိုက်ဖြတ်ရိုက်ထားသလို…..ရှုံ့ခွက်တွန့်ဝင်နေသော…အခွက်က…လန်ထွက်နေသော..
.နှုတ်ခမ်းဖြင့်အနားသတ်ထားသည်။ မျက်လုံးနေရာတွင်…ဘလိတ်ဒါးရှထားသလို…မျက်စိဟုခေါ်လို့ရလောက်အောင်သာ..
အရာလေး.စူထွက်နေသော…ဗိုက်ကလေး၏ အောက်ခြေမရောက်တရောက်တွင်…မုန့်လက်ဆောင်းဖတ်လေး..
ကပ်နေသည့်နှယ့်…
ဘယ်သောအခါမှ…တိုက်ပွဲဝင်အဆင့်မရောက်လာနိုင်သော…တိုက်ချင်းပစ်ဒုံးကျည်…ပေါက်စနလေး….ဂငယ်ပုံစံခြေထောက်တိုလေးများက.
အရွယ်ရောက်လာလျှင်..ကွတိုဟူသော…နာမည်ကိုရလာမည်မှာမဆန်း….

”ဟင်……တယ်လေ..ဒီမိန်းမ…..ဝက်မမွေးပါနဲ့ဆို..မွေးတယ်…ပုပါးမသွားနဲ့ဆိုသွားတယ်..အခုတော့ဝက်နဲ့မျောက်လေး.
.စပ်ထားတာထွက်လာတယ်…မှတ်ပလား….ငါတယ်လေ…”

မွေးသဖခင် ကတ်ကတ်လန်အသံအဆုံးတွင်

”အောင်မယ်….ကိုရင်ရဲ့ .ရှင့်အပြစ်လဲပါတယ်..ရှင်တရက်နှစ်ခါနွားမလေးတွေသွားသွားညှစ်လို့ရှင့်ကလေး..ချိုပါတာလဲထည့်ပြော ””
“ကိန်..ကြောက်ပါပြီဂျ..” ရင်ဘတ်ကို…တရုတ်ဗုံတီးသလို…..ဂေါ်ဇီလာအခြောက်..ရန်စွာသလို…ဘယ်ညာထုရင်းက
ဒေါသပုန်ထနေသော…ဆောရိုးအလောင်းအလျာ.၏ ဖခင်က
ဝလုံးနေသောကိုယ်လုံးနှင့်မလိုက်ဖက်…မွေးခန်းအထွက်ထဲတွင်ခုန်ဆွနေရင်းက ပုဆိုးစုတ်လေးက ခြေရင်းတွင်ပုံကနဲ…..
” ဟင်..စိန်တလုံးနော်..” မည်သည်ကိုမြင်လိုက်သည်ကိုမသိ ပါးစပ်လေးစိရင်း…တခိခိရီမောနေသော…
တာဝန်ကျ.ဒေါက်တာ.မျက်ထောင့်နီကြီးနှင့်လှမ်းရှိုးရင်းက..သူ့.မိန်းမ ကျွန်ုပ်၏မိခင်ကိုမာန်မဲလိုက်သည်…

” အဲ့ကောင်အခွက်ကိုငါမမြင်ချင်ဘူး..အခုသွားပစ်..အမှိုက်ပုံကို….ကျက်သတုံး…..” ဟု ပြောရင်းက…သူနာပြုလေး.ကိုလှမ်းမေးလိုက်သည်….
” ဘာလေးလဲဗျ….အဲ့မှင်စာ’
‘ ဆရာ..ဘုရားစူုး.ဖအေ့ခြေရာနင်းတယ်…..ယောက်ျားလေး..တစ်လုံးတော့မပါဘူး…ဆိုးလိုက်တဲ့ရုပ်….
ဝက်ပေါက်ကလေးမီးကင်ထားသလိုပဲ…နီရဲစိုရွဲလေး….”.

သူနာပြုလေးအသံအကြားတွင်….ဆောရိုးပေါက်စ၏ ဖခင်.သတိလစ်သွားသည်….ခုနှစ်ရက်ပြည့်မှသတိပြန်လည်လာသော်လည်း….စိတ်မမှန်တော့…….

” ဝက်မျောက်….ဝက်မျောက်…အမလေး..ဝက်မျောက်…” ထပ်တလဲလဲရွတ်ရင်းက..သွက်သွက်ခါသွားသည်…..ကံနည်းရှာသော..ဖခင်၏ အဖြစ်ကို…စုတ်သတ်ယုံမှတပါး….

—————————————-

” အူငဲလ်ဗြဲ…..” ကံနည်းရှာသော..ဆောရိုးပေါက်စငိုသံအကြားတွင်…..ရောင်းလှည့်လာသော…ဆေးရုံအုပ်ကြီး….နားဝကိုမီးစနှင့်ထိုးခံရသလို…တုန်တက်သွားသည်
.ကျောပူသာခံမည်..နားပူမခံဆိုသော..စိတ်ကြီးလှသည့်ဆရာဝန်ကြီး အနားကိုရောက်လာရင်းကလှည့်ကြည့်လိုက်သည်။

”မသာ့ပေါက်စနှယ့်……ရုပ်တင်ဆိုးတာ…မဟုတ်..အသံကပါနာသေး….”..ပြောရင်းက…သူ့အကြည့်တွင်..ဘာမြင်လိုက်သည်ကားမသိ
”အမယ်….တဥထဲဟ…” ရှုပ်ပါတယ်လေ.မဟုတ်လဲအသုံးဝင်မှာမှမဟုတ်..ပေးစမ်းကပ်ကြေး…” ဟုပြောရင်းက ဒပ်ကနဲ…ညှပ်ဖြဲလိုက်သည်…….မိတာမိခင်…ငိုယိုတောင်းပန်နေသော်လည်း…..မရ…
စိတ်ကြီးလွန်းသော…ဆရာဝန်ကြီးက…..ရဟူး…ဟုအော်ရင်း….ပြုံးစိစိနှင့်ထွက်သွားသည်…..
မိန်းခေးထုကြီးအတွက်….ကုသိုလ်ရလွန်းသော..အမှုတစ်ခုကို…ဆရာဝန်ကြီး…ထိုနေ့နံနက်ကပြုခဲ့လေသည်…
ထိုအချိန်တွင်ရုပ်ရှင်အနှေးပြကွက်အနေနှင့်….ဆတ်ဆတ်ခါနေသော..အိမ်မြှောင်အမြီးပြတ်ကိုထည့်ရိုက်မည်. အဟိဟိ

—————————————–

“‘ ဆရာရယ်.ကျွန်မသားလေး..အနာမရင်းအောင်ဆေးလေးထိုးပေး….. ”…စကားပင်မဆုံးလိုက်…
” တိတ်လိုက်ချမ်း…ရုပ်ကိုသေချာကြည့်…တိမွှေးကုဆရာဝန်မှတ်နေသလား….လူကုတဲ့ဆရာဝန်ဗျ..” ဟုလက်ညိုးကိုသေနတ်မောင်းခလုတ်ကိုညှစ်သလို..ကွေးကွေးလေးထိုးရင်းက…ရောင်းလှည့်လာသော .ဒေါက်တာပေါက်စကလေးက ရန်လုပ်သွားသည်။

ထိုမှကံနည်းရှာသောရုပ်ရည်ပိုင်ရှင်ပေါက်စနလေးဖြစ်ခဲ့ပါသည်….

——————————————–

”ဝေါ့…ဟဲ့…မှင်စာမီးမြိုက်လေးဟ….”အခန်းထဲမှ …ဗိုက်ကြီးသည်များက…ဩဘာပေးကြသည်။

ပြောလဲပြောချင်စရာ…..မီးလောင်ငုတ်တိုများသဖွယ်..ကျိုးတိုးကျဲတဲဆံပင်များ…
ပါးနှစ်ဖက်ကဖောင်းကားနေရင်းက…တိုဝင်ကော့ထွက်နေသော…နှာခေါင်း…….ကွေးကောက်နေသောလက်ကလေးကို
ပါးစပ်ပေါက်လေးထဲထည့်ရင်းက…ဗိုက်ကြီးသည်များကိုပင် အလွတ်မပေး.ကြာကြည့်ကကြည့်လိုက်သေးသည်….
ဇကမွေးကတဲကမသေး.မွေးစကပင်အငတ်

” အစ်မ…ဆုကိုလက်ခံပါပေးပါ…”‘ ….အသံအကြားတွင်…ဆောရိုးပေါက်စန၏မိခင်.ရေလည်ဂုဏ်ယူသွားသည်…မည်သည့်အတွက်ရသည်ကိုကား..မသိသေး….

”ညီမတို့..ယောက်ျားမုန်းတီးရေးအသင်းကပါ……မမမိန်းခေးထုကြီးအတွက်…ပိုးစိုးပက်စက်…လင်စိတ်သားစိတ်ကုန်စေနိုင်သော…
သားယောက်ျားအလောင်းအလျာလေး…မွေးပေးတဲ့အတွက်ပါ…” .တိန်..”‘

တေတင့်ပါတီ…ရေရွတ်ရင်းက မေမေ မျက်ရည်ဘူးသီးလုံးလောက်…ပတောက်ကနဲကျသည် ။

19 comments

  • Mr. MarGa

    October 1, 2013 at 6:06 pm

    ဟိုက်ရှားဘားးးး
    ဂလောက် ဆိုးသလား
    မယုံဘူး
    လက်တွေ့ ဒါ့ပုံနဲ့တကွ တင်ပြပါ ကိုရင်ဆောရိုးရေ

    • sorrow weaver

      October 1, 2013 at 10:50 pm

      ကယ်ပါချို …ကယ်ရုပ်ဆိုးတယ်…တဂျားရ…အဟိဟိ

  • lele kyi

    October 1, 2013 at 6:46 pm

    အဲ့ဒီ အကွက်စောင့်နေတာထင်တယ်။တော်ကြာ ဒါ့ပုံပို့စ်တွေ ဒါဇင်လိုက်တက်လာလိမ့်မယ်။ ကြွားချင်ရက်လက်တို့။
    ကျမတို့က သရဲလည်းမြင်ဘူးတယ်။တစေ.ကဝေ.စုန်း.အကုန်လုံး စောရိုးမြင်ပြီးရာထူးကနှုတ်ထွက်ကုန်ကြပြီ။ 🙂

    • sorrow weaver

      October 1, 2013 at 10:51 pm

      အငိငိ….ကြွားချာလား …ရုပ်ဆိုးပါတယ်ချို…ဇတ်နာအောင်လုပ်နေတယ်ထင်လားမသိ…အဟိဟိ

  • TNA

    October 1, 2013 at 9:36 pm

    ဘုရားအိုက်လောက်တောင်မှလားဟယ်။ နဲနဲများတွားဒလားလု့ိ။ မျက်စိထဲမယ် အတောင့်လိုက်တောင်မြင်မိ ဒလိုလို :mrgreenn:

    • sorrow weaver

      October 1, 2013 at 10:52 pm

      မမသဲနုအေး…အိုက်လောက်တောင်ပါချို …လေယဉ်မယ်လေးက မက်စိ သိပ်ကောင်းဘူးရယ်…အငိငိ သို့သော်…တားတား အသံလေးကတော့ရမ်းချိုတယ်…အဟိဟိ

      • TNA

        October 2, 2013 at 2:58 pm

        ကြည့်ရဒါ လေယာဉ်မယ်ကို ဖုန်းနဲ့ပဲတွေ့မှတ်တယ်။ ဒါ့ထက် လေယာဉ်မယ်တွေ မက်ညန်မတပ်ရဆို အိုက်လေယာဉ်မယ်ကတော့ ပါဝါတော်တော်များထင်ဘာ့။ 😀

  • Crystalline

    October 2, 2013 at 7:58 am

    မြင်ဖူးလို့သာပေါ့… မမြင်ဖူးရင်..လိုက်ရေးနေတယ်ထင်မိမှာ :kwi:

    • Ma Ma

      October 2, 2013 at 9:42 am

      ထောက်ခံပေးတဲ့သူက ထောက်ခံနေတော့လည်း ယုံရတာပေ့ါ။ 😀

  • KZ

    October 2, 2013 at 9:27 am

    မြင်ဖူးတဲ့သူမို့ ကူညီပြီးပြောပေးပါမယ်။
    သူရေးထားတာတွေကတကယ်ဖြစ်မှာပါ။
    ခုကို သူ့ဓာတ်ပုံတွေ မကြည့်ရဲတဲ့သူတွေ အပုံ!!
    :mrgreen:

    • sorrow weaver

      October 2, 2013 at 9:44 am

      အရေပြားတစ်ထောက်စာလောက်ကိုဂျာ .အရေးလုပ်လို့..အသဲဖြူတယ်ဂျ…သိသလား အဲ့ကိတ်စ …အဟိဟိ

  • Foreign Resident

    October 2, 2013 at 10:34 am

    အင်းးးး ။
    sorrow weaver က ၊ တကယ့် စာရေးကောင်းပဲ ။
    ဂဇက် မှာ စောင့်ဖတ်ရမယ့်သူ တစ်ဦးတော့ တိုးပြန်ပြီ ။

    • sorrow weaver

      October 2, 2013 at 11:59 am

      ပေါတောတောပဲရေးတတ်တာမို့ သည်းခံဖတ်ပေးပါ အဘရယ် 😛

  • Wow

    October 2, 2013 at 11:07 am

    ဟဲ့ဒါချို ဆြာဝန်လက်စွမ်းပြကောင်းလို့ ညီး… က ထိုင်းသွားစယာတောင်မလိုတော့ဝူးပေါ့… အေးချေး.. ဟေးးး :mrgreen:

    • sorrow weaver

      October 2, 2013 at 12:03 pm

      စိတ်ကောင်းမွေးပါဂျ…ခီညား…

  • kyeemite

    October 2, 2013 at 1:27 pm

    ရုပ်ဆိုးလေး၏ ဒဏ္ဍာရီ
    မပုပ်သိုးသေးသမို့ ပေါ်လာသည်
    အဟုတ် အကျိုးပေးလို့ခေါ်ပါသည်
    တုတ်ကလေးကျိုးတာတော့ ရင်နာသည်။ 😀

    • sorrow weaver

      October 2, 2013 at 2:33 pm

      တားတားအဖေကတော့ အားပေးရှာပါတယ်…ဓါးအကျိုးနဲ့လဲ ထိုးတတ်ရင် သေတယ်တဲ့ …အဟီးဟီး

    • sorrow weaver

      October 2, 2013 at 2:20 pm

      အဟိဟိ ..ကယ်ပါဆို…

Leave a Reply