အလွမ်း- ၁

ムラカミOctober 2, 20131min19215

 

အဝေးရောက်ချစ်သူ ဆွေးပူသော်ညား

ခေါ်ကာမထား ပျော်မအားတည့်

သက်ရောက်ချိန်ခါ မတန်ပါသေး

ဖော်ကွာဝေးလို့ မျှော်တွေးမှန်းကာ

လွမ်းရပါသည် ဪ

ချစ်သူငါ့အား

လွမ်းပါများမှ လွမ်း စလေ ။
၂၀၁၃ ၁ဝ ဝ၂

 

 

860643_520837697968182_2003610623_o

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

15 comments

  • ကျော်စွာခေါင်

    October 2, 2013 at 2:51 am

    လွမ်းလို ့မဟူ ကျွမ်းပူသော်လည်း
    မူပို စကား ပြောအားဘူးရှင့်
    မောင်ကြီး မောဖြေ နေပါလေ…။
    တစ်နေ ့ထက် တစ်ရက်…
    တစ်မိုင်ထက် တစ်ထွာ…
    နီးလျှက်နီးကာ လာလိမ့်မှာမို ့
    ရွှေရင်ခုန်လျှက်….
    ချစ်သူ ့နုတ်ဖျား ခေါ်စကားကို
    ဆိတ်ဆိတ်နေလျှက်..အလွမ်းပို..။

    ရှီး

    • ဖွတ်ပြောင်

      October 4, 2013 at 12:15 am

      အာဟိ

      ၁ပါတ်ပဲ လိုတော့ တယ်

      ကျေးကျေး အူးလေး

  • Crystalline

    October 2, 2013 at 8:25 am

    မဆုံးနိုင်တဲ့အလွမ်းတွေလာအူးမယ်ဆိုတဲ့သဘောပေါ့.. အလကားရတဲ့အလွမ်းနဲ့ဝအောင်သာလွမ်း :loll

  • lele kyi

    October 2, 2013 at 10:54 am

    ရွာထဲ ဘယ်အချိန်က ဖွတ်ဝင်သွားတာလည်းသိဘူး။ ဖမ်းပြီးအရေခွံဆုတ် ပြီး ဘရန်းဒက် အိပ်လုပ်ပစ်လိုက်ရမှာ။
    ပြီးတော့ သူ့ကဝေပုံတင်ထားတယ်။ကြောက်ချာကြီး လက်ကပလိန်းကြီး။ဟိ။ လက်ခဏာဆြာက မေးတယ် ဖွတ်ရယ် နလုံးလမ်းကြောင်းတွေပျောက်နေတယ်..

  • Wow

    October 2, 2013 at 11:21 am

    လိုက်သွားပေါ့အေ… ဒါများ… ဟိုက တစ်ခါတဲလက်လန်သွား အဲလေ.. ဝမ်းသာသွားမှာပါ.. :mrgreen:

    • KZ

      October 2, 2013 at 11:27 am

      ဝါးးးးး

      နိ နာ့ မောင်ဂလေးကို အဲလို့ မပြောနဲ့။
      ဘယ်နဲ့ တစ်ခါတည်း လက်လန်မယ်လို့ပဲ။
      မှတ်ထားးးးးး
      တစ်ခါတည်းလက်မလန်ဘူးးးး
      ကြာကြာဝါးမှ ခါးမှန်းသိပြီးးးး အကျင့်တွေ တစ်ဖြေးဖြေးပေါ်လာမှ လှည့်မကြည့်တော့မှာ။
      ငိငိငိ!

      :mrgreen:

      • Wow

        October 2, 2013 at 1:27 pm

        ကဲ နာတို့ မမဂျီးနှစ်ယောက် ဒီလောက်ထောက်ခံပေးမှတော့ အားတက်လိုက်ကြဇမ်းဘာာာာ :mrgreen:

        • ဖွတ်ပြောင်

          October 2, 2013 at 3:25 pm

          ယုစ် ကယ်ပါ။။

          ယုစ် ကယ်ပါ။.

  • kyeemite

    October 2, 2013 at 11:32 am

    အရင်နဲ့စာ ပိုနီးလာသမို့
    ကိုဂီလာဖို့ ချောင်းနေပြီ။ 😀

  • surmi

    October 2, 2013 at 1:21 pm

    အလွမ်​းဆိုတာ
    တို့ စရာလား
    ထင်​မှတ်​မှားမိ
    ငပိ နဲ့​သာ
    တို့ စားပါမည်​
    ရည်​​မျှော်​တမ်​းတ
    လွမ်​းခဲ့ရတိုင်​း
    ဒိုင်​းးး ကနဲ
    ဒိုင်​းးးးး ..ကနဲ
    တအားလွှဲလို့
    ငပိ ​လေးဘဲ​ထောင်​းမယ်​….​မောင်​င်​င်​င်​…..

    တစ်​ခါက
    ရွှီးးးးးး

  • sorrow weaver

    October 2, 2013 at 2:46 pm

    အလွမ်းဆိုသည်မှာ ဆေးခါးအုပ်ထားသော သကြား..အဟိဟိ

  • TNA

    October 2, 2013 at 3:17 pm

    လွမ်းဘာအေ လွမ်းဘာ ပိုက်ချံပေးရဒါမှမဟုတ်တာ။ ပြန်လာတေးဘူးလားအေ့။ ဂျာပွန်မလေးနဲ့သံယောဇဉ်ဖြတ်မရသေးဘူးမှတ်တယ်။ :mrgreen:

    • ဖွတ်ပြောင်

      October 2, 2013 at 3:22 pm

      ဟုတ်တယ်ဗျ

      မမသဲ အကြားအမြင် ရနေတယ်ထင့်

      အာဟိ ။ ဒက်ဂလောက်

      • TNA

        October 2, 2013 at 10:12 pm

        မယ်ဂိ့ နာပါဘူးနော်။ နာဘာမွှပျောစ့်ဘူးရယ်။ 😀

  • Shee

    October 7, 2013 at 10:19 pm

    ကြားလိုက်​ဒယ်​….ဂျားပန်​မ​ရေးဒဲ့….:-/

    ဂျားပန်​​တွေ..တရုတ်​​တွေ..ချင်​ကပူ​တွေ…မလုပ်​နဲ့အားလုံးကိုမျှစ်​အိုးထဲထည်​့ပြုပ်​ပလိုက်​မယ်​…..ဘာမှတ်​သလဲ….ကရင်​မဝတုတ်​ဒဲ့ကွ……​ကတ်​​မောင်​းတိန်​း​မောင်​းတိန်​းလဲလာမလုပ်​နဲ့…အူးကတ်​ ( ​ကြောင်​)နဲ့ပါ​ပေးဇားလိုက်​မယ်​….:-P

Leave a Reply