အရာရာ ကြွေကျနေတဲ့ စကြ၀ဠာ
မြေကမ္ဘာ ရင်ကွဲနာကျနေပေမယ့်
လျှို့ ဝှက်အပ်သော နေရာမှာ
စပယ်ဖြူတွေ ပွင့်ခဲ့တယ်
………..
………..
ပိန်းနက် အက်ရှတဲ့ ညဥ့်တွေထဲ
မျက်ရည်နဲ့  အိပ်စက်
ပင့်သက်တွေ အလီတွက်ရင်း
ခံစားခြင်း  မဲ့တဲ့ ဘဝ
……………..
ညဥ့်တညရဲ့ တစ်ခဏ
စပယ်ရနံ့ တွေ သင်းခဲ့တဲ့နောက်
………….
မာယာတို့ ရေ….
မင်းတို့ ပြောသလို
ကမ္ဘာပျက်ချင်လဲ ပျက်ပါစေတော့
ငါကတော့ ……….
စပယ်ရနံ့ တွေ ရှူရှိုက်ရင်း…..
ဘ၀ ခန္ဓာအသစ်နဲ့ 
အသက်ရှင်ခြင်းကို ထပ်မံပိုင်ဆိုင်။      ။

 

 

ကျနော်မမြင်ဘူးသော …ကောင်မလေးသို့ 

ကျော်စွာခေါင်

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။

   Send article as PDF