အိပ်မက် စပယ်ဖြူ

အရာရာ ကြွေကျနေတဲ့ စကြဝဠာ
မြေကမ ္ဘာ ရင်ကွဲနာကျနေပေမယ့်
လျှို ့ဝှက်အပ်သော နေရာမှာ
စပယ်ဖြူတွေ ပွင့်ခဲ့တယ်
………..
………..
ပိန်းနက် အက်ရှတဲ့ ညဉ့်တွေထဲ
မျက်ရည်နဲ ့ အိပ်စက်
ပင့်သက်တွေ အလီတွက်ရင်း
ခံစားခြင်း  မဲ့တဲ့ ဘဝ
……………..
ညဉ့်တညရဲ ့တစ်ခဏ
စပယ်ရနံ ့တွေ သင်းခဲ့တဲ့နောက်
………….
မာယာတို ့ရေ….
မင်းတို ့ပြောသလို
ကမ ္ဘာပျက်ချင်လဲ ပျက်ပါစေတော့
ငါကတော့ ……….
စပယ်ရနံ ့တွေ ရှူရှိုက်ရင်း…..
ဘဝ ခန္ဓာအသစ်နဲ ့
အသက်ရှင်ခြင်းကို ထပ်မံပိုင်ဆိုင်။      ။

 

 

ကျနော်မမြင်ဘူးသော …ကောင်မလေးသို ့

ကျော်စွာခေါင်

 

12 comments

  • KZ

    October 2, 2013 at 3:45 am

    ဒူ့ ဂို ကြော ဒါ ရဲ….??
    😀

  • u k

    October 2, 2013 at 4:50 am

    မမြင်ဖူးတဲ့ကောင်မလေးကိုအသက်နဲ့ရင်းချစ်မယ့်သူဆိုတော့….အင်း
    ဒို့လိုက်လို့မမှီဘူးကိုကျေ ာ်စွာရေ…

  • အဘ ဖားသက်ပြင်း

    October 2, 2013 at 8:19 am

    ရွာရောက်နေပြီ ဦးလေးရေ

    စက်ဝိုင်းလေးကလည် ကလည်နဲ့

    အားပေးသွားပါကြောင်း

    ခင်တဲ့

    ဃီ

  • Crystalline

    October 2, 2013 at 8:20 am

    တစ်ယောက်ယောက်အတွက်ခံစားပေးတာဖြစ်မယ်ထင်တယ်နော်.. :))

  • sorrow weaver

    October 2, 2013 at 8:59 am

    မေဂရေ့ပယ်ရီလေးကို ရန်လုပ်ပြန်ပလား …ဦးခေါင်…အဟီး

  • Ma Ma

    October 2, 2013 at 9:39 am

    အရောင်တို့၏သခင်
    စုတ်တံတို့၏ဆရာ
    ပန်းစံပယ်တွေ သီနေပါလားးးးးးးးးးးး 🙂

  • ကထူးဆန်း

    October 2, 2013 at 9:48 am

    ပန်းချီဆိုလည်းဖြစ် ။ စာရေးတော့လည်း ကောင်း။ ကဗျာဖွဲ့တော့လည်း ပြောစရာမရှိတဲ့ ကိုကျော်စွာခေါင်တစ်ယောက် သီချင်းဆိုလည်းကောင်းမယ်ထင်တယ်နော် ..
    မမြင်ဘူးသော ကောင်မလေး အမြန် မြင်နိုင်ပါစေလို့ ..

    • ဦးကျောက်ခဲ

      October 2, 2013 at 10:53 am

      တကယ့်ကို ပရိုလောက်ကောင်းတာပါ… မယုံရင်ဆိုခိုင်းကြည့်… ဟီ ဟိ
      စွယ်စုံရလို့ ကျောက်စ် ညွှန်းပါပြီကော…
      😀

  • lele kyi

    October 2, 2013 at 10:41 am

    ဆြာခေါင် ရဲ့ စံပယ်ဖြူလေးလား။ အလက်ဆင်းမှာလည်း သနပ်ခါးလူးတတ်တဲ့ စံပယ်ပန်းလေးရှိတယ်။
    စံပယ်ပန်း ရနံ့ တွေရောက်လာသလို ခံစားရတယ် ကဗျာလေးက။ မဆီမဆိုင် ဝင်ကြော်ငြာရင် ကျေးလက်က ကျမတို့အိမ်ခါင်းရင်းမှာ မေမေစိုက်ထားတဲ့ စပယ်ရုံ ၂ရုံရှိခဲ့တယ်။ ညဘက်ဆိုပန်းရနံ့တွေ အိမ်ထဲဝင်လာတာပေါ့။ လွမ်းးစရာ။
    မာယာ လူမျိုးတွေရဲ့ ပြက်ခဒိန်က မှန်ဘူးရယ်။ ဒါကြောင့် ဆြာခေါင့် သွေး ရဲရဲစွေးနေတာနေမှာ။ ဟိ-နောက်တာ..

  • kyeemite

    October 2, 2013 at 11:28 am

    အိပ်မက်စပယ်ဖြူ
    ကျိတ်လျှက်ကွယ်ယူ
    အိပ်စက်မပျော်သူ
    တိတ်လျှက်ပျော်သူ… 😀

  • ဗုံဗုံ

    October 3, 2013 at 1:27 pm

    ဒီလူဂျီးဒေါ့..ရိုက်ခံရတော့မယ်နဲ့တူပါရဲ့
    ရွာပြန်ပြီး..သွားတိုင်လိုက်မှာနော်
    ဘာမှတ်နေရဲ…… :mrgreen:

Leave a Reply