“FAMILY ဆိုသော မိသားစု´´

ခင္ခOctober 2, 20131min29315

“FAMILY ဆိုသော မိသားစု´´

 

မိသားစု အသိုက်အမြုံ လို့တင်စားခေါ်နေကြတဲ့ အစုလေးမှာ အဖေရယ် အမေရယ် သားတွေ သမီးတွေရယ် သိုက်သိုက်ဝန်းဝန်းပါဝင်နေကြတယ်ဆိုတဲ့ အဓိပ္ပါယ်လေးကို သိကြပြီးသားဖြစ်မှာပါ။

အခုမကြာမှီဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုတာနဲ့ ချစ်တတ်ကြသော ချစ်နေကြသော မင်္ဂလာမောင်နှံတို့ လက်ထပ်မင်္ဂလာ ဆင်ယင်လို့ အတူနေပေါင်းဖက်ကြတော့မယ့် သူတွေလည်း နှစ်စဉ်ရှိနေတတ်ကြတာ ဓမ္မတာ သဘာဝတရားပင်ဖြစ်ပါသည်။ အဲဒီမှာ အဖေ အမေ သားသမီးတွေရယ်လို့ ဖြစ်လာကြမည့် မိသားစုရဲ့ အခြေ အမြစ် စတင်ရာ ဇနီးမောင်နှံတို့သည် နောင်တစ်ချိန်မှာ မိဘဆိုတဲ့ အဖေ နဲ့ အမေ တွေဖြစ်လာကြတာလည်း သဘာဝတရားလို့ပြော၍ရပါတယ်။

အိမ်ထောင်တစ်ခု တည်ဆောက်ကြတယ် ဆိုရာဝယ် တစ်ဦးကိုတစ်ဦးချစ်ခင်စုံမက်ပြီး ပေါင်းသင်းကြတဲ့သူတွေ ဆိုရင်ဖြင့် မပေါင်းဖက်ခင်က ချစ်လို့လက်ထပ်ပြီး အတူနေကာ အိမ်ထောင်စုတစ်ခုဆိုတဲ့ ဘဝခရီးကို လျှောက်ကြသူတွေဖြစ်ကြတယ်၊ ဒါဆို ရိုးမြေကျပေါင်းဖက်ကာ အချိန်တွေကုန်လွန် အသက်အရွယ်ကြီးမြင့်လာ သည်ဖြစ်သော်လည်း တစ်ဦးကိုတစ်ဦး သံဃောဇဉ်တိုး ချစ်နေကြဖို့လိုပါတယ် ဘာလို့အဲလိုပြောတာလဲဆိုရင် သားသမီးတွေဖြစ်ထွန်းလာပြီးမှ အဖေနဲ့အမေဆိုတဲ့ နှစ်ဦးစုံမိဘထဲက တစ်ယောက်ယောက်ဟာ သားသမီးတွေ နဲ့အတူမရှိနိုင်တော့ဘူး ကွဲကွာသွားကြတယ်ဆိုတဲ့အခါ အကြောင်းကံမသင့်လို့ သေကွဲကွဲကြတယ်ဆိုတာက လုပ်ယူလို့မရတဲ့ ကံကြမ္မာကိုရိုးမယ်ဖွဲ့လို့ ရနိုင်ကောင်းပေမယ့် လူလောကကြီးမှာ အသက်ရှင်လျှက်ရှိကြပြီး ဇနီးမောင်နှံနှစ်ဦး အခန့်မသင့်လို့ ရှင်ကွဲကွဲကာအိမ်ထောင်ရေးပြိုကွဲတယ်ဆိုတဲ့အခါ ကိုယ့်ရဲ့ သားသမီးတွေ၏ စိတ်သန္တန်မှာ ဒါဏ်ရာလေးတွေဖြစ်လေမလားလို့ ကနဦးထဲကတွေးကြစေလိုပါတယ်။ အဖေနဲ့ကွဲနေလို့ အမေ ကိုဘဲ အမေဆိုလည်းဟုတ် အဖေဆိုလည်းဟုတ် နေနေရတဲ့ကလေးတွေမှာ ဖခင်ဆိုတဲ့ ယောက်ျားတစ်ဦး၏ စွမ်းရည်တွေ ဖခင်နေရာတွေကို အမေက အားလုံးမဖြည့်နိုင်ပါဘူး။ ခင်ခ ကြုံခဲ့တဲ့ ဥပမာလေးတစ်ဦးကို ဒီနေရာ မှာရေးပြပါရစေ။ နေလည်ထမင်းစားချိန် ကျောင်းနားတော့ ဦးလေးဖြစ်သူက သူ့တူတော်မောင်ကို ကျောင်းက နေကြိုပြီး အနီးနားမှာရှိတဲ့ စားသောက်ဆိုင်မှာ နေ့လည်စာခေါ်ကျွေးတယ်။ အဲဒီမှာ တူတော် မောင်က ခေါက်ဆွဲကြော်စားရင်း“ဦး လာမယ့်တနင်္ဂနွေမှာ ကျောင်းမှာဆုပေးပွဲလုပ်မှာ သားက ပထမတန်း မှာ ပထမ ရတော့ ဆုယူရမှာဗျ´´ “ဟေ ဟုတ်လား ဒါဆို ငါ့တူက ဆုတက်ယူရမှာပေါ့နော်´´ “ဟုတ်တယ် ဦးရ ဒုတိယရတဲ့ ဇင်နွယ်က အဲဒီဆုပေးပွဲကို သူ့အဖေနဲ့အမေပါလိုက်ပြီး သူ့တဖက်စီမှာ သူ့အဖေနဲ့အမေကို ရပ်ခိုင်း ပြီး ဆုပေးပွဲမှာ ဓာတ်ပုံရိုက်မှာတဲ့ သားက မေမေဘဲရှိတော့ ဓာတ်ပုံရိုက်ရင် သားရဲ့တဖက်က လွတ်နေ မှာပေါ့ ဦးရာ´´ အဲဒီမှာ ဦးလေးဖြစ်သူက သူတူတော်မောင်ကို မျက်နှာလေးနွမ်းစွာနဲ့ စိုက်ဘဲကြည့်နေမိတယ် လေ၊ ကျောင်းသာလေးက ခဏနေတော့“ဒီလိုလုပ်ရင်ကောင်းမလား ဦး´´ “သားက ဘယ်လိုလုပ်ချင်တာ လဲ´´ “ဆုပေးပွဲကို မေမေနဲ့အတူ ဦး လိုက်တက်ပါလား ဒါဆို သားဓာတ်ပုံရိုက်ရင် မေမေ နဲ့ ဦးက တစ်ဖက်စီ နေလို့ရတာပေါ့´´ “အေး သားပြောသလို ဆုပေးပွဲကို ဦး လိုက်ခဲ့မှာပါ ဦးတို့မောင်နှမနှစ်ယောက်နဲ့ သားနဲ့ ဓာတ်ပုံရိုက်ရမှာပေါ့သားရယ်´´ လို့ ပြန်ပြောကာ တူတော်မောင်ကို ဦးလေးဖြစ်သူက နှစ်သိမ့်ရှာတယ်။ ခင်ခ အဲဒီမြင်ကွင်းနဲ့ အဲဒီတုန်းကကြားခဲ့တဲ့ သူတို့ပြောတဲ့စကားလေးကို အခုပြန်တွေးရင်တောင် မှတ်မိကာ စို့နစ် နေစဲပါ။ နောက် ခင်ခ ကြုံခဲ့တာလေး တစ်ခုထပ်ပြောပါရစေ အဖေတစ်ယောက်က သမီးဖြစ်သူကို ဆေးခန်းခေါ် လာပြီး ဆရာဝန်မထံ ရောဂါလာပြတာပါ။ “သမီးက ဘာဖြစ်လို့လဲ´´ ဆရာဝန်မက မေးတော့ အဖေဖြစ်သူက “ဆရာမ သမီးက ဗိုက်ထဲခါးထဲမှာ တစ်ချက်တစ်ချက်နာကျင်တယ်တဲ့ အဲဒါကြောင့် လေဆေး တွေ အစာကြေ ဆေးတွေ ကျွန်တော်တိုက်ပေမယ့် မသက်သာဘူးဆိုလို့ အဲဒီမှာ ဆရာဝန်မက “ကလေးရဲ့ အမေမရှိဘူးလား ဒီလိုဖြစ်တာ သူ့အမေကိုပြောပြရင် ဘာလုပ်ရမယ်ဆိုတာလောက်တော့ အကြမ်းဖျဉ်းသိနိုင် ပါတယ်´´ လို့ဆို တော့ အဖေဖြစ်သူရဲ့ မျက်နှာမှာ ဘာကိုဘယ်လိုပြောရမလဲဆိုတဲ့ လက္ခဏာမျိုးဖြစ်သွားပြီးမှ သမီးမှာ အမေ မရှိ တော့လို့ပါ ဆရာမဘဲ စမ်းသပ်ပြီး သမီးကို ဘာလုပ်ရမယ်ဆိုတာ ညွှန်ပြပေးပါ´´ လို့ ဆိုတော့ ဆရာဝန်မ လည်း သဘောပေါက်သွားပြီး “လာသမီး ဆရာမ စမ်းသပ်ကြည့်ရအောင် ´´ ဆိုကာ စမ်းသပ်ခန်းထဲခေါ် သွားခဲ့တယ်၊ သမီးဖြစ်သူမှာလည်း သူကအဖေက အမေမရှိဘူးဆိုလိုက်တော့ ခေါင်းလေး အောက်ငုံကာ မျက်နှာလေးညိုးသွားလေတယ်လေ။ ခင်ခ မဟေသီကို ဆေးခန်းလိုက်ပို့ရင်း ကြုံခဲ့တာလေးပေါ့။ ဒါကြောင့် လောက မှာ အဖေလည်းကိုယ်ဘဲ အမေလည်းကိုယ်ဘဲ ဆိုပြီး အစားထိုးနိုင်တယ်ဆိုတဲ့နေရာမှာ ကလေး တွေရဲ့စိတ်ထဲမှာတော့ အဖေရှိလျှက် အမေရှိလျှက် အစားထိုးမျှဝေတာမျိုးဆိုရင် သူ့တို့လေးတွေရဲ့ စိတ်မှာ နွမ်းလှတဲ့ခံစားမှုတွေကို မသိစိတ်အစဉ်မှာတော့ ဖြစ်နေတတ်မှာပါ။ အဲဒီစိတ်တွေကို တစ်ချို့အားတင်း ရတဲ့ ကလေးတွေထဲက တစ်ချို့ဟာ စိတ်ကိုအားတင်းရသဖြင့် ဂျစ်ကန်ကန် ရိုင်းဆိုင်းဆိုင်းတွေ သည်းခံစွမ်း နည်းတာတွေလည်း ဖြစ်တတ်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး လက်ထက်ထိမ်းမြား အကြင်လင်မယားအဖြစ် ပေါင်းသင်းကာအိမ်ထောင်ပြုကြတယ်ဆိုတာ တစ်ကိုယ်ရေတကာယသမားတွေကလွဲပြီး နှစ်ဦးတည်းပေါင်းဖက် ကြတာမဟုတ်ပါဘူး သူ့မိဘ သူ့ဆွေမျိုး သူ့အသိုင်းအဝန်း ကိုယ့်မိဘ ကိုယ့်ဆွေမျိုး ကိုယ့်အသိုင်းအဝန်း မတော်လို့မရ တော်စပ်ကြကာ ပြောဆိုဆက်ဆံကြတာမို့ လိမ္မာပါးနပ်ဖို့လိုသလို ပျားလည်းစွဲသာ ရှဉ့်လဲ လျှောက်သာပြုတတ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် ဘယ်လိုဘဲဖြစ်ဖြစ် တည်ဆောက်ပြီးတဲ့ အိမ်ထောင်ရေးကို သားတွေ သမီးတွေ ရလာကာမှ မိသားစုဆိုတဲ့ အသိုက်အမြုံလေးဖြစ်တည်လာမှ မပြိုကွဲကြပါနဲ့ ပြိုကွဲအောင် မဖန်းတီးကြပါနဲ့ လို့အကြံပြုပါရစေ။

မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်း စည်းစည်းလုံးလုံးလေးရှိနိုင်လေ ကောင်းလေလေပါဘဲဗျ၊ မိသားစုရဲ့ အရင်း အမြစ်ဖြစ်တဲ့ အဖေနဲ့အမေကတော့ တစ်ဦးနဲ့တစ်ဦး ဘယ်အချိန်ဘဲဖြစ်ဖြစ် ချစ်နေကြဖို့ ဖေးမကာ သံဃောဇဉ် ရှိနေကြဖို့လိုပါတယ်၊ အဲဒီမှာ မိသားစုကို အင်္ဂလိပ်လို FAMILY လို့ခေါ်ပါတယ်။ FAMILY ဆိုတဲ့ ဝေါဟာရလေး က ဒီလိုဖြစ်တည်ခဲ့တာပါ။

Father

And

Mother

I

Love

You

ဆိုတော့ စာလုံးအဓိပ္ပါယ်လေးတွေရဲ့ ရှေ့ဆုံးစာလုံးတွေကို တစ်လုံးစီစုလိုက်တော့ FAMILY ဆိုတဲ့ မိသားစု ဆိုတာ လေးဖြစ်တည် တာမို့ အတော်ကို အဓိပ္ပါယ်ပြည့်စုံတဲ့ စကားစုလေးပါ။ ဒါကြောင့် “မိသားစုလေး သာယာလှပ စေဖို့ ဖေနဲ့မေတို့ ထာဝစဉ် ချစ်ကြပါစို့ ´´လို့ ဝါကျွတ် ကာလလွန်မြောက်လို့ မင်္ဂလာဆောင် ကြမယ့် မင်္ဂလာ မောင်နှံများကို ခင်ခ မှ စကားစာသားလေး လက်ဖွဲ့အဖြစ် ပေးလိုက်ပါရစေလို့ ………………။

စာဖတ်ပရိတ်သတ်ကြီးကို ခင်ခမှ ကျေးဇူးပါနော်။

 

 

 

 

ခင်ခ။

၂၀၁၃ခုနှစ် အောက်တိုဘာလ (၁)

 

15 comments

  • KZ

    October 2, 2013 at 6:55 pm

    Thank you so much for FAMILY.
    😀

  • Mr. MarGa

    October 2, 2013 at 7:41 pm

    Family ဆိုတဲ့ နွေးထွေးမှုကို အစားထိုးဖို့ကအတော်ခက်ပါတယ်။
    မိဘတွေရဲ့ ပြဿနာတွေဟာ ဘာမှမသိသေးတဲ့ ကလေးငယ်အတွက်တော့ အရမ်းကြီးမားတဲ့ ဒဏ်ရာတွေ ဖြစ်လာတတ်ပါတယ်။
    ဒါကြောင့်မို့ လေးခနောက်က လိုက်ပါရစေ :mrgreen:

  • TNA

    October 2, 2013 at 9:49 pm

    အားလုံးကကံတရားတွေပဲပေါ့ ကိုခင်ခရယ်။ မိဘဆိုတာ သားသမီးကိုရွေးချယ်လို့မရသလို သားသမီးကလဲ မိဘကိုရွေးချယ်ခွင့်မရကြပါဘူး။ အခန့်မသင့်လို့ Broken Family ဖြစ်လာပြီဆိုရင်တော့ သားသမီးတွေက မြေစာပင်ဖြစ်ရတော့တာပါပဲ။ ကျွန်မကြုံဖူးတဲ့ကလေးတွေကတော့ စိတ်ပိုင်းဆိုင်ရာ တော်တော်လေးထိခိုက်ပျက်စီးနေတာတွေ့ရတယ်။ စိတ်မကောင်းစရာပေါ့ရှင်။ ကျွန်မတို့ မိစုံဖစုံကြီးပြင်းခွင့်ရတာ တော်တော်လေးကံကောင်းပါတယ်။

    • ခင် ခ

      October 2, 2013 at 10:40 pm

      မသဲရေ ကံတရားဆိုပေမယ့် ချစ်တတ်အောင်ချစ်ကြရင်ဖြင့် သာယာဖွယ် အိမ်ထောင် မိသားစု ဆိုတာဖြစ်တည်မှာပါ။
      ဘယ်သူမပြုမိမိမှု လို့တောင်စာချိုးလေးရှိတယ်မလားဗျ

  • ဦးဦးပါလေရာ

    October 3, 2013 at 7:00 am

    ကျုပ်​တို့နိုင်​ငံမှာ​တော့ အရင်​မျိုးဆက်​အထိ သားသမီးကိုငဲ့ပြီး အိမ်​​ထောင်​မကွဲပဲ ​နေကြတာများပါတယ်​။ အခုမျိုးဆက်​မှာ​တော့ ကိုယ်​့ကိုယ်​ကို ဗဟိုပြုတဲ့ အ​တွေးအမြင်​ ခံယူချက်​​တွေ များလာတာမို့ ဒီ​ခေတ်​မှာ အိမ်​​ထောင်​ကွဲ တဲ့နှုံး သိသိသာသာများလာတယ်​။
    ​နောင်​လဲ ဆထက်​ထမ်​းပိုး ပိုများလာဖို့ပဲရှိပါတယ်​။

  • sorrow weaver

    October 3, 2013 at 11:28 am

    မြင်တယ်နော်.ဦးခရေးထားတာ .လေယဉ်မယ်မကြီး ….ခင်ဗျား ကျပ်ကျပ် သတိထားပါ…ကျုပ်ကို လက်ထပ်သိမ်းပိုက် ဖို့ ကြိုးစားနေတယ်ဆိုတော့ကာ….အဟိဟိ

  • Myo Thant

    October 3, 2013 at 12:26 pm

    အင်း . . .
    ကျနော်က ၈ လသားမှာ အမေတစ်ခုသားတစ်ခုဖြစ်လာတယ် ၊
    ငါ အိမ်ထောင်ကျရင် ငါ့သားသမီး ဒီလိုမဖြစ်စေရဘူး လို့ ကြွေးကြော်ခဲ့ပေမယ့်
    တည့်တည့်ကို တိုးခဲ့တယ် ၊
    သားသမီးမျက်နှာနဲ့ ကမ႓ာ့သည်းအခံဆုံးလူသားလိုနေခဲ့ပေမယ့်
    စော်ကားလွန်းလာတော့လည်း ဘယ်ရတော့မလဲလေ ၊
    ဒါပေမယ့် ကလေးတွေအတွက် ကျနော်ဟာ အဖ ကျနော်ဟာ အမိ
    အဲသလိုရှိစေအောင် ကြိုးစားနေပါတယ် ၊
    အားလုံးသော ရွာသူရွာသားများ မိသားစု စုံစုံညီညီနဲ့ ချမ်းမြေ့နိူင်ကြပါစေ ၊

  • ဗုံဗုံ

    October 3, 2013 at 1:14 pm

    (ဝါကျွတ် ကာလလွန်မြောက်လို့ မင်္ဂလာဆောင် ကြမယ့် မင်္ဂလာ မောင်နှံများကို ခင်ခ မှ စကားစာသားလေး လက်ဖွဲ့အဖြစ် ပေးလိုက်ပါရစေလို့ ………………။)
    အဲ့ထဲမှာ မီးရော ပါလားဟင်င်င် ..လေးခ..
    :mrgreen: :mrgreen:

  • မှတ်ထားပါ့မယ် လေးခ။ ပို့စ်အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အဖေ့ကိုတောင်လွမးသွားတယ်။

  • surmi

    October 4, 2013 at 10:54 am

    အ​ကောင်​းဆုံး family များတည်​​ဆောက်​နိုင်​ကြပါ​စေဗျာ

  • kyeemite

    October 4, 2013 at 1:27 pm

    ကိုခရဲ့ family ဖွင့်ပုံလေးသဘောကျပါ၏
    အော်မိသားစုဘဝတွေ ပျော်ရွှင်ကြပါစေ
    သီတင်းကျွတ်ရင်အကန်တော့ ခံရပေအုံးမယ်
    ငွေလည်းတသွင်သွင်စီးထွက်ပေအုံးမယ် 😀

  • lele kyi

    October 4, 2013 at 7:21 pm

    အင်းးးဟုတ်တယ် မိဘတွေရဲ့ ပဋိပက်ခတွေ က သားသမီးတွေပေါ်တော်တော်လေးသက်ရောက်တယ်ဆိုတာ တကယ်ပါ။ အမြဲတမ်း အရှေ့နဲ့အနောက် လို ဘယ်တော့မှငြိညှိုင်းမရပဲ အမြဲတမ်း စစ်မျက်နှာပြင်ဖွင့်နေတဲ့ မိဘ နှစ်ပါးရဲ့ သက်ရောက်မှုတွေ အချိန်အတိုင်းအတာတစ်ခုထိ ကျမအပေါ်လွမ်းမိုးခဲ့ဘူးတယ်။ မိဘတွေရဲ့ စီစဉ်မှုကြောင့် မတတ်သာလို့ မေမေ က ဖေဖေ့ကို လက်ထက်ခဲ့ရတာဆိုတော့ သည်းမခံဘူး။ အမြဲ အရွဲ ့တိုက်တာ။အဲ့ဒီ ပဠိပခ မွမ်းကြပ်မှုတွေရဲ့ ထွက်ပေါက် အဖြစ် ကျမ မှန်တွေ တော်တော်များများကို ခွဲပစ်ခဲ့ဘူးတယ်။ ဟီးး ကိုယ်နိုင်ရာကိုယ်မဲတာပေါ့။

  • alinsett ( Gazette )

    February 23, 2014 at 9:23 pm

    တန်ဖိုးကြီးသော..အတွေးစလေး…
    ရေးပြပေးတဲ့အတွက်.. ကျေးကျေးပါ..လေးခရေ… ။

    လေးခကို လွမ်းလို ့.. လေးခ စာတွေ ပြန်ရှာဖတ်နေမိပြီ…

  • Novy

    February 24, 2014 at 2:38 pm

    ကျေးဇူပါ ကိုခနဲ့ အလင်းဆက်ရေ..
    အခုမှဖတ်မိတဲ့ ပိုစ်လေးပါပဲ

  • ကို ခ ရေ အ ခု မှ ဖ တ်မ ိ ပါ သ ဗျာ

    အ ရွယ် မ တိုင် မီ မိ ဘ နဲ့ ခွဲ ခွာေ နရ သူ များ ဒီ ပိုစ် ကို ဖတ် မ ိရင် မျက် ရည် လည် မိ တာအ ေ သ အချာ ပါဘဲ

Leave a Reply