မြေပဲ စားသုံးခြင်း အကျိုး

ဆူးAugust 4, 20101min1155

မြေ​ပဲ​သည် အ​သက်​အ​ရွယ်​ကြီး​ရင့်​လာ​ချိန်​တွင်​မှတ်ဉာဏ်​ ယုတ်​လျော့​ကျ​ဆင်း​သည့်​ အယ်​ဇိုင်း​မား​ ရော​ဂါ ဖြစ်​နိုင်​ခြေ​ကို​ လျော့​နည်း​ ကျ​ဆင်း​စေ​ကြောင်း​ သု​တေ​သီ​များ​က ​ပြော​ကြား​လိုက်​သည်​။ မြေ​ပဲ​တွင်​ပါ​ဝင်​သည့်​ဗီ​တာ​မင်​ e​ က​ အယ်​ဇိုင်း​မား​ကို​ တိုက်​ဖျက်​ရာတွင် အ​ကျိုး​ ကျေး​ဇူး​ များ​ပြား​ကြောင်း​ သု​တေ​သ​န​ရ​လဒ်​များ​က​ဖော်​ပြ​လျက်​ ရှိ​သည်​။ ယင်း​ဗီ​တာ​မင်​ဓာတ်​ကို​မြေ​ပဲ​ အ​ပြင်​သစ်​သီး​အ​ချို့​၏​အ​စေ့​များ​နှင့် သံ​လွင်​ဆီ​တို့​တွင်​လည်း​တွေ့​ရ​သည်​။ ​ဗြိ​တိန်​တွင်​အယ်​ဇိုင်း​မား​ ဝေ​ဒနာ​ရှင် လေး​သိန်း​ကျော်​ရှိ​ပြီး​နေ့​စဉ်ငါး​ရာ​ကျော်​မျှ​ဝေ​ဒ​နာ​ခံ​စား​ရ​သူ​ အ​ရေ​အ​တွက် တိုး​ပွား​လျက်​ရှိ​သည်​။​ ဆွီ​ဒင်​နိုင်ငံ​မှ​သု​တေ​သီ​များ​သည်​အ​သက်(​၈၀) ​ကျော် လူ​ပေါင်း(​၂၃၂)ဦး​၏​သွေး​ထဲ​တွင်​ဗီ​တာ​မင်​ e ​ပါ​ဝင်​မှု​နှင့်​ အယ်​ဇိုင်း​မား​ရော​ဂါ ဆက်​စပ်​ ခံ​စား​ရ​သည့်​အ​ခြေ​အ​နေ​တို့​ကို​စ​နစ်​တ​ကျ​သု​တေ​သ​န​ပြု​လုပ်​ ခဲ့​သည်​။ (​၆)​နှစ်​ကြာ​လေ့​လာ​မှု​များ​အပြီး​တွင်​ယင်း​တို့​အ​နက်​(​၅၇)​ရာ​ခိုင်​ နှုန်း​သည် အယ်​ဇိုင်း​မား​ဝေ​ဒ​နာ​ကို​ခံ​စား​လာ​ရ​ပြီး​ယင်း​တို့​အား​လုံး​မှာ​အယ်​ ဇိုင်း​မား မ​ဖြစ်​သူ​များ​ထက်​ဗီ​တာ​မင်​ e​ သိ​သိ​သာ​သာ​ချို့​တဲ့​နေ​ကြောင်း​သိ​ရ​သည် ​။

ဆွီ ​ဒင်​နိုင်ငံ​၊​ စ​တော့​ဟုမ်း​မြို့​တော်​ရှိ​ ကာ​ရို​လင်​စ​ကာ​ ပ​ညာ​ရေး​ ဌာ​န​မှ ဦး​ဆောင်​သု​တေ​သီ​ဒေါက်​တာ​ဖ​ရန်​ဆက်​စ​ကာ​မန်​ဂ​လက်​ချီ​က​အယ်​ဇိုင်း​ မား​ရောဂါ စ​တင်​ဖြစ်​တည်​လာ​သည့်​အ​ကြောင်း​ရင်း​ကို​ရှာ​ဖွေ​ဖော်​ထုတ်​ရန်​အ​ခက်​အ​ ခဲ​များ ရှိ​နေ​သော်​လည်း​ဗီ​တာ​မင်​ e​ သည်​ကု​သ​ရေး​အ​တွက်​များ​စွာ​အ​ထောက်​အ​ကူ ပြု​နိုင်​သည်​ကို​မူ​အ​တည်​ပြု​နိုင်​ကြောင်း​ပြော​ကြား​သွား​သည်​။

5 comments

  • winne

    August 4, 2010 at 9:12 am

    ဒီလို ဆိုတော့ မြန်မာတွေ မြေပဲ ဆီ နေ့တိုင်း စားနေတာ အကျိုးတော့ ရှိသား

  • intro

    August 4, 2010 at 11:35 am

    ကျွန်တော်လဲ မြေပဲ ကြိုက်တယ်ဗျ… နေ့တိုင်းလိုလိုတောင် စားဖြစ်သေးတယ်

  • Yin Nyine Nway

    August 4, 2010 at 11:53 am

    မြေပဲ 6စေ့ က ကလူးဂိုစ့် 1လုံးနဲ့ ညီမျှတယ်ဆိုပဲ

  • winne

    August 5, 2010 at 9:16 am

    ဒါတော့ မသိဘူး မြေပဲ စေ့နဲ့ ဂလူးကိုစ့် ညီတာ မသိပါ။ ပြောပြပေးတဲ့ အတွက် ကျေးဇူးပါ။

  • Nyan Phyo Myint

    August 13, 2010 at 2:51 pm

    အယ်ဇိုင်းမားကိုကြောက်တယ်***မြေပဲစားတော့မယ်***ကျေးဇူး

Leave a Reply