မန္တလေးဂဇက် ရွာသူား အားလုံး မင်္ဂလာပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေနော…

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ၂၉၊၉၊၂၀၁၃ မနက်ပိုင်းက ကျနော် စွယ်တော်ရွက် ဖြစ်ချင်နေခဲ့တဲ့ ရွာ့ကွပ်ပျစ်ကလေး အသက်ဝင် လှုပ်ရှားခဲ့ပါပြီ။ ရွာသူား တွေ တွေ့ဆုံမယ့် ပွဲအတွက် ၂၈ ရက်နေ့ ညနေပိုင်းကတည်းက စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်ခဲ့ရတာပါ။ ကျနော့်စာသင်ခန်းက စားပွဲ ကုလားထိုင်တွေ ဖယ်ပစ်ပြီး ကြမ်းပြင်ပေါ် ပလပ်စတစ်ဖျာတွေခင်း၊ ဒူးတိုက်ဆွေးနွေးပွဲလုပ်မယ်ပေါ့။ ၀ှိုက်ဘုတ်မှာ တစ်ခုခု ရေးဖို့ လိုနေတဲ့ ဟာကွက်ကြီးကိုလည်း သိနေတယ်။ အခုတစ်လော အသုံးများနေသလို “တွေ့ဆုံပွဲ” လို့ပဲ ရေးရမလား၊ “ဆွေးနွေးပွဲ” လို့ပဲ ရေးရမလားပေါ့။

ဦးကြီးမိုက် ကြိုတင်စစ်ဆေးလိုအပ်သည်များလမ်းညွှန်မှာကြားဘို့ ရောက်လာတော့ တိုင်ပင်မိရော.. တစ်ခုခု ရေးကြရအောင်လို့လေ.. စွယ်တော်ရွက်ဆီမှာ တစ်ပိုင်းတစ်စ ရှိနေတဲ့ ကဗျာ အပိုင်းအစလေးတွေ ရေးထားဖို့ ပြောဖြစ်တယ်။ အလယ်တန်းကျောင်းသား ဘ၀လောက်က သင်ခဲ့ရတဲ့ ကဗျာလက်ရွေးစင် စာအုပ်ထဲကပါ။ အစအဆုံး မမှတ်မိတော့လို့ ဒီရွာထဲမှာတောင် ပို့စ် တစ်ပုဒ်အနေနဲ့ တင်ပေးခဲ့သေးတာ။ အရီးခင်လတ်တို့ ဖြည့်ပေးခဲ့တဲ့ ကဗျာလေးလေ.. ။ ခုလဲ အစ အဆုံး မရပြန်ဘူး။ ဦးကြီးမိုက်ကလည်း တစ်ပိုင်းတစ်စပဲရတယ်။ ၂ ယောက်ပေါင်းလည်း တစ်ပုဒ်လုံး မပြည့်ပြန်ဘူးဗျာ။ နောက်ဆုံး လူမစွမ်း နတ်မ ဆိုတဲ့ စကားအတိုင်း သကြားမင်းဆီ စစ်ကူလှမ်းတောင်းရတော့တာပေါ့။ ခေတ်လူငယ်တွေများ တော်လိုက်တာ မိနစ်ပိုင်းအတွင်း တွေ့အောင် ရှာနိုင်တယ်ဗျာ.. ။ သဟာနဲ့ မန္တလေးကနေ ဖုန်းနဲ့ရွတ်ပြ၊ ဒီဖက်မှာ တစ်ယောက်က ၀ှိုက်ဘုတ်ပေါ်၊ တစ်ယောက်က စာရွက်ပေါ် ချရေးပြီး လိုက်ကူးရတာပေါ့။ ပြီးတော့မှ ဦးကြီးမိုက်က ၀ှိုက်ဘုတ်ပေါ်မှာ အချောရေးပေးခဲ့တာ။ သူပြန်သွားမှ ကျနော်က ၀ှိုက်ဘုတ်ကို ပြောင်အောင် လိုက်သုတ်ပေးခဲ့တာ.. ကဲ……. ကဲ.. ဒီမှာ ကြည့်ကြပါဗျို့..

White Board ပေါ်က ကဗျာ။

White Board ပေါ်က ကဗျာ။

၂၉၊၉၊၂၀၁၃ ရက် တနင်္ဂနွေ မနက်အစောကြီး ၄ နာရီခွဲလောက်ကတည်းက နိုးနေတော့တာ။ ပြန်အိပ်လို့လည်း မရမယ့်အတူတူ ကွပ်ပျစ်တင်မက ပါတ်ဝန်းကျင်ကိုပါ သန့်ပြီးတောက်ပြောင်သွားအောင် ရှင်းလင်းနေမိတော့တယ်။ မနက် ၇ နာရီမခွဲခင် ရွာလူကြီးတွေ တဖွဲဖွဲ ရောက်လာပါလေရော.. ဦးကြီးမိုက်၊ ဦးဦးပါလေရာနဲ့၊ ကိုပီချိုကြီးတို့က အောက်မှာ ကြိုဆိုရေးလုပ်နေတုန်း စားစရာ မုန့်ထုပ်တွေ တနင့်တပိုးနဲ့ ပထမဦးဆုံး တက်လာတာက မမပဒုမ္မာတို့ အမွှာညီအစ်မပါ။ စွယ်တော်ရွက်ကတော့ ရေနွေးအိုးကို ဒိုင်ခံတည်နေရတော့တာပေါ့။ ဦးကြီးမိုက်တို့ ဦးဦးပါတို့က လက်ဖက်ရည်ဆိုင် ထိုင်လာခဲ့တာဆိုပြီး မသောက်ပေမယ့် ၂ ခွက်စီ ဆင့်သောက်သွားခဲ့သူ ၃ ဦးတိတိ ရှိခဲ့ပါသဗျ။

တစ်ဦးကတော့ အခြားသူမဟုတ်- ကျနော်စွယ်တော်ရွက် ကိုယ်တိုင်ပါခင်ဗျာ၊

ကိုယ်တိုင်ဖျော်တဲ့ကော်ဖီမို့ပြောတာမဟုတ်ဘူး ကော်ဖီကလည်းတကယ်ကောင်းကိုးးးးPremier 3 in 1 လေ။

“၁ ထုပ်ကို ၃ ခွက် ဖျော်သောက်ရမယ်လေ 3 in 1 လို့ ရေးထားတာ မတွေ့ဘူးလား” ဆိုတဲ့ ဆရာနေ၀င်းမြင့်ရဲ့ အတွေ့အကြုံ စာသားလေးတွေကိုတောင် သတိရမိသေးဗျာ..

မမပဒုမ္မာတို့ ၀ယ်လာတဲ့ မုန့်တွေကလည်း အမျိုးစုံ အများကြီးပါပဲ။ စွယ်တော်ရွက်တာဝန်ယူတဲ့ ရေနွေးကြမ်းနဲ့ ၀ိုင်းကြတာပေါ့ဗျာ။ စကားတွေလည်း အများကြီးပြော၊ အစားတွေလည်း အများကြီးစားပါပဲ။ စားပွဲ ၂ နေရာပြင်ထားတာကို ဝေးလို့တဲ့၊ ၂ ၀ိုင်းကို ၁ ၀ိုင်းပေါင်းပြီး တကယ့် ဒူးတိုက်ဆွေးနွေးပွဲပ..  အရီးခင်လတ် တောင်းဆိုထားခဲ့တဲ့အတိုင်း အကျွေးအမွေးက ဒီမှာပါ။

သွားရည်ကျမစိုးလို့ ကော်ဖီခွက်တွေမပါအောင်ရိုက်ပြထားတာပါ။

သွားရည်ကျမစိုးလို့ ကော်ဖီခွက်တွေမပါအောင်ရိုက်ပြထားတာပါ။

မန္တလေးဂဇက် အတွက် တတ်နိုင်တဲ့နေရာက ကူညီပေးချင်နေတာ ဒီကွပ်ပျစ်လေးကိုလုပ်ပေးချင်နေတာကြာလှပေါ့။

ကိုယ့်ရွာသူားတွေလွတ်လွတ်လပ်လပ်ဆုံတွေ့နိုင်မယ့်နေရာလေး တစ်ခုအဖြစ်ရှိပေးနေချင်လို့ပါခင်ဗျ။

တလက်စတည်း ဒါဇင်ပလပ်အဖွဲ့ကိုပါ ကွပ်ပျစ်လေးမှာလာဆုံကြဘို့ဖိတ်ခေါ်ပါတယ်နော်။

ငွေအားနဲ့မကူနိုင်သေးတာမို့ ကိုယ်ပေးနိုင်တဲ့နေရာလေးနဲ့ဘဲကူညီခွင့်ပြုပေးပါ။

နောက်နောင် လစဉ်လတိုင်း ဆုံစည်းနိုင်အောင်ကြိုးစားကြစေချင်ပါတယ်။

ဖတ်ရွေးဆိုင်ရာကိစ္စလေးတွေကို အကြောင်း ပြုပြီးတော့ဖြစ်ဖြစ်၊ ရွာသူားတစ်ယောက်ယောက်ရဲ့ မွေးနေ့ပွဲလို၊ ကင်မွန်းတပ်၊မဏ္ဍပ်တိုင်တက်ပွဲလို အထိမ်းအမှတ်ပွဲလေးတစ်ခုခုဖြစ်ဖြစ် လုပ်ချင်တယ်ဆို ရွာ့ကွပ်ပျစ်လေးကို မမေ့ကြပါနဲ့လို့ပြောပါရစေနော။

ရွာကွပ်ပျစ်ကလေးမှာ ဆုံကြဦးစို့ရဲ့၊ ပျော်ပျော်ပါးပါးပေါ့။

With respect,

Swal Taw Ywet.

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012