နားစွန် နားဖျား ရပ်ကွက် – ၂

black chawOctober 3, 20131min19818

ဘလက်ကြီးက နား နည်းနည်း လေးပါတယ်…။
နားလေးသူတွေရဲ့ ထုံးစံအတိုင်း ကြားချင်တာကိုကြားပါတယ်…။
ဒါကြောင့် ဘလက်ကြီးကြားသမျှ ဟာ နားစွန်နားဖျားတွေသာ ဖြစ်နေရတာပါ…။
ဆိုတော့ အခု ဘလက်ကြီးရဲ့ နားစွန်နားဖျားကြားသမျှလေးတွေပေါ့ ကိုကိုတို့ရယ်…။
ဟေးဟေး…။
ဒီနေ့ အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၅ နာရီမှာ တဲ့
ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာတဲ့…
Miss Universe Myanmar နောက်ဆုံးအဆင့် ပြိုင်ပွဲရှိတယ်တဲ့…။
လှပ၍ ကျန်းမာပြီး အိုင်ကျူမြင့်သော မိန်းမ အယောက် ၂ဝ ထဲက ၁ ယောက်ရွေးမှာတဲ့…။
အဲဒီတစ်ယောက်က ရုရှားနိုင်ငံ မော်စကို မှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို သွားခွင့်ရမတဲ့…။
အို…ပြောရင်းနဲ့တောင် ရင်တွေတုန်လာတယ်…။
မပြောမရှိနဲ့နော်…။
ဝတ်စုံ ၃ စုံ နဲ့ ယှဉ်ပြိုင်ကြမှာတဲ့…။
ဟေးဟေး…။
အော်…ရေကူးဝတ်စုံ လည်း ပါတာပေါ့ကွယ်…။
ကဲ ရွာထဲက စိတ်ဝင်စားကြတဲ့ ကာလသားတွေ မှန်ပြောင်းလေးတွေကို ကိုယ်စီကိုင်စွဲလို့
အမျိုးသားဇာတ်ရုံသို့ ချီတက်ကြပါစို့…လို့…အမျိုးသားစိတ်တက်ကြွနိုးကြားကာ နှိုးဆော်အပ်ပါတယ်ဗျား…။
ပြည်သူတွေရဲ့ မေတ္တာတွေ ခံယူနေရတဲ့ စကိုင်းနက် ကလည်း တိုက်ရိုက်လွှင့်မယ်ဆိုတဲ့ အကြောင်း တစ်ချိန်လုံး
ကြော်ငြာနေပါတယ်ဗျာ…။
ကဲ…ဒီည…Miss Universe Myanmar မလေးတွေရဲ့ အလှအပလေးတွေကို အတူခံစားကြရအောင်ဗျာ…။
Miss Universe ဆိုလို့
ခင်ဝင့်ဝါလေးတစ်ယောက် Miss Internet ဆုရရှိပြီးနောက်မှာ အနုပညာအလုပ်တွေကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့..
Star Model Int’l မှ ဂျွန်လွင်ကြီးကို လျော်ကြေးငွေ သိန်း ၃ဝ ပေးပြီး စာချုပ်ဖျက်သိမ်းလိုက်သတဲ့…။
ဟေးဟေး…။
လွတ်လပ်စွာ ပျံသန်းနိုင်မှ ကောင်းကင်ပေါ်ပျံသန်းလို့ရမှာပေါ့…နော…။
ချုပ်သင့်တဲ့ အချိန်ချုပ်ပြီး ဖျက်သင့်တဲ့ အချိန်လည်း ဖျက်ရမှာပဲပေါ့ ကိုကိုတို့ရယ်…။ နော…။
တစ်ချိန်တည်းမှာပဲ
ဖိလစ်ပိုင်မယ် မစ်စ်မီဂန်ယောင်း ကတော့ မယ်ကမ္ဘာသရဖူကို သိမ်းပိုက်ရရှိသွားပြီဆိုလား…။
အင်း…Miss Internet တောင် စာချုပ်ဖျက်သိမ်းဖို့ သိန်း ၃ဝ ပေးရရင် Miss World မီဂန်ယောင်း လေး တော့ သူ့
အေဂျင်စီနဲ့ စာချုပ်ဖျက်သိမ်းမယ်ဆိုရင် သိန်း ၃၀၀၀ဝ လောက်နဲ့မှ ရမယ်ထင်တယ်ဗျ…။
မဆီမဆိုင်တွေးမိတာလေးပါဗျာ…။

မငယ်လို့ ချစ်စနိုးခေါ်ကြတဲ့ မေခလာ ကြီးနဲ့ မဆွေလို့ ချစ်စနိုးခေါ်ကြတဲ့ မေဆွိတို့ရဲ့
Two Women Show ကို
အောက်တိုဘာ ၁၁ ရက် အမျိုးသားဇာတ်ရုံမှာ Plus 3 Music Band နဲ့ ဖျော်ဖြေတင်ဆက်ကြမယ်ဆိုလား…။
မေဆွိ နဲ့ မေခလာ ဆိုရင် ကိုင်ဇာကြီးများ ပါနေဦးမလားမသိ…။
ငါထင်တယ်…ပါလိမ့်ဦးမယ်လို့…ငါထင်တယ်နော်…။ ဟေးဟေး…။
စောင့်ကြည့်ကြတာပေါ့နော့်…။

နိုင်ငံရေးဘက်နည်းနည်း လှည့်ကြဦးစို့ရဲ့…။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ဗဟိုကော်မတီဝင် ဝန်ကြီး ၂ ပါးရဲ့ စကားလေးတွေ
နားစွန်နားဖျားကြားမိတာလေးပါ…။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရဲ့
ဒေါ်လာတစ်သောင်းတောင် နိုင်ငံခြားမှာ မရှိဘူး…။ ရှိတယ်ဆိုရင် ကျွန်တော့်ကို ထောင်ထဲထည့်လိုက်…။
ဒါအောက်တန်းစားနိုင်ငံရေးလုပ်တာဗျ…။

ရယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားတာလေးရယ်…။
ဦးအောင်မင်း ပိုက်ဆံ အချိန်မရွေး စစ်လို့ရတယ်။ အခုပိုက်ဆံစိုက်ပြီး လုပ်နေတာ ငြမ်းချမ်းရေးလိုချင်လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီး လုပ်နေတာ…။ ဘယ်အိမ်ရောင်းထားလဲ သိချင်ရင် လိပ်စာပေးလိုက်မယ် သွားကြည့်လို့ရတယ် ဆိုတဲ့
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ စကားလေးရယ်…
ဟေးဟေး ကြားမိတယ်ပေါ့ ကိုကိုရယ်…။
ဦးစိုးသိန်းတို့ ဦးအောင်မင်းတို့ ရှေ့ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘယ်လောက်ကျင်းပနေပါစေ
အရေးကြီးတာက ဘာလဲဆိုတာကို KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါရောလား…။
သူပြောသွားတာကိုက တပ်မတော်နဲ့ အစိုးရ မတူဘူးလိုလို ဘာလိုလို…။
လူဆိုး…။
တပ်မတော်မပါဘဲ အစိုးရနဲ့ ငြိမ်းချမ်းရေးရရုံနဲ့ တကယ့်အစစ်အမှန် ငြိမ်းချမ်းရေးလုံးဝ မရနိုင်ပါဘူး…။
ဆိုပဲ…။
ယနေ့ တိုင်းပြည်မှာ အလှည့်အပြောင်းလုပ်မယ်ဆိုရင် တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ ဘာမှ လုပ်လို့ မရဘူး…။
ဆိုပဲ…။
ကွယ်…သမ္မတကြီးကို အားနာစရာ…။
ဦးအောင်မင်းတို့ ဦးစိုးသိန်းတို့ကို အားနာစရာ…။
ဟေးဟေး…။

မုဒိန်းမှုလေးတွေဘက် လှည့်ကြဦးစို့ရဲ့…။
မုဒိန်းမှုပဲ ဘာထူးဆန်းသလဲ လို့ တော့ မပြောနဲ့ကွယ်
တပ်မတော်သား တစ်ဦးနဲ့ ရဲဝန်ထမ်း တစ်ဦးတို့ ကျူးလွန်တဲ့ မုဒိန်းမှုတွေပါဗျာ…။
အဲဒါကိုကပဲ ထူးဆန်းနေပါပြီ…။
တပ်မတော်သားတစ်ဦး က အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်တယ်တဲ့…။
ပြီးတော့မှ ဓါးနဲ့ ခုတ်သတ်တာတဲ့…။
အဲဒါ ကျူးလွန်တဲ့ တပ်မတော်သား ကို သေဒဏ်ပေးလိုက်သတဲ့…။
ကွယ်…ရင်ထိတ်စရာကြီးပါ…။
ဖြစ်တာက တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ထဲမှာတဲ့…။
ကျူးလွန်သူက အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ တပ်သား ဖိုးသား တဲ့…။
အမှတ် (၆၀) ခြေလျင်တပ်ရင်းကတဲ့…။
သတ်ဖြတ်ခြင်း ခံရသူက ဒေါ်သင်းသင်းဆွေတဲ့…။ အသက် ၃ဝ အရွယ်တဲ့…။
အင်း…ကျွန်တော်တိုု့လည်း ဘာများတတ်နိုင်ပါဦးမည်နည်းပေါ့ဗျာ…။

ရဲဒုတပ်ကြပ်တစ်ဦးကတဲ့…
အသက်မပြည့်သေးတဲ့ မိန်းကလေးကိုတဲ့…
(အသက်ကို မမေးမိလို့ နေမှာပေါ့ဗျာ…၊ တကတည်း)
အဓမ္မပြုကျင့် တဲ့ သတင်းလေးလည်း ကြားရသဗျ…။
လှိုင်သာယာမြို့နယ်ထဲမှာ ဖြစ်တာတဲ့…။
အော်ကွယ်…လုပ်ကြပေါ့ ရှင်တို့က ရဲတွေကိုး ဆိုတဲ့ စကားလေး သွားသတိရမိသေးတယ်…။ ဟေးဟေး…။
အေးလေ…ရှင်တို့က ရဲတွေပဲ လုပ်ကြပေါ့နော့…။

အများစိတ်ဝင်စားကြတဲ့ ဘောလုံးဘက် လှည့်ကြဦးစို့ရဲ့…။
ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲမှာရော ချံပီယံလိဂ် ဘောလုံးပြိုင်ပွဲမှာပါ နိုင်ပွဲဆက်နေတဲ့ အာဆင်နယ် အသင်း
အားပေးသူတွေဟာ အရင်နှစ်တွေကလို ဖလားလက်မဲ့အခြေအနေမျိုး မကြုံချင်ကြတော့ကြောင်း
နားစွန်နားဖျားကြားမိပါတယ်ဗျာ…။ ဟေးဟေး…။

ပြီးခဲ့တဲ့ အပတ် မန်ယူ နဲ့ ဝက်စ်ဘရွန့်ပွဲမှာ မြန်မာအားကစားဂျာနယ် ပွဲကြိုဆရာတွေ အလွဲကြီးလွဲကြတယ်ဆိုလား…။
ဟေးဟေး…။

ကဲဗျာ…ဒီတစ်ခါတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါလို့…။
နောက်တစ်ခါ ဒီ့ထက် ထူးမည်…။
Miss Universe Myanmar ရွေးပွဲလေးမေ့နေဦးမယ် ကိုကိုတို့ရေ…။
ချစ်ခင်လေးစားတဲ့
တကယ်…ဘလက်ချော…။

18 comments

  • TNA

    October 3, 2013 at 5:58 pm

    နားစွန်နာဖျားလေးအားပေးသွားဘာတယ် ဦးဘလက်ရေ။ နားစွန်နားဖျားကြားတာလေးထပ်ပြောရရင် ဂျွန်လွင်ကြီးက နန်းခင်ဇေယျာလေး လျှော်တဲ့ သိန်းသုံးဆယ်ကို ၂၈ သိန်းတန်ဖိနပ်ဝယ်စီးမယ်ဆိုလား။ ပိုက်ဆံမချိလို့တောင်းတာမဟုတ်စော်ကားလို့တောင်းတာဆိုပဲ။ ဒီညတော့ စကိုင်းနက်မရှိလို့ မနက်ဖြန်မှ လေးဘလက်ရဲ့ နားစွန်နားဖျားသတင်းဆက်မျှော်နေဘာမည်။ 😀

    • Foreign Resident

      October 3, 2013 at 7:18 pm

      ” ခင်ဝင့်ဝါလေးတစ်ယောက် Miss Internet ဆုရရှိပြီးနောက် – – – –
      Star Model Int’l မှ ဂျွန်လွင်ကြီးကို လျော်ကြေးငွေ သိန်း ၃ဝ ပေးပြီး စာချုပ်ဖျက်သိမ်းလိုက်သတဲ့ ”

      ” ဂျွန်လွင်ကြီးက နန်းခင်ဇေယျာလေး လျှော်တဲ့ သိန်းသုံးဆယ်ကို
      ၂၈ သိန်းတန်ဖိနပ်ဝယ်စီးမယ်ဆိုလား ”

      အွန် ၊ ခင်ဝင့်ဝါလေး ရော ၊ နန်းခင်ဇေယျာလေး ပါ ၊
      ၂ ယောက် စလုံးက ၊ ဂျွန်လွင့် ဆီက ထွက်ပြီး ၊
      ၂ ယောက် စလုံးက ၊ ဂျွန်လွင့် ကို သိန်း ၃ဝ စီ လျှော်လိုက်ရတာလား ။

      • alinsett

        October 3, 2013 at 10:01 pm

        သတင်းတွေများ..
        အံ့ပါ့..။

        :kwi:

  • DEPARKO DEPARKO

    October 3, 2013 at 6:00 pm

    ထူးဆန်းပါပေ့တော့ကိုတွတ်ပီ

  • zaw min

    October 3, 2013 at 10:18 pm

    No.16 မိုးစက်ဝိုင် က Miss Universe Myanmar ရရှိသွားပါတယ်…
    နောက်ထပ် မြန်မာပြည်က အမြဲတမ်းရနေတဲ့ Miss Internet ဆုကိုရရှိဖို့ကတော့ 100% သေချာပါတယ်လို့ ကြိုတင်အသိပေးလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးး

  • zaw min

    October 4, 2013 at 12:28 am

    နောက်ဆက်တွဲ သတင်းတစ်ခုကတော့ ခင်ဝင့်ဝါ အဒေါ်လာလျော်သွားတဲ့ သိန်း၃ဝ ကို ဂျွန်လွင်ကြီးက ဖိနပ်ဝယ်စီးဖို့ မှာယူထားကြောင်းပါတဲ့…ဖိနပ်က ၂၈သိန်းတန်ပါတယ်တဲ့ဗျာ…

  • surmi

    October 4, 2013 at 9:09 am

    ​အော်​…. ကိုဘလက်​ ကိုဘလက်​…
    အချိန်​ကိုက်​ပြီး ​ရောက်​လာတာကိုး….
    တကယ်​့ ကိုဘလက်​ ပါဘဲ​လေ…
    ရွာပျက်​​နေလို့အခုမှဖတ်​ရသဗျာ..

  • Wow

    October 4, 2013 at 9:49 am

    နောက်ဆုံးတော့ ဘလက်ချောက ဘလက်ချောပါပဲ… လက်လက်ထနေ… ဖလမ်းဖလမ်းထနေတဲ့ အရေးအသားတွေနဲ့ ရွာဖျက်ရအောင် အဲလေ… ရွာစည်အောင် ပြန်ရောက်လာပါဘီ… :mrgreen:

  • အူးလေးကမှ နားစွန်နားဖျား ကြားသေးတယ်။ အနော်က နားပါပိတ်နေတာ။ အခုလိုလေးတွေသိရတာ ကျေးကျေးပါ။ နောက်လည်း နားစွန်နားဖျားကြားတာတွေ ပြန်ပြောပြဦးနော်

  • Crystalline

    October 4, 2013 at 10:02 am

    မကြည့်လိုက်ရဘူး..အရင်တခေါက် ဂုဏ်ရည်အေးကျော်ရသွားတဲ့ ပွဲကတော့ တော်တော်လေးစိတ်ပျက်ဖို့ကောင်းတယ်.. :)) တင်မိုးလွင်ဆိုလည်း သက်ပြင်းတွေမြိုချနေရတာသနားစရာ.. မိုးစက်ဝိုင်လေးကအရည်အချင်းတော့ရှိမယ်ထင်ပါတယ်.. ကိုယ်လုံးကိုယ်ထည်တော့မကြိုက်ဘူး နည်းနည်းရှောနေသလိုပဲ :mrgreenn:

  • sorrow weaver

    October 4, 2013 at 10:43 am

    အဟိဟိ ..အရေးအသားလေး အလွန်သဘောကျမိပါတယ် ဦးဦးဘလက်ရယ်…

  • ကထူးဆန်း

    October 4, 2013 at 11:07 am

    ဟိုနိုင်ငံ တွေ ကျလည်း two pieces ဝတ်ရမဲ့ အတူတူ အခုထဲ က ဝတ်ကျတာ မဟုတ်ဘူး ..
    တော်ကြာနေမှ ဝတ်လည်း ဝတ်ရကော .. အခေါက်ကင် ပြေးမြင်ပါတယ် အပြောခံနေရဦးမှာ စိုးလို့ ပါ .. ဪ..ဒုက္ခ .. အနိစ္စ…
    ဦးအောင်မင်း ခမျာ လည်း ဘယ်အိမ်ရောင်းထားလဲ သိချင်ရင်ဆိုတော့ အိမ်တွေ ဘယ်လောက်များနေလဲမသိဘူးနော် … အနိစ္စ …
    :kwi:

  • amatmin

    October 4, 2013 at 11:25 am

    ကျောင်းဒကာကြီး ရဲ့ဂလိုပို့စ်တွေပြန်ဖတ်ရတာ မင်ဂါရှိပါ့ ဗျာ.။
    အူးလေးညွှန်းတဲ့ မယ်ပြိုင်ပွဲတော့ သွားကြည့်တာထက်
    ဂျာနယ်မှာပါလာမဲ့.ကွက်ကွက်ကွင်းကွင်းတွေကိုပဲ စူးစူးစိုက်စိုက်အားပေးတော့မယ်ဗျာ..။
    ဒါ့ထက်..ဟိုဝန်ကြီးနှစ်ပါး စကားကြားရတာ.ခုထိပြည်သူတွေကို
    လူအတွေလို့ ထင်နေတယ် မှတ်တာပဲ..။ ပြည်ပမှာဒေါ်လာအပ်တာအောက်တန်းစားနိုင်ငံရေးလို့..
    ပြောသွားတယ်ဆိုတော့..
    သူရို့ဆြာ အောက်တန်းစားဘဘဒွေကြားရင်
    ဆွေ့ဆွေ့ခုန်နေမှာ မြင်ယောင်သေး.။ 😛
    မုဒိမ်းမှုဖြစ်တဲ့ ပြည်သူ့ဘက်တော်သားကြီးတွေကတော့..
    လူတကာကဝိုင်းပြောနေလို့..သူရို့မလည်း အမျိုးသားအရေးစိတ်ဒါတ်
    အပြည့်ရှိကြောင်း ဖော်ပြတာနေမှာ ရယ်..။
    ပြည့်မေတ္တာခံသပေါ့ ဗျာ..။
    :kwi:

  • kyeemite

    October 4, 2013 at 11:52 am

    No.16 မိုးစက်ဝိုင် က Miss Universe Myanmar ရရှိသွားကြောင်း ဒီမနက်ဗွီအိုအေသတင်းမှာနားထောင်လိုက်ရတယ်..ရဲဘော်ဘလက်ရေ…
    ကိုဘလက်တူးဆွပြီး နားစွန်နားဖျားနဲ့ ဖဲ့တဲ့ အထဲ…

    KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါရောလား…။
    သူပြောသွားတာကိုက တပ်မတော်နဲ့ အစိုးရ မတူဘူးလိုလို ဘာလိုလို…။
    လူဆိုး…။
    တပ်မတော်မပါဘဲ အစိုးရနဲ့ ငြိမ်းချမ်းရေးရရုံနဲ့ တကယ့်အစစ်အမှန် ငြိမ်းချမ်းရေးလုံးဝ မရနိုင်ပါဘူး…။
    ဆိုပဲ…။
    ယနေ့ တိုင်းပြည်မှာ အလှည့်အပြောင်းလုပ်မယ်ဆိုရင် တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ ဘာမှ လုပ်လို့ မရဘူး…။
    ဆိုပဲ…။
    ကွယ်…သမ္မတကြီးကို အားနာစရာ…။
    ဦးအောင်မင်းတို့ ဦးစိုးသိန်းတို့ကို အားနာစရာ…။
    ဟေးဟေး…။

    အဲဒီအချက်အကြိုက်ဆုံးပဲ
    အမှန်လည်း အဲလိုဖြစ်နေတာ ကေအန်ယူက သိနေတာကိုးဗျ.. 😀

    • KZ

      October 4, 2013 at 2:01 pm

      ဟုတ်တယ်။
      ဝမ်းနည်းတယ်။
      ပြောင့်ကို အားမနာကြဘူးးးးး
      ရှေ့က မိန့်ခွန်းပြောရင် နောက်က ပစ်မိန့်ပေးတာပဲ။
      အဟွတ်။
      ဂယ်ဆို၊ ဘဘကြီး ကခိုင်းထားတဲ့ သံပတ် ရုပ်သေးရုပ်လေးကိုတော့ သနားသင့်၊ ငဲ့ညှာသင့်၊ အားနာသင့်ပါတယ်လေ၊.
      😀

  • cobra

    October 4, 2013 at 4:05 pm

    နားစွန်နားဖျားသာကြားပေလို့ပဲ တော်တော့တယ်
    လေးဘလက်ရယ်………
    သတင်းစုံလင်သိလိုက်ရလို့
    ကျေးဇူးပါ။

  • black chaw

    October 10, 2013 at 10:11 am

    ဒီပို့စ် မှာ ကွန်းမန့်ပေးကြသူ မိတ်ဆွေများအားလုံး
    ကျေးဇူးပါဗျာ…။
    အချိန်လုနေရလို့…
    တစ်ယောက်ချင်းစီ မတုန့်ပြန်နိုင်တာ
    ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

Leave a Reply