“ လွမ်းတသသနှင့်သာ အိပ်နေပါတော့မည် ´´

 

တစ်ခါတုန်းက စည်ကားခဲ့ရာ

ခင်ခ ရေးတင် ပိုစ့်များတွင်

ပြန်လှန်ပြောဆို ငြင်းကြအစုံနဲ့

ကွန်မန့်တွေများ ပိုစ့်လေးများဝယ်

အခုတော့လည်း တွက်ရေချိုးရင်

ဆယ်ချောင်းမပြည့်ချင်

ခင်မင်ရှိရင်း သိကြသူချင်း

ပြန်လှန်မန့်ရေး ထိုမျှလောက်လေး

တွေ့ခဲ့ရတော့ စိတ်ရယ်အင်အား

ရေးနိုင်လက်များ ချည့်နဲ့နှေးကွေး

မှိုင်ချငေးကာ လွမ်းမိပါသည်

တစ်ခါတုန်းက ရွာပိုစ့်များဆီ။

 

သစ်ရွက်ခတ်သံ လေညင်းသွဲ့သံ

ထိုသံမှတစ်ပါး အခြားသံများ

တိတ်ဆိတ်လွန်းလှ နံဘေးမှာမို့

တစ်ကိုယ်တည်း ငိုက်မြည်းလာလို့

လွမ်းတသသနှင့်သာ အိပ်နေပါတော့မည်။

 

ခင်ခ။

 

About ခင္ခ

ခင္ ခ has written 458 post in this Website..