“ လွမ်းတသသနှင့်သာ အိပ်နေပါတော့မည် ´´

ခင္ခOctober 4, 20131min22613

“ လွမ်းတသသနှင့်သာ အိပ်နေပါတော့မည် ´´

 

တစ်ခါတုန်းက စည်ကားခဲ့ရာ

ခင်ခ ရေးတင် ပိုစ့်များတွင်

ပြန်လှန်ပြောဆို ငြင်းကြအစုံနဲ့

ကွန်မန့်တွေများ ပိုစ့်လေးများဝယ်

အခုတော့လည်း တွက်ရေချိုးရင်

ဆယ်ချောင်းမပြည့်ချင်

ခင်မင်ရှိရင်း သိကြသူချင်း

ပြန်လှန်မန့်ရေး ထိုမျှလောက်လေး

တွေ့ခဲ့ရတော့ စိတ်ရယ်အင်အား

ရေးနိုင်လက်များ ချည့်နဲ့နှေးကွေး

မှိုင်ချငေးကာ လွမ်းမိပါသည်

တစ်ခါတုန်းက ရွာပိုစ့်များဆီ။

 

သစ်ရွက်ခတ်သံ လေညင်းသွဲ့သံ

ထိုသံမှတစ်ပါး အခြားသံများ

တိတ်ဆိတ်လွန်းလှ နံဘေးမှာမို့

တစ်ကိုယ်တည်း ငိုက်မြည်းလာလို့

လွမ်းတသသနှင့်သာ အိပ်နေပါတော့မည်။

 

ခင်ခ။

 

13 comments

  • Myo Thant

    October 4, 2013 at 11:06 am

    မအိပ်ပါနဲ့ ကိုခရယ်
    ကဲ . . . ကိုခ နဲ့ ကျနော် စကားထိုင်ပြောကြတာပေါ့ ၊ 🙂

  • sorrow weaver

    October 4, 2013 at 11:08 am

    မန့်ချင်တာပေါ့ဂျာ …လိုင်းမှမကောင်းပဲ ဦးခ ရ … 🙁

  • Wow

    October 4, 2013 at 11:56 am

    အာ့ ဒဂျီးအနေအထိုင်မတတ်လို့ဖြစ်ရဒါ… :byee:
    ဒဂျီးဂဒေါ်ကို ဆုံးမခိုင်းမှ :mrgreen:

  • ဦးကျောက်ခဲ

    October 4, 2013 at 12:07 pm

    ဒီမိုသဂျီး… အီစမိုင်စားရင် အီစလန်ဝေမယ်ဆိုတာသိရဲ့သားနဲ့…
    အချိုကြိုက်တယ်ဆိုပြီးစားတော့ ပြန်စည်ဖို့ အားယူနေတဲ့ ရွာကြီးလည်းဂိ..
    ရွာသားတွေလည်း ဂိန်တာပေါ့… အခုတောင် မနည်းမန့်ရတာ…
    😀

  • Crystalline

    October 4, 2013 at 12:37 pm

    ဒီတစ်လအတွက် အနီရောင်ပရိုမိုးရှင်းမဟုတ်တော့ဘူးလားအန်ကယ်.. :))

    • ခင် ခ

      October 4, 2013 at 1:57 pm

      Crystalline ရေ အနီရောင်ပိုမိုရှင်းက ပြီးခဲ့တဲ့လထဲမှာ ၂၁ ရက်ဘဲ ရွာပြန်စည်ဖို့ အရှိန်မြင့်တဲ့သဘော လုပ်တာပါ။ အခုလို ဂဇက်ကြီး ဖျားနာနေပြီး ဖုတ်လိုက် ဖုတ်လိုက် အမောဖောက် နေချိန် ပိုမိုးရှင်း ခင်ခ ဝင်လုပ်ရင် ရွာထဲဝင်ရနိုးနိုး မျှော်ကိုးငယ်မျှော် နေတာနဲ့ဘဲ အင်တာနက်ဖိုးက ပိုမိုရှင်းလက်ဆောင်ဆု ထက်ပိုကာ မွဲကိန်းရှိနိုင်သမို့ အေးအေးလူးလူ အိပ်နေတာဘဲ ကောင်းပါတယ်ဗျို့။

  • ရွာစည်ချင်တာလည်းသူ ။ ရွာဆူချင်တာလည်းသူ ။ နောက်ဆုံးတော့ ရွာက ဂိန်ပြီး ဂိသွားပါလေရော။
    သဂျီးကို တည့်တည့်ပြောပါသည်။ 🙂

  • KZ

    October 4, 2013 at 1:55 pm

    ဒမာ
    တဂျီး ရဲ့ ။
    ကျနော် အပါအဝင် ကျနော်တို့ လူမျိုး အားလုံး နီးပါး ဒီမိုကရေစီနဲ့ မတန်ဘူးဆိုတာမသိသေးဘူးလားးး
    အဟွတ်!
    ဆဲ ချင် လည်း ဆဲ ကြတော့။

    တဂျီး အဖြစ် စဉ်းစားမိပြီးးးး ကျနော့တို့ တိုင်းပြည် မှာ အမေစု ခေါင်းဆောင်မဲ့ အခြေအနေကို သွားစဉ်းစားလိုက်မိတာ အတော်ငိုချင်သွားတယ်။
    ဒီမိုကရေစီဆိုတာ ဖန်တီးပေးတဲ့သူ အဆဲခံရတယ်ဆိုတာ သိသားနဲ့။

    😥

    • kai

      October 4, 2013 at 2:43 pm

      အင်းနော…
      ဘယ်သူဆိုတာသိရက်နဲ့..
      အင်း.. သံရုံးလက်ထောက်ချပေးလိုက်ရင်တော့…
      ပြတ်ပွဲပဲ… :hee:

      • ဦးကျောက်ခဲ

        October 4, 2013 at 3:16 pm

        ပြတ်သားလိုက်စမ်းပါ သဂျီးရဲ့ !!!!!
        🙁

  • ကထူးဆန်း

    October 4, 2013 at 2:14 pm

    စက်ဝိုင်းလေး အလယ် မြန်မြန်ရပ်သည့် နေ့
    ဆီးဂိမ်းနီးရင် ဘယ်လောက် မြန်မယ် ဆိုပြီး ဖြီးထားတာတွေ မှန်လာတဲ့ တစ်နေ့
    ရွာပြန်စည်လာမယ်လို့ ယုံကြည်ကြောင်းပါ ။
    အခုတော့ ကျွန်တော်လည်း အဝိုင်းလေး လည်နေတာ မြင်ရတာ နဲ့ စိတ်ကုန်ပြီး ပြန်ပြန်ထွက်သွား နေတာက တစ်ကြောင်း ၊ ကိုယ်ပိုင်ချိန် ရှားပါးလာတာ တစ်ကြောင်းကြောင့် ရွာအပြင်ဘက်ကဘဲ ခြေကုန်သုတ်မိနေသည့် အတွက် ဆောဒီးပါ ….

  • kyeemite

    October 5, 2013 at 9:51 am

    ကိုခရေ..အိပ်တာလည်းအိပ်ပေါ့ဗျာ
    တရေးနိုးရင်တော့ ရွာကိုထထကြည့်ပါအုံး
    ရွာကြောင့်ချည်းမဟုတ်
    ကွန်နက်ရှင်စုတ်တာကြောင့်လည်းပါသဗျ
    ထပါကိုခ၊ ထပါဗျ။ 😀

  • ဦးကြောင်ကြီး

    October 7, 2013 at 9:37 am

    လွမ်းတသသ
    စွမ်းဗလပြ
    နမ်းမဝဗျ
    တမ်းအတရ
    ငမ်းခဏခဏ
    ဒန်းဖလသ
    ဝမ်းခဏပွ
    မန်းအလှကြွ…

Leave a Reply