ရုပ်ဆိုးလေး၏ဒဏ္ဍာရီ…..အပိုင်း( 2)

sorrowOctober 4, 20131min21128

ကံဆိုးကောင်…မိုးလိုက်မှောင်သည်မှာ..ထိုမျှနှင့်မပြီးသေးး….၏ဆေးရုံအဆင်းကားဌားရာတွင်လည်း…..

” ဒဂုံကိုဘယ်လောက်လဲဗျ….’မိခင်ကြီး၏ ဖခင်ကြီး ကိုတစ်ဖက်.ကဆွဲရင်း……မှင်စာပေါက်စဆောရိုးကို

တစ်ဖက်ကချီရင်း..အမေးကို…

” နှစ်ထောင်…ခင်ဗျားချီထားတဲ့..ဝက်ကလေးပါရင်….ငါးရာထပ်ပေးရမယ်…”’

ကားသမား၏ ဆတ်တောက်ဆတ်တောက်အဖြေတွင်.မိခင်ကြီးဆွေ့ဆွေ့ခုန်သွားသည်…..

” အဲ့တာကျုပ်သားလေးဗျ…ခင်ဗျား..စော်ကားလှချည်လား….” ပေါက်ကွဲသံအကြားတွင်…

ကားသမားက .ဖခင်ကိုတစ်လှည့်…ဝက်မှင်စာပေါက်စဆောရိုးကိုတစ်လှည့်ကြည့်ရင်းက….ပြုံးစိစိနှင့်

့….”ထင်သားပဲဗျ…မန်ကျည်းပင်အောက်…….မန်ကျည်းပင်ပဲပေါက်မယ်ဆိုတာ…

…ဖအေနဲ့သား..တရုပ်ထဲပဲ..အခွပ်ခွပ်..ဝက်ကိုအမွှေးနှုတ်အဝတ်ပတ်ထားတဲ့ရုပ်.”

ဒေါသကအထိပ်ရောက်ပြီ…ထမီကိုစွန်တောင်ဆွဲလိုက်သည်…ဘယ်ခြေနှင့်ညာခြေကိုတစ်လှမ်းစီရှေ့ထုတ်ရင်းက..

ဘယ်ညာကိုယိမ်းလိုက်သည်….ညာလက်ကထမီစကိုလွှတ်ရင်းက ..ဟစ်တလာအလေးပြုသလို…လက်ကိုရှေ့ဆန့်ရင်း…အထက်အောက်ကို…ဂျေမီ စတိုင်အတိုင်း.ယမ်းရင်းက
“‘ အဲ့လာ..နင့်အရေးလား…သောက်ကောင်.မျောင်ကောင်….နင့်ရုပ်ကမှ..အဝတ်စုတ်..တုတ်စုတ်ပတ်.ရုပ်ကလပ်ကစုတ်ပြတ်…..အနံအသက်ကပုပ်အက်…

နင်အခွက်ကမှ..အရူးမထမီမှာကပ်တဲ့…နှပ်ချေးဖတ်..””

ဟုကတ်ကတ်လန်ရင်းက…..သတိရမှလှည့်အကြည့်တွင်…ဆေးရုံရှေ့…..ဆိုင်ကလေးမှ…စိန်တလုံး..သရက်များကို၎င်း….ကြက်ဥများကို၎င်း…

” နင်လားဟဲ့…စိန်တလုံး…….နင်လားဟဲ့ဥ…ဟိုင်းရား..ဟိုင်းရား…….”

အော်ရင်းက.အညိုးတကြီး..နင်းခြေဖျက်ဆီးနေသော.ဖခင်ကြီးကိုတွေ့လိုက်ရသည်…..

အဘယ့်ကြောင့်စိန်တလုံးသရက်များနှင့်ဥများကို….စိတ်အနာကြီးနာသွားမှန်းမသိ……

မအောင်မြင်သော….ပုံထွက်မကောင်းလေသော..အဖြစ်မရှိသော….သူ့ဥကိုသူ…မုန်းတီးနေခြင်းလောကား…

မပြောတတ်….ပက်ပက်စက်စက်…ကြေကွဲနေသောအသွင်အပြင်က……မချိမဆန့်ခံစားနေသယောင်ယောင်….

——————————

အနှစ်နှစ်ဆယ့်ကိုးနှစ်…လွန်ပြီးနောက်………

” အမှိုက်ပစ်အုံးမလား…အမှိုက်….” သာယာသောနံနက်ခင်းကိုထိုးခွဲလာသော….ဌက်ဆိုးအော်သံပိုင်ရှင်က…

ကျွန်တော်တို့၏မင်းသား….မှင်စာဆောရိုး.

” အောင်မငီး..ဆိုးလိုက်တဲ့အသံ…အသံကြားတာနဲ့..မြစ်တတုံးတယ်…ထွက်ကြည့်အုံးမှပဲ.. ကာလနာလေးကို”‘….ပြောရင်းက…ခြေရင်းလေးလွှာမှအဘွားအိုတစ်ယောက်…ထွက်ကြည့်လိုက်မိသည်…..

” အောင်မငီး…ဂစ်ဂစ်….” အမြုပ်တစီစီထွက်ရင်း..တက်နေသည်….

အဘွားအိုအလွန်မဟုတ်……..

အနည်းငယ်…ပြောင်နေသော..နဖူးနှင့်…..တိုတက်ခွက်ဝင်နေသော….နှာခေါင်းအကြားတွင်….

လက်မဝက်ခန့်ဖုထွက်နေသော….ဦးချိုလေး….(ဖခင်..မွေးမြူရေးသမား..နွားမလေး…များကိုလက်ဆော့ထားသဖြင့်…ဝဋ်လိုက်ခြင်း..ဖြစ်သည်)

စပါးခွံသာသာ..မျက်လုံးပေါက်……ကျောက်တူးထားသလို..အခွက်ခွက်နှင့်မျက်နှာတပြင်လုံး…ကို….

မိခင်.နှင့်ဖခင်…..ပယ်ပယ်နှယ်နှယ်သမပေးလိုက်သော…သနပ်ခါး..ထူလပစ်…..

ကွမ်းကိုထမင်းလွတ်စားသဖြင့်…နီရဲဂျွတ်တတ်နေသောသွားများ……..နေ့စေ့လစေ့ဗိုက်………

တိုဝင်ကွတနေသော…ခြေထောက်များကိုပေါ်လွင်စေသော…….ပုဆိုးတိုတို.တို့ကိုတဆက်ထည်းမြင်လိုက်ရသော..

အဘွားအိုခဗျာ….တခါတည်းကြွသွားသည်………….

————————————————————

လမင်းတစင်း..နေ့ခင်းကြောင်တောင်လင်းလိုက်သလို…..ကျက်သရေပိုင်ရှင်.

..မေဂရေ့စ်ပယ်ရီလေး .အိမ်တခါးဝမှပေါ်လာသည်…….

လက်တဖက်က ..ကြွက်သေ.ပုပ်ကလေးကိုအမြီးမှကိုင်ရင်း…တဖက်ကနှာခေါင်းလေးကိုပိတ်ရင်း.

..ဆည်းလည်းလှုပ်ခါသွားသယောင်…ပီသကြည်မြနေသော..အသံလေးနှင့်…

” ကိုကိုဆောရိုး..ကြွက်သေပုပ်ကလေး….” စကားပင်မဆုံးလိုက်……မွေးရာပါအစားကျူးသော….ဝက်လဒဆောရိုးက

..” ကျေးဇူးပဲဗျာ…အိမ်ရောက်မှကြော်စားလိုက်မယ်….ကျွန်တော်ကကြွက်ပုပ်ဆို…သိပ်ကြိုက်. ”

ပြောရင်းက..လှမ်းယူရင်း..တယုတယ..ရွှတ်ကနဲနမ်းလိုက်သည်…….

ဘေးအခန်းမှလည်း……

” ကိုဆောရိုး.ကလေးသေးသုတ်အဝတ်ကလေး….ပစ်ပေးပါ.. “‘

” အာ…အတော်ပဲ..အိမ်မှာ……ငံပြာရည်လိုနေတာနဲ့…”‘.
.ပြောပြောဆိုဆို….ကျွတ်ကျွတ်အိတ်ထဲကောက်ထည့်လိုက်ရင်းက…လက်အစိုကိုပလပ်ကနဲကောက်လျက်လိုက်သည်….

” အမယ်..တော်တော်လတ်တာပဲ..” ဟုပြောလိုက်သေးသည်………..

ထိုသို့အစားအသောက်ချောင်လည်နေသဖြင့်……ဝလုံးကစ်လာသော…ကိုယ်လုံးက….ဖခင်နှင့်

နင်လားငါလား……..

သားအဖနှစ်ယောက်အိမ်ရှေ့ထွက်ထိုင်လျှင်……စည်ပင်က…မိခင်ကို…….

” အစ်မ.အဲ့ဒီ..ရေတိုင်ကီနှစ်လုံး…အိမ်ထဲသွင်းပေးပါ…လမ်းပေါ်ချလို့မရဘူး….”

ဟုလာပြောရသည့်အဆင့်….

ထိုတင်မက…ဝက်ပေါဆောရိုး ကသူ့အလုပ်အကိုင်နှင့်ပတ်သတ်ပြီးလည်း..ရေလည်ဂုဏ်ယူလိုက်သေးသည်….

သန့်ရှင်းရေးသမား…လောကကြီးကိုအလှဆင်သူအဖြစ်…သူ့ကိုသူ…လဒ…ဟုတင်စားခေါ်ဝေါ်လိုက်သေးသည်..

28 comments

  • surmi

    October 4, 2013 at 8:26 pm

    ​ကောင်​းတယ်​…
    ​သော​့​သော့ ြပြီး​ရေးထားပုံ​လေး ..မျက်​ လုံးထဲကွက်​တိမြ င်​​ယောင်​လာတယ်​ဗျို့ … 🙂

    • sorrow weaver

      October 5, 2013 at 9:39 am

      ဦးဦးဆာ ..ပေါတောတောမို့ သည်းခံသာဖတ်ပေးပါဗျာ… အဟီး …

  • TNA

    October 6, 2013 at 4:06 pm

    အောင်မယ်လေး ဆြာဆောရိုးရယ်။ လေဗျံစပယ်ယာမလေးကိုအားနာပါအုံးတော်။ ရုပ်ကလေးက နဲနဲလေး မဆိုစလောက် ကြောက်စရာကောင်းရုံလေးပါရယ်လေ 😀

    • sorrow weaver

      October 7, 2013 at 9:37 am

      မမ TNA ပြောမှ ပိုဆိုးနေပြီ …အဟိဟိ ဘယ့်နှယ့်တော်…မဆိုစလောက် ကြောက်စရာကောင်းတယ်ပဲရှိရသေး….အဟီးဟီး

  • ဗုံဗုံ

    October 6, 2013 at 5:28 pm

    ဒီလောက်ဆိုးတဲ့ ရုပ်ကိုများ..
    မွေးတည်းက…ရေဆိုးမြောင်းထဲ
    ပစ်ချလိုက်အေးရော…
    ကမ္ဘာသူကမ္ဘသားတွေ (11)မီးငြိမ်းတာပ…. :mrgreen:

    • sorrow weaver

      October 7, 2013 at 9:39 am

      ဟင်…မေတ္တာထားတယ်လာ း…. အမယ်မင်းရယ်တဲ့ …လွန်ချက်ကဲ ..အဟိဟိ …( နာကွ ဇတ်ဆရာ )

  • alinsett

    October 7, 2013 at 7:41 am

    ဖတ်သွားတယ်နော်

    မသိမှာစိုးလို ့

    :kwi:

    • sorrow weaver

      October 7, 2013 at 9:41 am

      နာ့ကိုကြီးပဲ …ပင်တိုင်ပရိသတ်…အာဟိ

  • ဦးကြောင်ကြီး

    October 7, 2013 at 9:48 am

    ရုပ်ဆိုးလေး
    ပုပ်သိုးမွှေး
    တုတ်ထိုးကျွေး
    ဂုတ်ချိုးပေး..။

    • sorrow weaver

      October 7, 2013 at 7:32 pm

      ဂုတ်ချိုးပေးဆိုတော့ကာ …မမြင်ချင်တော့ဘူးပေါ့လေ …အဟိဟိ

  • Mr. MarGa

    October 7, 2013 at 4:09 pm

    ကိုရင် အတော် မလွယ်တဲ့သူပါလား
    အခုထိတော့
    ကျုပ်
    လုံးဝ
    လုံးဝ
    ကိုရင့်ကို ဒူးတိုက်အင်တာဗျူးချင်နေတယ်
    ကိုရင်နဲ့ကိုက်မယ့် အလုပ်လေး တစ်ခု တွေ့ထားလို့ :mrgreen:

    • TNA

      October 7, 2013 at 5:43 pm

      ဟိုချာဖတ်နေဒဲ့ဦးဦးကိုတွားခြောက်ခိုင်းမို့လားဟင် :mrgreen:

      • Mr. MarGa

        October 7, 2013 at 7:13 pm

        ဟီးးး
        အဲဒါလဲ တစ်စိတ်တစ်ပိုင်းပါတယ်..

        • sorrow weaver

          October 7, 2013 at 7:33 pm

          ဘာအလုပ်မှမလုပ် ဘူး…ကိုယ်ပိုင်အလုပ်အကြီးကြီးလုပ်နေတယ်.
          မနက်အမှိုက်ကောက်တယ်…နေ့လည်ရေသန့်ပို့တယ်..ည ကွမ်းယာရောင်းတယ်…အငိငိ

  • လင်း ထက်

    October 7, 2013 at 5:58 pm

    ရုပ်ကဆိုးသေး..ကြပ်ကမပြည့်သေး..ဆင်းရဲလိုက်တာလဲလွန်ရော…ဒီဇာက်ကောင်ထက်ဆိုးတဲ့လူကောရှိပါအုံးမလား…. .ဇာတ်သိမ်းမှ..မိန်းမလှလေးနဲ.ပေါင်းခိုင်းမှာလားဟင်…

    • sorrow weaver

      October 7, 2013 at 7:35 pm

      သဘာဝဆန်တယ်မလား…အဟိဟိ….

  • lele kyi

    October 7, 2013 at 8:22 pm

    သဘာဝလွန်နေတာ။supernatural စောရိုးပါဗျာ။

    • sorrow weaver

      October 8, 2013 at 10:26 am

      အားကြီးမားးးးးးးးး

  • padonmar

    October 7, 2013 at 11:29 pm

    ဝင်းဦးကတော့ ကျနော်နဲ့ကိုဂွတိုဆိုတဲ့ဝတ္ထုထဲမှာ
    ဆပ်ကပ်ထဲက ပရိသတ်ချစ်တဲ့ ရုပ်ဆိုးဆိုးဂွတိုလေးဟာ
    ချစ်ပရိသတ်ထဲက ပေးလိုက်တဲ့ ဆေးတခုသောက်အပြီး
    ရုပ်ပြောင်းပြီး လှလှပပ သစ်လွင်လို့ ဖြစ်သွားသတဲ့။
    ဒါပေမယ့် လူတွေက ရုပ်ဆိုးလေးဂွတိုကိုပဲ ချစ်ကြမေးကြတယ်တဲ့။
    ဆောရိုးလည်း ဆေးစားမှားပြီး အခုရုပ်ပြောင်းသွားတယ်များရေးလေမလား။ဒန်တန်တန်….

    • sorrow weaver

      October 8, 2013 at 10:27 am

      အဟိဟိ..အန်တီဒုံရယ်…ရုပ်ဆိုတာ အရေပြားတစ်ထောက်ရယ်…စိတ်ရင်းကောင်းတယ်လေ…အဟိဟိ …

  • KZ

    October 8, 2013 at 10:32 am

    ဘာမှ မပြောင်းလဲ ပါဘူး ပလိတ်သတ်ကြီးးးး
    ခု ရုပ်က လည်း ဒီထဲက အတိုင်းပါပဲ။
    ဟေးဟေးဟေးးးးး

    :mrgreenn:

    • sorrow weaver

      October 8, 2013 at 12:51 pm

      အဟိဟိ…ကိုယ့်ကိုကိုယ်တိတယ်…အဟိဟိ

  • Wow

    October 8, 2013 at 11:08 am

    မိဘများ စီးပွားဖြစ်တဲ့ ရုပ်မိုးပေါ့…. ဟီးးးးး :mrgreen:

    • sorrow weaver

      October 8, 2013 at 12:53 pm

      ဟုတ်ရယ်.အဲချို .ပုဂျွန်စပ်တူမွေးမားးးးး

  • ခုလို စောစောစီးစီး ဝန်ခံလိုက်တာ ကောင်းပါတယ်
    ဘဝင် ရုပ်ဆိုး ရယ်.. ငိငိငိ
    ဝန်မခံလည်း ရုပ်ဆိုးတာ အားလုံးက သိပြီးသားပါ..
    ခုလို ဝန်ခံလိုက်တော့ .. ပေါ်တင်ပြောလို့ရသွားတာပေါ့…

    • sorrow weaver

      October 9, 2013 at 4:04 pm

      မှန်တယ်လေ…နာတို့က အညိုရင့်ရောင်လိုအရောင်ကိုဖြူတယ်လို့ အင်မထုဘူး …အငိငိငိ

    • sorrow weaver

      October 9, 2013 at 4:25 pm

      သေချာတယ်…မြင်သမှ …ဟိုးရင်ဘတ်အနက်ကြီးထဲ့ အဖြူရောင် နှလုံးသားလေးထိမြင်တာ…သိပလား..အဟိဟိ

Leave a Reply