စတေးခံ လူသားများ

DEPARKO DEPARKOOctober 4, 20131min1728

ဒီနေ့ တပ်မ တော်ဆိုတာဟာ ရန်သူနဲ့ တိုက်ပွဲ ဝင်နေတဲ့အချိန် မိုင်းကွင်းကိုလည်း လိုအပ် လာရင် နင်းရဲရမယ် သတ်ကွင်းမှာလည်း ရင် ဖွင့်တက် ရဲရမယ် အမိန့်နာခံမှုဆိုတာ ရဲဘော် တက် ဆိုတဲ့အချိန် ဟာဆရာကြီးကလည်း ရှေ့မှာမိုင်းကွင်းတက် ရင်ပြတ်သွားမှာပေါ့ ဆိုတဲ့စစ်သည်မျိုး ရင် ဆိုင် ကုန်းမှာ ရဲဘော်တက် ဟာဗိုလ်ကြီးကလည်း ရှေ့မှာပစ်နေတာ တက် ရင်သေမှာပေါ့ ဆိုတဲ့စစ်သည်တွေ နဲ့ စစ်တိုက်လို့ မရပါဘူး တိုက်ပွဲအောင်နိုင် ဘို့ လိုအပ် ရင် စ တေးရပါတယ် ဒီလိုစ တေးလိုက်ရလို့ အနိုင် ရတဲ့အ ပေါ် ပျော်မြူးနေမယ်လို့ ထင် ရင် မှားလိမ့်မ ပေါ့ ဆုံးရှုံးသွားရသူတွေ အတွက် ရင် နဲ့အမျှ အမိန့်ပေးသူတွေ ခံစားရစမြဲပါ ဒါတွေကို အရပ်သား လူတန်းစားတွေ နားလည် ခံစားဘူးမှာမဟုတ်ပါဘူး ဒါကြောင့် ကချင်ပြည်နယ်က ဖြစ်စဉ်အ ပေါ် လူ့အသက် မိမိရဲဘော်တွေရဲ့ အသက်တွေ ထပ်မစ တေးရဘို့ ငြိမ်းချမ်းရေးအတွက် သမိုင်းမှတ်တိုင် တစ်ခုအဖြစ် စတေးလိုက်တယ်လို့ ကျွန်တော်သုံးသပ်ပါတယ် အရပ်သားတွေဟာ ကိုယ့်ရဲဘော် ရဲဘက် ချစ်ခင် တဲ့သူငယ်ချင်းတွေ မချိမဆန့် ဝေဒနာခံစား ဆုံးပါးသွားရတာတွေ မကြုံဘူး ကိုယ်ချင်းမစာတတ်တော့ စစ်ကိုလိုလား သွေးဆူတတ်ကြတာမဆန်းပါဘူး တပ်မ တော်ခေါင်းဆောင်တွေဟာ မိမိ တပည့် သားချင်းတွေရဲ့ အသက်ကိုတန်ဘိုးထားတတ်ကြ တော့ အရာရာကိုချင့်ချိန် ဂရုစိုက် အ လေးအနက်ထား ဆောင်ရွက်နေကြရ တော့ လူ့အသက်ကို တန်ဘိုးမထား ကိုယ်မှမ သေရ တော့ သွေးဆူ မြောက်ပင့် မလိုမုန်းတီးစကားနဲ့ FB ပေါ် ရေး မသိနားမလည် သူတွေကိုမြောက်ပင့် တပ်မ တော်နဲ့ ပြည်သူကြား သွေးခွဲ တွေ့မြင်ရတာ စိတ်မချမ်းသာလှပါဘူး တပ်မတော်ခေါင်းဆောင် တွေဟာ အရပ်သား နိုင် ငံရေး သမားတွေလို ထစ်ကနဲရှိ ဆော်လိုက် ထစ်ကနဲရှိ တိုက်လိုက် ကိုယ့်ရဲ ဘော်တွေအသက်တန်ဘိုးမထးတတ်တဲ့ သူတွေမဟုတ်လေ တော့ တန်ဘိုးပေါ် မူတည်ပြီး စ တေးခဲ့ရတာ အိမ်နီးချင်း နိုင် ငံတွေ နဲ့ ဖြစ်စဉ်တွေ မှာတွေ့နိုင် ပါတယ် အဒီအချိန်တွေ မှာ လူ့အသက်တွေကို တန်ဘိုးမထားတတ်တဲ့ အရပ်သား သွေးဆူသူသာနိုင် ငံကိုအုပ်ချုပ် နေကြည့် သေချာပေါက် စစ်ဖြစ်တယ် ဒါကျွန်တော့အမြင်ပါ မှားမယ်ဆို ခွင့်လွတ်ကြပါ

8 comments

  • DEPARKO DEPARKO

    October 4, 2013 at 9:14 pm

    ဖုန်းနဲ့တင်ထားတာမို့ စာသားများ အဆက်ပြတ်နေခြင်းခွင့်လွှတ်ပေးပါရန်

  • Foreign Resident

    October 5, 2013 at 10:42 am

    ” မသိ နားမလည် သူတွေကို မြောက်ပင့် ၊
    တပ်မတော် နဲ့ ပြည်သူကြား သွေးခွဲ ”
    ” အရပ်သား နိုင်ငံရေးသမားတွေလို ”

    အင်းးး ။ ကို DEPARKO ရေ ။

    ကျနော်လည်း ၊ အခုတလော ၊
    စစ်တပ် ရဲ့ အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေကြောင့် ၊
    စစ်တပ် မ ကောင်းကြောင်း ၊ မ ရေးတော့တာ တော်တော် ကြာသွားပြီဗျ ။

    မှန်တာပြောရရင် ၊ သမ္မတကြီး ဦးသိန်းစိန် ရဲ့ ဆောင်ရွက်ချက်တွေ ကို ၊
    စာနာ နားလည် ထောက်ခံ ပါတယ် ဆိုပြီးတောင် ရေးခဲ့ဖူးပါသေးဗျာ ။
    ( အခုထက်ထိ လည်း ၊ သမ္မတကြီး ဦးသိန်းစိန် ကို စာနာပါတယ် ၊ မကန့်ကွက်ပါဘူး )

    ဒါပေမယ့် ။ အင်းးးးးးး ။
    လက်ရှိ မြန်မာနိုင်ငံသား တစ်ယောက် အနေနှင့် ၊
    ယခုအချိန်ထိ ကျနော့်ရဲ့ ရင်ထဲက ခံစားချက် အစစ်အမှန် ကိုပြောရရင်တော့ ။
    ” မြန်မာ့ တပ်မတော် ကို အထင်အမြင်သေး / ရွံရှာ ပါတယ် ”

    စစ်တပ် ကို အရမ်း မုန်းတီးခြင်းတော့လည်း ၊ ကျနော့်မှာ မရှိပါဘူးဗျ ။
    စစ်တပ် ကလည်း ကျနော့်ကို တိုက်ရိုက်ကြီး ဘဝပျက်အောင်တော့ ၊ ဘာမှ မလုပ်ခဲ့ပါဘူး ။

    ဒါပေမယ့် ၊ ဘယ်လို ဥပမာပေးရမလဲ ဆိုရင် ၊ လူကောင်း တစ်ယောက်ရဲ့ ရှေ့မှာ ၊
    လူဆိုး တစ်ယောက်က ၊ မတရားမှု တွေကို စဉ်ဆက်မပြတ် လုပ်ပြလာတဲ့အခါ ၊
    နောက်ဆုံးမှာ ၊ အဲဒီ လူကောင်း က လူဆိုး ကို အထင်အမြင်သေး / ရွံရှာ သွားသလိုမျိုးပေါ့ဗျာ ။
    အဲလိုလေးဗျ ။ အဲလိုမျိုး ခံစားချက်လေး ကတော့ ရှိနေသေးတုန်းပဲဗျ ။

    အဲ ၊ လာပြီ လာပြီ ။
    အဲဒီလိုမျိုး ခံစားချက်လေးတွေ က ဘာ့ကြောင့် ကျနော့်ရဲ့ ရင်ထဲကို ရောက်လာရသတုန်း ။

    ကို DEPARKO ထင်သလို မျိုး ၊
    အရပ်သား နိုင်ငံရေးသမားတွေက တပ်မတော် နဲ့ ပြည်သူကြား သွေးခွဲ လို့ မဟုတ်ဘူးဗျ ။
    တကယ့် အစစ်အမှန် အချက်အလက် က ၊
    ကျနော်တို့ ဘဝ တစ်လျှောက်လုံး ကြုံတွေ့လာခဲ့ရတဲ့ ၊
    ( နိုင်ငံ့ အာဏာ ရဲ့ ပိုင်ရှင် အစစ်အမှန် ဖြစ်တဲ့ ) မိဘ ပြည်သူတွေ အပေါ် ၊
    စစ်တပ် က ( လက်နက်အားကိုးပြီး ) မတရား ဖိနှိပ် ဆက်ဆံနေတာတွေကို ၊
    နေ့တဓူဝ တွေ့ရင်း တွေ့ရင်း နှင့် ၊ ရင်ထဲမှာ အဲဒီ အမြင်တွေက စွဲစွဲသွားတာဗျ ။

    ဒီလိုမျိုးလေးပြောလို့ ၊ ကျနော်က နိုင်ငံရေး သမားလားဆိုတော့ ၊ မဟုတ်ပေါင် ။
    ကျနော့် ဆွေ ရ ဆက် ၊ မျိုး ရ ဆက် မှာလည်း နိုင်ငံရေး သမား တစ်ယောက်မှ မရှိပေါင် ။
    ရင်းနှီးတဲ့ အပေါင်းအသင်းတွေ ကြားထဲမလဲ ၊ နိုင်ငံရေး သမား တစ်ယောက်မှ မရှိပေါင် ။

    ဒါကြောင့် ၊ နိုင်ငံရေး သမား တစ်ယောက်ယောက် က သွေးခွဲ လို့ ၊
    ကျနော် ဒါမျိုး အယူအဆ ရသွားတယ် ဆိုတာ မဟုတ်ဘူးလို့ ၊ အာမခံနိုင်ပါပေ့ဗျာ ။

    မသိ နားမလည် သူ မို့လို့ ( ငဒူ / ငတုံး မို့လို့ ) ( အမြင် မကျယ်လို့ ) ဆိုရအောင် ကလည်း ၊
    ဘွဲ့ရ ၊ နိုင်ငံတကာ အသိအမှတ်ပြု သင်္ဘော ကပ္ပတိန် လက်မှတ် ရပြီး ၊
    ငယ်စဉ် ၁၈ နှစ်သား အရွယ် ကတည်းက နိုင်ငံ ရပ်ခြား ကို ဂဒီး ဂဒီး သွားနေပြီး ၊
    ယခု လက်ရှိလည်း ဩဇီ လို နိုင်ငံမှာ အခြေချ နေထိုင်နေတာပါဗျာ ။
    ( မိဘ ညီအစ်ကို မောင်နှမ ဇနီး အားလုံးရဲ့ အနိမ့်ဆုံးရထားတဲ့ ဘွဲ့က ဆရာဝန် ၊ အင်ဂျင်နီယာ )

    ဖြစ်ချင်းဖြစ် ၊ ဒီလို အတွေးအမြင်တွေ ဖြစ်လာရတာ ၊
    မသိ နားမလည် ဒူလို့ တုံးလို့ တော့ မဖြစ်လောက်ဘူး ။
    သိပ် သိ နားလည်သွားပြီး ၊ အမြင်ကျယ်လွန်းသွားလို့သာ ဖြစ်ဖို့များပါတယ် ။

    အမှန်တစ်ခုကို ၊ ဒဲ့ ပြောလိုက်မယ်နော် ။
    ဘယ် အရပ်သား နိုင်ငံရေးသမား ကြောင့်မှ တပ်မတော် နဲ့ ပြည်သူ သွေးကွဲသွားရတာ မဟုတ်ပါဘူးဗျာ ။
    မရသင့် ၊ မယူသင့်တဲ့ အာဏာကို စွဲလမ်းမိတဲ့ စစ်ခေါင်းဆောင် တစ်စုရဲ့ လုပ်ရပ်ကြောင့် ၊
    တပ်မတော် နဲ့ ပြည်သူ သွေးကွဲသွားရတာပါဗျာ ။

    ကြုံတုန်း တစ်ခုပြောလိုက်ဦးမယ် ကို DEPARKO ရေ ။
    မြန်မာ့ တပ်မတော်ကြီး ကို ချစ်လွန်းလို့ ပြောတယ် မှတ်ပါ ။

    လက်ရှိ ကျနော့်ရဲ့ တပ်မတော် အပေါ် အမြင်တွေဟာ ၊ အသေ မဟုတ်ပါဘူး ၊ ပြောင်းသွားနိုင်ပါတယ် ။
    အဲဒီလိုပဲ ၊ ပြည်သူလူထုကြီး ရဲ့ တပ်မတော် အပေါ် အဆိုး အမြင်တွေဟာ ၊ ပြန်ကောင်းလာနိုင်ပါတယ် ။
    ကျနော်တို့ မြန်မာလူထုကြီးက သိပ် ခွင့်လွှတ်တတ်တဲ့ လူထုကြီးပါဗျာ ။

    အခု ၊ ကျနော်တို့ရဲ့ တပ်မတော်ကြီးဟာ တကယ့် Turning Point ကို ရောက်နေတာပါ ။
    ၈၈ အာဏာသိမ်းကတည်းက နလံမထူနိုင်အောင် ပျက်စီးသွားခဲ့တဲ့ ၊
    တပ်မတော် ရဲ့ ပုံရိပ် ကို အဖတ်ဆယ်ခွင့် ရနိုင်မယ့် အခွင့်အရေး တစ်ခု ရနေတယ် ။

    အဲလို တပ်မတော် ရဲ့ ပုံရိပ် ကို ပြန်လည် မြှင့်တင်ပေးနိုင်မယ့်သူ ဟာ ၊ ဘယ်သူထင်သလဲ ။
    ” ဒေါ် အောင်ဆန်းစုကြည် ” ပဲ ။

    သူတစ်ယောက်သာလျှင် ၊ တပ်မတော် ရဲ့ ပုံရိပ် ကို ပြန်လည် မြှင့်တင်ပေးနိုင်မယ့်သူပါ ။
    သူတစ်ယောက်သာလျှင် ၊ တပ်မတော် နှင့် ပြည်သူကြားကို ရင်ကြားစေ့ပေးနိုင်မယ့်သူပါ ။

    ခင်ဗျား သတိထားမိသလား မသိဘူး ၊ ဒေါ်စု မိန့်ခွန်း တစ်ခုမှာ ပါတယ်လေ ။
    ” ပြည်သူ့ ရဲတပ်ဖွဲ့ဝင်တွေ ကလည်း စိတ်ဓါတ် မကျကြပါနှင့် ” တဲ့ ။

    လက်ပန်တောင်း ကိစ္စနှင့် ရဲတွေကို လူတစ်ကာက ဝိုင်းဆဲတာ ခံနေရတဲ့ အချိန်မှာ ၊
    ရဲတွေ ရဲ့ တရားဥပဒေ နှင့် အညီ တာဝန်ထမ်းဆောင်ရတဲ့ ဘဝ ကို ၊
    သူ နားလည်ပါတယ် ၊ အသိအမှတ်ပြုပါတယ် ဆိုပြီး ဖေါ်ပြလိုက်တဲ့ စကား ။

    ဒီ စကားလေး တစ်ခွန်း နှင့်တင် ဒေါ်စု ဟာ ပြည်သူ ပြည်သား အားလုံး အပေါ် ၊
    ဘယ်လောက် နားလည် ခွင့်လွှတ် ဖြေသိမ့် နိုင်စွမ်းရှိတဲ့ ခေါင်းဆောင် ဆိုတာ ထင်ရှားနေပါတယ် ။

    သူ့ လုပ်ရပ်တွေကို ကြည့်ရင်လည်း တပ်မတော်ကို လက်စားချေလိုတဲ့ သဘော မရှိပဲ ၊
    တပ်မတော် နှင့် ပြည်သူကြားကို ရင်ကြားတောင်စေ့ပေးမယ့်သူ ဆိုတာ ပေါ်လွင်ထင်ရှားလာပါပြီ ။

    အဲဒီတော့ကာ ၊ ရှားရှားပါးပါး ဒီလို အခွင့်အရေးကို ၊ တပ်မတော်ဘက်ကလည်း အရအမိ ဖမ်းယူပြီး ၊
    ပြည်သူ ချစ်တဲ့ တပ်မတော် ဘဝ ကို ပြန်လည် လှမ်းဆွတ်ယူစေချင်ပါတယ် ။

    အဲလိုမှ မဟုတ်ပဲ ၊ ၂၀၁၅ မှာလည်း ၊ ငါတို့ပဲ အာဏာကို ဆက်ချုပ်ကိုင်ထားအုန်းမယ် ဆိုရင်တော့ ၊
    ကျနော်တို့ ခင်ဗျားတို့ တစ်သက်မှာတော့ ပြည်သူ ချစ်တဲ့ တပ်မတော် ဘဝ ကို ပြန် ရတော့မှာ မဟုတ်ပါဘူး ။

    နောက်ဆုံး စာသားလေး တစ်ခုပဲ ချန်ထားခဲ့ပါရစေ ။
    ( နန္ဒိ သေန ပျို့ ထဲက စာသားလေး လို့တော့ ထင်တာပဲ )
    ( စစ်ပညာ ဂျာနယ်တွေထဲမှာ အမြဲတမ်းလိုလို ပါနေကျ စာသားလေး လို့ ထင်တာပဲ )

    ” ပြည်သူ့ နှလုံး မသိမ်းကျုံး က ၊ ဓါးသွား လည်းကြွေ ၊ လှံ လည်းခွေ၏ ” တဲ့ ။

    တပ်မတော်ကြီး ကို ချစ်လွန်းလို့ ပြောတယ် မှတ်ပါဗျာ ။
    ပြည်သူ ချစ်တဲ့ တပ်မတော် ဘဝ ကို ယူဖြစ်အောင် ပြန်ယူလိုက်ကြစမ်းပါ ။

  • DEPARKO DEPARKO

    October 5, 2013 at 8:38 pm

    F R ရေ ကျွန်တော်ဟာ ၁၉၈၆မှာ မြန်မာနိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့ကိုဝင်ခဲ့ပါတယ် ၁၉၈ရမှာတော့ ကျွန်တော့်ကိုရဲဘဝကနေ အသွင်ပြောင်း ပါတီဝန်ထမ်းဘဝနဲ့ ပြောင်းလည်းတာဝန်ထမ်းဆောင်ရတယ်ဗျာ ကျွန်တော်နေတာက ရ မိုင်မှာပါ ကျွန်တော့်အဖေဟာ လွတ်လပ်ရေးမော်ကွန်းဝင် တပ်မတော်သားအရာရှိ စစ်မှုထမ်းဟောင်း ပင်စင်စားတစ်ဦးပါ ကျွန်တော်ပါတီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မကြာခင်ဘဲ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး တိုင်းပြည်ပျက်ပါတယ် အဲဒီအချိန်မှာ ပါတီဝန်ထမ်းဖြစ်တဲ့ ကျွန်တော်ဟာ နေ့စဉ် အမေရိကန်သံရုံး အနောက်က(ဆူးလေဘုရားအနီး) ပါတီရုံးပေါင်းစုံကို ရမိုင်ကနေ နေ့စဉ်ရုံးတက်ရတယ် ခင်ဗျားစဉ်းစားသာကြည့်ဗျာ အဲဒီအရေးအခင်းတောက်လျှောက် ရုံးတက်ခဲ့ရတာ အပြန် ဆန္ဒ ပြလူအုပ်နဲ့ အတူရောယောင်ပြန်ရတာ ပါတီဝန်ထမ်းဆို ခေါင်းဖြတ်သတ်ချင်တဲ့ အစွန်းရောက်တစ်ချို့နဲ့ ထောက်လှမ်းရေးဆို စွပ်စွဲ အမဲဖျက်မည့် အစွန်းရောက်သွေးဆူနေတဲ့ အရေးအခင်းအရှိန်မြင့်နေချိန် ရုံးမတက်ရင်အဖမ်းခံရမယ်ဆိုတဲ့ လက်မှတ်ထိုးသတိပေးခံရတဲ့ဝန်ထမ်းတစ်ယောက်ဟာ အရေးအခင်းကာလမှာ မနည်းအသက်ရှင်ခဲ့ရတာပါ ၁၉၈၉ မှာတော့ ကျွန်တော် ပါတီက နောက်ဆုံးလျှော်ကြေး ၃ လစာ ထုတ်ပြီးတာနဲ့ တပ်မတော်ရေ ကိုရိုးရိုးရဲဘော်နဲ့ ဝင်ခဲ့တာ လက်ရှိ ကျွန်တော့် အဆင့်ဟာ အုပ်ခွဲတပ်ကြပ်ကြီးဗျာ ကျွန်တော်ဟာ ကြီးကြီးကြယ်ကြယ်ပြောရရင် တိုင်းပြည်အတွက် ကျတဲ့နေရာက တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးပါ လက်ရှိလည်း ရေတပ်လေ့ကျင့်ရေးကျောင်းမှာ နည်းပြလုပ်နေပါတယ် ဒီကလောင်ကို ကျွန်တော့်ကို တော်တော်များများသိကြပါတယ် လူချင်းတူပေမည့် အသက်ရှူခြင်း ဘဝမှာ တာဝန်ယူ တာဝန်ထမ်းတာခြင်းကွာကြတယ်ဗျာ ငါးခုန်းမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုသလို တစ်ဦးတစ်ယောက်အပေါ် အမြင်မကြည်တာနဲ့ တပ်မတော်သားတွေအားလုံးကိုပုတ်ခတ်ပြီး ပြောမယ်ဆိုရင် ကိုယ့်ဆရာ နည်းနည်းစဉ်းစားဘို့လိုမယ်ဗျာ ကျွန်တော့်တစ်အိမ်လုံး ထဲမှာ ကျွန်တော်အနိမ့်ဆုံးတောင်တိုင်းပြည်အတွက် ကျရာနေရာကတိုင်းပြည်အတွက်အလုပ်လုပ်နေတယ်ဗျာ ကျွန်တော်ပညာတတ်ဖြစ်ပေမည့် တပ်မတော်ထဲမှာ အရာရှိမဖြစ်ပါဘူး ဒါပေမည့်ခင်ဗျားပြောသလို လက်နက်နဲ့ အနိုင်ကျင့်ဘို့နေနေသာသာ ကျွန်တော် စစ်သက် ၂၄ နှစ်မှာ အနိုင်ကျင့်ခံနေရတာချည်းဘဲ စစ်သားတိုင်း လက်နက်ကိုင်ရတာမဟုတ်သလို အဲဒီလက်နက်ဟာလည်း ပြည်သူကိုအနိုင်ကျင့်တယ်လို့ ကိုယ့်ဆရာပြောတော့ ကျွန်တော်တို့ နေ့စဉ်ရွတ်နေရတဲ့ စစ်သည်တော်ကျင့်ဝတ်ကိုမသိလို့ဘဲခွင့်လွှတ်လိုက်ပါတယ် ကြုံရင် ဆိပ်ကြီးသံလျှင်ကိုလာလည်လှည့်ပါ တပ်မတော်သားတွေဘဝကို လက်တွေ့ပြပါမယ်

  • kai

    October 6, 2013 at 3:48 am

    အင်း…
    တကယ့်အဖြစ်မှန်ကတော့…
    တိုင်းပြည်တပြည်မှာ စစ်တပ်မရှိလို့မရသလို.. စစ်သားမရှိလို့… မရပါဘူး..
    ရှိပြီးသားစစ်သားတွေကိုလည်း.. ပင်လယ်ထဲမောင်းချလို့မရပါဘူး..

    ဆိုတော့…
    ဒီအချက်ကို အခြေခံပြီးရေးကြပြောကြရင်.. ကောင်းမယ်ထင်တာပါပဲ..။

    ယူအက်စ်မှာ.. ဖယ်ဒရယ်က.. စစ်တပ်ကိုပိုင်ပါတယ်..။
    သမ္မတက စစ်တပ်ရဲ့ အကြီးဆုံးအမိန့်ပေးရာထူးပါ..။
    စစ်တပ်ဖယ်ဒရယ်စနစ်နဲ့.. ပြည်နယ်ပိုင်ခွင့်တွေ ကျုပ်တော့နားမလည်ပါဘူး…
    အခုလောလောဆယ်တော့.. ယူအက်စ်စစ်တပ်က.. မြန်မာစစ်တပ်ကို ..အဲဒါတွေ လေ့ကျင်သင်ပေးနေပုံရပါတယ်..။
    ကောင်းလာမယ်ထင်ကြောင်း… :mrgreen:

    • DEPARKO DEPARKO

      October 6, 2013 at 9:08 pm

      အေးဗျာ အခုလည်းတဖြေးဖြေး ပြောင်းနေပါပြီ သဂျီးရေ အရှိန်ရဘို့ဘဲလိုတာပါ တစ်ဦးတစ်ယောက်တည်းနဲ့ အားလုံးကိုပြောင်းလည်းလို့မရနိုင်သလို ရှိတဲ့သူအားလုံးကလည်း ဒီအရွေ့ကိုဝိုင်းပြီးမတိမ်းမစောင်းအောင်တည့်မတ်ထိမ်းကြောင်းပေးဘို့ဘဲလိုပါတယ်ဗျာ စစ်သားဆိုတာ(အရာရှိများ)လူသားတွေပဲမို့ အမှန်နဲ့အမှား အနည်းအများတော့ရှိကြမှာပါဘဲ ဒါကိုအပြုသဘောဆောင်တဲ့ထိမ်းကြောင်းခြင်းနဲ့မဟုတ်ဘဲ အပြစ်သဘောဆောင်တဲ့ ပြောဆိုမှုတွေဟာ သူတို့အတွက်မခံချင်စိတ်တွေဖြစ်လာရင်အကျိုး ရလဒ်ဟာ မျှော်မှန်းသလိုမဖြစ်လာနိုင်ဘူးလေ ဒါကြောင့် FB တို့ ဒီ ဂဇက်တို့မှာကျွန်တော် တတ်နိုင်သရွေ့ ဉာဏစွမ်းအားနဲ့ အရွေ့တစ်ခုကိုရွေ့ ကြည့်တာပါ FR တို့လည်းမမှားပါဘူး သူတို့ တွေ့ကြုံခဲ့ရတဲ့အပေါ် ခံစားချက်ဖြစ်တာကိုး လူဆိုတာ ရုပ်ရှင်ကြည့်ရင် ဗီလိန်နဲ့ လူကြမ်းကိုမုန်းတတ်ကြတာသဘာဝပါ တပ်မတော်ဟာ ဒီနေ့ လူကြမ်းဘဝကိုရောက်နေတာကိုး ဒါပေမည့် လူတွေနားလည်ဘို့ခက်တာ မင်းသား အကယ်ဒမီရဘို့ လူကြမ်း(စတန့်)တွေရဲ့ အသက်တွေ သွေးတွေ ခွေးတွေ တန်ဘိုးကြီးကြီးရင်းနှီးရတဲ့အချက်ကိုပါဘဲ နားလည်ပေးတဲ့သဂျီးရေ ကျေးဇူးပါဗျာ

  • Foreign Resident

    October 6, 2013 at 5:05 am

    ” ကျွန်တော် စစ်သက် ၂၄ နှစ်မှာ အနိုင်ကျင့်ခံနေရတာချည်းဘဲ ”

    ကို DEPARKO ရေ ။
    ကို DEPARKO ရဲ့ ရင်ထဲက ခံစားချက်ကို နားလည်ပါတယ်ဗျာ ။
    ဒါပေမယ့် ၊ ကျနော် ကလည်း ပြည်သူ တစ်ယောက် အနေနှင့် ၊
    ကျနော့်ရင်ထဲက ခံစားချက် အစစ်အမှန်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြတာပါဗျ ။

    ကျနော် ရှေ့ Comment ထဲမှာ ပြောခဲ့တာကလည်း ၊
    ရဲဘော် ဘယ်သူ / ဗိုလ်ချုပ်ဘယ်သူ ဆိုပြီး တစ်ဦးချင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး ။
    ကျနော့် ဘဝ တစ်လျှောက်လုံး ၊ နေ့တဓူဝ မြင်တွေ့လာခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ၊
    ကျနော့် ရင်ထဲကို တစ်စိမ့်စိမ့် ဝင်လာမိတဲ့ ကျနော့်ရဲ့ ခံစားချက်တွေကိုပဲ ပြောပြမိတာပါဗျာ ။

    ” ငါးခုန်းမ တစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ဆိုသလို ၊
    တစ်ဦးတစ်ယောက်အပေါ် အမြင် မကြည်တာနဲ့ ၊
    တပ်မတော်သားတွေ အားလုံးကို ပုတ်ခတ်ပြီး ပြောမယ်ဆိုရင် ”

    ဝါးလုံး ချီးသုတ်ပြီး ရမ်းသလို မ ပြောချင်သော်ငြားလည်း ။
    ငါးခုန်းမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်တယ် လို့တော့ မထင်မိဘူးဗျာ ။
    ပြည်သူတွေရဲ့ အမြင်မှာတော့ ၊ ငါးခုန်းမ ကလည်း တစ်ကောင်တည်းမှ မဟုတ်တာဗျာ ။

    ” စစ်သားတိုင်း လက်နက် ကိုင်ရတာ မဟုတ်သလို ၊
    အဲဒီ လက်နက် ဟာလည်း ပြည်သူကို အနိုင်ကျင့်တယ်လို့ ”

    ကိုယ်က ဒီ ယူနီဖေါင်း ကို ဝတ်လိုက်မိပြီ ဆိုရင်တော့လည်း ၊
    ကိုယ်နှင့် ပုံစံတူ ယူနီဖေါင်း ကို ဝတ်ထားတဲ့သူတွေရဲ့ လုပ်ရပ်တွေဟာ ၊
    ကိုယ့်အပေါ် ရောင်ပြန်ဟပ် လိမ့်မယ်ဆိုတာတော့ မျှော်လင့်ထားရလိမ့်မယ်လေ ။

    ဒီလို ရောပြီး အထင်အမြင်သေးတဲ့ ကိစ္စတွေ ဖြစ်မှာဆိုးလို့လည်း ၊
    တပ်မတော်သား ကျင့်ဝတ် ( ၈ဝ ထင်တယ် ) ဆိုတာထုတ်ထားတာပေါ့ဗျာ ။
    ခက်တာက အဲဒီ ကျင့်ဝတ် တွေကို တိတိကျကျ မှ မလိုက်နာကြတာပါဗျာ ။
    အဆိုးဆုံးကတော့ အဲဒီ ကျင့်ဝတ်ကို မလိုက်နာတဲ့သူတွေကို ၊
    ( ရာထူး ကြီးငယ် မရွေး ) တင်းတင်းကျပ်ကျပ်မှ အရေးမယူခဲ့တာဗျာ ။

    ” ကျွန်တော်တို့ နေ့စဉ် ရွတ်နေရတဲ့ စစ်သည်တော် ကျင့်ဝတ်ကို မသိလို့ဘဲ ”

    ကို DEPARKO ရေ ။
    ကို DEPARKO သိသလောက် ( နီးပါး ) တော့ ၊
    ကျနော်လည်း စစ်တပ် အကြောင်းကို သိပါတယ်လို့ ယူဆပေးပါဗျာ ။

    ဒီ့ထက် ဆက်ပြောရင် ကျနော့် Personal Information တွေပါလာတော့မှာမို့ ၊ ဒီလောက်ပဲ ။
    ရွာထဲက ရွာသူားဟောင်း အားလုံး နီးပါးကတော့ ကျနော် ဘယ်သူလည်း ဆိုတာ သိနေပြီးသားပါ ။
    ကျနော် ကလည်း ဖုံးကွယ် မ ထားပါဘူး ။ ဒါပေမယ့် On Line ပေါ်မှာတော့ မ ပြောချင်တာ မို့ပါ ။

    ” နေ့စဉ် ရွတ်နေရတဲ့ ”

    ကို DEPARKO တို့ နေ့စဉ် ရွတ်ရတာကို သိပါတယ် ။
    ဒါပေမယ့် ၊ ကျနော့် အကျင့် က လူတစ်ယောက် / အဖွဲ့အစည်း တစ်ခုခု ကို ၊
    သူ ရွတ် နေတာကို ကြည့်ပြီး မဆုံးဖြတ်ပါဘူးဗျာ ။
    သူ လုပ် နေတာ / လုပ် ခဲ့တာ တွေ ကို ကြည့်ပြီး မှ ဆုံးဖြတ်တာပါဗျာ ။

    ( ကြုံတုန်း တစ်ခု နောက် ပါရစေ ၊ တပ်မှူး အထက်ဆိုရင်ကော ရွတ်ရသေးလို့လားဗျာ ။
    တပ်မှူး ဆိုရင်တောင် တနင်္လာနေ့ မနက် တန်းစီ လောက်ပဲ ရွတ်တော့တာ မဟုတ်လား ။
    နောက်တာပါဗျာ ၊ စိတ် မ ဆိုးပါနှင့် )

    ” တိုင်းပြည် အတွက် ကျတဲ့နေရာက တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်း တစ်ဦးပါ ”

    တစ်ဖက် နှင့် တစ်ဖက်တော့ အမြင်မတူကြဘူးပေါ့လေ ။
    ဒါပေမယ့် ၊ ကို DEPARKO တစ်ယောက်ထဲပဲ ၊
    တိုင်းပြည် တာဝန် ထမ်းဆောင်နေတဲ့ / ထမ်းဆောင် ခဲ့တဲ့ ဝန်ထမ်း မဟုတ်ပါဘူးလေ ။
    ထားပါတော့ ၊ နောင် လူ ချင်းဆုံတော့မှဘဲ ဒီ အကြောင်း ပြောတာပေါ့လေ ။

    တစ်ဖက် နှင့် တစ်ဖက် အမြင်မတူကြတဲ့ ကိစ္စ နှင့် ကြုံလို့ပြောရရင် ။
    စစ်သားတွေက တိုင်ပြည်အတွက် သူတို့ အသက်စွန့်တယ် ဆိုပြီး ပြောလေ့ရှိတယ်ဗျ ။
    ကျနော်တို့လို ၊ နိုင်ငံတကာကို အရောက် အပေါက် များတဲ့ ၊
    ပညာတတ်တွေကတော့ တစ်မျိုး မြင်ကြပြန်ရောဗျ ။

    ကျနော် တစ်ခါတစ်လေ စဉ်းစား / တွက်ချက် နေမိတယ်ဗျ ။
    ကို DEPARKO တို့ စစ်သားတွေရဲ့ ဘယ်ဖက် ရင်အုံမှာ တပ်ထားတဲ့ ၊
    နှစ်စဉ် / မကြာခဏ တိုးလာလေ့ရှိတဲ့ ၊ စစ်ပွဲ တံဆိပ် တစ်ခုချင်း ၊ တစ်ခုချင်း ဟာ ၊
    သူ့ပြည်နယ် နှင့် သူ့အမျိုးသား ကို ကာကွယ်ရင်း ကျဆုံးသွားရရှာတဲ့ ၊
    ကျနော်တို့ရဲ့ ညီနောင်ဘွား တိုင်းရင်းသား တွေရဲ့ အသက် ဘယ်လောက်နှင့် ညီမျှမလဲလို့ ။

    တော်ပါပြီဗျာ ၊ ဒီ စိတ်မကောင်းစရာ ကိစ္စတွေကို ဆက် မရေးချင် ( ဆက် မရေးချင် ) လှပါဘူး ။
    ကို DEPARKO က ၊ ” အရပ်သား နိုင်ငံရေးသမား ” တွေကို အပြစ်တင်ထားတာတွေ့လို့သာ ဝင်ရေးမိတာပါ ။

    ကျနော် က အရပ်သား နိုင်ငံရေးသမား တွေရဲ့ အရည်အချင်း နှင့် စာရိတ္တ ကို သိပ်အထင် မကြီးပေမယ့် ၊
    သူတို့တွေ ( အထူးသဖြင့် ကျောင်းသား နိုင်ငံရေးသမား ) ရဲ့ ကိုယ်ကျိုး စွန့်မှုကိုတော့ လေးစားရင်းစွဲ ရှိလို့ပါဗျာ ။

    နို့ ၊ မဟုတ်ဘူးလားဗျာ ၊ ဘာမျှော်လင့်ချက်မှ မရှိခဲ့တဲ့ အချိန်ထဲက ၊
    ပြည်သူတွေရဲ့ အခွင့်အရေးအတွက် ၊ အနှိပ်စက်ခံ ၊ ထောင်ကျခံ ပြီး ၊ စွန့်လွှတ်ခဲ့သူတွေလေဗျာ ။
    ( သူများတွေလို ပိုက်ဆံယူပြီး စစ်တိုက်နေတဲ့ ကြေးစားတွေမှ မဟုတ်ပဲဗျာ )

    မှန်တာပြောရရင် ၊ ကျနော်ကတော့ ၊ ကျနော်တို့ အခွင့်အရေးတွေ အတွက် စွန့်လွှတ်ပြီး ပြောပေး နေတဲ့ ၊
    အရပ်သား / ကျောင်းသား နိုင်ငံရေးသမား တွေကို ၊ စစ်သားတွေထက် ပိုချစ်တယ်ဗျ ။
    ( စစ်သားတွေကို မ ချစ်ဘူး / မုန်းတယ် လို့ မ ပြောဘူးနော် )

    ကြုံတုန်း တစ်ခုပြောလိုက်ဦးမယ် ကို DEPARKO ရေ ။
    မြန်မာ့ တပ်မတော်ကြီး ကို ချစ်လွန်းလို့ ပြောတယ် မှတ်ပါ ။

    စစ်တပ် အနေနှင့် ၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေ အစစ်အမှန် ကို ၊ လက်ခံရမယ်ဗျ ။
    ( ဥပမာ ပြောရရင် စစ်တပ် ကို ပြည်သူ အများစုက ရွံရှာ မုန်းတီးနေကြတယ် )

    OK ။ အဲဒီ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေ ကို ဓမ္မဓိဋ္ဌာန် ကျကျ လက်ခံပြီးတော့မှ ၊
    ဘာကြောင့် ဒီလို ဖြစ်သွားရတာလည်း ၊ ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာကို ဆက်သွားရမှာဗျ ။
    အဲလို မဟုတ်ဘဲ ” မမုန်းဘူး ၊ မမုန်းဘူး ” ဆိုပြီး ကျားကျား မီးယပ် ဆက်ငြင်းနေရင်တော့ ၊
    ပုစာ္ဆ ရဲ့ ပေးထားချက် ကို အယူမှားနေသလိုမို့ ၊ အဖြေမှန် နှင့် လွဲနေအုန်းမှာဘဲဗျ ။

    အမှန်ပြောရရင် ၊ ကျနော် မြန်မာ့ တပ်မတော်ကို မမုန်းယုံတင် မကဘူး ။ ချစ်ပါတယ်ဗျ ။
    တနေ့နေ့ တချိန်ချိန်မှာ ၊ မြန်မာ့ တပ်မတော်ကို ကူညီနိုင်တဲ့ကိုယ် ဖြစ်လိုပါတယ်ဗျာ ။

    ” ကြုံရင် ဆိပ်ကြီး သံလျှင်ကို လာလည် လှည့်ပါ ၊
    တပ်မတော်သားတွေ ဘဝကို လက်တွေ့ ပြပါမယ် ”

    တပ်မတော်သား ( အခြားအဆင့် / တပ်မှူးအောက် အရာရှိ ) တွေ ရဲ့ ဘဝကိုတော့ မ ပြပါနှင့်တော့ဗျာ ။
    သူတို့ ဘဝတွေကို မကြာခဏ တွေ့ရ / ခံစားရလွန်းလို့ ၊ ရင်လဲ ကွဲမတတ် ဖြစ်နေပါပြီ ။

    စာရေးကောင်းတဲ့ ကို DEPARKO နှင့်တော့ တွေ့ချင်ပါသေးတယ် ။
    တစ်နေ့နေ့ပေါ့ဗျာ ။

  • TNA

    October 6, 2013 at 3:16 pm

    အရင်မဆလ ခေတ်အထိ စစ်တပ်ကို ချစ်ခင်ကြည်ညိုလာခဲ့ကြတာပါ။ ကိုယ့်မိသားစုလိုသဘောထားခဲကြ တာပါ။ နောင်စစ်အစိုးရလက်ထက်ကျမှသာ စစ်တပ်နဲ့ပြည်သူကိုသွေးခွဲခံလိုက်ရလို့အခုလို မစာနာမှု့တွေ မထောက်ထားမှု့တွေ မုန်းတီးမှု့တွေဖြစ်လာတာပါ

  • ဦးကြောင်ကြီး

    October 7, 2013 at 8:27 am

    တရုတ်နယ်စပ်မှာ ကိုးကန့် ဖုန်ကျားရှင်းတို့ နယ်မြေသိမ်းဖို့ တပ်ရင်းလိုက် စတေးခံ သိမ်းတာ မေ့နေလားဗျာ..။ အမေရိကန် ဆီနေတာ ဂျွန်မက်ကိန်း ဦးသန်းရွှေနဲ့တွေ့စဉ် စစ်တပ်သည် တရုတ်ဩဇာခံ မဟုတ်ကြောင်း သိစေမယ်လို့ ပြောလိုက်ပီး ရက်ပိုင်းအကြာမှာ အသေခံ စခန်းသိမ်းပွဲ လုပ်ခဲ့တာ သက်သေရှိသားနဲ့ စစ်ေဂါင်းဆောင်များ အောက်ခြေတပ်သားတွေ အသက်ကို တန်ဖိုးထားပါတယ် လုပ်နေသေးဒယ်။ ဖေ့ဘွတ်မှာ ထင်တယ် ပြောနေဂျတဲ့ ဟာသလေး.. ထိုင်းနဲ့မြန်မာ စစ်ဗိုလ်ချုပ် နှစ်ဦး နယ်စပ် နှစ်ဖက်တပ်တွေကို စစ်တော့ ထိုင်းစစ်သားကို ထိုင်းဗိုလ်ချုပ်က ကိုယ့်ခြေထောက်ကိုယ် သေနတ်ပစ်ခိုင်းတယ်။ ထိုင်းစစ်သားက ပြန်ပြောတယ် ဘယ်ဖြစ်မလဲဗျ.. ကျုပ်မိသားစု ဒုက္ခရောက် သွားမှာပေါ့ဒဲ့… ဒါနဲ့ မြန်မာစစ်ဗိုလ်ချုပ်ခိုင်းတဲ့ မြန်မာစစ်သား အလှည့်ကြတော့ စက္ကန့်မဆိုင်း ဒိုင်းဆို သူ့ခြေထောက်သူ ပစ်ထည့်လိုက်တယ်။။ ဘာလို့ အဲလိုလုရသလဲ ထိုင်းဗိုလ်ချုပ်ကမေးဒေါ့ မြန်မာစစ်သားက ဘယ်ဖြစ်မလဲဗျ မပစ်ရင် ကျုပ်မိသားစု ဒုက္ခရောက်သွားမှာပေါ့လို့ ပြန်ဖြေသဒဲ့…

Leave a Reply