“ ဒီလမ်းကလေးက ´´

ခင္ခOctober 5, 20131min1339

“ ဒီလမ်းကလေးက ´´

 

ဒီလမ်းကလေးက ဖြောင့်ဖြူးပါသည်

ခလုတ်ရှိလည်း ဝိုင်းကာရှင်းကြ။

 

ဒီလမ်းကလေးက ရွာဝင်လမ်းပါ

ကြည့်မိပါက ရွာတန်းရှည်လည်း မြင်ရစဲပါ။

 

ဒီလမ်းကလေးက ရွာသူရွာသားဆုံကြများပြီး

ငြင်းကြခုန်ကြ ပြောဆိုခဲ့လည်း

စိတ်နာစိတ်ဆိုး မရှိခဲ့ပါ။

 

ဒီလမ်းလေးက ဆုံတွေ့ခင်မင် စိတ်တူဖြစ်လို့

စုကာဝေးပြီး အသင်းအဖွဲ့လည်း ဖြစ်ခဲ့ပါ၏။

 

ဒီလမ်းလေးက သင်အတွက်ပျော်ရွှင် ပေးခဲ့ဘူးသည်၊

ဒီလမ်းလေးက သင်လည်းယခင် လျှောက်ခဲ့ဘူးသည်၊

ဒီလမ်းလေးက သင့်အတွက်တော့ ရင်းနှီးဖူးသည်၊

ဒီလမ်းလေးက ဘော်ဒါအပေါင်းအသင်း ရခဲ့ဘူးသည်၊

ဒီလမ်းလေးက ဗဟုသုတစုံညီလှစွာ ခံစားရခဲ့ပါသည်။

 

သင်လျှောက်ခဲ့ဖူးရာ ဒီလမ်းလေးက

ခြောက်ခါနေပေါ့ သစ်ရွက်ကြွေလျှော့

မိုးစက်တို့ဆင်း မြေကိုထိလို့

နှင်းတွေဝေစွာ အေးလှမည်တစ်ခါ

ဥတုသုံးလီ ပြောင်းကာနေလည်း

ခေါက်တုန့်ခေါက်ပြန် လျှောက်ဟန်သူတို့

လွန်စွာနည်းခဲ့ ပျင်းလှသမို့

ရွာလယ်လမ်းမ ဒီလမ်းလေးကို

သတိတရ အမှတ်ရရင်

ပြန်လည်တိုးဝှေ့ လာပြန်လျှောက်ပါ

မျှော်သူမောလို့ ပျင်းလှသမို့။

 

 

ခင်ခ။

9 comments

  • sorrow weaver

    October 5, 2013 at 12:43 pm

    ရွာတံခါးကြီး လော့ကျနေတယ်ဂျာ….ဝင်မရဘူး …အဟင့်ဟင့်

  • Myo Thant

    October 5, 2013 at 12:51 pm

    ရွာလယ်က အကြော်တဲမှာ
    အဖော်လည်းမပါ ရှိနေလျက်ဟာ
    ကျနော်ပါ ၊

    • alinsett

      October 5, 2013 at 2:43 pm

      ဒေါ်ဖွားမေရဲ့ အကြော်တဲလားဂျ

      🙂

  • ဦးကျောက်ခဲ

    October 5, 2013 at 1:15 pm

    ဆရာခရေ….ဒီလမ်းကလေးက ဟောင်ကောင်ကဝင်တာတောင်…
    တဘုန်းဘုန်းနဲ့ ချော်လဲနေလို့ ကျားကုတ်ကျားခဲ လျှောက်နေရတယ်…
    🙂

  • Foreign Resident

    October 5, 2013 at 3:48 pm

    ကျနော် ယိုးဒယား Connection ကနေ စောင့်ကြည့်နေတာ ။
    အဝင် လုံးဝ ပိတ် / Down သွားတာတော့ မရှိဘူးဗျ ။
    တစ်ချက် တစ်ချက် Error Page ပေါ်တတ်ပေမယ့် ၊
    Refresh / ပြန်ဝင်ကြည့်ရင် ရောက်သွားတာပဲဗျ ။

    မြန်မာပြည်ဘက်က Connection နှေးနေတာကြောင့်လဲ ပါပါတယ် ။

  • Foreign Resident

    October 5, 2013 at 7:17 pm

    ကို ခင်ခ တို့ကသာ ဝင်မရဘူး ငြီးနေတာ ။
    သံတွဲက တင်တဲ့ Post တွေကျတော့ ၊ တက်ပါ့ဗျာ ။

  • ခင် ခ

    October 5, 2013 at 7:40 pm

    ဟုတ်ပ အဘရေ
    ကျွန်တော်ရဲ့ ADSL ချိတ်ထားတဲ့ ဖုန်းလိုင်းက ရ စမို့ လိုင်းမကောင်းတာနေမှာပါ
    ဖုန်းနဲ့ဝင်ရင်တော့ ဘယ်အချိန်ဖြစ်ဖြစ် ရတာများပါတယ်။
    ပိုစ့်ကို ဖုန်းနဲ့မတင်တတ်သေးဘူး အဘရေ။

  • kyawtheinmyint

    October 6, 2013 at 6:00 pm

    ကျနော့်ဆီကဖလမ်းဖလမ်း ကွန်နက်ရှင်နဲ့ ဖုန်းနဲ့ရော/pc နဲ့ပါ ဝင်ရခက်တာ ၁လလောက်ရှိနေပြီ ပို့စ်တပုဒ် ဖွင်းရင်ရော ပြန်ထွက်ရင်ပါတော်တော်ကြာတယ် ။

  • kyeemite

    October 7, 2013 at 1:16 pm

    ရွာဝင်လမ်းက စောင့်နေတဲ့ ကိုခရေ…
    လာနေကြပါပြီးဗျာ… 🙂

Leave a Reply