လွတ်မြောက်ချင်သူ

sniqueAugust 4, 20101min890

တစ်ခုခု ကိုမျှော်လင့်တယ်ဆိုရင်တော့ ခင်ဗျား အောက်ကို ဆက်မဖတ်ဖို ့ကျုုပ်အရင် တောင်းဆိုရလိမ့်မယ်

နှလုံးသား က အန်ထွက်လာတာတွေက တွေးခေါ်မှုထဲကိုရောက်

စကားလုံးတွေအဖြစ်အသွင်ပြောင်းရင်း ဒီအပေါ်မှာ ရိုက်ချလိုက်တယ်

ကို ့ဆန္ဒ ကိုဖြေသိမ့်နေတာပါ ဘယ်သူ ့ကိုမှ ဖြေဖျော်ခြင်းမဟုတ်ကြောင်းအသိပေးပါရစေ။

သံယောဇဉ်ဆိုတာ အခိုး အငွေ ့လို ပျောက်ကွယ် သွားတတ်တဲ့ အမျိုး လို အစက ကျုပ်လက်ခံထားခဲ့တာတွေ

တစ်သက်လုံးယုံကြည်ထားတဲ့ ပုံသေနည်းတွေ အကောင်အထည်ပေါ်မလာတဲ့ တစ်နေ ့ ခင်ဗျား ဘာလုပ်မလဲ။

ကျုပ်ကတော့ နှုတ်ခမ်းတတွန် ့စာ လေးပဲ ပြုံးနေလိုက်တယ်

ဒီအထိ ပင်ပန်းခဲ့ ပြီးပြီ

ဆက်မမောချင်တော့ ဘူး ဦးတည်ရာ မဲ့ ခုတ်မောင်းနေတာမျိုးလဲမဟုတ်တော့ မရောက်နိုင်မှန်းသိလေ ပို မောလေပဲ။

တိတ်ဆိတ်စွာဆူညံနေတဲ့ ကျုပ်ရဲ ့အတွင်းသဏ္ဏန် ကို တဝက်လောက် သရုပ်ဖော်ပုံဆွဲ ပေးနိုင်ရင် အဲဒီလူကို ကျုပ်ဘဝ တစ်ဝက်ပေးလိုက်မယ်။

အပြည့်မပေး တာ စိတ်မရှိပါနဲ ့မိတ်ဆွေ ကျုပ်ရဲ ့ ကျန်တဲ့တဝက်က ပိုင်သူ ရှိပြီးသားမို ့ပါ ဒါပေမဲ့ အဲဒီတဝက်က လဲ သေလုလု ဖြစ်နေပါပြီ

အသက်ကို အငမ်းမရရှု ကြည်နှုးခြင်းတွေ ပီတိတွေကို

ဝါးမျို ရင်းနဲ့ ယဲ့ယဲ့လေးပဲ ကျန်တော့တယ်.

နားမလည်ရင်ဆက်မဖတ်နဲ ့လေ ကျုပ်ပြောသားပဲ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူးလို ့ ဆဲချင်လဲ ခံရုံပဲ

တတ်ယောင်ကား ဆရာလုပ်တဲ့သူတွေကို မုန်းတယ် မရွာ ပဲ ချိန်းတဲ့ မိုး နဲ ့မလာပဲ ယိမ်းတဲ့ လုံမငယ်ကို စိတ်နာ တယ်

ဘာလို ့လောက ကြီးက ဆိုးတစ်လှည့်ကောင်းတစ်လှည့်ဖြစ်နေရကြောင်းကို ဘာသာတရားမပါဘဲ နဲ ့ အကျိးနဲ ့အကြောင်းနဲ ့ရှင်းပြနိုင်မဲ့သူရှိရင် သိပ်ကောင်းမှာ ပဲ

ဆန္ဒနဲ့ ဘဝထပ်တူ ကြရင်ကောင်းမှာ ပဲ တဲ့ လူတွေပြောကြတယ် ဆန္ဒ က ဘာ လဲ ဘဝ က ဘာလဲ ကုန်ကုန်ပြောရင် ရေပေါ်မှာတော့ ကျုပ်အရုပ်မထင်ဘူး

သဘာဝရဲ ့အပယ်ခံ ကောင်လို ပဲ

ခံပြင်းမှုတွေ စက္ကန် ့တိုင်း ရှုသွင်းနေရတယ်။

သဘာဝလွန် ရင့်ကျက်မှုနဲ ့ပေါ့ ကျုပ်ဘဝ ကို အားလဲမကျနဲ ့ ကဲ့လဲမကဲ့ရဲ ့နဲ ့ ဖြစ်နိုင်ရင် ဒါကို လဲ ဆက်မဖတ်နဲ ့

ခင်ဗျား အတွက်ဘာအကျိုးမှ မရှိဘူး

ထပ်ပြောတယ်နော် အချိန်ကုန်သွားလိမ့်မယ်။

သန်းခေါင်ယံည တွေက တိတ်တခိုးမျက်ရည်တွေကို ဝါးမျို နေချိန်တွေ ခင်ဗျား ဖြတ်သန်းဖူးရင် တော့ ကျုပ်ကို ကိုယ်ချင်းစာနိုင်မှာ ပါ

ဒီမှာ

သနားဖို ့ပြောနေတာ မဟုတ်ဘူးနော် ဂရုဏာမသက်နဲ ့ အမှိုက်တစ်ပါ မသိကျိုးကျွန်ပြုသွားကြတာ ပို အကျိုးရှိပါလိ့မ် မယ်။ လောကကို အရှုံးပေးတာမဟုတ်ဘူး စည်းဘောင်ထဲက ထွက်ပြေးတာ