ဈေးသည် (၁)

ဆင်းရဲငတ်မွတ်ခြင်းဟာ အိမ်ရှေ့တံခါးကို ခေါက်တဲ့အခါ
သနားညှာတာမှု ဟာ အိမ်နောက်ဖေးက ပြေးထွက်သွားခဲ့တယ်။

ကိုယ့်ဝမ်းပူဆာ မနေသာ
သူ့အသက်ကို စတေးရတော့တယ်။

ဘဝကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြတယ်
ဘဝကို အမျိုးမျိုး ပုံဖော်ကြတယ်

ဘဝ ဆိုတာ တိုက်ပွဲ
ဘဝ ဆိုတာ ရုန်းကန်ခြင်း
ဘဝ ဆိုတာ ယှဉ်ပြိုင်ခြင်း
ဘဝ ဆိုတာ မျှော်လင့်ခြင်း
ဘဝ ဆိုတာ ….

လှပတဲ့ ဘဝတွေ ရှိသလို အကျည်းတန်တဲ့ ဘဝတွေရှိတယ်။
အောင်မြင်တဲ့ ဘဝတွေ ရှိသလို ကျဆုံးတဲ့ ဘဝတွေရှိတယ်။

မည်သို့ပင်ဖြစ်စေ
ဘဝတစ်ခု ရှင်သန်ဖို့အတွက် ဘဝတစ်ခု စတေးရတဲ့အဖြစ်မျိုး ကင်းဝေးကြပါစေကွယ်။

1377335_643342359023267_214530733_n

11 comments

  • ဘယ်လိုပြောရမလဲဟင်။ စာလေးကိုဖတ် ပုံလေးကိုကြည့်ပြီး ရင်ထဲမကောင်းဘူး။ အကျိုးပေးဆိုတာကို တွေးမိသွားတယ်။

  • ကျော်စွာခေါင်

    October 5, 2013 at 8:46 pm

    သတ်ဖြတ်ရောင်းချသူက …မျှော်လင့်ချက်နဲ ့ သတ်တယ်
    စားသုံးသူက တဏှာတက်မက်မှုနဲ ့ဝယ်တယ်…
    ဘဝဆင်းရဲပေမယ့်…
    သံသရာမှာ
    ဘယ်သူက ချိန်ခွင်ရှာ တစ်ဖက်စောင်းလေမလဲ…

  • TNA

    October 6, 2013 at 2:00 pm

    စာဖတ်တာစာနာရပေမဲ့ ပုံကြည့်လိုက်တော့ ဈေးသည်ကောရောင်းကုန်ရောကြည့်ပြီးရင်ထဲနင့်သွားတယ်။ 😥

    • ရွှေမိုးတိမ်

      October 7, 2013 at 11:18 am

      ဟုတ်တယ် ။ ဈေးသည်ကို မစာနာရက်ကောင်းလားလို့ အပြစ်ဆိုချင်ပေမယ့် သူ့ဘဝနဲ့သူ ၊ သူ့အကျိုးပေးနဲ့သူ ။ သူ့ အပူနဲ့ သူပဲလေ …

  • sorrow weaver

    October 7, 2013 at 12:13 pm

    အောင်မလေးလေ …ယုန်ကလေးကို သတ်တယ်လား….. ရက်စက်ပါ့ …( စကားမစပ်..ယုန်သားကင် ..အလွန်အရသာရှိ …အဟိဟိ )

  • မဟာရာဇာ အံစာတုံး

    October 7, 2013 at 12:54 pm

    သူတည်းတစ်ယောက် ကောင်းဖို့အတွက်
    စတေးခံရခြင်းဟာ ဓမ္မတာတစ်ရပ်ပါပဲ ….။
    အသက်ကို စတေးခြင်း လက်ကို စတေးခြင်း ခြေကို စတေးခြင်း …
    စတဲ့ စတဲ့ စတေးခံရပုံခြင်းတွေတော့ ကွာဟလိမ့်မပေါ့ …
    ဒီလို စတေးခြင်းမှာလည်း ထူးခြားစွာ မိမိကိုယ်ကို စတေးပြီး မိမိကောင်းအောင် လုပ်ခြင်းတွေလည်း ရှိသဗျ ..။

  • kyeemite

    October 7, 2013 at 12:57 pm

    စားတဲ့သူအတွက်သတ်တဲ့သူရှိတာ သဘာဝပါပဲ :hint:

  • Mr. MarGa

    October 7, 2013 at 4:36 pm

    ဘယ်လိုပြောရမလဲ
    ယုန်ကင် စားချင်သွားသဗျ 😛

  • alinsett

    October 7, 2013 at 9:19 pm

    ဒီ စာသားလေးတွေ ဖတ်ပြိီး…
    ဒီစာသားလေးကို သတိရသွားတယ်…။

    လူတစ်ယောက်အတွက်…
    ဒါမှမဟုတ်…
    အားလုံးအတွက်…
    နောက်ဆုံးရိက္ခာ ဖြစ်ချင်ပါသေးတယ်….။

    (တာရာမင်းဝေ )

  • padonmar

    October 7, 2013 at 11:01 pm

    ဘဝ တခုရှင်သန်ဖို့တွက်
    ဘဝတွေအများကြီး စတေးပစ်လိုက်တဲ့ ဟိုလူကြီးတွေ ဖတ်စေချင်ပါတယ်။

Leave a Reply