မန္တ​လေး ​ဂေဇက်​ လျှို့ဝှက်​မှတ်​တမ်​း​ပျောက်​ဆုံးခြင်​း

ရာမညOctober 6, 20131min25915

မိုးကုန်​စ ​..နေသာ​သော​နေ့တစ်​​နေ့၌……

ကျွန်​ုပ်​သည်​ မှုခင်​းမှတ်​တမ်​းများကိုဖတ်​ရှုခြင်​းမှ ငြီး​ငွေ့လာသဖြင်​့ ယ​မန်​​နေ့က ထုတ်​​ဝေ​သော နံမည်​ကြီးဂျာနယ်​တစ်​​စောင်​အား

လှနိ​လှော ဖတ်​ရှု​နေမ​ိလေသည်​ ။

တစ်​​နေရာသို့​ရောက်​​လေ​သော်​ ​အောက်​​ဖော်​ပြပါထူးဆန်​း​သော ​ကြော်​ငြာအား

​တွေ့ရှိသဖြင်​့ အကြိမ်​ကြိမ်​ ဖတ်​​နေမိ​လေ၏။ ​ကြော်​ငြာမှာ …….

 

….. နှစ်​လွှာ​ပေါင်​းလို့ တစ်​ရွက်​ဖြစ်​ ​သော၊

လျှပ်​စစ်​ သံလိုက်​စက်​ကွင်​းတို့သည်​ ရ​ကောက်​နာရီ တစ်​ဝက်​ခန်​့တွင်​ ဆယ်​့တစ်​မီးငြိမ်​း​သော​နေ့၌​ ဆုံကြမည်​ ……

 

အကြိမ်​ဖန်​များစွာ ဖတ်​ရှုစဉ်​းစားပါ​သော်​လည်​း ကျွန်​ုပ်​၏ ညံ့ဖျင်​းလှ​သော ဦး​နှောက်အတွင်​း၌ အ​ဖြေထွက်​မလာသဖြင်​့ အတ္တကိလမထ အနုယောဂ ကိုပွါးများခြင်​းမှ​ကင်​း​စေ​သောငှါ ထိုဂျာနယ်​အား အပြီးအပိုင်​ပိတ်​သိမ်​းလိုက်​ရ​လေ​တော့သည်​ ။

သို့​သော်​… ထို ထူးဆန်​း​သော​ကြော်​ငြာသည်​ကား ကျွန်ု​ပ်​၏မှတ်​ညဏ်​ထဲတွင်​ ထုတ်​မရသည်​ဖြစ်​၍ မကြာခဏသတိယ​နေ​လေ​တော့သည်​ ။

ငယ်​စဉ်​ကာလက ဖတ်​ခဲ့ဖူး​သောဝတ္ထုများတွင်​ပါရှိ​သော လူဆိုးဂိုဏ်​းများ အခြင်​းခြင်​း အချက်​ပြ​သော ​ကြော်​ငြာ​ပေ​လော ဟု ​တွေး​မိ​နေ​သေးပြန်​၏ ။

မည်​သို့ပင်​ဖြစ်​​စေကာမူ ကျွန်​ုပ်​မှာ စိတ်​ထဲတွင်​ ခိုးလိုးခုလုဖြစ်​လျက်​ သုံးရက်​တာမျှ သည်​းခံ​အောင်​့အီးထားခဲ့​လေသည်​ ။ သုံးရက်​​မြောက်​​သော​နေ့တွင်​မူ မည်​သို့မျှ မခံစားနိုင်​​တော့သည်​ဖြစ်​သဖြင်​့ မိတ်​​ဆွေကြီးကိုမြင်​့​ကျော်​အား ဖွင်​့​ပြော၍​မေးမြန်​းတိုင်​ပင်​ရန်​ ချိန်​းဆိုလိုက်​ရ​လေ​တော့သည်​ ။

ကျွန်​ုပ်​တို့ အမြဲတမ်​း ထိုင်​​နေကြ​ဖြစ်​​သော လှည်​းတန်​းအိုင်​တီလက်​ဖက်​ရည်​ဆိုင်​သို့​ရောက်​​လေ​သော်​ လက်​ဖက်​ရည်​နှင်​့မုန်​့များမှာယူပြီး… ကိုမြင်​့​ကျော်​မှ..

 

“ ဆိုပါဦး အိုင်​အိုရဲ့… ဘာ​တွေများ ထူးခြားလို့လဲဗျ ”

 

“ ထူးပါ​သော်​​ကော ..ကိုမြင်​့​ကျော်​ရယ်​… ဒီ​ကြော်​ငြာဟာပုံမှန်​မဟုတ်​ဖူးဆိုတာ​တော့သိ​ပေမယ်​့ ဘာကိုဆိုလိုပြီး ဘယ်​သူ​တွေက ဘာ​ကြောင်​့ ​ထည်​့သလဲကို ​တွေးမရလို့ဗျို့ .. ဒါနဲ့ပဲ ခင်​ဗျားကို ဒုက္ခပေးရ တာဘဲဗျာ..”​

ဟု ​ပြောရင်​း … ကျွန်ု​ပ်​မှ ၄င်​း​ကြော်​ငြာပါ​သောဂျာနယ် ကိုပြလိုက်​​လေသည်​ ။

ကိုမြင်​့​ကျော်​မှာ အဆိုပါ​ကြော်​ငြာအား တစ်​ချက်​မျှ ဖတ်​ကြည်​့ပြီးလျှင်​ ကျွန်ု​ပ်​ထံသို့ပြန်​​ပေးရင်​း…

 

“ အိုင်​အို…. မန်​းတ​လေး ​ဂေဇက်​ လျှို့ဝှက်​အသင်​း ဆိုတာကြားဖူးသလား”

” မကြားဖူးဘူး ကိုမြင်​့​ကျော်​… ဘယ်​လိုပတ်​သက်​လို့လဲ ​ဗျ”..

 

ကိုမြင်​့​ကျော်​မှာ လက်​ဖက်​ရည်​တစ်​ငုံ​သောက်​၍ စီးကရက်​အားတစ်​ချက်​မျှ ဖွာရှိုုက်​ပြီး​နောက်​…..

 

” ဒီလိုဗျ … အိုင်​အိုမသိ​သေးဘူးဆိုရင်​ နဲနဲ​တော့​ပြောရ​သေးတာ​ပေါ့… ဒီအသင်​းကို ဘယ်​သူကဘယ်​လိုရည်​ရွယ်​ချက်​နဲ့တည်​​ထောင်​တယ်​ဆိုတာ အတိအကျမ​ပြောနိုင်​​ပေမယ်​့ အခုထိ​တော့ လျှို့ဝှက်​​နေထိုင်​လှုပ်​ရှားတာကလွဲပြီး ဘာမှ​တော့ မသင်္ကာ စရာမ​တွေ့​သေးဘူဗျ။

သူတို့ကိ ိုဦး​ဆောင်​ တဲ့သူက​တော့ အ​မေရိကားမှာ​နေပြီး Kai (ခိုင်​) လို့နာမည်​ခံထားတယ်​။ ​ယောက်​ကျားအသွင်​ယူ ထား​ပေမယ့် ကျား/မ မကွဲပြား​ပါဘူး ။ အသင်​းဝင်​​တွေဟာ နိုင်​ငံအသီးသီးမှာ အလွှှာ​ပေါင်​းစုံက​နေပါဝင်​​နေတယ်​ ။ အချင်​းချင်​းလည်​း လျှို့ဝှက်​နာမည်​မှတပါး မ​တွေ့ဘူး မသိဖူးကြဘူးဗျ ။ ထိတ်​ပိုင်​း ​ကိုယ်​စားလှယ်​တချို့ပဲ ဘဝမှန်​ကိုသိရှိပြီး အချင်​းချင်​းမြင်​ဘူး​တွေ့ဘူးကြတယ်​ ။ အများအားဖြင်​့ ပရဟိတလုပ်​ငန်​း​တွေကို တခြားအဖွဲ့အစည်​းနံမည်​ခံပြီးလုပ်​တတ်​ကြတယ်​။ ဆို​တော့ …..

အိုင်​အို​တွေ့တဲ့​ကြော်​ငြာဟာ သူတို့​ခေါင်​း​ဆောင်​အချင်​းချင်​း​တွေ့ဆုံဖို့ ချိန်​းဆိုတာဘဲဖြစ်​လိမ်​့မယ်​ဗျ ” …

ဟု ရှည်​လျားစွာ ရှင်​းပြ​လေ၏ ။

 

“ဒါဆိုလည်​း ပြီးတာပါဘဲဗျာ… နို့..​နေပါဦး .. ခင်​ဗျားသူတို့ချိန်​းတဲ့စာ ​ဖော်​နိုင်​လားဗျ .. ”

 

” အတိအကျမဟုတ်​​ပေမယ်​့ ကျုပ်​နည်​းကျုပ်​ဟန်​နဲ့ ခန်​့မှန်​းနိုင်​ပါတယ်​အိုင်​အို…. ဒီလိုစဉ်​းစားကြည်​့ဗျာ .. ​နေ့ရက်​ နာရီကို အရင်​စဉ်​းစားရင်​ … ရ​ကောက်​နာရီတစ်​ဝက်​လို့ဆိုထား​တော့ .. မြန်​မာအက္ခရာမှာ ရ​ကောက်​နဲ့တူတာ ခွန်​နှစ်​မဟုတ်​လား ..၊ ဆို​တော့ ခွန်​နှစ်​နာရီခွဲ​ပေါ့ဗျာ..ပြီ​တော့ .. ဆယ့်​တစ်​မီးငြိမ်​း​သော​နေ့ဆို​တော့

၁၁ ရက်​​နေ့​တော့မဖြစ်​နိုင်​ဘူး ။၁၁ ရက်​​နေ့က​ကျော်​သွါးပြီ ။ ​ပေါင်​းခြင်​း ၁၁ ရတဲ့ ၂၉ ရက်​​နေ့ပဲ ဖြစ်​လိမ်​့မယ်​..။ နှစ်​လွှာ​ပေါင်​းမှတစ်​ရွက်​ဆို​တော့ ..စွယ်​​တော်​ရွက်​​ပေါ့ဗျာ.. လျှပ်​စီးပတ်​လမ်​းလို့ လဲဆိုထားပြန်​​တော့..

အင်​း… မဟုတ်​မှလွဲ​ရောဗျာ ..ဟို ဆင်​​ရေတွင်​းမှတ်​တိုင်​နားက စွယ်​​တော်​ရွက်​လျှပ်​စစ်​ကျွမ်​းကျင်​သင်​တန်​းများလား မဆိုနိုင်​ဘူး ..”

 

ကျွန်ု​ပ်​မှာ ကိုမြင်​့​ကျော်​စဉ်​းစားအ​ဖြေထုတ်​သွားပုံကို တအံ့တဩ​ငေးကြည်​့ရင်​း အားကျစိတ်​များပင်​ ဖြစ်​မိ​နေ​သေးသည်​ ။

ထို့​နောက်​…

 

 

 

 

 

ကျွန်ု​ပ်​တို့နှစ်​ဦးသား ​ရောက်​တတ်​ရာရာများ​ပြောဆိုပြီးလျှင်​ အသီးသီး လမ်​းခွဲ၍ ပြန်​လာခဲ့ကြ​လေ​တော့သည်​ ။

 

==================================================

 

အထက်​ပါကိစ္စများ ဖြစ်​ပွါးပြီး​နောက်​ .တစ်​ပတ်​ခန်​့မျှကြာ​သော်​ ………

 

” ဆရာ ….. အပြင်​မှာ ဆရာ့ကို​တွေ့ချင်​လို့တဲ့… ဝင်​ခွင်​့​တောင်​း​နေတယ်​ ဆရာ ”

 

” ဘယ်​သူ တဲ့လဲ ​မောင်​တိုး ”

 

“ပဒုမ္မာ ..တဲ့ … ကိစ္စက​တော့ ဆရာနဲ့​တွေ့မှ​ပြောမယ်​တဲ့ ..”

 

ကျွန်ု​ပ်​မှာ အသိအငြိမ်​့မင်​းသမီးများထဲမှ ပဒုမ္မာ ဆိုသူရှိမရှိ အလျင်​အမြန်​ပင်​စဉ်​းစားရ​လေ​တော့သည်​ ။

ကျွန်ု​ပ်​ ​တွေး၍ မဆုံးမှီပင်​ တိုးညှင်​းညင်​သာ​သော ​ခြေသံတို့ကိုကြားရပြီး​နောက်​ ….

 

” ကျွန်​မ ဝင်​ခဲ့ပါရ​စေရှင်​”… ဟု တည်​ငြိမ်​​အေးချမ်​းသည်​့ အမျိုးသမီးတစ်​ဦး၏ အသံကို ဦးစွာ ကြားလိုက်​ရ​လေ​တော့သည်​ ။

 

 

( ဆက်​လက်​​ဖော်​ပြပါမည်​)

 

 

ကြိုးစားပါဦးမည်​

ရာမည

 

 

 

 

 

 

 

15 comments

  • Ko chogyi

    October 6, 2013 at 5:47 pm

    ယောက်ကျားအသွင်ယူထားတယ်ဆိုတာဘာကိုပြောတာလဲ
    ခိုင် ဆိုတာ ယောက်ကျားရော မိန်းမပါ အမည်ခေါ်လို့ရတယ်လေ
    ကဲပါအိုင်အိုကြီး ဆက်ရေးပါဦး

  • TNA

    October 6, 2013 at 6:15 pm

    ဆက်လက်စောင့်မျှော်နေပါသည်။

  • alinsett

    October 6, 2013 at 7:02 pm

    အန်တီပဒုမ်မာတော့ ပေါ်လာဘီ

    နောက်ထက် ဘူတွေ ပါလာဦးမလဲ

    စောင့်မျှော်နေပါမည်

  • padonmar

    October 6, 2013 at 7:59 pm

    ညတ်ချွာဖျား
    ပဒုမ္မာ ဆိုတာနဲ့ အငြိမ့်မင်းသမီးနာမည်လို့ ဘာဖြစ်လို့ စဉ်းစားရတာလဲ အ်ိုင်အိုဂျီးရဲ့။
    အင်း ဓာတ်ဘူးကြီး မြင်တာထက်တော့ တော်ပါသေးတယ်လေ…
    ဆပ်ပြာတို့ ငှက်ဖျားပျောက်ဆေးတို့ ဆို ပိုဆိုးအုံးမယ်။
    တိတ်တိတ်နေလိုက်ပါပြီရှင့်….

    • မဟာရာဇာ အံစာတုံး

      October 7, 2013 at 7:16 am

      အဲ့ဒီ အငြိမ်း မင်းဒမီး က
      ဆရာနဲ့ တွေ့မှ ပြောမယ်ဆိုဒေါ့ကာ …
      မဟုတ်မှလွှဲရော …
      ဟိုချကားများလားဗျဲ …. 🙄 :mrgreen:

  • ဟီး..လျိုု့ဝှက်အသင်းကြီးက မင်းသမီးတော့ ပေါ်လာပြီ…. အကြာကြီးမစောင့်ခိုင်းနဲ့တော့ ဦးဦးရဲ…

    ဒါနဲ့ .. စကားအတင်းစပ်..
    http://myanmargazette.net/185807
    ဒီပို့စ်လေးဖတ်ပြီးပလားဟင်င်.. 🙄

  • kyeemite

    October 7, 2013 at 10:38 am

    “မန်​းတ​လေး ​ဂေဇက်​ လျှို့ဝှက်​အသင်​း ” ဆိုပါလား၊ ဆိတ်ဝင်စားစရာပဲ
    အဲဒီအသင်းဝင်ချင်လိုက်တာဗျာ…ဝင်နည်းလေးရှိရင်လည်းမျှပါအုံး ကိုရမညရေ 😀
    အာတီဒုံ ကတော့ ကိုရမညဆီ လှို့ဝှက် ဂဇက်စာအုပ်ရောင်းဖို့သွားတာဖြစ်နိုင်တယ်
    အဲ..စာအုပ်က ရောင်းမကောင်းလို့အရှုံးပေါ်နေတယ်ကြားမိတယ်..ကွိ ကွိ 🙄

  • Wow

    October 7, 2013 at 11:06 am

    လျို့ဝှက်အသင်းဂျီးထဲ ဘူဒွေပါဂျအူးမလဲ တိဝူးနော်…
    အူးအူးရဲဂျီးနော် ရမ်းရမ်းနောက်ရဘူး… :mrgreen:

  • KZ

    October 7, 2013 at 11:08 am

    သာမီး မခိုးပါဘူးးးးး ဦးဦးရဲကြီးရယ်။
    သာမီး လက်မရွံ့တာက စားတဲ့သောက်တဲ့နေရာမှာပဲ ရှိတာပါ။
    😥

    အဲဒါ ချောင်ဆင် ဝါးးးးးး ခိုးတာနေမှာ။
    သူ့ တင်းဘော ကုန်ပါနီ ဒေဝါလီလို့ကြားတယ်။ 🙄

    😀

    • Wow

      October 7, 2013 at 11:19 am

      ဟင်းနော်… ဆွိ…
      ဒါနာ့ရပိုင်ခွင့် အသေးသုံးလေးဒွေဂို ဘဏ်မှာအပ်ထားဒါ… ၁၁ မီးငြိမ်းအောင်…. နိမဟုတ်တာ မပေါနဲ့…
      နာတိုင်လိုက်မာ… မိဘပြည်တူညားခင်ညာ… :mrgreen:

      • KZ

        October 7, 2013 at 11:22 am

        မိဘပြည်သူများ အော်တဲ့သူလောက်တော့ မကြောက်တာ။
        ဘဖော ပို့(စ) ထဲ က ကား ပေါ်လိုက်သွားလိုက်မှာဗျ။

        😀

        • Wow

          October 7, 2013 at 11:45 am

          ကျန်ဖန်ကျေးဇူးတင်ရရင် ဒင်း၆၃ မကျလို့ ဘဘဂျီး ကျားကွက်ကို ဒင်းက လန်ဘော်ဂနီ ဘီးရာအောက်မှာ ဖျက်လိုက်ပါရောလား… :mrgreen:

  • sorrow weaver

    October 7, 2013 at 11:15 am

    လူလည်ကြီးဂျ…အင်ထရိုလေးနဲ့ တင် စိတ်ဝင်စားအောင် တပို့စ် လုပ်သွားတယ်…..လူလည်ကြီး …အဟီးဟီး

  • Mr. MarGa

    October 7, 2013 at 2:42 pm

    ဒီအမှုကတော့ သေချာပေါက် စိတ်ဝင်စားစရာပါလား ကိုရင်ရဲ့
    ဒီအမှုကို ကျုပ်ပါ လိုက် လေ့လာချင်တယ်ဗျို့
    ရမလား 🙂

  • ဦးကြောင်ကြီး

    October 8, 2013 at 9:19 am

    မာမွတ်ခိုမ်အကြောင်း သိဂျင်ရင် အာရေဗျီစကား မွှတ်နေအောင် တတ်မှ ရမယ်နော…။

Leave a Reply