ရန်ကုန် ညရှုခင်း (3 in 1 Photography)

Mလုလင္October 6, 20131min35725

အချိန် လုံးဝ မရတဲ့ အထဲ . ရတဲ့ အချိန် ၂ နာရီ လောက်မှာ မဖြစ်ဖြစ်အောင် တွေ့ပြီး မဖြစ်ဖြစ်အောင် ရိုက်ဖြစ်သွားတဲ့ပုံလေးတွေ . . .။

ကိုပေါက် (မန္တလေး)
ကိုပေါက် (မန္တလေး)

ကိုပေါက် (မန္တလေး)
ကိုပေါက် (မန္တလေး)

ဆြာအုပ်
ဆြာအုပ်

ဆြာအုပ်
ဆြာအုပ်

M Lulin
M Lulin

M Lulin
M Lulin

လေးစားစွာဖြင့်
Mလုလင်

25 comments

  • ရာမည

    October 6, 2013 at 6:33 pm

    ဒီလိုအလှအပ​တွေ မခံစားရတာကြာပါပြီ…
    အခုမှ​တွေ့တယ်​..​တော်​​တော်​လှတာပဲဗျာ

  • padonmar

    October 6, 2013 at 8:15 pm

    ကိုပေါက်ရဲ့ ပြည်သူ့ရင်ပြင် မီးတွေပါတဲ့နံပါတ်(၂)ပုံကြိုက်တယ်။
    ဆာအုပ်ရဲ့ ကားမီးတန်းကြီးပါတဲ့ ပုံကြိုက်တယ်။
    လုလင်ရဲ့ ပန်းခြံလေးကိုဖြတ်ပြီးရိုက်ထားတဲ့ပုံကြိုက်တယ်။
    အဲဒီ မန်းလေးကလူကြီး ဘယ်ဒုံးက လာသွားဒါဒုန်း။

  • မမာရေ
    ကျနော် အောက်တိုဘာ သုံးရက်နေ့ညရောက် လေးရက် တစ်ညအိပ်
    ငါးရက်နေ့မှာ ပြန်ရပါတယ်။
    အချိန်မရတဲ့ အတွက် ဘယ်သူ့ကိုမှ အကြောင်းမကြားတော့တာပါ။
    ည (7)နာရီကျော်လောက်ကနေ ဆယ်နာရီလောက်ထိ ရတဲ့အချိန်လေးမှာ
    ပြည်သူရင်ပြင် ကန်တော်ကြီး နဲ့ ရွှေဂုံတိုင် ယုဇနဟိုတယ် ခေါင်မိုးကနေ ရိုက်ထားကြတဲ့ ပုံလေးတွေကို တင်လိုက်တာပါ။

  • TNA

    October 6, 2013 at 10:26 pm

    ရန်ကုန်ညရှု့ခင်းတွေ ဒီလိုကျမှပဲ လှမှန်းသိတော့တာပါပဲ။ ကျေးဇူးပါ ရွာ့ဒါ့ပုံဆြာများ

  • Mလုလင်

    October 7, 2013 at 12:05 am

    အချိန် လုရပုံများ . . အခု ပုံတွေကို MPT စိတ်ကောင်း ဝင်ချိန် လေး လွှတ်ထားတာ . . စာနောက်မှ ရေးမယ် ပေါ့ . . . ခုလဲ ကျတော့ စာလဲ မထည့်ချင်တော့ဘူး . . ဓာတ်ပုံ ပိုစ့် လေး . . အရသာ ပျက် သွားမလား ပေါ့ . . ဆိုတော့ . . ဓာတ်ပုံပဲ ကြည့်ကြပါတော့ဗျာ . .

    • Foreign Resident

      October 7, 2013 at 6:13 am

      ကလုလင် ရဲ့ ရေးပါဗျ ။ ဖတ်ချင်ပါတယ် ။

  • မဟာရာဇာ အံစာတုံး

    October 7, 2013 at 7:22 am

    ည ရှုခင်း ဆိုလို့ ….
    အတွဲလေးဒွေ ဘာဒွေများ ဘာလေမလားလို့
    မနည်း ပြူးပြဲလိုက်ရှာနေဒါ …
    မည်းဒါဘဲ ချိဒယ် .. တွေ့လည်း တွေ့ဘူးးး
    သုံးယောက်ဂျီး တွားဒါဒေါင် ဒါလေးတောင် ပါမလာဘူးးး ဟွန့် …
    :mrgreen:

    • Mလုလင်

      October 7, 2013 at 2:35 pm

      ညနေ ၆ ခွဲ နဲ့ ၈ နာရီကြား . . ပြည်သူ့ ရင်ပြင် မှာ မီးမှောင်တယ် အံစာ ရေ . . မှတ်ထားနော် . . . . . အတွဲ တွေကြားထဲ ရှေ ့မီးကြီး ထွန်းပြီး သွားခဲ့ရတယ် . . အားတော့နာပါတယ်။ အပန်းဖြေ ပန်းခြံ ဆိုတာ . . ကိုယ်တွေ နဲ့ အလှမ်းဝေး တဲ့ နေရာ မို့ပါဗျာ . .။

  • alinsett

    October 7, 2013 at 7:31 am

    နီတို ့အတွဲ ပုံ
    နာ ထည့်ပေးလိုက်ရမလား
    ဟက်ရောင် အံဇာဒုံး

    🙂

  • kai

    October 7, 2013 at 8:15 am

    ကိုပေါက်ရဲ့.. အရောင်မတူတဲ့မီးတန်းတိုင်တွေကြားက ရွှေတိဂုံရယ်…။
    ဆြာအုပ်ရဲ့.. ကားမီးတန်းပြေးပြေးလွှားလွှားကြားက ဆူးလေရယ်..
    လုလင်ရဲ့.. မို့မို့မှောင်မှောင်ပေါ်က.. ရွှေတိဂုံရယ်…

    အယူအဆတမျိုးဆီခံစားရမိတယ်..
    တော်ကြပါပေ့… :mrgreen:

    • Mလုလင်

      October 7, 2013 at 2:40 pm

      တော်တော် မြင့်တဲ့ကုန်းတော် ပါသူကြီးရာ . . ရှေးခောတ် ကလူချည်းသက်သက် . . နဲ့ အမြင့်ဆုံး ကုန်းတော် ကို ဘယ်လို ရှာခဲ့သလဲ မသိ . . ဘုရားတည်တယ် ဆိုပေမယ့် . . တခြား ရည်ရွယ်ချက် လဲ ရှိနိုင်တယ် နော့ . . . (သူကြီး မဆွ ခင်လေး . . .)

      • kai

        October 7, 2013 at 3:31 pm

        အင်းပေါ့…
        အဲဒါနဲ့ အင်္ဂလိပ်တက်သိမ်းထားတာ.. မနည်းပြန်တောင်းခဲ့ရတယ်..

        ဆိုတော့…
        အဲဒီပုံအကြိုက်ဆုံးဖြစ်ကြောင်း…

  • sorrow weaver

    October 7, 2013 at 9:37 am

    အလိုလေး ..လှချက်ကဲ

  • kyeemite

    October 7, 2013 at 10:21 am

    ပုံတွေအားလုံးသူ့အလှနဲ့သူမိတယ်ဗျာ
    ကိုပေါက် ကိုတော့ ကင်မရာ ကြောင့် ဒီလိုပုံကောင်းရအောင်ရိုက်နိုင်တာချီးကျူးပါတယ်ဗျာ။

    • Foreign Resident

      October 7, 2013 at 10:25 am

      ဟုတ်ပါ့ ။ ကိုပေါက် ကို တကယ် ချီးကျူးတယ် ။
      အမှန်က ၊ ကိုပေါက် ကင်မရာ ပြောင်းကိုင်သင့်နေပြီ ။

  • KZ

    October 7, 2013 at 11:03 am

    လှချက်ကယ်။
    ဆရာ့ ဆရာတွေ ရိုက်ချက်က ရန်ကုန်မြို့ကြီး ပိုလှနေတယ်။

    🙂

  • ပုံကောင်းတာ ဝိုင်းပြီ း သင်ပေးကြတဲ့ ဆရာတွေကောင်းလို့ပါ။
    ကင်မရာကတော့ ပြောင်းမယ်လို့စိတ်ကူးထားပါတယ်။
    ရန်ကုန်က နာမယ်ပျက်ရုံလေး ရောက်တဲ့အချိန်ခဏလေးမှာ လုလင်နဲ့စာအုပ်လာခေါ်လို့ ဒီပုံလေးတွေရလိုက်တာပါ.။
    လေးရက်နဲ့မနက်ရောက်ရောက်ခြင်း ကျနော်တို့တည်းတဲ့ ရွှေဂုံတိုင်ယုဇနပလာဇာခေါင်မိုးကို တက်သွားမိပါတယ်။
    သော့ခတ်ထားတာနဲ့အဲဒီက ကလေးတွေကို အကူအညီတောင်းပြီး နံနက်ခင်းရွှေတိဂုံမြင်ကွင်းကိုရိုက်လိုက်ပါတယ်။
    ညပိုင်းအလုပ်ပြီးတော့ လုလင်ကို လှမ်းချိတ် စာအုပ်ကိုလှမ်းချိတ်ပြိး ပြည်သူ့ရင်ပြင်ကိုသွားဘို့ပြင်ပါတယ်။.
    ပြည်သူရင်ပြင်ကိုဘယ်ကနေဝင်မယ်ဆိုတာ မသိတော့ အဲဒါကြီးကို တစ်ပါတ်ပါတ်ပြိးမောင်းရပြန်ပါတယ်.
    အဲဒီအထဲလဲရောက်ရော နေရာမှားပြိး အရှေ့ဘက်ထိပ် ပိတ်ထားနဲ့နေရာအထိရောက်သွားပါတယ်။.
    မှောင်မိုက်မိုက်ချောင်ကြိုက်သူများမှာ ကားမီးထိုးတော့ အရှိန်တွေ ဟပ်ပဒိုင်းဖြစ်ကုန်ပါတယ်။.
    နောက်ပြန်လှည့်လာပြီးရိုက်မယ်နေရာတွေ့ရော မိုးတွေရွာလို့ နာရီဝက်လောက်ထိုင်စောင့်ပြီး
    ကားနောက်မြီးကနေလှမ်းရိုက်ပေမယ့်စိတ်တိုင်းမကျ.။
    နောက်မိုးစဲတော့ မှာ ပြည်သူ့ရင်ပြင်အတွင်းထဲရောက်ပြီးရိုက်တုံး ဘုရားပျောက်သွားပါတယ်။
    ထူးထူးဆန်းဆန်းရွှေတိဂုံဘုရားထွန်းထားတဲ့မီးတွေမှိတ်သွားလို့ပါ.
    မီးပြန်လင်းတဲ့အချိန်ထိစောင့်ပြီး ခါတိုင်းရေပန်းဖွင့်တဲ့နားမှာ ကျနော်ကတစ်နေရာ လုလင်က တစ်နေရာရိုက်ကြပါတယ်။
    ဖြစ်ချင်တော့ မိုးတွေရွာတော့ စာအုပ်က မလာနို်င်ဖြစ်နေပါတယ်။
    ရိုက်ကောင်းကောင်းနဲ့ရိုက်နေတုန်း 8နာရီထိုးတာနဲ့ ခေါင်းလောင်းထိုးပြိးနှင်ပါတယ်။
    နောက်မှ ဒဂုံစင်တာမှာစောင့်နေတဲ့စာအုပ်ကိုဝင်ခေါ်ပါတယ်။
    ပြီးတာနဲထမင်းစား။
    ရုံးကနေတောက်လျောက်ပြန်လာတဲ့စာအုပ်ကို အိမ်ပြန်ပို့ ကင်မရာယူ ပြီးကန်တော်ကြိးကိုပြန်လာတော့ ညကိုးနာရီကျော်နေပါပြီ
    ကန်တော်ကြီးမှာရိုက်ကောင်းနေတုန်း အရက်သောက်နေတဲ့ငမူးတစ်ကောင်က ကျနော်တို့နားလာသေးပေါက်တော့ ဖီးလ်တွေငုတ်ပြီးပြန်လာကြပါတယ်.။
    အဲတော့ ဆယ်နာရီထိုးခါနီးနေပါပြီ။
    အဲဒါနဲ့ ဘဲ ကျနော်တည်းတဲ့ဟိုတယ်က ဝန်ထမ်းလေးတွေကို အကူအညီတောင်းပြီး ခေါင်မိုးပေါ်တက်ပြီး
    ညမြင်ကွင်းကို ဖမ်းဆုပ်ကြပါတယ်။
    ခေါင်မိုးပေါ်မှာ ရေညှိတွေတက်နေတော့ ချော်မလဲအောင် အတော်သတိထားရပါတယ်။
    ကျနော်တို့ဓါတ်ပုံရိုက်တာကို ဝန်ထမ်းကောင်လေးက စောင့်ပေးရှာပါတယ်.
    တစ်ခုခုဖြစ်ရင် သူတို့မှာတာဝန်ရှိတာရယ် ဒီအပေါ်က အပြင်လူတက်လို့မရဘူးဆိုပါတယ်။
    ကျနာ်တို့ကို အားနာလို့ ဖွင့်ပေးတာဆိုတာနဲ့အမြန်ရိုက်ကြတာ ည11နာရီထိုးသွားပါတယ်.
    ရိုက်ပြီးတော့ ထုံးစံအတိုင်း 3 in 1 ကြဘို့တိုင်ပင်တဲ့အခါ အလှည့်ကျသူက လုလင်ပါဘဲ။
    ဒါနဲ့မန်းလေးရောက်တဲ့နေ့မှာဘဲ ပုံတွေပို့ပေးပြီးတင်လိုက်တာပါ။

    ကင်မရာကောင်းတာ မကောင်းတာ
    ဓါတ်ပုံ သီအိုရီ အတတ်ပညာ ရှိတာ မရှိတာ အသာလေးထားလိုက်
    ဓါတ်ပုံလေးတစ်ပုံရဘို့အတွက် အဲဒီနေရာလေးကို ရောက်အောင်သွားဘို့ကို က အတော်ခက်ခဲ့ပါတယ်။
    ဒါတောင်လုလင်က သူ့ကားနဲ့ ဆီကုန်ခံပြီးလိုက်ပို့ပေးလိုပါ။
    အငှားကားနဲ့သာ သွားရင် အဆင်မပြေလောက်ပါဘူး။
    ဒါပေမယ့် တင်ထားတဲ့ပုံလေးတွေကို နှစ်သက်တယ် ကြည့်မိသူ့အဖို့စိတ်ချမ်းသာတယ်ဆိုရင်
    ပင်ပန်းခံရကြိုးနပ်ပါတယ်။.
    ကျနော် တစ်ကိုယ်တော် ဓါတ်ပုံမတင်တာကြာပါပြီ။
    ကိုပေါက်ပုံတွေကို လူတွေက သိပ်စိတ်မဝင်စားတော့ဘူးလို့ ဝေဖန်သူရှိခဲ့တာနဲ့ရပ်လိုက်တာပါ.။
    အခုတော့မတင်ရသေးတဲ့ပုံတွေအများကြီးရှိနေပါပြီ။
    အားလပ်တဲ့တစ်ရက်မှာ တင်ပေးမယ်လို့ စိတ်ကူးထားပါတယ်.။
    ဝင်ရောက်ကြည့်သူအပေါင်းရော ကော်မင်းပေးသူတွေကိုရော အားလုံးကိုကျေးဇူးတင်ပါတယ်။

    • Foreign Resident

      October 7, 2013 at 1:59 pm

      ကိုပေါက်(မန္တလေး) says:
      ” ကိုပေါက်ပုံတွေကို လူတွေက သိပ်စိတ်မဝင်စားတော့ဘူးလို့ ဝေဖန်သူရှိခဲ့တာနဲ့ရပ်လိုက်တာပါ.”

      ဖစ်မှ ဖစ်ရလေ ၊ ကိုပေါက်ရယ် ။ မဟုတ်လောက်ပါဘူး ။
      Connection တွေက အရမ်းဆိုးလို့ ဖွင့်မရတာ နေပါလိမ့်မယ် ။

      • ကဲ ကိုဖောရေ
        အခုရက်ကော်နက်ရှင်လဲကောင်းတယ်
        ကိုဖောအားပေးမူ့နဲ့ပုံတွေတင်လိုက်ပါအုံးမယ်

        • kai

          October 8, 2013 at 1:25 am

          ကိုပေါက်ပုံတွေကျုပ်လည်း စောင့်နေပါ့မယ်..။ ကင်မရာနဲ့မဆိုင်.. လက်မှာ မှော်ရှိတယ်ထင်လို့…

  • Crystalline

    October 7, 2013 at 3:50 pm

    ကင်မလာသေးသေးလေးနှစ်လုံးတွေ့တာ သဘောကျလိုက်တာ.. သူတို့ကြော်ငြာစာအုပ်ထဲမလဲ.. ညရှုခင်းတွေရိုက်ထားလိုက်တာတော့ ရှယ်ပဲ.. Sony RX1 နဲ့ Sony RX100 II ဈေးကြားတော့လန့်သွားတယ်.. :((

  • Mr. MarGa

    October 7, 2013 at 5:16 pm

    ဆရာသုံးယောက်
    တစ်ယောက်တစ်မျိုးစီနဲ့ ဆော်ကြ နှက်ကြတာ
    မျက်စိပသာဒ အတော်ဖြစ်သဗျ
    မမြင်ဖြစ်တဲ့ ထောင့်ကနေ
    ရိုက်ပြထားတာကိုး ဗျ

  • Mလုလင်

    October 8, 2013 at 12:23 am

    ညရှုခင်း တို့ ညနေ – နေဝင်ရီတရော တို့ လူ့လုပ်ရှားမှု တို့ . . ကျွန်တော် တော်တော် သဘောကျတဲ့ အခိုက်အတန့် လေးတွေ ပေါ့ဗျာ . . ညရှုခင်း အတွက် ဆို . . မပါမဖြစ် လိုတာက သုံးချောင်းထောက် (Tripod) ၊ Shutter Speed ကို နှေးစေမှာ ဖြစ်မှာ မို့ . . အဲ့ဒါ မပါလို့ကတော့ ည ရှုခင်း ထွက်ရိုက်လို့ အဆင်မပြေ လောက်ပါဘူး..။ တခြား နည်းတွေတော့လဲ ရှိတာပေါ့ဗျာ . .။ ကျွန်တော်တို့ တွေ အုပ်စု ဖွဲ့ ဓာတ်ပုံ ရိုက်ထွက်တယ် ဆိုပေမယ့် . . သူလဲ သူမြင်တာ သူတွယ် . . ကိုယ်လဲ ကိုယ်မြင်တာ ကိုယ်တွယ် ဆိုတော့ . ပုံတွေက . . တူခဲပါတယ်။ ပြန်ပေါင်းကြည့်လိုက်ရင် . . ဟာ . . အဲ့လို လေးမရိုက်ခဲ့လိုက်ရဘူးကွာ။ ဟာ …. ဟိုပုံက ပိုမိုက်တယ် ဟေ့ . . . အဲ့လို ဖေးမ၊ အားပေး မှုတွေ နဲ့ ပျော်စရာ ၂ နာရီ ခွဲ ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ ဆိုတော့ . ကင်မရာ ရှိသူတိုင်း . . Tripod ဝယ်သင့်ပါကြောင်း း း း း း း း

Leave a Reply