Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

မကွေးမြို့နယ်တွင် ကျေင်းဆောင်သစ် (၃)ဆောင် လွှဲပြောင်းပေးအပ်ပွဲကျင်းပ

       မကွေးမြို့နယ်၊လင့်မြင့်ကျေးရွာအုပ်စု၊လက်ဆည်ကန်ကျေးရွာရှိ အမှတ်(၁၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အောက်တိုဘာ(၃)ရက်နေ့ နံနက်(၉)နာရီ(၃၀)မိနစ်ချိန်က လက်ဆည်ကန်ကျေးရွာ အမှတ်(၁၁၁)အခြေခံပညာမူလတန်းလွန် ကျောင်း၊ လင့်မြင့်ကျေးရွာ အမှတ်(၁၁၆)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကြို့ပင်အင်းကျေးရွာ အမှတ်(၁၀၃) အခြေခံ ပညာမူလတန်းကျောင်းတို့အတွက် ကျောင်းဆောင်သစ် (၃)ဆောင် လွဲပြောင်းပေးအပ်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစီအစဉ်အရ ကျောင်းဆောင်သစ်လွဲပြောင်းအခမ်းအနားတွင် အလှူရှင် High Tech Co.Ltd မှဒုတိယဥက္ကဌ ဦးရဲမြင့် မှကျောင်းဆောင်သစ်များလှူဒါန်းရမှုအခြေအနေအားရှင်းလင်းပြောကြားခဲ့ပြီးကျောင်းဆောင်သစ်စာရွက်စာတမ်းများအား တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးထံပေးအပ်ခဲ့ကြောင်းဆက်လက်၍ကျောင်းအကျိုးတော်ဆောင် ဦးဆင့် မှကျေးဇူးတင် စကားပြောကြားခဲ့ပြီးနောက် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း၊High Tech Co.Ltd မှ ဒုဥက္ကဌ၊တိုင်းဒေသကြီးပညာရေးညွှန် ကြားရေးမှူးတို့မှ ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည် အဆိုပါအခမ်းအနားသို့ အလှူရှင်High Tech Co.Ltd မှဒုတိယဥက္ကဌ နှင့်အဖွဲ့ဝင်များ၊တိုင်းဒေသကြီး ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖများ၊ကျေးရွာပြည်သူများ၊ကျောင်းသား၊ ကျောင်းသူများစုစုပေါင်းအင်အား (၅၀၀)ခန့်တက်ရောက်ခဲ့ကြသည်။

ဆားတိုင်ကန်ကျေးရွာရှိ ရေတွင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းအား မကွေးခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ စာသင်ခုံ၊စာရေးကိရိယာ၊ကျောင်းဝတ်စုံနှင့်သန့်ရှင်းရေးပစ္စည်းများပေးအပ်လှူဒါန်း

      မကွေးမြို့နယ်၊ဆားတိုင်ကန်ကျေးရွာရှိ ရေတွင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းအား မကွေးခရိုင်/မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့တိုပူးပေါင်း၍ အောက်တိုဘာ(၃)ရက်နေ့နံနက်(၉)နာရီချိန်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ၊ခရိုင်မိခင်နှင့်က လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်သီတာမြင့်နှင့်အဖွဲ့ဝင်များမှ စာသင်ခုံ၊စာရေးကိရိယာ၊ကျောင်းဝတ်စုံနှင့်သန့်ရှင်း ရေးသုံးပစ္စည်းများ စုစုပေါင်း(၇၂၄၀၀၀)ကျပ်တန်ဘိုးခန့်အားပေးအပ်လှူးဒါန်းပေးအပ်ခဲ့သည်။ထိုနောက်မကွေးမြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှသူနာပြုအဆင့်(၁)ဒေါ်နော်သဲဝါးမှကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်းဆက်လက်၍အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ စာအုပ်၊စာစောင်များလှူးဒါန်းခဲ့ပြီး အဆိုပါကျေးရွာရှိလူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ကျောင်းတွင်းသန့်ရှင်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်းသက်ဆိုင်ရာမှသိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..