မိုးကျရွှေကိုများ

DEPARKO DEPARKOOctober 7, 20131min1818

မိုးကျရွှေကိုများ
ဒီနေ့ တပ်မတော်ခေါင်းဆောင်တွေကိုပုတ်ခတ် ပြောဆိုနေသူတွေသုံးတဲ့အသုံးအနှုန်းပါ။
အမှန်မြင်အောင်ကြည့်တတ်ဘို့လည်းလိုပါတယ်။ ကျွန်တော်ဟာ တပ်မတော်သား အခြားအဆင့်ပါ အရာရှိမဟုတ်ပါဘူး ။တပ်မတော်ထဲမှာ ကောင်းတဲ့အရာရှိ တွေ ရှိသလို မတစ်ထောင်သားတွေနဲ့ ဖွဲ့စည်းထားလေတော့ ဆိုးတဲ့အရာရှိတွေလည်းရှိကြပါတယ်။ အားလုံးတော့ ဘယ်အရာမဆို စင်းလုံးမချောနိုင်ပါဘူး အများစု အနည်းစု ဆိုတာနဲ့ဘဲ တိုင်းတာပြီး ခြုံငုံပြောမှရနိုင်ပါမယ်။
ကျွန်တော်တာဝန်ထမ်းဆောင်တဲ့ တပ်မတော်(ရေ)မှာလည်း ထိုနည်းတူပါဘဲ။ တပ်မတော်မှ အငြိမ်းစားသွားတဲ့အရာရှိကြီးများကို ဖက်ရမ်းနှုတ်ဆက် ငိုယိုပြီး ရဲဘော်တွေရဲ့ မေတ္တာခံယူသွားသူ အရာရှိကြီးတွေအများကြီးပါ။ ဗိုလ်ချုပ်တွေလည်းပါပါတယ်။ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှူးနဲ့ အမှတ်(၂) ဗျူဟာ စစ်ရေယာဉ်မှူးကြီးတွေတပ်မတော်က အနားယူ စဉ်က ရဲဘော်တွေမျက်ရည်လည်ရွဲနဲ့ နှုတ်ဆက်ခြင်းခံရသူတွေမို့ ကျွန်တော် တစ်သက်မမေ့နိုင်တဲ့မြင်ကွင်းတွေပါ။ အများစုကတော့ စစ်ပညာသင်ကြားတဲ့ကျောင်းမှန်သမျှဟာ ယောက်ကျားကောင်း ယောက်ကျားမြတ်ဖြစ်အောင် တာဝန်သိ မျိုးချစ်စိတ်ရှိပြီး တိုင်းပြည်ကိုကာကွယ်နိုင်မည့် ကြံ့ခိုင်တဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးလိုက်တာပါဘဲ။ ဒီအထဲကမှ မျိုးရိုး ဗီဇအရသော်လည်းကောင်း ပါတ်ဝန်းကျင်နဲ့ အာဏာပါဝါအပေါ် ယစ်မူးပြီးသော်လည်းကောင်း အနည်းစုဟာ လမ်းပေါ်ကသွေဖီ စရိုက်ဆိုး ဝင်နိုင်ပါလိမ့်မယ်။ တပ်မတော်ရဲ့ ဆိုရိုးစကားလို တစ်ယောက်မကောင်း အများး ဆိုတဲ့ ပညတ်သွားရာဓါတ်သက်ပါ တပ်မတော်တစ်ရပ်လုံးဟာ ရစရာမရှိအောင် မလိုတမာသွေးထိုးစကားတွေနဲ့ ပုံကြီးချဲ့အပုတ်ချခံနေရတာပါ။ ယနေ့ ဗိုလ်ချုပ်ကြီးတွေဟာ ဒီနေ့မွေး ဒီနေ့ဗိုလ်ချုပ်ကြီးဖြစ်လာတဲ့သူ တစ်ယောက်မှမရှိပါဘူး။ ဗိုလ်သင်တန်းကို ၄နှစ်တက် ဒုဗိုလ်ဖြစ် အဲဒီကမှ ဗိုလ်။ ဗိုလ်ကြီး ဗိုလ်မှူး။ ဒုတိယဗိုလ်မှူးကြီး။ ဗိုလ်မှူးကြီး ။ ဗိုလ်မှူးချုပ် ။ဗိုလ်ချုပ် ။ဒုတိယဗိုလ်ချုပ်ကြီး။ ဗိုလ်ချုပ်ကြီး အဆင့် ဆင့်ကို တိုက်ပွဲတွေ အလီလီ မှာ မသေလို့။ ရောဂါဖြစ်ပြီး တပ်မတော်က အနားပေးခြင်းမခံရလို့။ အထက် အောက် အဆင်ပြေလို့( အောက်နဲ့အဆင်မပြေ အထက်နဲ့ ပြသနာဖြစ်ရင်မမြဲပါ) မပြုတ်လို့ အနားပေးခြင်းမခံရလို့၊ ရာထူးအတွက် နေရာရှိလို့(ရာထူးအတွက်နေရာမရှိရင်လည်းမဖြစ်ပါ) ဘုန်းကံမြင့်လို့ (မင်းဖြစ်တယ်ဆိုတာ ဘုန်းကံမရှိရင်မဖြစ်ပါ) အသက်အရွယ်အရလည်း ဖြစ်ခွင့်ပြုတဲ့ အသက်အရွယ်ရှိလို့ပါ။ ဒါတွေရေးနေတော့ ဖါးတယ် ကျွန်တော့် ပြောခံရဦးမယ် ကျွန်တော်ဟာ မှန်တာအမြဲ ပြော တတ်လို့ အုပ်ချုပ်သူ များနဲ့ သိပ်အစေးမကပ်လှပါ။ ဗိုလ်မှူးအဆင့်ဟာ ၃ဝမှ ၃၅ ပါတ်ဝန်းကျင်ဖြစ်ကြပြီး ဗိုလ်ချုပ်ကြီးအဆင့်တွေဟာ ၅၅ ပါတ်ဝန်းကျင်တွေပါ။ အသက်အရွယ်အရရော ရာထူးအရပါ ကျွန်တော်တို့ တပ်မိသားစုများ မိမိရဲ့ အကြီးအကဲတွေကို အဘ ခေါ်တာ ဂါရဝေါစ နိဝါတောစ ကတင်ညု တာ မင်္ဂလာတရားတော်နဲ့ အညီခေါ်တာကို အရပ်ဘက်ကသိပ် နားလည်ပေးပုံမရ မြင်ပြင်းကပ်ခံနေရပါတယ်။ တိုင်ပြည်ကို လွတ်လပ်ရေး ရယူ ပေးခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ ၃၂ နှစ်ဘဲရှိသေးတဲ့အချိန် ဗိုလ်ချုပ်ဖြစ်နေပါပြီ။ ဒီနေ့ ၅ဝ ကျော်မှ အနိမ့်ဆုံးဗိုလ်ချုပ်ဖြစ်တာပါ ဒါကိုရာထူး အာဏာ ပါဝါ ဗိုလ်ချုပ်တွေမကောင်းကြောင်းတွေပြောတော့ အနည်းစုရဲ့ မှတ်ကျောက်အတင်မခံနိုင်မှုဟာ တိုင်းပြည်အတွက် အလုပ်တကယ်လုပ်နေတဲ့ခေါင်းဆောင်တွေ လျှောက်ရာလမ်းကိုမစင်နဲ့ လိုက်ပက်ဖြန်းနေတယ်လို့ ကျွန်တော်မြင်မိပါတယ် ဒါဟာ ကျွန်တော့်အမြင်သက်သက်ပါ မှားမယ်ဆိုလည်း တောင်းပန်ပါတယ် တိုင်းပြည်ကို တကယ်တိုးတက်စေချင်ရင် လှမ်းတဲ့လက်ကိုဆွဲလို့ အတူတစ်ကွ ပူးပေါင်းဆောင်ရွက်ကြရင်း ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရယူျနိုင်ကြပါစေလို့ ကျွန်တော်ဆန္ဒပြုလိုက်ရပါတယ်
Like · · Share · about a minute ago ·

8 comments

  • Foreign Resident

    October 7, 2013 at 3:37 pm

    ” ဗိုလ်ချုပ်တွေ မကောင်းကြောင်းတွေပြောတော့ အနည်းစုရဲ့ မှတ်ကျောက်အတင်မခံနိုင်မှုဟာ ၊
    တိုင်းပြည် အတွက် အလုပ် တကယ် လုပ်နေတဲ့ခေါင်းဆောင်တွေ လျှောက်ရာလမ်းကို ၊
    မစင် နဲ့ လိုက်ပက်ဖြန်းနေတယ်လို့ ကျွန်တော်မြင်မိပါတယ် ”

    အမှန်တော့ တပ်မတော် ကို မစင်နှင့် လိုက်ပက်ဖြန်းနေတာ ၊
    ဘယ်ပြည်သူတွေမှလဲ မဟုတ်ပါဘူး ။ ဘယ်နိုင်ငံရေးသမားကမှလည်း မဟုတ်ပါဘူး ။

    တိုင်းပြည်ကို ချစ်တဲ့ လူကောင်း တပ်မတော်သားတွေ ( ရှားပေမယ့် ) ရှိနိုင်ပါတယ် ။
    အဲဒီ လူကောင်း တပ်မတော်သားတွေ ရဲ့ ဂုဏ်သိက္ခာကို မစင်နှင့် လိုက်ပက်ဖြန်းနေတဲ့သူတွေဟာ ၊
    ပြည်သူကို အနိုင်ကျင့် စော်ကား ၊ လာဘ်စား နေတဲ့ လူဆိုး တပ်မတော်သားတွေ ပါပဲ ။

    အဲဒီတော့ကာ လူကောင်း တပ်မတော်သားတွေ အနေနှင့် ဂုဏ်သိက္ခာ မွေးပျံ့ လာစေချင်ရင် ၊
    မြန်မာ့ တပ်မတော် အနေနှင့် ဂုဏ်သိက္ခာ ပြန်လည် မွေးပျံ့ လာစေချင်ရင် ၊
    လုပ်ရမယ့် အလုပ်ဟာ အဲဒီ လူဆိုး တပ်မတော်သားတွေ ကို ၊
    ပြတ်ပြတ် သားသား ဖယ်ရှား အရေးယူဖို့ ပါပဲ ။

    ( တစ်ခုတော့ ရှိတာပေါ့လေ ၊ ကျနော်တို့ တပ်မတော်ကြီးထဲ မလဲ ၊
    လူဆိုး က လူကောင်း ထက် ပိုများနေရင်တော့လည်း ၊ ဘယ်တတ်နိုင်ပါ့မလဲလေ )

    အေး ၊ လူဆိုး တွေ ကို ညှာတာ သနားပြီး ဆက်ထားနေအုံးမယ် ဆိုရင်တော့ ၊
    တပ်မတော်ကြီး လဲ ( ထုံးစံ အတိုင်း ) မစင်နံ့လေး တသင်းသင်း နှင့် ဆက်လျှောက်ပေအုံးပေါ့ ။

  • sorrow weaver

    October 7, 2013 at 3:45 pm

    မိုးကျရွှေကိုလောက် ကိုမပြောပါဘူး .. ဗိုလ်လောင်းပေါက်စ လေးတွေဖြစ်လာရင်တောင် အရပ်သားတွေကို .မတူသလိုလို ကြည့်တတ်တဲ့ ၊ မတန်သလိုလို ဆက်ဆံတတ်တဲ့..အဖွဲ့အစည်းတစ်ခုအနေနဲ့ အကောင်းမြင်ခံရဖို့တော့ တော်တော်ကြိုးစားရပါအုံးမယ်ခင်ဗျာ ။ ကျွန်တော် ပြင်ဦးလွင်သားပါ ။

  • Mr. MarGa

    October 7, 2013 at 7:38 pm

    မိုးကျ ရွှေကိုယ်ရယ်လို့တော့ သိပ်မမြင်ပါဘု
    သူတို့လည်း ပေးဆပ်သင့်သလောက်ပေးဆပ် ကြိုးစားသင့်သလောက် ကြိုးစားပြီးမှ ဒီနေရာတွေကို ရောက်ရတာကိုး
    ဒါပေမင့်
    အရပ်ဘက်နဲ့ စစ်ဘက် အုပ်ချုပ်ပုံ ကွဲလေတော့
    မျက်မုန်းကျိုးတာတွေကတော့ ရှိမှာပဲကိုး ဗျ
    တကယ်ကောင်းတဲ့၊ တကယ်တော်တဲ့သူတွေ ရှိတာကိုလဲ မငြင်းပါဘူး
    အပေါ်က ဘဖော ပြောသလိုလူတွေကြောင့်ပေါ့ဗျာ
    ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ် ဆိုတဲ့ စကားပုံ ရှိပေမင့်
    ဒီအတွက်ပြောချင်မိတာကတော့
    ငါးခုံးမတွေ များနေတော့ အပုပ်နံ့က လှေပေါ်တင်မက နီးစပ်ရာပါ လွှမ်းသွားသပေါ့ဗျာ…..

  • alinsett

    October 7, 2013 at 9:30 pm

    အပုပ်နံ့ကို ခံတာဟာ..
    လင်းတ ဆန်ပါတယ်…။

    (တာရာမင်းဝေ )

  • ကပ္ပိယ သာဒင်​

    October 8, 2013 at 10:59 am

    ရဲ​ဘော်​မ​သေ
    ​သေ​သော်​ငရဲမလား
    ငရဲလား​သော်​
    ပြန်​မကျွတ်​ _ _ _

    ဒီစာကို​ရေးတဲ့သူက အရင်​က အရင်​က တပ်​ထဲက အပုတ်နံ ့​ အ ​ကြောင်​း​ရေး​နေတာ ၊ ဘယ်​လိုဖြစ်​ပီး လမ်​း​ကြောင်​း​ပြောင်​းတာပါသလဲ ။

  • DEPARKO DEPARKO

    October 8, 2013 at 6:50 pm

    လမ်းကြောင်းပြောင်းစရာမလိုပါ အဆိုးနဲ့ အကောင်းဒွန်တွဲမြင်တတ်ဘို့ပါ ကျွန်တော်ဟာ ဒီကလောင် ကို လူတိုင်းသိသလို FB မှာ zawlinchittee နဲ့ ပရိုဖိုင်အမှန် ဓါတ်ပုံ အမှန် ကိုယ်ရေးအချက်အမှန်တင်ထားပါတယ် ကျွန်တော့်ကို ဘယ်တပ်မှာတာဝန်ထမ်းတယ် အခုဘာလုပ်နေတယ်ဆိုတာ အားလုံးသိပါတယ် ဒီ ဂေဇက် အဖွဲ့ထဲက ရွာသားတော်တော်များများ ကျွန်တော့်ကိုသိပါတယ် အခုလည်း တစ်ဖက်သတ်သိပ်ရေးလာကြလို့ ကလောင်ပြန်ကိုင်ရတာပါ တပ်မတော်ထဲက မကောင်းတဲ့သူတွေကို ထုတ်ပေးဘို့ ခင်ဗျားတို့ ရဲ့ အမျိုး အဆွေတွေထဲက ကောင်းတဲ့ စိတ်ဓါတ်ရှိတဲ့သူတွေ များများသွင်းပေးကြပါ ဒါမှ တပ်မတော်ကြီးနောက်မျိုးဆက်တစ်ဆက်မှာကောင်းလာဘို့ပါ ကိုယ်တိုင် အရွေ့ လေးတစ်ခုကို ရွေ့ ဘို့ ဝိုင်းတွန်းပေးကြပါဦး FG ရေ ကျွန်တော် ဆိပ်ကြီးမှာ တပ်မတော်ရေ နည်းပြတာဝန်နဲ့ ခင်ဗျားတို့ သွင်းမည့် နောက်မျိုးဆက်လေးတွေကို ပုံသွင်းပေးဘို့ စောင့်နေပါမယ်

    • Foreign Resident

      October 9, 2013 at 1:40 am

      ကို DEPARKO ရေ ။
      ဒီ စကားကတော့ နောက်တဲ့ ပြောင်တဲ့ စကားပါ ။ အတည် မယူပါနှင့် ။

      ” ခင်ဗျားတို့ ရဲ့ အမျိုး အဆွေတွေထဲက ကောင်းတဲ့ စိတ်ဓါတ်ရှိတဲ့သူတွေ များများသွင်းပေးကြပါ ၊
      ကိုယ်တိုင် အရွေ့ လေးတစ်ခုကို ရွေ့ ဘို့ ဝိုင်းတွန်းပေးကြပါဦး ၊
      ကျွန်တော် ဆိပ်ကြီးမှာ တပ်မတော်ရေ နည်းပြ တာဝန်နဲ့ ၊
      ခင်ဗျားတို့ သွင်းမည့် နောက်မျိုးဆက်လေးတွေကို ပုံသွင်းပေးဘို့ စောင့်နေပါမယ် ”

      အဟင့် ။ ကိုယ့် အမျိုး အဆွေတွေထဲက လူကောင်းလေးတွေကို
      ကောင်းသော အရွေ့ အတွက် ဆိုပြီး အနစ်နာခံပြီး သွင်းပေးပြီးမှ ။
      တော်ကြာ ၊ သူတို့ တပ်ထဲမှာ ၊ သူတို့ Training တွေ မိ ပြီး ၊
      သားသား ရဲ့ ဆွေမျိုး လူကောင်းလေးတွေပါ ပျက်စီးကုန်ရင် ၊ ဘယ်လိုလုပ်မလဲ ။
      မနောက်ပါနှင့် ဦးရယ် ။

  • ရာမည

    October 9, 2013 at 10:08 am

    ိရဲ လုပ်​ခိုင်​းလိုက်​​လေ
    ဝက်​ထီးကန်​မှကြိုဆိုပါ၏

    တကျိတကျိ

Leave a Reply