တခါက…once upon a time

မင်္ဂလာပါ ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့…

ယနေ့သည်ကား မန္တလေးဂေဇက်ဝက်ဆိုက် ကြီးအတွက်

အင်မတန်မှ မင်္ဂလာရှိလှသောနေ့ ကြီးတစ်နေ့ ဖြစ်ပေတော့သည်

အဘယ့်ကြောင့်နည်းဟူမူကား…

ကျုပ်ဆိုတဲ့ ကြီးမိုက် ကဗျာတစ်ပုဒ် နဲ့ ရွာကိုဝင်ခဲ့သောကြောင့်ပင် ဖြစ်လေတော့သည်တမုံ့

ကိုင်း..ကိုင်း ..ဖတ်ကြည့်တော်မူကြပါအုံးအရပ်ကတို့….

တခါတုန်းက ဤ ရွာမ မှာ

ရွာ၏လူကောင်း၊ လူဟောင်းများစွာ

လူသစ်ပါဝင် ရွာထဲဝင်ကြ

ရွာစည်လှ၍ သူကပို့စ်တင်

ကိုယ်ကခင်နှင့်

ကွန်မန့်တွေပေး

ပျော်ကြသေးတော့

ဒီလိုမြင်ကွင်း

မြင်ရခြင်းကြောင့်

ကျုပ်၏ရင်ဝယ်

ပီတိလှိုင်းခတ်

ငတ်ခဲ့သည့် အချစ်

ပြန်ရဘိသို့ ။

 

ဒီမှာသဂျီး  ဒီရွာကြီးဟာ

သင်၏ရွာပါ  ဒါပေသော်ငြား

ရွာဆိုသည်မှာ

လူသူမရှိ တိတ်ဆိတ်ဘိငြား

တစပြင်အလား

ဖြစ်နေငြားက

သင်၏ရွာသည်

ရွာဟု မတွင်

တစပြင်တည်း။

 

ယခုခါမူ

ရွာမှမြို့တက် ရွာကိုမေ့လျှက်

ရွာကိုမဝင် ရွာမခင်ဟန်

မေ့ ခဲ့ ပျောက်ခဲ့

နေနေ ခဲ့လည်း

ထားရှိခဲ့သည့်

သံယောဇဉ် အပေါင်း

မဟောင်းနိုင်ပဲ

နိစ္စဓူဝ ရွာအပြင်ဝက

ရွာ၏အပြောင်း

တစေ့တစောင်းကို

စောင့်ကြည့်နေခဲ့။

 

အင်တာနက်လိုင်း

မကောင်းတစ်ချက်

ကောင်းတစ်ချက်မို့

လွယ်ရာကူရာ

ဖေ့စ်ဘုတ်မှာသာ

 သူပျော်ပါသည်

ရွာရဲ့သဂျီး ဦးခိုင်ကြီးက

ဒီဝက်ဆိုဒ် အရေး

ကောင်းဖို့တွေးကာ

လုပ်ရှာပါလည်း

လယ်နေမြဲမိ်ု့

ဒီရွာလူမဝင်နိုင် ရှိမည်တည်း။

………………………

………………………

 

………………………

 

………………………

ဆက်လည်းမရေးတတ်တော့ဘူးဗျာ…တော်သေးဘီ။

တိတ်ဆိပ်နေတဲ့ရွာကလေး
တိတ်ဆိပ်နေတဲ့ရွာကလေး

 

ရွာထဲ..ခင်ခဲ့ ရင်းနှီးခဲ့

အပြန်အလှန် ကျီစယ်ခဲ့

နောက်ပြောင်ခဲ့ ကြတဲ့

မန်းဂဇက်ရဲ့ ရွာသူ ရွာသားတွေကို

သတိတယရှိလို့ လျှောက်ရေးကြည့်တာပါနော..

ထာဝရလမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

၇-၁၀-၂၀၁၃

14 comments

  • Myo Thant

    October 7, 2013 at 4:37 pm

    မိုက်တယ်ဗျာ

    ကျနော် ရွေးကောက်ပွဲဝင်ရင်
    ကိုမိုက်ကို စည်းရုံးရေးမှုးခန့်မယ် ၊ 🙂

  • lele kyi

    October 7, 2013 at 4:38 pm

    ဦးဦးမိုက်ရေ..ရွာထဲမှာ အနေမကြာသေးပေမဲ့။ ဒီရွာကိုတော်တော်ခင်ပါတယ်။
    သမုဒ်ဒရာ ဝမ်းတစ်ထွာ ထက်ဆိုးတဲ့ responsibility ဆိုတဲ့ နတ်ဆိုးလည်ပင်းညစ်ခံထားရတော့(အလုပ်မှာ) ကောင်းကောင်းမနောက်နိုင်ဘူး.ပြီးတော့ တစ်ချို့ပို့စ်တွေကို မနောက်ရက်ဘူးလေ။ ပြီးတော့ ကွန်မန့်တစ်ခုကို အခါခါပြန်ရိုက်ရတဲ့ အချိန်တွေလဲရှိပါ့။

  • အူးမိုက် ကဗျာတွေစပ်နေပီ..ပျော်ထှာ… 🙂

    ဟီး..သမီးကလေ… စာတွေဖတ်ရင် သိပ်လျှမ်းတာသိလား.. ပြောင်းပြန်လည်းဖတ်တယ်.. ပေါက်ကရလည်း ဖတ်မိတယ်….

    ကောင်းဖို့တွေးကာ

    လုပ်ရှာပါလည်း

    လယ်နေမြဲမိ်ု့

    ဒီရွာလူမဝင်နိုင် ရှိမည်တည်း။

    ဘယ်လိုဖတ်လိုက်လဲ သိလား.. လင်ငယ်နေမြဲ တဲ့… ဟီးဟီး :mrgreen:

  • TNA

    October 7, 2013 at 5:24 pm

    မိုက်လှချည်လား ဦးမိုက်ရဲ့။ သများဒို့လဲ အပြေးအဖြန်းပြန်လာဘာဘီ။ ချော်လဲဒူးပြဲလို့ ဘာဒဲ့ ပေါ်ဆန်းမွှေး တအိပ်ဆိုလား အိုက်ဒါလေးလဲချီးမြှင့်ပေးဇေလိုဘာဂျောင်း 😀

  • alinsett

    October 7, 2013 at 8:51 pm

    ကဗျာဆန်နေတဲ ့..ဦးကြီး…
    နောက်ထပ်… ကဗျာတွေ..
    ကျွန်တော်တို ့ ပြခန်းကို..ပို ့ပေးပါဦး…

  • padonmar

    October 7, 2013 at 9:49 pm

    ဦးမိုက်ရယ် ရွာလယ်လမ်းမှာ တယောက် နှစ်ယောက်တော့တွေ့မိပါသေးတယ်။
    ဘယ်သူမှ မရှိလည်း ည သန်းခေါင်လိုင်းကောင်းချိန်ဆို ဇီးကွက်ကျမ ရှိတယ်။
    (အဲဒါထက် ခြံစည်းရိုးတွေပေါ်လှန်းထားတာ ထမီတွေများလားလို့)smile 🙂 🙂 🙂 lol 😆

  • kyeemite

    October 8, 2013 at 8:50 am

    ကျုပ်ရဲ့ မဟုတ်မဟတ်ကဗျာကို ဝင်ရောက်အားပေးကြတဲ့
    ရွာသူားအားလုံးကိုကျေးဇူးတင်ပါဂျောင်းးးး
    တကယ်က ကျုပ်လည်း ကဗျာစပ်တတ်ချင်ပါတယ်
    ဒါပေသိ..အဖြစ်ကမရှိ… 😀
    အခုတော့ ရွာက ဝင်ရလွယ်လာသလိုပါပဲ…တိုးတက်လာတယ်ပေါ့ဗျာ 😆

    • ဦးကြောင်ကြီး

      October 8, 2013 at 9:10 am

      မဟုတ်မဟတ်
      ကြေးမုံမှတ်
      တရုတ်သမက်
      ကြောင်ကြီးရှက်
      နှစ်ပုဒ်တကျပ်
      စာမူလာဘ်
      ဗရုက်ဗရက်
      မန်းဂေဇက်..။

  • KZ

    October 8, 2013 at 9:09 am


    ဘာလိုလိုနဲ့ ကျနော် ဒီ ရွာ ထဲရောက်တာ ဒီ လ ထဲမှာ ၁ နှစ် ပြည့်တော့မယ်။
    ကဗျာလေးဖတ်ရင်း သတိရသွားတာ။
    ဘာကျွေးမှာတုန်း မိုက်မိုက်။ ဟိ (ဆိုင် ဆိုင် မဆိုင်ဆိုင်)

    😀

    • kyeemite

      October 9, 2013 at 8:32 am

      ကေဇီရေ..ပြန်လာရင်ဆက်သွယ်လိုက်လေ
      စားချင်တာကျွေးပါ့မယ်ဗျာ….
      ဒါနဲ့စကားမစပ်…
      အပေါ်မှာ မွသဲ ကလည်း ပေါ်ဆန်းမွှေး တအိတ် တောင်းနေတယ်
      wow ကလည်း“ဒါထက်… ဆန်အိတ်ပေးမယ်….ချို….” တဲ့
      ကျော်နားလယ်ဗူးဂျာ..????????? ❓ ❓ ❓
      😀

  • Wow

    October 8, 2013 at 11:02 am

    လယ်တယ်… လယ်တယ်နဲ့ဘဲ…. သံယောဇဉ် အမျှင်တန်းကို ရှင်ခန်းဖြတ်မရသေး… သမို့….
    ဒါထက်… ဆန်အိတ်ပေးမယ်….ချို….. :mrgreen:

  • sorrow weaver

    October 8, 2013 at 1:03 pm

    ရွာက ဝင်ရခက်တယ်. ဦးမိုက်ရ .အဟင့်ဟင့် …ပြန်ဝင်ရလွယ်တာ တစ်ရက်နှစ်ရက်ပဲရှိသေးတယ်…အဟင့်

  • black chaw

    October 9, 2013 at 8:55 am

    နောက်ကျတတ်တဲ့အကြောင်းကို
    သီချင်းတစ်ပုဒ် လုပ်ဆိုဖူးတာ
    နိမိတ်ပဲလားတော့မသိတယ်
    ပိုပြီးနောက်ကျလို ့ရယ်…

    မျိုးကျော့ သီချင်းလေး လိုပါပဲ ကိုမိုက်ရေ…။
    ကျွန်တော်က နောက်ကျတတ်ပါတယ်…။
    စားနောက်…သွားနောက်…သောက်နောက်…။
    ကွန်းမန့်ပေးလည်းနောက်…။
    ဆောရီးပါဗျာ…။
    နောက်ကျသွားပါတယ်…။
    😀

  • Yae Myae Tha Ninn

    October 17, 2014 at 2:47 pm

    ဟဲ… ဖတ်ဖူးတယ်… ရွာထဲ ပြန်ဝင် စ မှာ… ဖတ်လိုက်ရတာ.. 🙂

Leave a Reply