ဒါဇင်ပလပ်စ် အဖွဲ့ဧ။် (၁၅)ကြိမ်မြောက် အလှူ

etoneOctober 7, 20131min22013

ဒါဇင်ပလပ်စ်အဖွဲ ့ဧ။် (၁၅)ကြိမ်မြောက် အောက်တိုဘာလအလှူအဖြစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ၊ ရန်ကုန်တိုင်း ၊ တောင်ဒဂုံမြိနယ်ရှိ ၊ ဝိဇယဒါယီ သီလရှင်သင် ပညာရေးကျောင်းသို့ စာရေးကိရိယာ ၉၅,၀၀ဝကျပ်ဖိုးနှင့် အလှူငွေ ၁၆၇,၀၀ဝကျပ်သွားရောက် လှူဒါန်းခဲ့ရာ ၊ ကျောင်းတိုင် သီလရှင် ဒေါ်အစ္ဆရိယဉာဏီက လက်ခံခဲ့ပါတယ် ။

၂၀၀၉ ခုနှစ်တွင် စတည် တည်ထောင်ခဲ့ပြီး အနီးနားရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုဧ။် တွဲဘက်အဖြစ် စတင်ခဲ့ရာမှ ၊ သီလရှင်စာသင်တိုက်အဖြစ် သီးသန့်ခွဲတည်ထောင်ခဲ့ကြောင်းလည်း သိရပါတယ် ။ သူငယ်တန်းမှ အဌမတန်းထိ ပညာသင်ပေးလျှက်ရှိပါတယ် ။ ကျောင်းသား ဦးရေ စုစုပေါင်း ၁၀ဝ ကျော်ခန့် ရှိတယ်လို့လည်း သိခွင့်ရခဲ့ပါတယ် ။ ကျောင်းအိပ်ကျောင်းစား အဖြစ် လူဦးရေ ၈ဝကျော်ခန့်ရှိပြီး ၊ အုပ်ထိန်းရ အဆင်ပြေစေရန် သီလရှင်ဝတ်ဖြင့်သာ ကျောင်းအိပ်ကျောင်းစားအဖြစ် လက်ခံကြောင်းလည်း သိရပါတယ် ။ ကျောင်းအိပ်ကျောင်းစား စာသင်သား အများစုမှာ တိုင်းရင်းသူများနှင့် အနီးနား ရပ်ကွက်များမှ နွမ်းပါးသူများဖြစ်ကြောင်းလည်း သိရပြီး ၊ စာရေးကိရိယာနှင့် ပုံနှိပ်စာအုပ်များကို သီလရှင်ကျောင်းမှ ထောက်ပံ့ပေးနေကြောင်းလည်း သိရပါတယ် ။ ဆရာလေးတစ်ပါး အပါဝင် ဆရာမ အင်အား ၆ယောက်ရှိပြီး ၊  မူလတန်းပြများအတွက် တလလျှင် (၃၅,၀၀ဝကျပ်)နှင့် အလယ်တန်းပြများအတွက် တလလျှင် (၄၅,၀၀ဝကျပ်)အဖြစ် လစာပေးကြောင်းလည်း သိခဲ့ရပါတယ် ။

ကျောင်းအိပ်ကျောင်းစား စာသင်သား သီလရှင်များအတွက် ဆွမ်းကပ်လိုလျှင်လည်း အောက်ပါ နှုန်းထားအတိုင်း လှူဒါန်းနိုင်ပြီး ကျောင်းမှာ တာဝန်ယူ ချက်ပြုတ်ပေးကြောင်းလည်း သိခဲ့ရပါတယ် ။

အာရုံဆွမ်း – ၈၀,၀၀ဝကျပ် မှ ၁၀၀,၀၀ဝကျပ်

နေ့ဆွမ်း – ၁၅၀,၀၀ဝကျပ်မှ ၃၀၀,၀၀ဝကျပ် (ဟင်းအမျိုးစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားပါတယ်)

%%%%%%%%%%%%%%%%%%%%%%%%%%

The Voice ဂျာနယ်မှာပါတဲ့ ဆောင်းပါး တပုဒ်နှင့် ပူးတွဲ ဓါတ်ပုံ တချို့ကြောင့် ၊ ၎င်းကျောင်းကို သွားရောက်လှူဒါန်းဖို့ ရွေးချယ်ခဲ့ပါတယ် ။ လက်ရှိစာသင်ကျောင်းအနေထားမှာ ပုံထဲကအတိုင်းရှိနေသော်လည်း ၊ ဆောက်လုပ်လက်စ ကျောင်းဆောင် အသစ်ကိုလည်း တွေ့မြင်ခဲ့ရပါတယ် ။  ဂျာနယ်ပါ ဆောင်းပါးကြောင့် ၊ အလှူရှင်များ တိုးလာပြီး ၊ ခြံကပ်လျှက်မြေတကွက်(သိန်း၁၆၀ဝန်းကျင်ခန့်) ကို ကျောင်းဆောက်ဖို့ ဝယ်လှူဒါန်းသွားကြောင်းလည်း သိခဲ့ရပါတယ် ။ ထိုမြေကွက်ပေါ်တွင်လည်း စာသင်ဆောင်များ ဆောက်ပြီး ၊ စာသင်သား ပိုလက်ခံနိုင်ဖို့ ဆောင်ရွက်သွားမယ့် အကြောင်းလည်း ပြောသွားခဲ့ပါတယ် ။

မုဒိတ္တာပွားစရာ သတင်းတစ်ခုအနေနဲ့ Mandalay Gazette အွန်လိုင်းစာရေးသူ တစ်ယောက်လည်းဖြစ် ၊ Dozen Plus ရဲ့ လစဉ် အလှူရှင်လည်း ဖြစ်တဲ့ ကိုရဲစည်က အသစ်ထပ်ဆောက်မယ့် ကျောင်းဆောင်သစ်အတွက် ၊ အိမ်မိုးသွပ် အချပ်(၁၀၀) လှူဒါန်းမယ်လို့လည်း သိခဲ့ရပါတယ် ။

ဝိဇယဒါယီ သီလရှင်သင် ပညာရေးကျောင်းသို့ကိုယ်တိုင် ဆက်သွယ် လှူဒါန်းလိုပါလျှင် ကျောင်းတိုင်သီလရှင် ဒေါ်အစ္ဆရိယဉာဏ (ဖုန်း – 0943092558) ဓါတ်နန်းလမ်း ၊ ရွာသာကြီး သို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ် ။

 

(၁၅)ကြိမ်မြောက်အလှူ  - စာရေးကိရိယာ ၉၅,၀၀ဝကျပ်ဖိုး + အလှူငွေ ၁၆၇,၀၀ဝကျပ်
(၁၅)ကြိမ်မြောက်အလှူ –
စာရေးကိရိယာ ၉၅,၀၀ဝကျပ်ဖိုး + အလှူငွေ ၁၆၇,၀၀ဝကျပ်

1378467_10151756710308371_2130776861_n

 

1380048_10151756709648371_207810110_n

 

575208_10151756709293371_292872482_nအချောကိုင်ရန် ကျန်ရှိနေသော ဆောက်လုပ်လက်စ ကျောင်းဆောင်သစ်

13 comments

  • Myo Thant

    October 7, 2013 at 4:48 pm

    သာဓုပါဗျာ

  • TNA

    October 7, 2013 at 5:25 pm

    တကယ့်ကိုလိုအပ်ချက်များနေတဲ့ကျောင်းလေးကိုး။ အဲလို လှုဒါန်းတဲ့အတွက် သာဓုပါ။

  • alinsett

    October 7, 2013 at 9:40 pm

    တကယ်လိုအပ်တဲ ့နေရာတွေကို..ကူညီတာကမှ ကူညီခြင်းအစစ်မို ့…
    တကယ်လိုအပ်တဲ့ကွက်လပ်တွေ..လိုက်ဖြည့်ပေးနေတဲ ့..ဒီအဖွဲ ့ရဲ ့ စေတနာတွေ ကို…
    အမြဲ တမ်း..သာဓုခေါ်လျက်ပါဗျာ…။

  • kyeemite

    October 8, 2013 at 9:31 am

    Dozen Plus ရဲ့ လစဉ် အလှူ ရှင် ရွာသူသားများရဲ့
    မွန်မြတ်တဲ့အလှူအတွက် သာဓု..သာဓု..သာဓု..ပါဗျာ

  • KZ

    October 8, 2013 at 9:47 am

    ကောင်းလေစွ။
    ကောင်းလေစွ။
    ကောင်းလေစွ။

    သွပ်ပြားလှူရသော အကျိုးကြောင့် ငါ့ မောင်လေး မူးပိန်မဲတစ်ယောက် သွပ်ပြားလိုဖြစ်
    (အဲ! အဲ!)
    ကိုယ်ယောင်ကိုယ်ဝါ တွေ သွပ်ပြားပေါ် နေရောင်ထိုးသကဲ့သို့ မက်စိကျိန်းစပ်နေအောင် တောက်ပြောင်နိုင်ပါစေ။

    😀

    • e tone

      October 8, 2013 at 1:32 pm

      ကယွဲစည်က သဒါ္ဓပေါက်လျှင် အိုက်ဂလိုထထ လှူတာ မမဆွိရဲ့ ….. ။
      မဆောက်သေးတဲ့ မြေကွက်လပ်မှာ ထပ်ဆောက်မယ့် အဆောင်သစ်တွက် ခုကတည်းက ကြိုလှူထားတာ … ဖုန်းနံပါတ်ပေးထားတယ် …. ဆရာလေးက ဆောက်မယ်ဆိုလျှင် သူ့ကို ဆက်သွယ်ပြီ း သွပ်လာချပေးရုံပဲ … ။
      ခက်စ်တာက .. ကယွဲစည်မှာ ဖုန်းဆယ်လုံးလောက်ကို တလတလုံ းနှုန်းနဲ့ ကိုင်သုံးဒါ ဆိုတော့…. ခိခိခိ … 😆

      • Green Rose

        October 8, 2013 at 5:24 pm

        သာဓု သာဓု သာဓုပါ..
        တကယ်ကောင်းတဲ့အလှုပါပဲ။
        ဒါဇင်ပလပ်အဖွဲ့ကြီး နောင်မျိုးဆက်များအထိ လက်ဆင့်ကမ်း ရှင်သန်နိုင်ပါစေလို့ ……..

        လေးစားလျှက်

        (Green Rose)

  • Novy

    October 8, 2013 at 11:07 am

    အိတုံရေ…
    ဝင်ရောက်သာဓုခေါ်သွားပါတယ်
    အလှူကို ကိုယ်တိုင်မလိုက်ရတာကြားတော့ စိတ်မကောင်းဖြစ်မိပါတယ်

  • Ma Ei

    October 8, 2013 at 12:06 pm

    Dozen Plus ရဲ့အလှူအတန်းတွေကို
    လစဉ် တွေ့မြင် နေရတာ ပီတိဖြစ်မိပါတယ်…
    ဒီဇင်ဘာအထိမ်းမှတ်လေးတစ်ခုအတွက်
    ပါဝင်လှူဒါန်းဘို့ ဆက်သွယ်ပါမယ်နော်…

    • e tone

      October 8, 2013 at 1:27 pm

      မနိုရေ …. လူကိုယ်တိုင်အမြဲ မလိုက်နိုင်ပေမယ့် အမြဲတမ်းလစဉ် အလှူငွေတွေ ထည့်ပြီး လှူဒါန်းနေတာကတောင် ကျေနပ်စရာပါ ။ ကျေးဇူးလည်း တင်ပါတယ် ။ ဒါဇင်ပလပ်စ်က လစဉ်သွားတယ်ဆိုပေမယ့် အမြဲ လူစုံတက်ဆုံ မဟုတ်ပဲ အဆင်ပြေတဲ့ လူလောက်သာ ကိုယ်တိုင် လိုက်လှူဖြစ်တာမျိုးပါ ။

      ဟုတ်ကဲ့ပါအန်တီ အိရေ …. ၊ အထိမ်းမှတ်နေ့လေးအတွက် လှူဒါန်းမယ်ဆို ဆက်သွယ်ပေးပါ အလှူငွေ လက်ခံပေးပါမယ် ။ ကျေးဇူးတင်ပါတယ် ။

  • နွယ်ပင်

    October 8, 2013 at 4:18 pm

    ဒီလအလှူလေးကို တစ်အားလိုက်ချင်တာ နှိပ်စက်တဲ့သူ တစ်ယောက်ကြောင့် မလိုက်ဖစ်လိုက်ဖူး
    နောက်လ လိုက်နိုင်အောင် လုပ်မှပဲ ပျက်ကွက်နေတာကြာပီ …

  • အာဂ

    October 8, 2013 at 5:11 pm

    သာဓုခေါ်မလို့လာတာ အတင်းပြောတဲ့လူနဲ့တိုးနေတယ်။ ကုသိုလ်စိတ်လေးတောင် ပျက်သွားတယ်။

    သာဓုပါတော် သာဓုပါတော် သာဓုပါတော်။

  • ဝင့်ပြုံးမြင့်

    October 8, 2013 at 9:12 pm

    ဒါဇင်ပလပ်စ် အဓွန့်ရှည်တည်တံ့ပါစေ။
    လှူ နိုင်တဲ့လူတွေကိုရော၊ ကရိကထခံ အချိန်ပေးလုပ်နိုင်တဲ့လူတွေကိုရော အားကျလေးစားပါတယ် မအိတုန်ရေ။
    ခင်မင်လျက်

Leave a Reply