SC Man နတ်ပြည်လှမ်း $400M power ball

ဒေါ်လာသန်း၄၀ဝတန် ပါဝါဘောလ်ထီ ကံထူးရှင်က တနင်္လာနေ့တွင် တောင်ပိုင်းကယ်ရိုလိုင်းနားပြည်နယ်၌ ဆုငွေထုတ်ယူခဲ့ပီး ၎င်းနာမည်ကို ထုတ်ဖော်မပြောဆိုရန် ထီအာဏာပိုင်များအား မေတ္တာရပ်ခံထားသည်။

ကိုလံဘီယာမြို့နေ လွန်ခဲ့သည့် အပတ်က ထီပေါက်သူနှင့် စပ်လျဉ်း၍ အချက်အလက် အနည်းငယ်သာ ထီရုံးမှ ထုတ်ပြန်သည်။

ထီဖွင့်ပွဲ နောက်ဆုံးနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့က ထိုသူ ကိုလံဘီယာ အမြန်မောင်းလမ်းပေါ် ဓာတ်ဆီဆိုင်တွင် ကားဆီဝင်ဖြည့်စဉ် မိန်းမလုပ်သူမှ ဟော့ဒေါ့အသားညှပ်ပေါင်မုန့် ဝယ်ယူခိုင်းသည်။ စတိုးဆိုင်မှ ဟော့ဒေါ့ မရောင်းသဖြင့် ဒေါ်လာသန်း၄၀ဝတန် ထီကြော်ငြာတွေ့ပြီး ဒေါ်လာ၂ဝဖိုး ကံစမ်းမိသည်။

၎င်းဘဝတွင် ဒုတိယအကြိမ်မြောက် ထီထိုးခြင်းလည်းဖြစ်သည်။

ကြာသာပတေးနေ့တွင် အိမ်မှနေ၍ ထီလက်မှတ်တိုက်ကြည့်ရာ ၎င်းထီပေါက်ကြောင်း သိလိုက်သည်။ အနားရှိ ခွေးကိုသာ ထီပေါက်ကြောင်း ပြောခဲ့သည်။

ခွေးဂျီး၊ သူ့မိန်းမနှင့် ထီအာဏာပိုင်များသာ ကံထူးရှင် မည်သူမည်ဝါဖြစ်ကြောင်း သိရှိကြသည်။ တောင်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ်သည် ထီပေါက်သူ ကိုယ်ရေးအချက်အလက်များ ထုတ်ဖော်ရန် ငြင်းဆန်ပိုင်ခွင့်ရှိသည့် ပြည်နယ်၆ခုတွင် ပါဝင်သည်။ အခြားပြည်နယ်ငါးခုမှာ ဒါလဝဲလ်၊ ကန်းဆပ်စ်၊ မေရီလန်းဒ်၊ မြောက်ပိုင်းဒါကိုတာ၊ အိုဟိုင်းဟိုး ပြည်နယ်တို့ ဖြစ်သည်။

ထီဆုငွေ ဒေါ်လာ ၃၉၉.၄သန်းအား နှစ်သုံးဆယ် လက်လီစိတ် ခွဲဝေယူ (သို့မဟုတ်) တလုံးတခဲထဲ ဒေါ်လာ ၂၃၃သန်း ထုတ်ယူသွားသည်ကို ထီတာဝန်ရှိသူများ ပြောကြားခြင်း မပြုခဲ့ပေ။ ထိုဆုငွေမှာ သမိုင်းတလျောက် စတုတ္ထမြောက် တန်ဖိုးအများဆုံးဖြစ်ပြီး ထိုသူ တဦးထဲမှ ရရှိသွားခြင်းဖြစ်သည်။

ပေါက်မဲဂဏန်း ၇-၁၀-၂၂၃၂-၃၅၊ ပါဝါဘောလ် ၁၉ ဖြစ်ပြီး ကွန်ပြူတာမှရွေးသော အဆင်သင့် နံပါတ်ဖြစ်သည်။

ထီပေါက်မဲရောင်းသည့် စတိုးဆိုင်က ဒေါ်လာငါးသောင်း ဘောနပ်စ်ဆုကြေး ရရန်ရှိသည်။

တောင်ပိုင်း ကယ်ရိုလိုင်းနာပြည်နယ်အတွက် ထီပေါက်သူမှ ဒေါ်လာ ၁၅သန်းနီးပါး ပေးဆောင်ရမည်။

တောင်ပိုင်းကယ်ရိုလိုင်းနား ပြည်နယ်၌ နောက်ဆုံး ပါဝါဘောလ်ထီဆု ပေါက်ခဲ့သူမှာလည်း အဆိုပါ မာဖီ အမြန်လမ်းမကြီးပေါ်တွင် ထီဝယ်ခဲ့ခြင်းဖြစ်ပြီး နေရာကတော့ ကိုလံဘီယာမြို့၏ အခြားတဖက်တွင်ဖြစ်သည်။

သန်း၂၀ဝ တယောက် စမ်းကာလျောက် လမ်းသာမပျောက် မန်းရွာရောက်..

 

၂၀၀၉ခုနှစ်က တရားဟောဆရာ ဆော်လမွန် ဂျက်ဆင် ဂျူနီယာ ဒေါ်လာ ၂၆ဝသန်းတန် ထီပေါက်သွားသည်။ သူသည် မြို့လူမှုရေးများတွင် တက်ကြွစွာ လှုပ်ရှားနေပြီး ပြည်နယ်ပညာရေးအတွက် ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းထားသည်။ လွန်ခဲ့သည့်အပတ် ထီဖွင့်ပွဲနေ့ မတိုင်မှီ နှစ်ရက်အလိုကပင် ကိုလံဘီယာမြို့ ဘန်နက်ဒစ်ခ် ကောလိပ်အတွက် လူ၅၆ယောက်စီး ဒေါ်လာငါးသိန်းတန် ဇိမ်ခံ ဘတ်စ်ကားနှစ်စီး ဝယ်ပေးခဲ့သည်။

ရည်ညွှန်း – http://finance.yahoo.com/news/sc-man-wins-400m-powerball-104406687.html

နေရေးထက် သေရေးခက်၊ သေရေးထက် ငွေရေးခက်…

ဒါကဒေါ့ ပျော်စရာပေါ့ဗျာ… ပျော်စရာရှိရင် မပျော်စရာလည်း ချိတေးဒယ်.. ငိုစရာဒေါ့ ဟုတ်ပါဗူး။ ဘာလဲဆိုဒေါ့ ပါလေရာ ငပိချက် အခွန် ငပွဂျီးပေါ့ဗျာ။ ထီပေါက်သူဂ တလုံးတခဲထဲ ငွေထုတ်တယ် မှတ်ကြဗာဇို့။ စာပါအရဆို ဒေါ်လာ ၂၃၃သန်းဆိုပေမဲ့… စစဂျင်းကို IRS ပြည်ဒွင်းအခွံ ငပွဂျီးဂ ဒေါ်လာ ၅၈.၂၅သန်း၊ ၂၅% ချက်ခြင်း ဖြတ်လိုက်တော့  ၁၇၄.၇၅သန်း ကျန်မယ်။ ဘဏ္ဍာရေးနှစ် အခွန်ကြေငြာလွှာတင်ရင် အမြင့်ဆုံးမှာ ဝင်ငွေခွန် federal tax ၃၉.၆% စည်းကြပ်ခံရမယ်၊ (၂၀၁၃ ဘဏ္ဍာရေးနှစ် အခွန်နှုန်းထား) ဆိုင်ရာ ပြည်နယ်အခွန် ၄% – ၁၀% ကွာခြားလို့။ အခု ထီပေါက်ရာ တောင်ပိုင်း ကာရိုလိုင်းနားမှာ ၇%၊ နယူးယောက်ပြည်နယ်မှာဆို ၈.၉၇%၊ နယူးယောက်မြို့နေရင် ၃.၆၄၈% ထပ်ပေါင်း ၁၂.၆၂%၊ မာမွတ်လျှာပွတ် အယာတိုလာ ခိုမ်မေနီသဂျီး စံမြန်းရာ ကယ်လီဖိုးနီးယားနဲ့ ဖလော်ရီဒါမှာ ထီဆုဂျေးအပေါ် ပြည်နယ်ခွန် မဖြတ်ဆိုဗဲ။ အဲလိုမဖြတ် နွားကျ (မှားလို့) သဘောကောင်းဒဲ့ ပြည်နယ်ဒွေ ရှိသလို ပြည်နယ် ဝင်ငွေခွန် မစည်းကြပ်ထား၊ ထီထိုးလို့မရဒဲ့ အခြားပြည်နယ် ၅ခု၊ ၆ခုစီလည်း ရှိ၏။ သိပ်ထိုးချင်ရင် ကြမ်းပေါ်မှောက်အိပ် (မှားဗျံဘီ)၊ နယ်ကျော်သွား ထိုးပေါ့ဗျာ။ 😳

ရည်ညွှန်း – http://money.cnn.com/2012/11/30/pf/taxes/powerball-lottery-tax/index.html

State

Withholding Tax Rate (%)

Alabama

No lottery

Alaska

No lottery

Arizona

5.0% (residents);
6.0% (non-residents)

Arkansas

7.00%

California

None

Colorado

4.00%

Connecticut

6.70%

Delaware

None

Florida

No income tax

Georgia

6.00%

Hawaii

No lottery

Idaho

7.80%

Illinois

5.00%

Indiana

3.40%

Iowa

5.00%

Kansas

5.00%

Kentucky

6.00%

Louisiana

5.00%

Maine

5.00%

Maryland

9.25% residents;
7.5% non-residents

Massachusetts

5.00%

Michigan

4.35%

Minnesota

7.25%

Mississippi

No lottery

Missouri

4.00%

Montana

6.90%

Nebraska

5.00%

Nevada

No lottery

New Hampshire

No income tax

New Jersey

10.80%

New Mexico

6.00%

New York

8.97% (plus 3.648% for
New York City or 0.897%
for Yonkers)

North Carolina

7.00%

North Dakota

5.54%

Ohio

6.00%

Oklahoma

4.00%

Oregon

8.00%

Pennsylvania

None

Rhode Island

7.00%

South Carolina

7.00%

South Dakota

No income tax

Tennessee

No income tax

Texas

No income tax

Utah

No lottery

Vermont

6.00%

Virginia

4.00%

Washington

No income tax

West Virginia

6.50%

Wisconsin

7.75%

Wyoming

No lottery

District of Columbia

8.50%

Source: USA Mega.

ရည်ညွှန်းhttp://taxfoundation.org/article/lottery-tax-rates-vary-greatly-state

Marginal tax rates for 2013

Marginal Tax Rate[9][10][11]

Single

Married Filing Jointly or Qualified Widow(er)

Married Filing Separately

Head of Household

10%

$0 – $8,925

$0 – $17,850

$0 – $8,925

$0 – $12,750

15%

$8,926 – $36,250

$17,851 – $72,500

$8,926 – $36,250

$12,751 – $48,600

25%

$36,251 – $87,850

$72,501 – $146,400

$36,251 – $73,200

$48,601 – $125,450

28%

$87,851 – $183,250

$146,401 – $223,050

$73,201 – $111,525

$125,451 – $203,150

33%

$183,251 – $398,350

$223,051 – $398,350

$111,526 – $199,175

$203,151 – $398,350

35%

$398,351 – $400,000

$398,351 – $450,000

$199,176 – $225,000

$398,351 – $425,000

39.6%

$400,001+

$450,001+

$225,001+

$425,001+

ရည်ညွှန်း – http://en.wikipedia.org/wiki/Income_tax_in_the_United_States

 

SC man wins $400M Powerball jackpot, keeps private

Winner of last week’s $400M Powerball prize comes forward; SC man opts to remain anonymous

Associated PressBy Jeffrey Collins, Associated Press | Associated Press – Tue, Sep 24, 2013

COLUMBIA, S.C. (AP) — The winner of a $400 million Powerball jackpot cashed in his ticket Monday in South Carolina, but he told lottery officials that he wants to remain anonymous.

The lottery released a few details about last week’s winner, who lives in Columbia.

He stopped to get gas at a Murphy Express gas station in Columbia the day of the drawing last Wednesday and his wife told him to buy some hot dog buns. The store didn’t sell buns, but after seeing the $400 million prize advertised, the winner bought $20 in lottery tickets instead, lottery officials said.

It was only his second time playing the lottery, he told officials.

The winner checked his ticket Thursday at his home and realized he was a winner. He told the only creature around, his dog, according to the South Carolina lottery.

His dog, his wife and lottery officials may be the only people who know the winner for certain. South Carolina is one of only six Powerball states that allow winners to refuse to let their identities to be released. The others are Delaware, Kansas, Maryland, North Dakota and Ohio.

Lottery officials aren’t saying whether the man took the $399.4 million payout over 30 years or the direct cash option of $233 million. The jackpot was the fourth largest in the history of the game. The South Carolina man was the only winner.

The winning numbers were 7-10-22-32-35, with the Powerball of 19, and were selected by the computer as a “quick-pick.”

The winning ticket was bought at a Murphy Express just off Interstate 20 west of Columbia, the state capital. The store will get a $50,000 bonus for selling the winning ticket.

State officials said the winner will pay South Carolina about $15 million in taxes.

The last big Powerball winner in South Carolina also bought his winning ticket at a Murphy Express, but on the other side of Columbia.

The Rev. Solomon Jackson Jr. won nearly $260 million in 2009. He has been active in the community, giving millions of dollars for education around the state. Two days after last week’s big jackpot drawing, Jackson gave $500,000 to purchase two new 56-seat luxury coach buses for Benedict College in Columbia.

4 comments

  • kyeemite

    October 8, 2013 at 9:43 am

    အင်း..အားကျစရာဂျီးပါလားဗျာ…
    အခွန်တွေအကြောင်းပါသိရလို့ ဗဟုသုတရပါအိ။
    IRS ပြည်ဒွင်းအခွံ ဒေါ်လာ ၅၈.၂၅သန်း၊ ၂၅%တောင်ဆိုဒေါ့ တော်တော်များဒါပဲဗျ
    ဗမာပျီမှာဒေါ့ အမြင့်ဆုံးထီဆုတောင် ဘာမှလုပ်မရတဲ့ အမောင့် ဖျစ်သွာဘီ
    😀

  • Ma Ma

    October 8, 2013 at 4:29 pm

    ကြောင်ကြီးတယောက် ခုရက်ထဲ အမေကြီးရဲ့ ဒေတာတွေ အသေအချာ လေ့လာနေပုံထောက်ရင်………….
    သာမီးဒေါ်ဂလေးကိုဖန်ပြီး အမေကြီးဆီမှာပဲ အမြီးချ အဲ- ခေါင်းချနေထိုင်ဖို့ စဉ်းစားနေတယ်ထင်တယ်။ :hee:

  • kai

    October 8, 2013 at 11:03 pm

    “နမ်းပါရစေခင်ရဲ့.. မွေးလားဟင်”
    ဆိုပြီးရှိသမျှပန်း..လှမ်းနေသမျှ.. ကိုကိုကြောင်တယောက်…ဝေးမယ်ထင်…

  • လပ်ဘာရီး

    October 9, 2013 at 10:34 am

    အကို
    ကျနောတို ့ ဆီမှာ ပါဝါဘော မရှိတော့ ဘယ်ဘောကိုထိုးရင်ကောင်းမလဲခင်မျ

Leave a Reply